အခန်း(၁၃) ပဲခူးရိုးမဒေသရှိသောင်းကျန်းသူများချုပ်ငြိမ်းခြင်း

Saturday, November 30, 2013


အခန်း(၁၃)
ပဲခူးရိုးမဒေသရှိသောင်းကျန်းသူများချုပ်ငြိမ်းခြင်း
အဝေးရောက်ပါတီ၏ ကြိုးကိုင်မှုများ
ပဲခူးရိုးမဒေသတွင် အခြေစိုက်နေသော ဗမာပြည်ကွန်မြူနစ်ပါတီ ဗဟိုဌာနချုပ်သည် သခင်သန်းထွန်း ကျဆုံးပြီးနောက် နိုင်ငံရေး၊ စစ်ရေး၊ ဆုံးရှုံးမှုများအား အစွမ်းကုန်  အဖတ်ဆယ်နိုင်ရန်  ကြိုးစားခဲ့သည်။ တိုက်တိုင်းအောင်တပ်များကို တိုးချဲ့၍ စစ်ရေးအရ အကဲသာလာရန် ကြိုးစားခဲ့သော်လည်း အဆုံးအရှုံးများလာသောကြောင့် မဒညတပူးတွဲတပ်ဖြစ်သောအောင်နိုင်တပ်ကို ဖွဲ့စည်းခဲ့ရ၏။ အောင်နိုင်တပ် လှုပ်ရှားမှုသည် ဗကပများအတွက် စစ်ရေးတွင် ထူးထူး ခြားခြား အလေးသာလာခြင်း မရှိသော်လည်း ကေအင်န် ယူပါတီကိုမူ လုံးဝနီးပါး ဝါးမျိုနိုင်ခဲ့သည်။ ဗကပတို့၏ စည်းရုံးသိမ်းသွင်းမှုကြောင့် ကေအင်န်ယူ ပါတီတွင်း၌ ပြဿနာများပေါ်ပေါက်ခဲ့သည်။ ပဋိပက္ခများ အတွင်း ကျိတ်၍ပေါ်ပေါက်ခဲ့သည်။ ထို့နောက် ဗကပဗဟိုသည် အောင်ဇေယျတပ်ကိုဖွဲ့စည်းခဲ့သေးသည်။ အောင်ဇေယျတပ်သည် မြို့များကို သိမ်းပိုက်ရန် ရည်ရွယ်ခဲ့သော် လည်း မည်သည့်မြို့ကိုမျှ သိမ်းပိုက်နိုင်ခြင်းမရှိခဲ့ပေ။


Continue Reading | comments

အခန်း(၁၂) သောင်းကျန်းသူအဖွဲ့အစည်းအလိုက် ထူးခြားဖြစ်စဉ်များ(၁၉၆၈-၇၅)


အခန်း(၁၂)
သောင်းကျန်းသူအဖွဲ့အစည်းအလိုက် ထူးခြားဖြစ်စဉ်များ(၁၉၆၈-၇၅)

အရှေ့မြောက်ဒေသ ဗကပတို့၏ ၇၅၁ဝ စီမံကိန်း
အဝေးရောက်ပါတီကော်မတီသည် အရှေ့မြောက် ဒေသ ဗကပလှုပ်ရှားမှုများကို အလျင်အမြန် တိုးချဲ့လာ ရာ ၁၉၇၂ ခုနှစ်တွင် ဗကပတပ်များအား တပ်မဟာ(၂)၊ တပ်မဟာ(၅)၊ တပ်မဟာ(၈)၊ သီးခြားတပ်ရင်းများ အဖြစ် (၁ဝ၁)၊ (၁ဝ၂)၊ (၁ဝ၆)၊ (၁ဝ၈)၊ (၈ဝ၁)တို့ကို ဖွဲ့စည်းခဲ့ပြီးဖြစ်လေသည်။ တပ်မဟာ(၅)နှင့် တပ်မဟာ (၈)တို့သည် မိုင်းယန်း၊ မိုင်းလား၊ မိုင်းယောင်းဒေသ များကို ၁၉၇၃ ခုနှစ်၊ နှစ်ဦးပိုင်းတွင် တိုးချဲ့ဝင်ရောက် လာကြသည်။ ထို့နောက် မိုင်းယန်း၊ မိုင်းလွေနယ်မြေ တွင်လှုပ်ရှားနေသော  အိုက်မြင့်ခေါင်းဆောင်သည့် ရှမ်းပြည်နယ်လွတ်မြောက်ရေးတပ်မတော် (အက်စ် အက်စ်အိုင်အေ)ကို စည်းရုံးသိမ်းသွင်းကာ ဗကပ တပ်မဟာ(၇၆၈)အဖြစ် ဖွဲ့စည်းလိုက်သည်။ တပ်မဟာ (၈)သည် ကော်ဆိုးများ၊ ကော်ကာကွယ်ရေးအဖွဲ့များအား ထပ်မံစုစည်းကာ ဗကပ(၈၁၅)စစ်ဒေသကို ၁၉၇၄ ခုနှစ်တွင် တည်ဆောက်နိုင်ခဲ့ပြန်သည်။ ထိုနှစ်မှာပင် တောခိုလွယ်မော်အင်အားစုများ၊ လွယ်လ လူမျိုးများဖြင့် ဖွဲ့စည်းထားသော တပ်ရင်းများကို ကွပ်ကဲရန် တပ်မဟာ(၁၂)ကို မိုင်းမောတွင် ဖွင့်လှစ်ခဲ့ သည်။ (၁။ကက(ကြည်း)သုတေသနဌာနစု၏ ဗကပအရှေ့မြောက်စစ်ဒေသ သမိုင်းအကျဉ်းနှင့် အလားအလာ သုံးသပ်ချက်(၁၉၈၆ ခုနှစ်၊ ဖေဖော်ဝါရီလ) စာမျက်နှာ ၃။)

Continue Reading | comments

အခန်း(၁၁) တောခိုကာကွယ်ရေးများနှင့် ဘိန်းကုန်ကူးရေးလုပ်ငန်း

အခန်း(၁၁)
တောခိုကာကွယ်ရေးများနှင့် ဘိန်းကုန်ကူးရေးလုပ်ငန်း
တောခိုလွယ်မော်အဖွဲ့(၁။ ရမခ၏အရှေ့မြောက်တိုင်းစစ်ဌာနချုပ်နယ်မြေအခြေအနေနှင့် တိုက်ပွဲစဉ်သုံးသပ်ချက် စာမျက်နှာ ၄၂ မှ ၄၆။)
နောင်လိုင်မြို့စား၏ဒုတိယဇနီးမှ မွေးဖွားသော ခွန်ဆာသည် ၁၉၅၈ ခုနှစ်တွင် ဆုတ်ခွာသွားသော တရုတ်ဖြူများနှင့်အတူ ဖော်မိုဆာအထိလိုက်ပါသွားခဲ့သည်။ ထို့နောက် ၁၉၆ဝ ပြည့်နှစ်တွင် နောင်လိုင်ဒေသ သို့ပြန်လည်ရောက်ရှိလာပြီးတရားဝင်အလင်းဝင်ခဲ့ သည်။ အစိုးရက နောင်လိုင်နယ်မြေတွင် ကာကွယ်ရေး တပ်ဖွဲ့အဖြစ် ခွန်ဆာအား အင်အား ၄ဝ ဖြင့် ဖွဲ့စည်း ခွင့်ပေးခဲ့သည်။  ၁၉၆၃  ခုနှစ်တွင်  တော်လှန်ရေး ကောင်စီအစိုးရက ကျပ် ၁ဝဝ တန်နှင့် ၅ဝ တန် ငွေ စက္ကူများကို တရားမဝင်ကြောင်းကြေညာလိုက်သော အခါ ခွန်ဆာသည် မကျေမနပ်ဖြစ်ပြီး ၁၉၆၄ ခုနှစ်တွင် တောခိုသွားခဲ့ပြန်သည်။ သို့သော် ၁၉၆၆ ခုနှစ်တွင် ပြန်လည်အလင်းဝင်လာခဲ့သည်။  ထိုစဉ်က  ဗကပ ဆန့်ကျင်ရေးအတွက် နောင်လိုင်ဒေသကိုအခြေခံ၍ ကာကွယ်ရေးတပ်ဖွဲ့များဖွဲ့စည်းရာ ခွန်ဆာ၏ကာကွယ် ရေးတပ်ဖွဲ့မှာ အင်အား ၁၇ဝဝ ခန့်အထိ တိုးတက်လာ ခဲ့သည်။




Continue Reading | comments

အခန်း(၁ဝ) သောင်းကျန်းသူအဖွဲ့အစည်းအချင်းချင်း ဆက်သွယ်မှုများနှင့်ပဋိပက္ခများ


အခန်း(၁ဝ)
သောင်းကျန်းသူအဖွဲ့အစည်းအချင်းချင်း ဆက်သွယ်မှုများနှင့်ပဋိပက္ခများ
ဗကပနှင့်ကေအိုင်အေသောင်းကျန်းသူများ
ဗမာပြည်ကွန်မြူနစ်ပါတီမှအင်အားစုအချို့သည် ၁၉၅ဝ ပြည့်နှစ်ကတည်းက ပြည်ပနိုင်ငံ သို့ရောက်ရှိခဲ့ ပြီးနောက် ၁၉၆၃ ခုနှစ်မှစ၍ ပြည်ပကွန်မြူနစ်ပါတီ ၏ နိုင်ငံရေး၊ စစ်ရေးအကူအညီများ တစ်စတစ်စ တိုးတက်များပြားစွာ ရရှိလာခဲ့သည်။ ကေအိုင်အေများ သည်လည်း အိမ်နီးချင်းနိုင်ငံများမှ အကူအညီရရှိရန် အကြိမ်ကြိမ်ကြိုးစားခဲ့ရာ  ၁၉၆၇  ခုနှစ်၊  ပြည်ပ ကျောင်းသားများ အရေးအခင်းကို အကြောင်းပြု၍ ပြည်ပနိုင်ငံက နိုင်ငံရေး၊ စစ်ရေးသင်တန်းများပေးရန်၊ လက်နက်ခဲယမ်းများထောက်ပံ့ရန် ကတိပေးခဲ့သည်။ ၁၉၆၇ ခုနှစ်၊ ဇူလိုင်လတွင် မရန်ဘရန်ဆိုင်းဦးစီးသော ရှေ့ပြေးအဖွဲ့ ၃၄ ယောက်သည် ပြည်ပနိုင်ငံသို့ရောက် ရှိသွားသည်။ ထို့နောက် မြို့တစ်မြို့တွင် ပြည်ပအာဏာ ပိုင်များနှင့်ဆွေးနွေးပြီး ကေအိုင်အေက ကွန်မြူနစ်ဝါဒ ခံယူရန် သဘောတူ၍ပြည်ပက နိုင်ငံရေး၊ စစ်ရေး အကူ အညီများပေးရန် သဘောတူညီခဲ့ကြသည်။ ထို့နောက် ဇော်တူး၊ ဇော်ဒန်၊ လမုန်တူးဂျိုင်၊ မရန်ဘရန်ဆိုင်း၊ ပုံရွှေ ဇော်ဆိုင်းတို့ခေါင်းဆောင်သော ကေအိုင်အေ ၄၂၅ ယောက်အဖွဲ့သည် ၁၉၆၇ ခုနှစ်၊ နိုဝင်ဘာလ ၄ ရက် မှ ၁၉၆၈ ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက်အထိ ပြည်ပနိုင်ငံ သို့သွားရောက်ခဲ့ပြီး မြို့တစ်မြို့တွင် ဗသိန်းတင်၊ နော် ဆိုင်းတို့နှင့် ဆွေးနွေးခဲ့သည်။ ထိုနောက်ပိုင်းမှစ၍ ကေအိုင်အေသည် ပြည်ပနိုင်ငံမှ နိုင်ငံရေး၊ စစ်ရေး အကူအညီများရရှိခဲ့ပြီး စစ်ရေးလှုပ်ရှားမှုများကို တိုးတက်လုပ်ဆောင်နိုင်ခဲ့လေသည်။  (၁။ ကက(ကြည်း) စီမံရေးဌာနစု၏ ကချင်သောင်းကျန်းသူနောက်ခံသမိုင်းနှင့် လက်ရှိအခြေအနေ (၁၉၈ဝ ပြည့်နှစ်၊ သြဂုတ်လ ၃ဝ ရက်) စာမျက်နှာ      ၆၊ ၇။)




Continue Reading | comments

အခန်း(၉) ပြည်ပြေးတို့၏ထိုးဖောက်ဝင်ရောက်မှုများ စစ်ရေးပြင်ဆင်မှုနှင့် အခြေစိုက်စစ်စခန်းများ တည်ဆောက်ခြင်း



အခန်း(၉)
ပြည်ပြေးတို့၏ထိုးဖောက်ဝင်ရောက်မှုများ
စစ်ရေးပြင်ဆင်မှုနှင့်
အခြေစိုက်စစ်စခန်းများ တည်ဆောက်ခြင်း
ဝန်ကြီးချုပ်ဟောင်းဦးနုသည် ပြည်ပသို့ထွက်ခွာ သွားရာမှ  ဦးလောရုံက  ထိုင်းနိုင်ငံသို့ခေါ်ယူသွား ကြောင်း၊ မြန်မာနိုင်ငံမှထွက်ပြေးသွားကြသော နိုင်ငံ ရေးသမားဟောင်းကြီးများစုစည်း၍ ၁၉၆၉ ခုနှစ်၊ သြဂုတ်လ ၂၂ ရက်တွင် ပါလီမန်ဒီမိုကရေစီပါတီ ထူထောင်ခဲ့ကြောင်း၊ တော်လှန်ရေးအစိုးရအား စစ်ရေး အရတိုက်ခိုက်ကြရန် ပြည်ပအကူအညီများတောင်းခံနေ ကြကြောင်း၊ စီအိုင်အေသူလျှိုဦးလောရုံသည် ပြည်ပြေး လှုပ်ရှားမှုတစ်ခုလုံးအား ကြိုးကိုင်နေသူဖြစ်ကြောင်း တင်ပြခဲ့ပြီးလေပြီ။ ၁၉၇ဝ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက်တွင်  ဦးနုခေါင်းဆောင်သည့်အဖွဲ့ဝင် ၃၆ ဦးပါဝင်သော ပါလီမန် ဒီမိုကရေစီပါတီဌာနချုပ်ကို ဖွဲ့စည်း၍ ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့ ဆွိုင်(၁၈)*        (ဆွိုင် ၁၈၊ ၁၈ လမ်း) တွင် အခြေစိုက်ခဲ့ကြသည်။ ပြည်ချစ်လွတ်မြောက်ရေး တပ်မတော်ကိုဖွဲ့စည်းပြီးလက်နက်တပ်ဆင်ခြင်း၊ လေ့ကျင့်ခြင်းများ ပြုလုပ်လာကြသည်။   နိုင်ငံတကာစာနယ်ဇင်းများမှတစ်ဆင့်   ဝါဒဖြန့်လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ပြည်ပနိုင်ငံ များမှ အကူအညီတောင်းခံခြင်းတို့ကိုလည်း ဆောင်ရွက်ခဲ့သည်။ ၁၉၇ဝ ပြည့်နှစ်၊ မေလ ၂၅ ရက်တွင်  ကေအင်န်ယူတပ်ဦး၊ မွန်ပြည်သစ် ပါတီတို့နှင့် ပူးပေါင်း၍ 'တိုင်းရင်းသားလူမျိုး ပေါင်းစုံ ညီညွတ်ရေးနှင့်   လွတ်မြောက်ရေးတပ်ပေါင်းစု'ကို ဖွဲ့စည်းခဲ့သည်။ အခြားသောင်းကျန်းသူများနှင့်လည်း အဆက်အသွယ်ရယူရန် သိမ်းသွင်းရန်ကြိုးစားခဲ့သည်။ 

Continue Reading | comments

ပြည်တွင်းသောင်းကျန်းမှုသမိုင်း အပိုင်း(၅) အခန်း(၈)


ပြည်တွင်းသောင်းကျန်းမှုသမိုင်း

အပိုင်း(၅)

(၁၉၆၈ ခုနှစ်မှ ၁၉၇၅ ခုနှစ်အထိ)

ရဲဘော်သစ်မောင်















ပြည်တွင်းသောင်းကျန်းမှုသမိုင်း
အပိုင်း(၅)
(၁၉၆၈ ခုနှစ်မှ ၁၉၇၅ ခုနှစ်အထိ)
အမှာစာ
ပြည်တွင်းသောင်းကျန်းမှုသမိုင်း အပိုင်း(၄)သည် ဗမာပြည်ကွန်မြူနစ်ပါတီ ဥက္ကဋ္ဌသခင် သန်းထွန်းကျဆုံး ပြီးနောက်ပိုင်းကာလများတွင် ပြည်တွင်းသောင်းကျန်း သူအဖွဲ့အစည်းများ ဆက်လက် လှုပ်ရှားကြပုံများကို ဖော်ပြခဲ့သည်။ တော်လှန်ရေးကောင်စီသည် မြေအောက် သောင်းကျန်းသူများ ချုပ်ငြိမ်းကွယ်ပျောက်ရေးအတွက် ၁၉၆၃ ခုနှစ်တွင် ပြည်တွင်းငြိမ်းချမ်းရေး ဆွေးနွေးပွဲများကျင်းပရန် ကမ်းလှမ်းခဲ့သည်။ သို့သော်စောဟန်တာသာမွှေး ခေါင်းဆောင်သည့် ကေအာရ်စီ(ခေါ်) ကရင်တော်လှန်ရေး ကောင်စီသာလျှင် တော်လှန်ရေး ကောင်စီအစိုးရနှင့် သဘောတူညီမှုရရှိပြီး ဥပဒေဘောင် အတွင်းဝင် ရောက်ခဲ့သည်။ ထိုစဉ်က နိုင်ငံရေး၊ စစ်ရေးအရ အင်အား အကောင်းဆုံးဟုဆိုနိုင်သော ဗမာပြည် ကွန်မြူနစ်ပါတီမှာမူ အဝေးရောက်ပါတီနှင့် ပြန်လည်ဆက်သွယ် ပူးပေါင်း နိုင်ခဲ့ပြီး နိုင်ငံရေး၊ စစ်ရေး အမြတ်များကြီးစွာရရှိခဲ့သည်။ ၆၄ လမ်းစဉ်အရ လက်နက်ကိုင် တော်လှန်ရေးဖြင့် အာဏာသိမ်းရန် ကိုလည်း ဆက်လက်အကောင်အထည်ဖော်ခဲ့ကြသည်။
တော်လှန်ရေးကောင်စီသည် မြေပေါ်နိုင်ငံရေး ပဋိပက္ခများချုပ်ငြိမ်းစေရေးအတွက် ပြည်တွင်း ညီညွတ်ရေး အကြံပေးအဖွဲ့ကို ဖွဲ့စည်း၍ ၁၉၆၈ ခုနှစ်တွင် ကြိုးပမ်းပြန်သည်။ သို့သော် မြေပေါ်နိုင်ငံ ရေးပါတီများမှ နိုင်ငံရေးခေါင်းဆောင်များမှာ တော်လှန်ရေးကောင်စီနှင့် ပူးပေါင်း၍ ဆောင်ရွက် နိုင်ခြင်းမရှိကြရုံသာမက အချင်းချင်းလည်း မညီညွတ်နိုင်ခဲ့ကြပေ။ အချို့မှာ ပြည်ပြေးသောင်းကျန်းသူများ ဘဝကို ရောက်ရှိ သွားကြသည်။ ၁၉၆၈ ခုနှစ်မှ ၁၉၇၅ ခုနှစ်အတွင်း ပြည်တွင်းသောင်းကျန်းမှု သမိုင်းဖြစ်စဉ်များမှာ များစွာထူးခြားခဲ့သည်။ ၁၉၆၈ ခုနှစ်တွင် သခင်သန်းထွန်းကျဆုံးသည်။ အရှေ့မြောက်ဒေသ ဗကပများစတင် ပေါ်ပေါက်သည်။ ထို့နောက် အလံနီ ပါတီခေါင်းဆောင် သခင်စိုးကိုဖမ်းမိပြီး အလံနီပါတီလုံးပါးပါး၍ ပျောက်ကွယ်သွားသည်။ သို့သော် ပြည်ပြေး သောင်းကျန်းသူများ ပေါ်ပေါက်လာပြန်သည်။
၁၉၆၈ ခုနှစ်မှ ၁၉၇၅ ခုနှစ်အထိ ပြည်တွင်းသောင်းကျန်းမှုသမိုင်းဖြစ်စဉ်မှာ ကဏ္ဍတစ်ရပ်အနေနှင့် သတ်မှတ်နိုင်သော အခြေအနေဖြစ်သည်။ ဗမာပြည်ကွန်မြူနစ်ပါတီသည် သခင်သန်းထွန်းကျဆုံးပြီးနောက် ပြည် တွင်းတွင် အသက်ဆက်နိုင်ရန် အစွမ်းကုန်ကြိုးစားရာမှ ၁၉၇၅ ခုနှစ်တွင် သခင်ဇင်နှင့် သခင်ချစ်ကျဆုံးပြီး ပဲခူးရိုးမ၌ ဗဟိုဌာနချုပ်တစ်ခုလုံး လုံးဝချုပ်ငြိမ်းသွားရသည်။ ကေအင်န်ယူပါတီသည် ဗမာပြည်ကွန်မြူနစ်ပါတီ ဗဟိုဌာနချုပ်ကျဆုံးသည်နှင့် အလိုအလျောက်ပြိုကွဲပျက်စီးသွားပြီး ကြွင်းကျန် ရစ်သမျှ အင်အားစုများမှာလည်း စစ်တောင်းမြစ်ကိုဖြတ်ကူး၍ ဘိုမြခေါင်းဆောင်သည့် ကေအင်န်ယူ တပ်ဦးထံခိုလှုံလိုက်ကြရသည်။ထိုကာလ အတွင်းမှာပင် ပြည်ပြေးသောင်းကျန်းသူတွေ ပေါ်ပေါက် လာသည်။ဘိုမြ၏ကေအင်န်ယူတပ်ဦးသည် ကေအင်န်ယူပါတီမှ အင်အားအကြွင်း အကျန်များ လာရောက်ပူးပေါင်းခြင်း၊ ပြည်ပြေးများထံမှတစ်ဆင့် လက်နက်ခဲယမ်းနှင့် နိုင်ငံတကာ ဆက်သွယ်ရေး အကူအညီများရရှိခြင်း၊ မှောင်ခိုလုပ်ငန်းဖွံ့ဖြိုးလာခြင်းတို့ကြောင့် အင်အားကြီးထွားလာသည်။ အရှေ့မြောက်ဒေသ ဗကပများသည်လည်း ပြည်ပအကူအညီဖြင့် စစ်ရေးအရှိန်မြှင့်တင်ကာ ကေအိုင် အေ၊ အက်စ်အက်စ်အေ စသောသောင်းကျန်းသူများကို ဝါးမျိုလာသည်။ သို့သော် ဗကပနှင့် ကေအိုင်အေတို့မှာ ခိုင်မြဲသောမဟာမိတ်များမဟုတ်ကြဘဲ မကြာခဏ တိုက်ခိုက်နေကြသည်။ ဗကပများက ဇော်ဒန်ကိုတိုက်ပွဲ တွင် သုတ်သင်လိုက်နိုင်ခြင်း၊ ထိုင်းနိုင်ငံ ထန်ပိုးစခန်းတွင် ဇော်ဆိုင်း၊ ဇော်တူးနှင့် ပုံရွှေဇော်ဆိုင်း တို့လုပ်ကြံခံရခြင်း စသောဖြစ်စဉ်များ ဖြစ်ပွားလာပြီးနောက်ပိုင်းတွင် ကေအိုင်အေနှင့် ဗကပတို့ပူးပေါင်း ရေးမှာ ပို၍နက်ရှိုင်း လာပြီး ပို၍နီးစပ်လာသည်ကိုတွေ့ရှိရမည်ဖြစ်သည်။
၁၉၆၈ ခုနှစ်မှ ၁၉၇၅ ခုနှစ်အထိ ပြည်တွင်းသောင်းကျန်းမှုသမိုင်းဖြစ်စဉ်များကို ကဏ္ဍတစ်ရပ်အဖြစ် ရေးသားပြုစုရာတွင် စာအုပ်တစ်အုပ်တည်းနှင့်လုံလောက်နိုင်ခြင်းမရှိပါ။ ထို့ကြောင့် ၁၉၆၈ ခုနှစ်မှ ၁၉၇၂ ခုနှစ်အထိဖြစ်စဉ်များကို ပြည်တွင်းသောင်းကျန်းမှုသမိုင်း အပိုင်း(၄)အဖြစ် ခွဲခြားခဲ့ရခြင်းဖြစ်သည်။ ပြည်တွင်း သောင်းကျန်းမှုသမိုင်း အပိုင်း(၅)မှာ ၁၉၆၈ ခုနှစ်မှ ၁၉၇၅ ခုနှစ်အထိဖြစ်စဉ်များအနက်မှ ကျန်ရှိနေသော အကြောင်းအရာအချက်အလက်များပင်ဖြစ်သည်။
သခင်သန်းထွန်းကျဆုံးပြီးနောက် ဗမာပြည်ကွန်မြူနစ် ဗဟိုဌာနချုပ်သည် ၁၉၆၈ ခုနှစ်မှ ၁၉၇၅ ခုနှစ် အထိ ပဲခူးရိုးမတွင် ဆက်လက်အသက်ရှင်ခွင့်ရရှိခဲ့သည်။ ပြည်တွင်းဗကပများ အသက်ရှူ ချောင်ခဲ့ရခြင်းမှာ ၁၉၆၈ ခုနှစ်မှစ၍ပေါ်ပေါက်လာသော အရှေ့မြောက်ဒေသဗကပများကြောင့်သာမကဘဲ ဗိုလ်သက်ထွန်း၏ အနောက် မြောက်တိုင်းကြောင့်လည်းဖြစ်သည်။ ပြည်တွင်းသောင်းကျန်းမှုသမိုင်း အပိုင်း(၅)တွင်ဗမာပြည် ကွန်မြူနစ်ပါတီနှင့်ပတ်သက်၍ ဗိုလ်သက်ထွန်း၏ အနောက်မြောက်တိုင်းနှင့် ပဲခူးရိုးမ၌သောင်းကျန်းသူချုပ်ငြိမ်း ပုံများကို လေ့လာရမည်ဖြစ်သည်။ ထို့အပြင် အခြားသောင်းကျန်းသူ အဖွဲ့အစည်းအသီးသီးတို့၏ ဆက်သွယ်မှုများ၊ ပဋိပက္ခများ၊ ထူးခြားဖြစ်စဉ်များသာမကဘဲ ပြည်ပြေး သောင်းကျန်းသူများ ပြည်တွင်းသို့ထိုးဖောက်လာကြပုံ၊ ကေအင်န်ယူပါတီချုပ်ငြိမ်းပုံ၊  ကာကွယ်ရေး တပ်ဖွဲ့များနှင့် ဘိန်းပြဿနာ၊  ကေအိုင်အေခေါင်းဆောင်များ လုပ်ကြံခံရခြင်း၊  ဘိုမြ၏ဘောသရော အရေးအခင်း စသည်တို့ကိုလည်း ဖတ်ရှုကြရမည်ဖြစ်သည်။
ဤစာအုပ်သည် ယခင်စာအုပ်များနည်းတူပင် ရရှိနိုင်သမျှသောအချက်အလက် အထောက် အထားများကို အချိန်ယူစုစည်း၍ပြုစုတင်ပြထားခြင်းပင်ဖြစ်သည်။ ဤစာအုပ်တွင်ပါဝင်သော ဖြစ်စဉ်များ၌ ကိုယ်တိုင်ပါဝင် ပတ်သက်ခဲ့သူများအနက်မှလည်း ယခုထက်တိုင် သက်ရှိထင်ရှား ကျန်ရစ် နေကြသူများ ရှိနေကြသေးသည်။ သမိုင်း ပန်းချီကားတစ်ချပ် ပိုမိုပြည့်စုံပီပြင်လာစေရေးအတွက် ဖြည့်စွက် ရေးဆွဲကြမည် ဆိုပါက နိုင်ငံတော်အတွက် ပို၍ အဖိုးထိုက်တန်မည်ပင်ဖြစ်သည်။ သမိုင်းကြောင်း အမှန်ပေါ် ထွန်းရေး အတွက် ဝိုင်းဝန်းကူညီကြမည်ဆိုပါက ဝမ်းမြောက်ဝမ်းသာကြိုဆိုပါကြောင်း တင်ပြလိုက်ရပါသည်။  
ရဲဘော်သစ်မောင်



အခန်း(၈)
ဗိုလ်သက်ထွန်းနှင့်ဗကပအနောက်မြောက်တိုင်း
ဗိုလ်သက်ထွန်း       (၁။ဗမာပြည်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီဝင် အနောက်မြောက်တိုင်း အတွင်းရေးမှူး ဗိုလ်သက်ထွန်း ၏ထွက်ဆိုချက်စာစောင်မှ ကောက်နုတ်ရေးသားပါသည်။ )
ဗကပတို့၏တိုင်းများဖွဲ့စည်းပုံအရ ဧရာဝတီမြစ် အနောက်ဘက်ကမ်းရှိ မင်းဘူးခရိုင်၊ သရက်ခရိုင်နှင့် ပခုက္ကူခရိုင်တို့သည် အနောက်မြောက်တိုင်းတွင်ပါဝင် ကြသည်။ ဗကပ ဗဟိုသည် ၁၉၆၈ ခုနှစ်တွင် ချုပ်ငြိမ်း လုနီးပါးအခြေအနေနှင့် ရင်ဆိုင်ခဲ့ရရာ အဝေးရောက် ပါတီက အရှေ့မြောက်ဒေသ ဗကပမီးကိုမွှေးခဲ့သဖြင့် အသက်ရှူချောင်ခဲ့ရခြင်းဖြစ်ကြောင်း တင်ပြခဲ့ပြီးပေပြီ။ အမှန်တကယ်လည်း ပဲခူးရိုးမဒေသရှိ ဗကပများသည် အရှေ့မြောက်ဒေသ ဗကပများကြောင့် ၁၉၇၅ ခုနှစ် အထိ အသက်ရှင်နေခွင့်ရခဲ့ရသည်။ ပဲခူးရိုးမဒေသရှိ ဗကပများသက်ဆိုးရှည်ခွင့်ရခဲ့ခြင်းမှာ အရှေ့မြောက် ဒေသဗကပသည်  အဓိကအကြောင်းရင်းဖြစ်သည်။ သို့သော် ဗကပအနောက်မြောက်တိုင်း၏စစ်ရေး လှုပ်ရှားမှုများကလည်း ဗကပဗဟိုအား အတိုင်းအတာ တစ်ရပ်အထိ အထောက်အကူပြုခဲ့သည်ကို မေ့ထား၍ မဖြစ်ပေ။ 


ဗကပအနောက်မြောက်တိုင်းအား တာဝန်ယူ၍ ခေါင်းဆောင်ခဲ့သူမှာ ဗိုလ်သက်ထွန်းပင် ဖြစ်သည်။ ဗိုလ်သက်ထွန်းသည် အထူးအာဏာရ စက်ရှင်တရား သူကြီး  ဦးထွန်းမြိုင်  (ကွယ်လွန်)နှင့်  ဒေါ်သိမ်း (ကွယ်လွန်)တို့မှ ၁၉၂၆ ခုနှစ် စက်တင်ဘာလ ၂၃ရက် တွင် အောင်လံမြို့(၂။အောင်လံမြို့၊ ယခုမြေထဲမြို့။)၌ မွေးဖွားခဲ့သည်။ ဗိုလ်သက်ထွန်း၏အခြားအမည်များမှာ မောင်မောင်လတ်(ခေါ်)မျိုး ဆက်မြိုင်(ခေါ်) ရိုးမောင်(ခေါ်) ခင်ဦး(ခေါ်)ကျော်သာ (ခေါ်)စိုးမောင်စသည်တို့ဖြစ်သည်။ ငယ်စဉ်က ရွှေကျင် မြို့တွင် စတင်ကျောင်းနေပြီး၊ ထို့နောက် ဖခင်၏အလုပ် အကိုင်အရ တောင်တွင်းကြီး၊ ကျုံပျော်မြို့များတွင် ပြောင်းရွှေ့နေထိုင်ရသည်။  ၁၉၄၃  ခုနှစ်တွင် ပေါင်းတည်မြို့၌ ဒသမတန်းအောင်မြင်ပြီး ဖက်ဆစ် ဆန့်ကျင်ရေးအနေနှင့် တောင်ငူမြို့တွင် မြေအောက် စည်းရုံးရေးမှူးအဖြစ်တာဝန်ယူထမ်းဆောင်ခဲ့သည်။ ဖက်ဆစ်တော်လှန်ရေး စတင်သောအခါ ကျောက်ကြီး နယ်မြေတွင် ဂျပန်ဆန့်ကျင်ရေးတပ်မှူးအဖြစ် တာဝန် ယူခဲ့ပြီး စစ်တောင်းမြစ်အရှေ့ဘက်ကမ်းတွင် အမှတ် (၁၃၆) ဗြိတိသျှတပ်ဖွဲ့ (FROCE 136) နှင့်ပူးပေါင်း ဆောင်ရွက်ခဲ့သည်။

Continue Reading | comments (1)

အခန်း(၇) ပြည်တွင်းသောင်းကျန်းသူအဖွဲ့အစည်းများ၏အခြေအနေ

Thursday, November 28, 2013


အခန်း(၇)
ပြည်တွင်းသောင်းကျန်းသူအဖွဲ့အစည်းများ၏အခြေအနေ
(၁၉၇၁-၁၉၇၂ ခုနှစ်)
ဗမာပြည်ကွန်မြူနစ်ပါတီ(နစ်ဖြူ)
ပဲခူးရိုးမတွင် အခြေစိုက်နေသော ဗမာပြည်ကွန် မြူနစ်ပါတီသည် အဘက်ဘက်မှကျဆင်းနေဆဲပင် ဖြစ် သည်။ ခေါင်းဆောင်မှုမှာလည်း ချွတ်ခြုံကျ၍လာသည်။ ၁၉၆၃ ခုနှစ်၊ ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲ ပျက်ပြားပြီးနောက် အစဉ်အလာရှိသော ခေါင်းဆောင် များဖြစ်သည့် ဗိုလ်ရန်အောင်၊ ရဲဘော်ဌေး၊ ဂိုရှယ် (ခေါ်) ဘတင်၊ ရဲဘော်စိုးသန်းနှင့် ပြည်ပပြန်ဗိုလ်ထွန်းငြိမ်းတို့မှာ ဖြုတ်ထုတ်သတ်လမ်းစဉ်ကြောင့် အသတ်ခံခဲ့ ကြရပြီးဖြစ်ပါသည်။ ပါတီတွင်းပဋိပက္ခ ပြင်းထန်နေစဉ်တွင် တပ်မတော်၏ထိုးစစ်များကြောင့် ၁၉၆၈ ခုနှစ် ဧပြီလ (၂၄) ရက်တွင် ဗိုလ်ဇေယျ ကျဆုံးခဲ့ရသည်။ စက်တင်ဘာလ(၁၉)ရက်တွင် သခင် သန်းထွန်း လုပ်ကြံခံရပြန်သည်။ မရှေးမနှောင်းမှာပင် နိုဝင်ဘာလ(၁၁) ရက်၌ ဗဟိုကော်မတီ ဒေါက်တာ နတ်ကျဆုံးပြန်သည်။ နိုဝင်ဘာလ(၂၂)ရက်တွင် ဗဟိုကော်မတီ ရဲဘော်မြကို ဖမ်းဆီးရမိခဲ့သည်။ ၁၉၆၉ ခုနှစ်၊ ဧပြီ (၃)ရက်တွင် ရဲဘော်အောင်ကြီး ကျဆုံးပြန်သည်။(၁။    ကက(ကြည်း) စီမံရေးဌာနစု၏ ပြည်တွင်းသောင်းကျန်းသူ(၁၉၇၂ ခုနှစ်၊ မတ်လ)၊ စာမျက်နှာ ၃။)




Continue Reading | comments

အခန်း(၆) အလံနီပါတီ၏နိဂုံး


အခန်း(၆)
အလံနီပါတီ၏နိဂုံး
နောက်ခံသမိုင်းကြောင်း(၁။ ကာကွယ်ရေးဝန်ကြီးဌာနမှ စာရွက်စာတမ်းများ။)
သခင်စိုးခေါင်းဆောင်သော အလံနီပါတီ(ခေါ်) ကွန်မြူနစ်ပါတီ(ဗမာပြည်)သည် မြန်မာနိုင်ငံပြည်တွင်း သောင်းကျန်းမှုသမိုင်းဖြစ်စဉ်တစ်လျှောက်တွင် အဓိကကျသောအခန်းကဏ္ဍမှ ပါဝင်ခဲ့သည့်အဖွဲ့အစည်း တစ်ရပ်ဖြစ်သည်။ ၁၉၄၆ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၂) ရက်တွင် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီအစည်းအဝေး ကျင်းပကြရာမှ စ၍ သခင်သန်းထွန်းခေါင်းဆောင် သော ဗမာပြည်ကွန်မြူနစ်ပါတီနှင့် သခင်စိုးခေါင်း ဆောင်သော ကွန်မြူနစ်ပါတီ (ဗမာပြည်)ဟူ၍ ပါတီ နှစ်ခြမ်းကွဲခဲ့ရသည်။ ထိုစဉ်က အစည်းအဝေးတက် ရောက်သော ဗဟိုကော်မတီ ၂၈ ဦးအနက် ၇ ဦးသာ သခင်စိုးဘက်ပါခဲ့သည်။ သခင်စိုး၏ ကွန်မြူနစ်ပါတီ (ဗမာပြည်)သည် အလံနီကွန်မြူနစ်ပါတီဟူ၍ ထင်ရှားလာပြီး ဆူပူအုံကြွရေးလှုပ်ရှားမှုများကိုဆောင်ရွက်လာ ခဲ့သည်။




Continue Reading | comments

အခန်း(၅) သခင်သန်းထွန်းကျဆုံးပြီးနောက် ဗမာပြည်ကွန်မြူနစ်ပါတီ


အခန်း(၅)
သခင်သန်းထွန်းကျဆုံးပြီးနောက် ဗမာပြည်ကွန်မြူနစ်ပါတီ
သခင်ဇင်နှင့် သခင်ချစ်
၁၉၆၈ ခုနှစ်၊ စက်တင်ဘာလ(၂၄) ရက်တွင် ဗမာပြည်ကွန်မြူနစ်ပါတီဥက္ကဋ္ဌ သခင်သန်းထွန်းသည် ဗဟိုကင်းတပ်ဖွဲ့ဝင် ရဲဘော်မြကြီးက ရိုင်ဖယ်သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံသောကြောင့် ကျဆုံးခဲ့ရသည်။ ထိုအချိန်က ဗကပဒုတိယဥက္ကဋ္ဌမှာ သခင်ဇင်ဖြစ်သည်။ သခင်ဇင်သည် မိမိကိုယ်မိမိ ဥက္ကဋ္ဌဖြစ်ကြောင်း ကြေညာလိုက်သည်။
''ဥက္ကဋ္ဌကြီးသခင်သန်းထွန်းဟာ သူ့ကိုယ်သူ ကျဆုံးနိုင်တယ်လို့ တွက်ခဲ့တယ်၊ အကယ်၍ ကျဆုံးခဲ့ရင် ဥက္ကဋ္ဌတာဝန်ကို ချက်ချင်းဆက်လက် ထမ်းဆောင်နိုင်ဖို့ ဒုတိယဥက္ကဋ္ဌအဖြစ် ကျွန်တော့်ကို သူကိုယ်တိုင် ရွေးချယ်ခဲ့တယ်'' (၁။   မြရာပင် စာပေ၏ ဇင်+ချစ် နောက်ဆုံး(၂)၊ စာမျက်နှာ ၁၆။)
ထို့နောက် သခင်ဇင်သည် ''ဥက္ကဋ္ဌကြီး သခင် သန်းထွန်းရဲ့ သွေးခင်းတဲ့လမ်းကြောင်းအတိုင်း လိုက်ကြ''ဟု တိုက်တွန်းလိုက်တော့သည်။ ဗမာပြည် ကွန်မြူနစ်ပါတီအထွေထွေကျဆင်းမှုများကိုလည်း ယာယီအခက်အခဲများသာဖြစ်သည်ဟု သုံးသပ်လိုက် သည်။ ဆက်လက်ရပ်တည်ရမည့်လမ်းစဉ်အဖြစ် ၆၄ လမ်းစဉ်ကိုသာ ဆုံးဖြတ်သည်။ ထိုအချိန်တွင် ဗဟို ဌာနချုပ်သည် သရက်ခရိုင် အရှေ့ခြမ်း၊ ပြည်ခရိုင်၊ သာယာဝတီခရိုင်၊  တောင်ငူခရိုင်၊  ပဲခူးခရိုင် အဖွဲ့အစည်းများနှင့် အဆက်အသွယ်ပြတ်နေချိန်ဖြစ် သည်။ သို့သော် သခင်ဇင်သည် ''အောင်ပွဲနီးကပ်လာ သောကြောင့် အခက်အခဲများ ကြီးမားလာခြင်းဖြစ် သည်''ဟူ၍သာ သုံးသပ်ခဲ့သည်။
Continue Reading | comments

အခန်း(၄) အရှေ့မြောက်ဒေသ ဗကပလှုပ်ရှားမှုစတင်ခြင်း


အခန်း(၄)
အရှေ့မြောက်ဒေသ ဗကပလှုပ်ရှားမှုစတင်ခြင်း

အဝေးရောက် ဗဟိုကော်မတီ၏ကြိုးပမ်းမှုနှင့် ဗဟိုခွဲ
ပဲခူးရိုးမတွင် ဗဟိုဌာနချုပ်ကိုအခြေစိုက်၍ လှုပ်ရှားနေသော ဗမာပြည်ကွန်မြူနစ်ပါတီသည် ၁၉၆၃ ခုနှစ် ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲ ပျက်ပြားပြီး နောက် ပါတီတွင်း ပဋိပက္ခများနှင့် ဖြုတ် ထုတ် သတ် လမ်းစဉ်(ခေါ်) လူသတ်ဝါဒကြောင့် အခြေအနေယိုင်နဲ့ လာခဲ့သည်။ ဒေသခံပြည်သူလူထုအပေါ်တွင်လည်း များစွာဖိစီးနှိပ်စက်လာ သောကြောင့်လည်းပြည်သူလူထုထောက်ခံမှု လျော့ပါးလာသည့်အပြင်ဆန့်ကျင်အန်တုမှုများကိုပင်ကြုံတွေ့လာ ရသည်။ တပ်မတော်၏ စစ်ဆင်ရေးများကြောင့်လည်း ဗဟိုဌာနချုပ်သည်ပင် မကြာခဏ နေရာရွှေ့ပြောင်း နေရသည်။ ထို့ကြောင့် ဆိုးရွားစွာကျဆင်းလာသော ဗမာပြည်ကွန်မြူနစ်ပါတီ အား ကယ်တင်ရန် တစ်ဖက်နိုင်ငံရှိ အဝေးရောက် ဗဟိုကော်မတီသည် အရှေ့မြောက်ဒေသ ဗကပကို ဖန်တီးဖော်ထုတ်ပေးခဲ့ရသည်။ ပြည်တွင်းပြိုကွဲမှု များကို ကျားကန်ပေးနိုင်ရန်နှင့် ညှပ်ပူးညှပ်ပိတ်တိုက်ခိုက်နိုင် ရန်အတွက် ၁၉၆၈ ခုနှစ်၊ ဇန်နဝါရီလ (၁)ရက်မှ စ၍ အရှေ့မြောက်ဒေသ ဗကပလှုပ်ရှားမှုကို စတင် အကောင်အထည်ဖော်ခဲ့ရသည်။(၁။ ကက(ကြည်း)သုတေသ နဌာန စု၏ ၃ဝ-၅-၇၈ ရက်စွဲပါ ဗမာပြည်ကွန်မြူနစ်ပါတီ၏ နယ်စပ်ဒေသလှုပ်ရှား မှုများအပေါ် သုံးသပ်ချက် စာမျက်နှာ(၁)။)

Continue Reading | comments

အခန်း(၃) မြစ်ဝကျွန်းပေါ်ဒေသတွင် သောင်းကျန်းသူများ ချုပ်ငြိမ်းခြင်း


အခန်း(၃)
မြစ်ဝကျွန်းပေါ်ဒေသတွင် သောင်းကျန်းသူများ ချုပ်ငြိမ်းခြင်း
မြစ်ဝကျွန်းပေါ်ဒေသမှ သောင်းကျန်းသူများ
တော်လှန်ရေးအစိုးရက ၃၃ ဦး ကော်မတီအား ဖိတ်ခေါ်၍ ပြည်တွင်းညီညွတ်ရေးအတွက် ကြိုးပမ်း နေစဉ်မှာပင် မြစ်ဝကျွန်းပေါ်ဒေသတွင် သောင်းကျန်း သူအဖွဲ့အစည်းများ၏ အကြမ်းဖက်လုပ်ရပ်များမှာ အဆိုးရွားဆုံးသော အခြေအနေသို့ ရောက်ရှိလာသည်။ မြစ်ဝကျွန်းပေါ်ဒေသသည် ဆန်ရေစပါးပေါများပြီး ရေလုပ်ငန်းကောင်းစွာ ဖွံ့ဖြိုးသည့်အလျောက် သောင်းကျန်းသူတို့အတွက် လက်မလွတ်နိုင်သော ဒေသကြီး တစ်ခုဖြစ်သည်။ ထို့ကြောင့် ဗမာပြည်ကွန်မြူနစ်ပါတီ၊ ကေအင်န်ယူပါတီနှင့် အမျိုးသားဒီမိုကရေစီ ညီညွတ် ရေးတပ်ပေါင်းစု(မဒညတ)တို့သည် နယ်မြေအသီးသီး သတ်မှတ်၍ လှုပ်ရှားစိုးမိုးနေကြသည်။ ကေအင်န်ယူ ပါတီသည် ဗမာပြည်ကွန်မြူနစ်ပါတီနှင့်ပူးပေါင်း၍ မဒညတအသွင်ဖြင့်လည်းကောင်း၊ သီးခြား အစီအစဉ် ဖြင့်လည်းကောင်း လှုပ်ရှားခဲ့သည်။ ထိုအချိန်တွင် ပဲခူးရိုးမရှိ ဗမာပြည်ကွန်မြူနစ်ပါတီ ဗဟို၌ ဖြုတ်၊ ထုတ် သတ်လမ်းစဉ် (ခေါ်)လူသတ်ဝါဒ ထွန်းကားလာပြီ ဖြစ်ရာ ဖြုတ်ထုတ်သတ်လမ်းစဉ်သည် မြစ်ဝကျွန်းပေါ် သို့လည်း ကူးစက်လာသည်။သို့သော် မြစ်ဝကျွန်းပေါ်သို့ ကူးစက်လာသော လူသတ်ဝါဒမှာ အချင်းချင်း သတ်ဖြတ်ကြသည် ထက် အပြစ်မဲ့ပြည်သူလူထုကို သတ်ဖြတ်နှိပ်စက်သည်က ပိုမိုများပြားကြောင်း တွေ့ ရသည်။ 
Continue Reading | comments

အခန်း(၂) သုံးပါတီညီညွတ်ရေးလှုပ်ရှားမှု


အခန်း(၂)
  သုံးပါတီညီညွတ်ရေးလှုပ်ရှားမှု

ပြည်ပြေးတို့၏ ဝါဒဖြန့်ချိချက်များ
ဦးနုခေါင်းဆောင်သော ပါလီမန်ဒီမိုကရေစီ ပါတီသည် ၁၉၆၉ ခုနှစ်၊ သြဂုတ်လ ၂၉ ရက်တွင် ဗဟိုကော်မတီအလုပ်အမှုဆောင်အဖွဲ့ကို  အောက်ပါ အတိုင်းဖွဲ့စည်းခဲ့ကြသည်-
          ၁။       ဥက္ကဋ္ဌ                                       ဦးနု
          ၂။       ဒုတိယဥက္ကဋ္ဌ                              ဗိုလ်ချုပ်ကြီးလက်ျာ
          ၃။       အထွေထွေ
                               အတွင်းရေးမှူးချုပ်                         ဦးလောရုံ
                          (*၁၉၇၁ ခုနှစ်၊ ဇူလိုင်လတွင် ပြည်ပြေးအဖွဲ့မှ နုတ်ထွက်သွားသည်။)

          ၄။       တွဲဖက်အထွေထွေ                  ဗိုလ်ချုပ်သွင်
                   အတွင်းရေးမှူးချုပ်
          ၅။       ဘဏ္ဍာရေးမှူး                      ဗိုလ်ချုပ်တီကလစ်
          ၆။       စာရင်းစစ်                           ဗိုလ်မှူးကြီး မိုးကျော်
          ၇။       အလုပ်အမှုဆောင်                  ဗိုလ်ချုပ် စောကြာဒိုး
          ၈။       အလုပ်အမှုဆောင်                  ဗိုလ်ချုပ် ရန်နိုင်
          ၉။       ဥပဒေအကြံပေး                    ဗိုလ်မှူးကြီး ဇာလီမော်
          ၁ဝ။     ဗဟိုကော်မတီဝင်                   ဦးမန်းတလင်း
          ၁၁။                                           ဗိုလ်မောင်ကလေး
          ၁၂။                                           ဦးလှိုင်
          ၁၃။                                           ကိုငြိမ်း
          ၁၄။                                           ဗိုလ်စိန်တိုး
          ၁၅။                                           ဗိုလ်ဂျင်မီ
          ၁၆။                                           ဦးဘို
          ၁၇။                                  ဗိုလ်မှူးကြီးကျော်ဒင်
          ၁၈။                                  ဗိုလ်မှူးကြီးလှမောင်
                                                 (ခလရ၉၇မှတပ်ပြေး)
          ၁၉။     ဗဟိုကော်မတီဝင်         ဗိုလ်တက်ထွန်း
                                                (ဦးသွင်ယောက်ဖ)
          ၂ဝ။                                  ဗိုလ်အောင်မြင့်
          ၂၁။                                  ဗိုလ်အောင်ခင်
          ၂၂။                                  ဗိုလ်အောင်ကြီး
          ၂၃။                                  ဂျင်မီယန်း
          ၂၄။                                  မစ္စတာ ဒေါ်နယ်ယန်း
          ၂၅။                                  ကိုသုဝေ
          ၂၆။                                  ကိုချစ်ညို
          ၂၇။                                  ကိုတင်မောင်ဝင်း
                                                (ဦးဝင်း၏သား)
          ၂၈။                                  ကိုရဲခေါင်
                                                (မြဝတီရဲခေါင်)
          ၂၉။                                  ကိုအောင်လက်ျာ
                                                (ဗိုလ်လက်ျာသား)
          ၃ဝ။                                  ဘရိုင်ယန်မာကာ
                                                (နိုင်ငံခြား  ကုမ္ပဏီမှ စာရေး)
၃၁။                                  ကိုသောင်းထိုက်
                                                (ဦးနု၏သား)
          ၃၂။                                  ကိုအောင်
                                                (ဦးနု၏သား)
          ၃၃။     ဗဟိုကော်မတီဝင်         ကိုထွန်းရွှေ
                                                (အသံလွှင့်စက်ဆရာ)
          ၃၄။                                  ဦးသန့်ဇင်
          ၃၅။                                  ဦးယုံ
ပြည်ပြေးများသည် ပါလီမန် ဒီမိုကရေစီပါတီကို အတိအလင်း  ဖွဲ့စည်း၍ နိုင်ငံတကာ၏ထောက်ခံမှု ရရှိရန်  ကြိုးပမ်းနေကြသော်လည်း  ယင်းတို့တွင် နောက်လိုက် နောက်ပါ အင်အားကောင်းမွန်လှသည် မဟုတ်ပေ။ ဗဟိုကော်မတီအလုပ်အမှုဆောင်အဖွဲ့ သည်ပင်လျှင် တိုင်းပြည်မှ ထွက်ပြေးသွားကြသော နိုင်ငံ ရေးသမား ဟောင်းကြီးများကို အခြေပြု၍ ယင်းတို့နှင့် အတူပါလာသော ဆွေမျိုးသားချင်းများ၊ နိုင်ငံရေး အစဉ် အလာမရှိသော တပည့်လက်သားများကိုပါ အားလုံး သိမ်းကျုံး၍ ထည့်သွင်းဖွဲ့စည်းထားရခြင်းဖြစ်သည်။ သို့သော် ပြည်ပြေးတို့သည် အင်အားကောင်းမွန်ခြင်း မရှိသော်လည်း ပြည်သူလူထုတစ်ရပ်လုံး ယင်းတို့ဘက်သို့ ပါလာနိုင်စေရန်နှင့် အခြားသောင်းကျန်းသူအဖွဲ့များ၏ ထောက်ခံမှုရရှိလာစေရန်အတွက်  နည်းမျိုးစုံဖြင့် ဝါဒဖြန့်ချိခြင်းကို ပြုလုပ်လာကြသည်။


Continue Reading | comments

ပြည်တွင်းသောင်းကျန်းမှုသမိုင်း အပိုင်း(၄) အခန်း(၁)

Monday, November 25, 2013


ပြည်တွင်းသောင်းကျန်းမှုသမိုင်း

အပိုင်း(၄)

(၁၉၆၈ ခုနှစ်မှ ၁၉၇၂ ခုနှစ်အထိ)

ရဲဘော်သစ်မောင်


အမှာစာ
ပြည်တွင်းသောင်းကျန်းမှုသမိုင်း အပိုင်း(၁)တွင် လွတ်လပ်ရေးမရမီကာလများအတွင်း ပြည်တွင်း သောင်းကျန်းမှု သန္ဓေတည်ပုံ၊ သောင်းကျန်းသူအဖွဲ့အစည်းဖြစ်လာမည့် နိုင်ငံရေးပါတီများပေါ်ပေါက်လာပုံ၊ တစ်မျိုးသားလုံး၏အကျိုးစီးပွားအတွက် လွတ်လပ်ရေးကြိုးပမ်းရာတွင်ပင် သဘောထားကွဲလွဲလာကြပုံ၊ နယ်ချဲ့တို့၏ မြှောက်ပင့်သွေးထိုးမှုများကြောင့် လူမျိုးရေးတစ်ယူသန် လက်ယာဝါဒီသောင်းကျန်းသူများ ပေါ်ပေါက်လာပုံ၊ ပြည်ပကွန်မြူနစ်တို့၏ သြဇာလွှမ်းမိုးခြင်းကြောင့် ဝါဒစွဲ၊ ဂိုဏ်းဂဏစွဲ တစ်ယူသန်လက်ဝဲဝါဒီ သောင်းကျန်းသူများ ပေါ်ပေါက်လာပုံတို့ကို တင်ပြခဲ့ပြီးဖြစ်သည်။
ပြည်တွင်းသောင်းကျန်းမှုသမိုင်း အပိုင်း(၂)တွင် လွတ်လပ်ရေးရရှိပြီး သုံးလမျှမပြည့်မီ ပြည်တွင်း သောင်းကျန်းမှုမီးကြီး အရှိန်ပြင်းစွာတောက်လောင်ခဲ့ပုံ၊ တစ်တိုင်းတစ်ပြည်လုံး ရောင်စုံသောင်းကျန်းသူအဖွဲ့ အစည်းများ၏ နှောင့်ယှက်ဖျက်ဆီးမှုကြောင့် ပြိုကွဲလုဆဲဆဲတွင် တပ်မတော်က သောင်းကျန်းသူများလက်မှ မြို့ရွာများကို တိုက်ခိုက်ကယ်တင်ရပုံ၊ ပြည်တွင်းသောင်းကျန်းသူများ အရှိန်သေလာချိန်တွင် ပြည်ပကျူးကျော်မှု  ပေါ်ပေါက်လာပုံ၊ တပ်မတော်က စစ်မျက်နှာနှစ်ဖက်ဖွင့်၍ တိုက်ခိုက်နေရစဉ် ပြည်တွင်းသောင်းကျန်းသူများ အသက်ရှူချောင်လာရပုံ၊ ၁၉၅၈ ခုနှစ်တွင် ပြည်တွင်းသောင်းကျန်းသူအဖွဲ့အစည်းများ ချုပ်ငြိမ်းလုဆဲဆဲတွင် မြေပေါ်နိုင်ငံရေးပဋိပက္ခများကြောင့် ခေါင်းထောင်လာကြပုံ၊ ၁၉၆၂ ခုနှစ်တွင် ဖက်ဒရယ်မူဖြင့်ခွဲထွက်ရန် ခြိမ်းခြောက်မှုများကြောင့် တော်လှန်ရေးကောင်စီက တိုင်းပြည်အာဏာရယူရပုံများကို တင်ပြခဲ့ပြီးဖြစ်သည်။
လွတ်လပ်ရေးမရမီကတည်းက သန္ဓေတည်ခဲ့သောပြည်တွင်းသောင်းကျန်းမှုပြဿနာသည် ကိုလိုနီနယ်ချဲ့ စနစ်၏ အမွေဆိုးကြီးပင်ဖြစ်ပြီး လွတ်လပ်ရေးရပြီးသောအခါ ထိုသောင်းကျန်းသူများကို ဖဆပလအစိုးရ၊ အိမ် စောင့်အစိုးရ၊ ပထစအစိုးရတို့က နှိမ်နှင်းဖြေရှင်းခဲ့ရသည်။ အစိုးရအဖွဲ့အစည်းအသီးသီးက နိုင်ငံရေးနည်း၊ စစ်ရေးနည်းများဖြင့်ဖြေရှင်းခဲ့ရာတွင် စစ်ရေးနည်းဖြင့် အဓိက ဖြေရှင်းရသူမှာ တပ်မတော်သာဖြစ်သည်။ အစိုးရအသီးသီးက နိုင်ငံရေးနည်းဖြင့်ဖြေရှင်း၍မရနိုင်သောကြောင့်လည်း စစ်ရေးအရတိုက်ခိုက်ဖြေရှင်းရခြင်း ဖြစ်သည်။ နိုင်ငံရေးပါတီအဖွဲ့အစည်းများမှာ ပြည်တွင်းသောင်းကျန်းမှုမီးကို ကူညီငြှိမ်းသတ်နိုင်ရန်မဆိုထားနှင့်၊ မိမိတို့၏နိုင်ငံရေးပဋိပက္ခများကိုပင် မဖြေရှင်းနိုင်ခဲ့ကြပေ။
၁၉၆၂ ခုနှစ်၊ မတ်လ ၂ ရက်မှစ၍ နိုင်ငံတော်၏အာဏာကို တပ်မတော်ကရယူလိုက်ပြီး တော်လှန်ရေး ကောင်စီအစိုးရဖြင့် တိုင်းပြည်ကိုအုပ်ချုပ်ခဲ့သည်။ တော်လှန်ရေးကောင်စီသည် မြေပေါ်နိုင်ငံရေးပဋိပက္ခများ ကြီးထွားသည်ထက် ကြီးထွားနေကြသော နိုင်ငံရေးပါတီစုံကို ဆက်လက်လှုပ်ရှားခွင့်ပေးထားခြင်းဖြင့် အကျိုး မထူးသည့်အပြင် တိုင်းပြည်သာ ပိုမိုနစ်မွန်းစရာရှိသဖြင့် ပါတီအဖွဲ့အစည်းမျိုးစုံကို ဥပဒေဖြင့်ဖျက်သိမ်းခဲ့ရ သည်။ ပြည်တွင်းသောင်းကျန်းမှုမီးကို နိုင်ငံရေးနည်းနှင့်ရော စစ်ရေးနည်းနှင့်ပါ ဖြေရှင်းငြှိမ်းသတ်ရန်မှာ  တပ်မတော်အပေါ်သို့သာ လုံးလုံးလျားလျား တာဝန်ကျရောက်လာသည်။ တပ်မတော်သည် ၁၉၆၃ ခုနှစ်တွင် အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ထုတ်ပြန်ပြီး ပြည်တွင်းငြိမ်းချမ်းရေးခေါ်ယူခြင်းဖြင့် ပြည်တွင်း သောင်းကျန်းမှုပြဿနာပြေလည်ချုပ်ငြိမ်းစေရန် ကြိုးပမ်းခဲ့သည်။ သို့သော် ကရင်တော်လှန်ရေးကောင်စီ(ခေါ်) ကေအာ(ရ်)စီမှအပ ကျန်အဖွဲ့အစည်းများနှင့် ပြေလည်မှုမရခဲ့ပေ။
တော်လှန်ရေးကောင်စီသည် ပြည်တွင်းမှ နိုင်ငံရေးအင်အားစုများကို မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီဖြင့် စုစည်းရန် ကြံရွယ်ခဲ့သည်။ ဂိုဏ်းဂဏဝါဒကြောင့် ပေါ်ပေါက်တတ်သည့် နိုင်ငံရေးပဋိပက္ခများကို တားဆီးနိုင် ခြင်းအလို့ငှာ နိုင်ငံရေးအင်အားစုမျိုးစုံကို မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီနှင့် ပူးပေါင်းဆောင်ရွက်ရန် ဖိတ်ခေါ် ကမ်းလှမ်းခဲ့သည်။ သို့သော် အဖွဲ့အစည်းအချို့က လက်မခံနိုင်ခဲ့ကြပေ။ နိုင်ငံရေးခေါင်းဆောင်အတော်များများ မှာမူ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီတွင် ဝင်ရောက်ဆောင်ရွက်ခဲ့ကြသည်။ တော်လှန်ရေးကောင်စီသည် ၁၉၆၈ ခုနှစ်တွင် အမျိုးသားညီညွတ်ရေး အကြံပေးအဖွဲ့ကို ဖွဲ့စည်း၍ မြေပေါ်မြေအောက်နိုင်ငံရေးပဋိပက္ခများကို ဖြေရှင်းရန် ကြိုးစားပြန်သည်။ သို့သော် အောင်မြင်မှုမရခဲ့ပြန်ပေ။
ပြည်တွင်းသောင်းကျန်းမှုသမိုင်း အပိုင်း(၃)သည် ၁၉၆၂ ခုနှစ်မှ ၁၉၆၈ ခုနှစ်အတွင်း တော်လှန်ရေးကောင်စီ ကရင်ဆိုင်ဖြေရှင်းရသော ပြည်တွင်းသောင်းကျန်းမှုဖြစ်စဉ်များကို ဖော်ပြထားသော စာအုပ်ပင်ဖြစ်သည်။ ထိုစာအုပ်တွင် ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲများကျင်းပခဲ့ပုံ၊ သောင်းကျန်းသူများ၏ မရိုးသားမှုကြောင့် ပျက်ပြားသွားရပုံ၊ ဗကပအဖွဲ့အစည်းအတွင်း (၆၄) လမ်းစဉ်ပေါ်ပေါက်လာပြီး ဖြုတ်ထုတ်သတ်လမ်းစဉ်နှင့် လူသတ်ဝါဒထွန်းကားလာပုံ၊ သခင်သန်းထွန်းကျဆုံးရပုံ၊ အမျိုးသားညီညွတ်ရေးအတွက် အမျိုးသားညီညွတ်ရေး အကြံပေးအဖွဲ့ဖွဲ့စည်းပုံ စသည်တို့ကို ဖော်ပြထားသည်။
ပြည်တွင်းသောင်းကျန်းမှုသမိုင်း အပိုင်း(၄)တွင်မူ အရှေ့မြောက်ဒေသ ဗကပလှုပ်ရှားမှုစတင်ပုံ၊ အရှေ့ မြောက်ဒေသ ဗကပများကြောင့် ပဲခူးရိုးမ ဗကပများ အသက်ရှူချောင်ပြီး ခေါင်းထောင်လာပုံ၊ ပြည်ပြေး သောင်းကျန်းသူများပေါ်ပေါက်လာပုံ၊ အလံနီပါတီချုပ်ငြိမ်းရပုံ စသည်တို့အား လေ့လာရမည်ဖြစ်ပါသည်။ ပြည်တွင်းသောင်းကျန်းမှုကို ကဏ္ဍများခွဲခြားကြည့်ပါက အောက်ပါအတိုင်း တွေ့ရနိုင်သည်-
(၁)     လွတ်လပ်ရေးမရမီ ကာလများ၊
(၂)     ၁၉၄၈ ခုနှစ်မှ ၁၉၆၂ ခုနှစ်အတွင်း ပါလီမန် ဒီမိုကရေစီခေတ်တွင် ဖြေရှင်းရပုံ၊
(၃)     ၁၉၆၂ ခုနှစ်မှ ၁၉၆၈ ခုနှစ်အထိ တော်လှန်ရေးကောင်စီက ဖြေရှင်းရပုံ၊ သခင်သန်းထွန်းကျဆုံးပုံ၊
(၄)     ၁၉၆၈ ခုနှစ်မှ ၁၉၇၅ ခုနှစ်အထိ ကာလအတွင်း အရှေ့မြောက်ဒေသ ဗကပပေါ်လာပုံ၊ ပြည်ပြေး သောင်းကျန်းသူ ပေါ်လာပုံများနှင့် ပြည်တွင်းဗကပများချုပ်ငြိမ်းပုံ၊
(၅)     ၁၉၇၅ ခုနှစ်မှ ၁၉၈ဝ ပြည့်နှစ် နိုင်ငံတော်ကောင်စီ၏ ကြေညာချက်အမှတ် ၂/၈ဝ ထုတ်ပြန်သည် အထိ၊
(၆)     ၁၉၈ဝ ပြည့်နှစ်မှ ၁၉၈၈ ခုနှစ် အရေးအခင်းအထိ၊
(၇)     ၁၉၈၈ ခုနှစ် နောက်ပိုင်း၊
ပြည်တွင်းသောင်းကျန်းမှုသမိုင်း အပိုင်း(၄)သည် ၁၉၆၈ ခုနှစ်မှ ၁၉၇၅ ခုနှစ်ကာလအတွင်း အရှေ့မြောက် ဒေသ ဗကပများပေါ်လာပုံ၊ ပြည်ပြေးသောင်းကျန်းသူပေါ်လာပုံ၊ ပြည်တွင်းဗကပများချုပ်ငြိမ်းပုံ ကဏ္ဍနှင့် အကျုံးဝင်ပါသည်။ ယခင်က ထိုကဏ္ဍတစ်ရပ်လုံးကို ပြည်တွင်းသောင်းကျန်းမှုသမိုင်း အပိုင်း(၄)အဖြစ် ပြုစုထား သော်လည်း ပိုမိုပြည့်စုံစွာ ဖော်ပြလိုသောဆန္ဒကြောင့် ၁၉၆၈ ခုနှစ်မှ ၁၉၇၂ ခုနှစ်အထိ ကာလများအတွင်းမှ ဖြစ်စဉ်များကို ပြည်တွင်းသောင်းကျန်းမှုသမိုင်း အပိုင်း(၄)အဖြစ် ခွဲထုတ်လိုက်ရခြင်းဖြစ်ပါသည်။ တပ်မတော်နှင့် ပြည်သူလူထု ပူးပေါင်း၍ မြစ်ဝကျွန်းပေါ်ဒေသမှ သောင်းကျန်းသူများချုပ်ငြိမ်းသည်အထိ တိုက်ခိုက်ချေမှုန်းခဲ့ပုံ၊ သခင်သန်းထွန်းကျဆုံးပြီးနောက် သခင်ဇင်နှင့် သခင်ချစ်က ပဲခူးရိုးမ ဗကပဗဟို ဆက်လက်ရှင်သန်ရေးကြိုးပမ်း ကြပုံ၊ အရှေ့မြောက်ဒေသ ဗကပများ ထိုးဖောက်လာကြပုံ၊ ပြည်ပြေးသောင်းကျန်းသူများ ပေါ်ပေါက်လာပုံနှင့် အလံနီပါတီနိဂုံးချုပ်ရပုံများကို ဖော်ပြထားပါသည်။
ပြည်တွင်းသောင်းကျန်းမှုသမိုင်း အပိုင်း(၄)ကို ပြုစုရာတွင် ယခင်စာအုပ်များနည်းတူပင် စာနယ်ဇင်းသမား                                                                                                                                တို့ ရေးသားထုတ်ဝေခဲ့သောစာအုပ်များ၊ ကိုယ်တွေ့ကြုံရသူတို့ ပြန်လည်ရေးသားခဲ့သောစာအုပ်များ၊ နေ့စဉ် သတင်းစာများ၊ တွေ့ဆုံမေးမြန်းချက်များကိုသာ မကဘဲ ကာကွယ်ရေးဝန်ကြီးဌာနမှ စာရွက်စာတမ်းများကိုပါ မှီငြမ်းကိုးကားခဲ့ရပါသည်။ ကာကွယ်ရေးဝန်ကြီးဌာနမှ စာရွက်စာတမ်းများဆိုရာတွင် တပ်မတော်ထောက်လှမ်းရေး ညွှန်ကြားရေးမှူးရုံး၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း)စီမံရေးဌာနခွဲ၊ သုတေသနဌာနခွဲများ၊ ပြည်သူ့ဆက်ဆံ ရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး(ယခင်ပြည်သူ့စစ်နှင့် ပြည်သူ့ဆက်ဆံရေးညွှန်ကြားရေးမှူးရုံး) နှင့် တပ်မတော်မော်ကွန်းတိုက်တို့မှ အစီရင်ခံစာများ၊ မှတ်တမ်းမှတ်ရာများ၊ ထွက်ဆိုချက်များ၊ စာတမ်းများ၊ လက်ရေးမူများပါဝင်ပါသည်။တိုင်းစစ်ဌာနချုပ်များမှ ပေးပို့သည့် စာမူများ၏အထောက်အကူကိုလည်း  ရယူခဲ့ရ ပါသည်။
မည်သို့ပင်ဆိုစေ ဤစာအုပ်သည် ပြီးပြည့်စုံပြီဟု မယူဆနိုင်သေးပါ။ ကိုယ်တိုင် ကြုံတွေ့ခဲ့ရသူများ၊ သိမီသူများကပါ ပါဝင်ရေးဆွဲမှ ခေတ်သရုပ်ဖော် သမိုင်းပန်းချီကားကြီးတစ်ချပ်မှာ ပြီးပြည့်စုံမည်ဖြစ်ပါသည်။ သို့မှသာ မြန်မာနိုင်ငံ၏ရှေ့ရေးအတွက် သင်ခန်းစာများ ဖော်ထုတ်ရာတွင် မှန်ကန်တိကျမှုရှိမည်ဖြစ်ပါကြောင်း တင်ပြ လိုက်ရပါသည်။
ရဲဘော်သစ်မောင်















အခန်း(၁)
ပါလီမန်ဒီမိုကရေစီပါတီ သို့မဟုတ် ပြည်ပြေးသောင်းကျန်းမှုများ
ပေါ်ပေါက်လာခြင်း
ပြည်တွင်းညီညွတ်ရေးအကြံပေးအဖွဲ့၏ လှုပ်ရှားမှုများ
တော်လှန်ရေးကောင်စီသည်  လုံခြုံရေးအရ ထိန်းသိမ်းထားသော နိုင်ငံရေးခေါင်းဆောင်များအား ပြန်လွှတ်ပေး ပြီးနောက် ၁၉၆၈ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက်တွင် ထိပ်သီးနိုင်ငံရေးခေါင်းဆောင်များအား ဖိတ်ကြား၍ အမျိုးသားညီညွတ်ရေး အတွက်ကြိုးပမ်းခဲ့ကြောင်း တင်ပြပြီးပေပြီ။ တော်လှန်ရေးကောင်စီသည် ၁၉၆၈ ခုနှစ်၊ ဒီဇင်ဘာလ ၄ ရက်တွင် ကြေညာ ချက်အမှတ်(၇၂)ဖြင့် ပြည်ထောင်စုမြန်မာနိုင်ငံ ပြည်တွင်းညီညွတ်ရေး အကြံပေးအဖွဲ့(ခေါ်) ၃၃ဦး ကော်မတီကိုဖွဲ့စည်းပေးခဲ့သည်။ ယင်းအဖွဲ့၏ လုပ်ငန်းများကိုလည်း ၁၉၆၉ ခုနှစ်၊ မေလ ၃၁ရက် အထိ သတ်မှတ်ပေးခဲ့သည်။ ၁၉၆၈ ခုနှစ်၊ ဒီဇင် ဘာလ ၅ ရက်တွင်လည်း ကြေညာချက် အမှတ် ၇၄ ဖြင့် တစ်ပြည်လုံးရှိ လုပ်သားပြည်သူများထံသို့ ပြည်တွင်းညီညွတ်ရေးအတွက် အကြံပြုပါရန် အကြံဥာဏ်များ တောင်းခံခဲ့သည်။*(ပြည်တွင်းညီညွတ်ရေးအဖွဲ့၏ အစီရင်ခံစာ၊ စာမျက်နှာ ၉/၁ဝ။) ဤကားတော်လှန်ရေး ကောင်စီ၏ ရိုးသားသောစေတနာဖြင့် ကြိုးပမ်းသည့် အမျိုးသား ညီညွတ်ရေး ကြိုးပမ်းချက်ပင် ဖြစ်သည်။
တော်လှန်ရေးကောင်စီသည် ပြည်တွင်းညီညွတ် ရေးအကြံပေးအဖွဲ့၏လုပ်ငန်းများဆောင်ရွက်ရန်(၆)  လသက်တမ်း သတ်မှတ်ပေးထားသော်လည်း လိုအပ် လျှင် အချိန်ထပ်တိုးပေးမည်ဆိုကပေးနိုင်ရန်   ရည်ရွယ် ထားလေသည်။   တော်လှန်ရေး ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး နေဝင်းက ၁၉၆၈ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက်တွင်  နိုင်ငံရေး ခေါင်းဆောင်များအား  ဖိတ်ကြား၍ အောက်ပါအတိုင်း ပြောဆိုသွားသည်ကို သတိပြုနိုင်သည်။
Continue Reading | comments

ပြည်တွင်းသောင်းကျန်းမှုသမိုင်းအပိုင်း(၃) မှတ်တမ်းဓာတ်ပုံများ

Continue Reading | comments

အခန်း(၁၄) တော်လှန်ရေးကောင်စီ၏ အမျိုးသားညီညွတ်ရေး ကြိုးပမ်းချက်



အခန်း(၁၄)
တော်လှန်ရေးကောင်စီ၏ အမျိုးသားညီညွတ်ရေး ကြိုးပမ်းချက်
မြေအောက်သောင်းကျန်းသူများ၏ယေဘုယျအခြေ အနေ(၁၉၆၈ ခုနှစ်)
တော်လှန်ရေးကောင်စီအစိုးရသည် အမျိုးသား ညီညွတ်ရေးအတွက် ၁၉၆၃ ခုနှစ်တွင် ငြိမ်းချမ်းရေး ကမ်းလှမ်းချက်ထုတ်ပြန်၍ ကြိုးပမ်းခဲ့သော်လည်း သောင်းကျန်းသူအဖွဲ့အစည်းများဘက်က သဘောထား မမှန်ကန်သဖြင့် အောင်မြင်မှုမရရှိခဲ့ပေ။ ထိုစဉ်က ဗမာပြည်ကွန်မြူနစ်ပါတီ၊ အလံနီ ကွန်မြူနစ်ပါတီ စသော လက်ဝဲအလွန်အကျွံပါတီများက မိမိတို့ပါတီ အကျိုးကိုသာ ကြည့်ခဲ့သကဲ့သို့ လူမျိုးစု သောင်းကျန်းသူ များကလည်း ဖက်ဒရယ်မူထက် ပိုမိုဆိုးရွားသော တောင်းဆိုချက်များကိုသာ တောင်းဆိုခဲ့သည်။ စောဟံတာသာမွှေး၏ ကေအာရ်စီသာလက်နက်ချ အလင်းဝင် ခဲ့သည်။ ကျန်သောင်းကျန်းသူများမှာ တောခို၍ ဆက် လက်သောင်းကျန်းမြဲ သောင်းကျန်းနေခဲ့ကြသည်။
Continue Reading | comments

အခန်း(၁၃) သခင်သန်းထွန်းကျဆုံးခြင်း


အခန်း(၁၃)
သခင်သန်းထွန်းကျဆုံးခြင်း
ဗဟိုစခန်းဒုတိယအကြိမ်အတိုက်ခံရခြင်း
သခင်သန်းထွန်းနှင့် ပြည်ပပြန်များက အာဏာ သိမ်းထားသော ဗဟိုဌာနချုပ်သည် ပြည်ပပြန်ပင်ဖြစ် သော်လည်း ဗိုလ်ထွန်းငြိမ်းနှင့် ထွန်းရှိန်ကို စိတ်မချ သောကြောင့် သတ်ပစ်ခဲ့ကြသည်။ တောခိုတက္ကသိုလ် ကျောင်းသားများ ကိုလည်း ထွန်းငြိမ်း၊ ထွန်းရှိန်ဂိုဏ်းသားများဟုဆိုကာ သတ်ဖြတ်ပစ်ခဲ့ကြသည်။ ထိုသို့ ဖြုတ်ထုတ်သတ် လမ်းစဉ်ကို အတောမသတ် ကျင့်သုံးနိုင်ခြင်းအား သခင်သန်းထွန်းနှင့် တော်လှန်သော နိုင်ငံရေးဦးဆောင် အဖွဲ့ဝင်များသည် မဟာအောင်ပွဲများအဖြစ် သတ်မှတ်ခဲ့ကြသည်။ သခင်သန်းထွန်းသည် ထွန်းငြိမ်းဂိုဏ်း ချေမှုန်းရေးကို နိဂုံးချုပ်ပေးလိုက်ပြီးနောက် ရဲဘော်စိုးသန်း ချေမှုန်းရေးကို ဆက်လက် အကောင်အထည်ဖော်ရန် ပြင်ဆင်တော့သည်။ ထိုအချိန်တွင် ရဲဘော်စိုးသန်းသည် မြစ်ဝကျွန်းပေါ်မှ ပဲခူး ခရိုင်ဘက်သို့ ရောက်ရှိလာသဖြင့် စွဲချက်များ ကြိုတင် စီစဉ်ထားရန်နှင့် ထွန်းရှိန်ဂိုဏ်းဝင် ဗိုလ်တင်ရှိန်ကို ဆက်လက်ချေမှုန်းရန် ဆောင်ရွက်တော့သည်။



Continue Reading | comments

အခန်း(၁၂) ဗိုလ်ထွန်းငြိမ်း၊ ဗိုလ်ထွန်းရှိန်နှင့် တက္ကသိုလ်ကျောင်းသားများ


အခန်း(၁၂)
ဗိုလ်ထွန်းငြိမ်း၊ ဗိုလ်ထွန်းရှိန်နှင့် တက္ကသိုလ်ကျောင်းသားများ
ဗိုလ်ထွန်းငြိမ်း(၁။ သခင်သန်းထွန်း၏ နောက်ဆုံးနေ့များ (ဒုတိယတွဲ၊ စာမျက်နှာ ၁၁၃၇ မှ ၁၂၆၉ ထိ။))
သခင်သန်းထွန်းနှင့်တော်လှန်သောနိုင်ငံရေး ဦးဆောင်အဖွဲ့ဝင်များသည် ပြည်ပပြန် ဗိုလ်ထွန်းငြိမ်း အား တိုက်တိုင်းအောင်(၁)တွင် တာဝန်ပေးထားရာမှ ပြန်လည်ခေါ်ယူပြီး မြစ်ဝကျွန်းပေါ် တိုင်းတည်ဆောက် ရေးတပ်တွင် တာဝန်ပေးအပ်ခဲ့သည်။ မြစ်ဝကျွန်းပေါ် တိုင်းတည်ဆောက်ရေးတွင် ဗိုလ်ထွန်းငြိမ်းအပေါ် မကျေနပ်သူအချို့က ဗဟိုသို့ စာရေး၍ တင်ပြရာမှ သခင်သန်းထွန်းတို့လူစုသည် ဗိုလ်ထွန်းငြိမ်းအပေါ် သင်္ကာမကင်းဖြစ်လာကြသည်။ လျှို့ဝှက်စုံစမ်းလေ့လာမှုတွေ ပြုလုပ်လာသည်။ ရဲဘော်မညွန့်ညွန့်အား ဗဟိုမာ့ခ်စ်လီနင်ဝါဒ ကျောင်းသို့တက် ရောက်ရန် ခေါ်ယူလိုက်သောအခါ မညွန့်ညွန့်က ''တော်လှန်သော နိုင်ငံရေးဦးဆောင်အဖွဲ့၏ တတိယပတ် ဗဟိုမာ့ခ်စ် လီနင်ဝါဒကျောင်းကို တက်ရောက်သင်ကြားခြင်းထက် ဗိုလ်ထွန်းငြိမ်း၏ မြစ်ဝကျွန်းပေါ်တိုင်း တည်ဆောက် ရေး၌ လက်တွေ့လေ့လာခြင်းက ပိုအကျိုးရှိသည်''ဟု ပြန်ကြားလိုက်တော့သည်။ (၂။ သခင်သန်းထွန်း၏ နောက်ဆုံးနေ့များ (ဒုတိယတွဲ၊ စာမျက်နှာ ၁၁၄၈။))

Continue Reading | comments

အခန်း(၁၁) ဗမာပြည်ကွန်မြူနစ်ပါတီ၏ ဗဟိုစခန်း ပထမအကြိမ် အတိုက်ခံရခြင်း


အခန်း(၁၁)
ဗမာပြည် ကွန်မြူနစ်ပါတီ၏ ဗဟိုစခန်း ပထမအကြိမ် အတိုက်ခံရခြင်း
(၁။ သခင်သန်းထွန်း၏ နောက်ဆုံးနေ့များ (ပထမတွဲ) စာမျက်နှာ ၅၉၄။)
တော်လှန်သော ဗဟိုစခန်း အခြေအနေ
၁၉၆၇ ခုနှစ်၊ ဒီဇင်ဘာလ ၁၁ ရက်တွင် စတင် ဆင်နွှဲသော အမှတ်(၇၇)ခြေမြန်တပ်မဌာနချုပ်၏ ပြည်သာယာစစ်ဆင်ရေးကြောင့် ဗမာပြည်ကွန်မြူနစ် ပါတီ၏ ဗဟိုဌာနချုပ်စခန်းသည် ပြည်ခရိုင်နှင့် သာယာ ဝတီခရိုင် အစပ်၌ နေရာအတည်တကျမရှိဘဲ ရွှေ့ ပြောင်းနေခဲ့ရသည်။ ထိုအတောအတွင်း ဗဟိုဌာနချုပ်မှ သောင်းကျန်းသူများသည် ရေချိုးချိန်ပင်မရဘဲ အစာ ရေစာပြတ်လပ်၍လည်း နေသည်။ ၁၉၆၈ ခုနှစ်၊ မတ်လ ၁၆ ရက်တွင် ဗဟိုဌာနချုပ်သည် သာယာဝတီ ခရိုင်နှင့် ပြည်ခရိုင်အစပ် ကျွဲတဲကြီး(ကရင်ရွာ)နှင့် နှစ်မိုင်ခန့်အကွာတွင် ခိုအောင်းခဲ့ရသည်။ ရိက္ခာအတွက် တောဆင်နှင့် ပြောင်များကို ပစ်ခတ်စားကြရပြီး ဆန် ကိုမူ တောင်ငူခရိုင်က ပို့ပေးခဲ့သည်။
Continue Reading | comments

အခန်း(၁ဝ) ဗမာပြည်ကွန်မြူနစ်ပါတီ၏ ဆက်လက်လှုပ်ရှားမှုများ


အခန်း(၁ဝ)
ဗမာပြည်ကွန်မြူနစ်ပါတီ၏ ဆက်လက်လှုပ်ရှားမှုများ
(၁။ သခင်သန်းထွန်း၏ နောက်ဆုံးနေ့များ (ဒုတိယတွဲမှ ထုတ်နုတ်ရေးသားသည်။)
ဗဟိုကော်မတီအတွင်း အခြေအနေ
ဗမာပြည်ကွန်မြူနစ်ပါတီသည် ပြည်တွင်းငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင် မိမိ၏ပါတီအကျိုးကိုသာ ကြည့်ရှု ကာ မရိုးမသား အမြတ်ထုတ်ခဲ့သဖြင့် ဆွေးနွေးပွဲပျက် ပြားသွားခဲ့ရပုံ၊ ပြည်ပမှ ညွှန်ကြားသည့်အတိုင်း ၁၉၆၄ ခုနှစ်၊ ဗဟိုကော်မတီ အစည်းအဝေးပွဲတွင် ၆၄ လမ်း စဉ်ကို ချမှတ်ခဲ့ပုံ၊ ပြည်ပပြန်များက အချက်အချာကျ သော  နေရာများကို  ခွဲဝေယူပြီး သြဇာအာဏာ ထူထောင်ကြပုံ၊ ပထမပတ် ဗဟိုမာ့ခ်စ်လီနင်ဝါဒ သင်တန်းကျောင်းကို ဖွင့်လှစ်၍ အရေးကြီးသော ကေဒါ များကို ပုံသွင်းကြပုံ၊ သခင်သန်းထွန်းနှင့် ပြည်ပပြန် များက ဗဟိုဌာနချုပ်တွင် နိုင်ငံရေးအာဏာသိမ်းယူ ကြပုံ၊ ပဲခူးရိုးမတိုင်းကို တိုက်ရိုက်ချုပ်ကိုင်ကြပုံ၊ ဘဝ ဟစ်တိုင်လှုပ်ရှားမှုကို ဖော်ထုတ်ပြီး ကျောရိုးတပ်နီ လူငယ်များကို မွေးမြူလေ့ကျင့်ကြပုံ၊ ဒုတိယပတ်ဗဟို မာ့ခ်စ်လီနင်ဝါဒကျောင်းသည် ပါတီကွန်ဂရက်တမျှ အာဏာထက်လာပုံ၊ ဖြုတ်ထုတ်သတ်လမ်းစဉ် ထွန်းကား လာပြီး ဂိုရှယ်၊ ရဲဘော်ဌေးနှင့် ဗိုလ်ရန်အောင်တို့ ရက်စက်စွာ အသတ်ခံကြရပုံတို့ကို အဓိကအားဖြင့် သခင်သန်းထွန်း၏ နောက်ဆုံးနေ့များ စာအုပ်၊ ပထမတွဲ မှ အကျဉ်းချုပ် ကောက်နုတ်ရေးသား၍ တင်ပြခဲ့ပြီး ပေပြီ။
Continue Reading | comments

အခန်း(၉) မြစ်ဝကျွန်းပေါ်ဒေသမှ ကေအင်န်ယူများ


အခန်း(၉)
မြစ်ဝကျွန်းပေါ်ဒေသမှ ကေအင်န်ယူများ
(၁။ စောအယ်ကော်၊ မန်းစံမင်း၊ ရဲဘော်မြ၊ ရဲဘော်ဘခက်၊ ရဲဘော်သံခိုင်တို့၏ ပြည်သူ့စစ် ဒို့စစ် ဒို့စစ် စာအုပ်မှထုတ်နုတ်ရေးသားသည်။)

မြစ်ဝကျွန်းပေါ်ဒေသအခြေအနေ
၁၉၄၈-၄၉ ခုနှစ် ကေအင်န်ဒီအိုများ စတင်ထကြွ သောင်းကျန်းစဉ်က အင်းစိန်သည် ကရင်လက်နက် ကိုင်များ၏ အဓိကအချက်အချာသဖွယ်ဖြစ်ခဲ့သည်။ ၁၉၄၉ ခုနှစ်တွင် တောင်ငူသည် ကော်သူးလေမြို့တော် ဟု နာမည်ကြီးခဲ့ပြီး ကရင်လက်နက်ကိုင်များကို ထိန်းသိမ်းကွပ်ကဲထားနိုင်ခဲ့သည်။ တပ်မတော်က တောင်ငူ ကို သိမ်းပိုက်ပြီးနောက်တွင် စောဘဦးကြီးတို့လူစုသည် သံတောင်ဘက်သို့ ဆုတ်ခွာသွားသဖြင့် သံတောင်၊ ဘောဂလိနယ်မြေသည် ကရင်သောင်းကျန်းမှု၏ အချက်အချာအဖြစ် ခေတ္တမျှ တည်ရှိခဲ့သေးသည်။ စောဘဦးကြီး ကျဆုံးပြီးသည့် နောက်ပိုင်းတွင်ကား မြစ်ဝ ကျွန်းပေါ်သည် ကေအင်န်ယူ သောင်းကျန်းသူတို့၏ အချက်အချာ ဗဟိုချက်ဒေသကြီးဖြစ်၍လာသည်။

Continue Reading | comments
 
ဆက်သွယ်ရန် mmpolitical2013@gmail.com :
Template Modify by Creating Website Myanmar Political Research Organization