Home » » အခန်း(၂၁) လွတ်လပ်ရေးရရှိခြင်း

အခန်း(၂၁) လွတ်လပ်ရေးရရှိခြင်း

နိုင်ငံတော်လုပ်ကြံမှု
ဂဠုန်ဦးစောသည် နိုင်ငံရေးအရ အောင်မြင်မှု မရှိတော့သောအခါ အကြမ်းဖက်ဖို့ ပြင်ဆင်လာသည်။  ဦးစော သည် ယင်း၏မျိုးချစ်ပါတီအတွင်းမှ စိတ်ချရ သောလူငယ်များကို စုစည်းသည်။ လက်နက်များကို လည်း သိုဝှက်လာသည်။ စင်စစ် ဂဠုန်ဦးစောသည် စစ်ကြိုခေတ်က နန်းရင်းဝန်ဖြစ်ခဲ့သူဖြစ်သည်။ အင်္ဂလိပ် တို့ထံတွင်  ဒိုမီနီယံအဆင့်  လွတ်လပ်ရေးပေးရန် တောင်းဆိုခဲ့သူဖြစ်သည်။ ဂျပန်နှင့်ဆက်သွယ်ရန် ကြိုးစားသောအခါ အင်္ဂလိပ်တို့က ဖမ်းဆီး၍ ဒုတိယ ကမ္ဘာစစ်ကာလတစ်လျှောက်လုံး ယူဂန္ဓာနိုင်ငံတွင် အကျယ်ချုပ်ဖြင့် ထားခဲ့ သည်။ စစ်ကြီးပြီးချိန်၌ ဗြိတိသျှ တို့က ဦးစောကို မြန်မာနိုင်ငံသို့ ပို့ပေးခဲ့သော်လည်း  ဦးစောမှာ နိုင်ငံရေး အခန်းကဏ္ဍ မရှိတော့ပေ။ ဦးစော သည် ရှမ်းစော်ဘွားများနှင့်ပူးပေါင်း၍ ၁၉၄၆ ခုနှစ်၊  ပင်လုံကွန်ဖရင့်*(* ပင်လုံစာချုပ်ချုပ်ဆိုသော ပင်လုံကွန်ဖရင့် မဟုတ်ပါ။) တွင် ရှမ်း-မြန်မာချစ်ကြည်ရေးအဖွဲ့ ဖွဲ့စည်းခြင်းကဲ့သို့သော နိုင်ငံရေးကြိုးပမ်းမှုများ ဆောင် ရွက်သေးသော်လည်း အောင်မြင်မှုမရရှိခဲ့ပေ။


မြန်မာနိုင်ငံသည်   ဗိုလ်ချုပ်အောင်ဆန်းနှင့် ဖဆပလအဖွဲ့ကြီး၏ ဦးဆောင်မှုအောက်တွင် လွတ်လပ် ရေး ကြိုးပမ်းနေပြီ ဖြစ်သည်။ ဦးစောသည် မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိလာပါက နိုင်ငံရေးတွင် နေရာရနိုင် ဖွယ်ရာ မရှိတော့ချေ။ ထို့ပြင် ဦးစော၊ ဒေါက်တာဘမော်၊ သခင်ဗစိန်၊ သခင်ထွန်းအုပ်၊ ဦး ဘဘေ၊ စောဘဦးကြီး စသော နိုင်ငံရေးခေါင်းဆောင်များမှာ  အင်္ဂလိပ် အလိုတော်ရိများအဖြစ်သာ တစ်ချိန်လုံး နာမည်ကြီးခဲ့ကြသည်။ အင်္ဂလိပ်အစိုးရ လက်အောက်တွင်သာနေရာရ ကြသော်လည်း လွတ်လပ်ရေးရသွားလျှင် ယင်းတို့၏ အခန်းကဏ္ဍမှာ မှေးမှိန်သွားရတော့မည်သာ ဖြစ်သည်။ ထို့ကြောင့် ဦးစောတို့လူစုသည် လွတ်လပ်ရေးရရှိလျှင် ပင် အင်္ဂလိပ်က အပြည့်အဝထောက်ခံသော လွတ်လပ် ရေး မျိုး(ဒိုမီနီယံ၊ ဓနသဟာယ)ကိုသာ လိုလားကြသည်။  ဗိုလ်ချုပ်အောင်ဆန်း၏ လုံးဝလွတ်လပ်ရေးကို ဦးစော သည် မထောက်ခံနိုင်တော့ပေ။
၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက် နံနက် ၁ဝ နာရီ ၃၇ မိနစ်တွင် ဂဠုန်ဦးစော၏တပည့်များသည်  အတွင်းဝန်ရုံးတွင် အစည်းအဝေးထိုင်နေကြသော ဗိုလ်ချုပ်အောင်ဆန်းနှင့် ဘုရင်ခံ အမှုဆောင်ကောင်စီ ဝင်လူကြီးများ (ဝန်ကြီးများ)အား စက်သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံလိုက်လေသည်။ ဗိုလ်ချုပ်အောင်ဆန်း နှင့် အတူ သခင်မြ၊ ဒီးဒုတ်ဦးဘချို၊ ဗိုလ်ချုပ်အစ်ကို ဦးဘဝင်း၊ ဦးရာဇတ်၊ မန်းဘခိုင်နှင့် မိုင်းပွန်စော်ဘွား ကြီး စဝ်စံထွန်းတို့ ကျဆုံးသွားရသည်။ ဒုတိယအတွင်း ဝန် ဦးအုန်းမောင်နှင့် ဦးရာဇတ်၏ သက်တော်စောင့်  ရဲဘော်ကိုထွေးတို့လည်း ကျဆုံးသွားကြသည်။ ဦးစော  သည် သခင်နုကိုပါ သတ်ဖြတ်ရန် အမိန့်ပေးခဲ့သော် လည်း ထိုနေ့က သခင်နု ရုံးမတက်သဖြင့် လွတ်သွား သည်။
ပျဉ်းမနားတွင် ငြိမ်ဝပ်ပိပြားရေးကို ထိန်းသိမ်းနေသော ဗိုလ်မှူးကြီးနေဝင်းသည် ဗိုလ်မောင်မောင်နှင့် ဗိုလ်ရဲထွဋ်ကိုခေါ်၍ ရန်ကုန်သို့ ချက်ချင်းထွက်ခွာလာသည်။ ဘုရင်ခံ ဆာဟူးဘတ်ရန့်စ်က သခင်နုနှင့် ဖဆပလ အဖွဲ့ကြီးကို အစိုးရအဖွဲ့ ဖွဲ့ပါရန် ဇူလိုင်လ ၁၉ ရက်တွင်ပင် ဖိတ်ခေါ်လိုက်သည်။ ရန်ကုန်မြို့ လောင်းဝစ်လမ်း ရှိ ပြည်သူ့ရဲဘော်ဌာနချုပ်တွင် သခင် နု၊ ဗိုလ်လက်ျာ၊ ဗိုလ်မှူးအောင်၊ ဗိုလ်စိန်ချစ်၊ ဗိုလ် ထွန်းလင်းတို့နှင့် ဗိုလ်မှူးကြီးနေဝင်း၊ ဗိုလ်မောင်မောင်၊ ဗိုလ်ရဲထွဋ် တို့သည် အခြေအနေအရပ်ရပ်ကို အမြန်ဆုံး ဆွေးနွေးပြီး သခင်နုက နိုင်ငံရေးထိန်းသိမ်းဦးဆောင် ရန်၊ ဗိုလ်မှူးကြီးနေဝင်းက တပ်ကို ထိန်းသိမ်းရန် တာဝန်ခွဲလိုက် ကြသည်။(၁။      ဒေါက်တာမောင်မောင်၏ မြန်မာ့နိုင်ငံရေးခရီးနှင့် ဗိုလ်ချုပ်ကြီးနေဝင်း၊  စာမျက်နှာ  ၂၉၂၊ ၂၉၃ ။)
ဂဠုန်ဦးစော၏ လက်နက်များခိုးထုတ်မှု၊ စုဆောင်း မှု၊ သိုဝှက်မှုတို့တွင် ဗြိတိသျှတို့သည် ကာယကံမြောက် ကူညီသူများ ဖြစ်ကြသည်။ ဦးစောသည် ၁၉၄၇ ခုနှစ်၊ မေလထဲ၌ အင်္ဂလိပ်စစ်ဗိုလ် မေဂျာယမ်း (Major Young) နှင့် ကပ္ပတိန် ဗီဗီယန်(Captain Vivian) တို့နှင့် ဆက်သွယ်ခဲ့သည်။ ထို့နောက် ဦးစော၏တပည့် ဘညွန့်သည် ၁၉၄၇ ခုနှစ်၊ ဇွန်လ ၂၄ ရက်တွင် ဗိုလ်တထောင်ရှိ အမှတ် ၂၂၆ အခြေစိုက်လက်နက် တိုက်မှ ဘရင်းသေနတ် အလက် ၂ဝဝ နှင့် ကျည်ကပ် ၈ဝဝ တို့ကို ထုတ်ယူခဲ့သည်။ လက်နက်တိုက်မှ မေဂျာ အေမီ (Major Amy)၊ ကပ္ပတိန်ဘူး (Captain Booge)) ၊ ဆာဂျင်ဝက်ဘလိ (Sergeant Webley) ၊ ဆာဂျင်ဟာ့စ် (Sergeant Harse) ၊ ဆာဂျင်ဖော(Sergeant Forb) စသော အင်္ဂလိပ်စစ်ဗိုလ်နှင့် အကြပ်များက ကူညီခဲ့ကြသည်။ ၁၉၄၇ ခုနှစ်၊ ဇူလိုင် လ ၁ဝ ရက်တွင် ပွိုင့် ၃ဝ၃ ကျည်ဆန်တစ်သိန်း၊ စတင်းကျည်ဆန် ၂၅၆ဝဝ နှင့် လက်ပစ်ဗုံး ၂ဝဝ ကို ကပ္ပတိန် ဗီဗီယန်၏ စီစဉ်ပေးချက်အရ ၁၆ မိုင် လက်နက်တိုက်မှ ထုတ်ယူကြပြန်သည်။  
(၂။    ရဲဘော်တစ်စု၏ ဖက်ဆစ်တော်လှန်ရေးနှင့် ဗမာ့လွတ်လပ်ရေးတိုက်ပွဲသမိုင်းဝင် စာရွက် စာတမ်း များ၊         စာမျက်နှာ ၂၁၅၊ ၂၁၆၊ ၂၁၇ ။)
ဦးစောသည် လက်နက်အချို့ကို အိမ်တွင်သိုဝှက် ထားပြီး မျိုးချစ်ပါတီဝင်များထံသို့ ဖြန့်ချိထားလိုက် သည်။ ဦးစော၏အစီအစဉ်မှာ ဖဆပလ ဝန်ကြီးများ ကို လုပ်ကြံပြီးပါက မျိုးချစ်ပါတီဝင်များက ဖဆပလ နယ်ခေါင်းဆောင်များကို သုတ်သင်ရန် ဖြစ်သည်။ ဖဆပလ ပြိုကွဲသွားပါက ဘုရင်ခံသည် မျိုးချစ်ပါတီ ကို  အာဏာအပ်နှင်းလိမ့်မည်ဟု  ဦးစောက ယူဆ သည်။  သို့သော်  ဦးစောနှင့် အပေါင်းအပါများသည် အာဇာနည်ပုဂ္ဂိုလ်များ  လုပ်ကြံခံရသည့်နေ့  မွန်းလွဲ ၂ နာရီခန့်မှာပင် အဖမ်းခံလိုက်ကြရတော့သည်။
ဦးစောသည် မေဂျာယမ်းနှင့် မေဂျာလန့်စ်ဒိန်း(Major Lance Dane)တို့ထံမှ ၁၉၄၆ ခုနှစ်မှစ၍ လက်နက်ငယ်အမျိုးမျိုးကို  စုဆောင်းရယူထားပြီး ဖြစ်သည်။ သခင်ပန်းမြိုင်(ဝန်ကြီးဟောင်း) အထူး ခရိုင် ရာဇဝတ်ဝန်ကြီးအဖြစ် ဆောင်ရွက်ပြီး ဖွဲ့စည်း ထားသော အထူးစုံစမ်းထောက်လှမ်းရေး ရဲအဖွဲ့ သည် မေဂျာ ယမ်းနှင့် ကပ္ပတိန်ဗီဗီယန်တို့ကိုပါ လက်နက်မှု များဖြင့် ဖမ်းဆီးလိုက်သည်။ ဦးစောတို့ လူစု သေဒဏ် ချမှတ်ခြင်းခံရပြီး ကပ္ပတိန်ဗီဗီယန်မှာ ထောင်ဒဏ် ငါးနှစ် ချမှတ်ခံရသည်။ မေဂျာယမ်းကို ထောင်ဒဏ် ၂ နှစ်ချမှတ်ထားရာ အယူခံနိုင်သဖြင့် တရားသေ လွတ်သွားသည်။ မေဂျာယမ်းကို ဗြိတိသျှသံရုံးက မြန်မာပြည်မှ ထွက်ခွာသွားနိုင်အောင် စီစဉ်ပေးခဲ့ သည်။ ကပ္ပတိန်ဗီဗီယန်မှာမူ အင်းစိန်ထောင် ထဲတွင်  ထောင်ဒဏ် ကျခံရသည်။    ဂဠုန်ဦးစောသည် ကေအင်န်ယူအဖွဲ့အား တိုက်ရိုက်အကူအညီပေးနေ သည့် ကာနယ်တူးလော့ (Coloneal Tuelock) နှင့် လန်ဒန် ဒေးလီးမေးလ်သတင်းထောက် ကင်းဘဲ (Cambell ) တို့ကို ဆက်သွယ်၍ ထောင်ဖောက်ပြေးရန် စီစဉ် သေးသည်။ သို့သော် မအောင်မြင်ခဲ့ပေ။  (၃။ ရဲဘော်တစ်စု၏ ဖက်ဆစ်ဂျပန်တော်လှန်ရေးနှင့် ဗမာ့လွတ်လပ်ရေးသမိုင်းဝင် စာရွက်စာတမ်းများ၊ စာမျက်နှာ ၂၁၅ မှ ၂၁၈ ။)
ကိုသိန်းဖေသည် ဖဆပလ၏ ဒုတိယဥက္ကဋ္ဌ သခင်နုထံသို့ ဇူလိုင်လ ၁၉ ရက် ညနေ ၄ နာရီတွင်  စာတစ်စောင် ရေးလိုက်သည်။ (၄။  သိန်းဖေမြင့်၏ တော်လှန်ရေးကာလ နိုင်ငံရေးအတွေ့အကြုံများ ။) ကိုသိန်းဖေက ဗိုလ်ချုပ်တို့ လုပ်ကြံခံရခြင်းသည် နယ်ချဲ့သမားနှင့် အလိုတော်ရိများ၏လက်ချက်ဟု စွပ်စွဲလိုက်သည်။ နယ်ချဲ့က  ဖဆပလကိုဖြိုခွဲပြီး  ဘုရင်ခံကိုယ်တိုင် တိုက်ရိုက်အုပ်ချုပ်လာနိုင်သည့် အန္တရာယ်ကို လည်း ဆွေးနွေးထားသည်။ ကိုသိန်းဖေသည် ဗမာပြည် ကွန်မြူနစ်ပါတီတွင် မည်သည့်သြဇာအာဏာမျှ ရှိသူ မဟုတ်သော်လည်း သခင်နုက အစိုးရဖွဲ့ပြီး နှစ်ရက် အကြာတွင် ကွန်မြူနစ်ခေါင်းဆောင်များနှင့် ဆွေးနွေး သည့် ပထမအစည်းအဝေးကို ပြည်သူ့ရဲဘော်ဌာနချုပ် အတွင်း သခင်နုနေအိမ်တွင် ကျင်းပရာ ဗိုလ်လက်ျာ၊ သခင် သန်းထွန်း၊ သခင်ဗသိန်းတင်၊ ဂိုရှယ်၊ ဦးကိုကို ကြီးနှင့် ကိုသိန်းဖေတို့ တက်ရောက်ကြသည်။ ကို သိန်းဖေမှာ ဗိုလ်လက်ျာဖိတ်ကြားထားသဖြင့် အစည်း အဝေးတက်ရသူဖြစ်သော်လည်း နောက်အစည်းအဝေး များတွင် သခင်သန်းထွန်းက ခွင့်မပြုသဖြင့် မတက်ရ တော့ပေ။
သခင်သန်းထွန်းနှင့် ဂိုရှယ်တို့သည် သခင်နု၏ ကြားဖြတ်အစိုးရထဲဝင်၍  ဖဆပလ  ကွန်မြူနစ် ညီညွတ်ရေး တည်ဆောက်ရန် ဆွေးနွေးခဲ့ကြသည်။  သို့သော် ကွန်မြူနစ်များနှင့် ဆိုရှယ်လစ်များမှာ တစ်ဦး နှင့်တစ်ဦး မယုံသင်္ကာမှုများနှင့် ပြည့်နှက်နေသည်။ ကိုသိန်းဖေသည်  ညီညွတ်ရေး  ဗိသုကာဟူသော ကလောင်ဝှက်ဖြင့် မြန်မာ့အလင်းနှင့် ဟစ်တိုင်သတင်း စာများတွင် ဖဆပလ ကွန်မြူနစ် ညီညွတ်ကြရန် ရေး သားလိုက်သည်။ သခင်သန်းထွန်းက ကိုသိန်းဖေအား ဗဟိုက တိုက်ရိုက်ထိန်းကျောင်းရသော သာမန်ပါတီ ဝင်အဆင့်သို့ ချက်ချင်းလျှော့ချအရေးယူလိုက်သည်။  ကိုသိန်းဖေကို မည်သည့်ကလာပ်စည်းတွင်မျှ ပါဝင်ခွင့် မပေးတော့ပေ။ သို့နှင့် ကိုသိန်းဖေမှာ ဗမာပြည် ကွန်မြူနစ်ပါတီ တောမခိုခင် ပါတီမှ နုတ်ထွက်သည့် ကာလအထိ ပါတီတွင် မည်သည့်ခေါင်းဆောင်မှုမျှ မရှိတော့ပေ။ ဗမာပြည် ကွန်မြူနစ်ပါတီ၏ ခေါင်း ဆောင်မှုမှာ သခင် သန်းထွန်းနှင့် ဂိုရှယ်တို့နှစ်ယောက် ၏ လက်ထဲတွင်သာ ရှိလေသည်။ (၁။  သိန်းဖေမြင့်၏ တော်လှန်ရေး ကာလ နိုင်ငံရေးအတွေ့အကြုံများ ။)
ဖဆပလ ကွန်မြူနစ်ညီညွတ်ရေး အောင်မြင်မှု မရှိခဲ့သော်လည်း  သခင်နုသည်  လန်ဒန်သို့ သွား၍ နု-အက်တလီစာချုပ်ကို ချုပ်ဆိုနိုင်ခဲ့လေသည်။



လက်ျာ-ဖရီးမင်းစာချုပ်  (၂။        ရဲဘော်လှမျိုး၏ သမိုင်းဝင် စာချုပ်စာတမ်းများ၊ စာမျက်နှာ ၂၃၈၊ ၂၃၉၊ ၂၄ဝ၊ ၂၄၁၊ ၂၄၂ ။)
ဗိုလ်ချုပ်အောင်ဆန်း ကျဆုံးသွားသော်လည်း  လွတ်လပ်ရေးကြိုးပမ်းမှုအရှိန်အဟုန်မှာ ကျမသွားခဲ့ ပေ။ ဖဆပလနှင့် ပြည်သူတစ်ရပ်လုံးသည် လွတ်လပ် ရေးအတွက် အားကြိုးမာန်တက် ဆက်လက်ကြိုးပမ်း ခဲ့သည် သာ ဖြစ်သည်။ ဗြိတိသျှနယ်ချဲ့တို့သည် မြန်မာ နိုင်ငံ   ပြည်သူတို့၏   အင်အားအခြေအနေအရ လွတ်လပ်ရေး မပေးလျှင် မဖြစ်တော့မှန်းသိနေသော် လည်း နည်းမျိုးစုံဖြင့် ကန့်သတ်ချုပ်ချယ်ရန် ကြိုးစားမြဲ ကြိုးစားခဲ့ကြသည်။ ၁၉၄၇ ခုနှစ်၊ သြဂုတ်လ ၂၉ ရက် တွင် စစ်တပ်များအရေးနှင့် ပတ်သက်၍ စာချုပ်တစ်ရပ် ကို ချုပ်ဆိုခဲ့ရာ ယင်းစာချုပ်ကို ဗြိတိသျှစစ်တပ် ကိုယ်စားလှယ်  ဂျွန်ဖရီးမင်းနှင့်  ဗိုလ်လက်ျာတို့ လက်မှတ်ရေးထိုးသောကြောင့် လက်ျာ-ဖရီးမင်းစာချုပ် ဟု ခေါ်သည်။
စာချုပ်တွင် ဗြိတိသျှတပ်များ ထွက်ခွာပါက စစ် လက်နက်ပစ္စည်းအချို့ကို မြန်မာနိုင်ငံအတွက် အခမဲ့ လွှဲပြောင်းပေးခဲ့ရန် သဘောတူထားသည်။ လွတ်လပ် ရေးရပြီး သုံးနှစ်ကာလအတွင်း ဗြိတိသျှ စစ်ပညာ သင် ကျောင်းများတွင် အခမဲ့ စစ်ပညာသင်ယူနိုင်ခွင့်ကို လည်း ပေးထားသည်။ သို့သော် မြန်မာနိုင်ငံသည် ကြည်း၊ ရေ၊ လေဆိုင်ရာ ဗြိတိသျှစစ်မစ်ရှင်ကို မြန်မာနိုင်ငံတွင်ထားရန် သဘောတူရသည့်အပြင် စစ်ပညာ သင်ကြားပေးမည့် ဗြိတိသျှနည်းပြ အရာရှိများအတွက်  ကုန်ကျစရိတ်များ ကိုလည်း ကျခံရမည် ဖြစ်သည်။ မင်္ဂလာဒုံ၊ မြိတ်နှင့် စစ်တွေ လေယာဉ်ကွင်းတို့ကို ဗြိတိသျှတို့က ကူညီဆောက်လုပ်ပေးမည်ဖြစ်သော် လည်း အသုံးပြုခွင့်ကိုပါ ပေးရမည်ဖြစ်သည်။ ဗြိတိသျှ စစ်မစ်ရှင်ကို လက်ခံထားရသော်လည်း ဗြိတိသျှတို့၏ မဟာမိတ်မဟုတ်သည့်(သဘောမတူသည့်) အခြား စစ်မစ်ရှင်ကိုမူ လက်ခံခွင့်မရှိပေ။ စာချုပ်သက်တမ်းသည် သုံးနှစ်သာဖြစ်သော်လည်း ကွန်မြူနစ်ပါတီ အတွက် ဗြိတိသျှလက်အောက်မှ တကယ်မလွတ်လပ်ဟု ဝေဖန်စရာ အချက်တစ်ချက်ပင် ဖြစ်ခဲ့ရလေသည်။

နု-အက်တလီစာချုပ်
သခင်နုသည် ဗိုလ်ချုပ်အောင်ဆန်း၏ကိုယ်စား  ဖဆပလနှင့် အစိုးရအဖွဲ့ကို ဆက်လက်ခေါင်းဆောင် ရသည်။ လွှတ်တော် ဒုတိယညီလာခံကို ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၂၉ ရက်မှ သြဂုတ်လ ၁၆ ရက်အတွင်း ကျင်းပ၍ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ရေးဆွဲ အတည်ပြုရေးနှင့် လွတ်လပ်ရေးကိစ္စများကို ဆွေးနွေး ဆုံးဖြတ်ကြသည်။ လွှတ်တော်ဥက္ကဋ္ဌမှာ ညောင်ရွှေ စော်ဘွားကြီး စဝ်ရွှေသိုက် ဖြစ်လာသည်။ လွှတ်တော် တတိယညီလာခံကို ၁၉၄၇ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်တွင် ကျင်းပသောအခါ ကရင်အမတ်များပါ တက် ရောက်လာကြသည်။ ၁၉၄၇ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်တွင် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို အတည်ပြုပြီးနောက် စဝ်ရွှေသိုက်ကို ယာယီသမ္မတ အဖြစ် ခန့်အပ်လိုက်ကြသည်။ ထို့နောက် သခင်နုသည် မြန်မာ၊ အင်္ဂလိပ်စာချုပ် (နု-အက်တလီစာချုပ်) ချုပ်ဆို နိုင်ရေးအတွက် လန်ဒန်သို့ သွားရတော့ သည်။
ဖဆပလ အဖွဲ့ကြီးက လွတ်လပ်ရေးကြိုးပမ်းမှု အရှိန်အဟုန် မကျဆင်းအောင် ထိန်းသိမ်းကြိုးပမ်း နေစဉ်  ဗမာပြည်ကွန်မြူနစ်ပါတီက  ၁၉၄၇  ခုနှစ်၊ ဇူလိုင်လ ၃ဝ ရက်တွင် နိုင်ငံရေးဆုံးဖြတ်ချက်တစ်ရပ် ကို ချမှတ်သည်။ ယင်းဆုံးဖြတ်ချက်ကို 'သံပူတုန်း နာနာ နှက်ကြစို့' (Strike while the iron is hot)[ ဟူသော ဆောင်ပုဒ်ဖြင့် ဖော်ပြသည်။  (၁။        သိန်းဖေမြင့်၏ တော်လှန်ရေးကာလ နိုင်ငံရေး အတွေ့ အကြုံများ၊ စာမျက်နှာ ၂၉၅၊ ၂၉၆၊ ၂၉၇ ။)ယင်းဆုံးဖြတ်ချက်မှာ ဖဆပလနှင့် ညီညွတ်ရေးလုပ်ပြီး အစိုးရအဖွဲ့ထဲဝင်ရန် ပင် ဖြစ်သည်။ သို့သော် ဖဆပလ ကွန်မြူနစ် ညီညွတ် ရေးမှာ နှစ်ဖက်စလုံးက သာ ကြွေးကြော်နေကြသော် လည်း လက်တွေ့တွင် မည်သို့မှ အကောင်အထည် ပေါ်မလာခဲ့ပေ။
သို့နှင့် ၁၉၄၇ ခုနှစ်၊ အောက်တိုဘာလ ၁၇ ရက် တွင် လန်ဒန်မြို့၌ နန်းရင်းဝန် (ဝန်ကြီးချုပ်) မစ္စတာ ကလီမင့်ရစ်ချတ်အက်တလီနှင့်  ဖဆပလ ကြားဖြတ် အစိုးရအဖွဲ့ခေါင်းဆောင် သခင်နုတို့သည် အင်္ဂလိပ်- မြန်မာ စာချုပ်ကို  လက်မှတ်ရေးထိုးလိုက်ကြသည်။ စာချုပ်တွင် နှစ်နိုင်ငံသဘောတူထားသော အဓိက အချက် မှာ  မြန်မာနိုင်ငံအား  လုံးဝလွတ်လပ်သော အချုပ်အခြာအာဏာပိုင်နိုင်ငံအဖြစ် အသိအမှတ် ပြုရန်ပင် ဖြစ်သည်။   (၂။  ရဲဘော်လှမျိုး၏ သမိုင်းဝင် စာချုပ်စာတမ်းမျာ၊ စာမျက်နှာ ၃၁၁ မှ ၃၂ဝ ထိ ။) သို့သော် လက်ျာ-ဖရီးမင်း စာချုပ်မှ သဘောတူညီချက်များသည် နု-အက်တလီ စာချုပ်၏  နောက်ဆက်တွဲပြဋ္ဌာန်းချက် များအဖြစ် ပါဝင်လာကြသည်။ ထို့နောက် စာချုပ်တွင် ဘဏ္ဍာရေး ကိစ္စများရှင်းလင်းခြင်း၊ နိုင်ငံသား သတ်မှတ်ရေးနှင့်  လူမှုရေးအခြေအနေများရှင်းလင်းခြင်း စသည့် မြန်မာ နိုင်ငံ လွတ်လပ်ရေးရ သည်နှင့် ဆောင်ရွက်ရမည့် အပိုင်းကဏ္ဍများကို ဖော်ပြထားသည်။ ဗြိတိသျှအစိုးရ က မြန်မာနိုင်ငံအစိုးရအတွက် ကုန်ကျခဲ့သော ပေါင် စတာလင် ၁၅ သန်းကို လျှော်ပစ်လိုက်ပြီး ကျန်ငွေ များကိုမူ ၁၉၅၂ ခုနှစ်၊ ဧပြီလ ၁ ရက်ထက် နောက် မကျသည့်နေ့မှစ၍ အနှစ်နှစ်ဆယ် အရစ်ဖြင့် ပေးဆပ် ရမည်ဟု ဆိုသည်။
ကွန်မြူနစ်ပါတီသည် ဖဆပလ ကွန်မြူနစ် ညီညွတ်ရေးကြွေးကြော်သံကို လက်ကိုင်ထား ဆဲ ဖြစ် သော်လည်း နု-အက်တလီစာချုပ်ကို စီးပွားရေးနှင့်  စစ်ရေးကိစ္စများတွင် အလျှော့ပေးလာသည် ဟုဝေ ဖန် သည်။ အင်္ဂလိပ်တို့၏ ကြွေး ၁၄၇ ကုဋေကို မပေးနှင့် ဟု ကြွေးကြော်လာသည်။  (၃။ သိန်းဖေမြင့် ၏ တော်လှန်ရေးကာလ နိုင်ငံရေးအတွေ့အကြုံများ၊ စာမျက်နှာ ၃ဝ၁ ။) အကြွေးငွေများ၏ မတရား ပုံကိုလည်း ဖော်ထုတ်လာသည်။ သို့သော် သခင်နုသည် မညီမညွတ်ဖြစ်နေသော မြန်မာနိုင်ငံရေးအင်အားစု များ၏ အခြေအနေကြောင့် အင်္ဂလိပ်အစိုးရနှင့် သင့်တော်သလို အလျှော့အတင်းလုပ်လာရခြင်းဖြစ်ရာ  လွတ်လပ်ရေးမှာမူ ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက် တွင် သေချာပေါက် ရရှိခဲ့လေသည်။
ပဒေါင်အရေးအခင်း (၁။     ဦးအုန်းဖေ (ရှမ်းပြည်နယ် ဦးစီးအဖွဲ့ဝင်ဟောင်း)၊ ပင်လုံစစ်တမ်း မှ ကောက်နုတ်ရေးသားပါသည်။)
မိုးဗြဲနယ်သည်   ရှေးပဒေသရာဇ်ခေတ်ကပင် အရေးပါအရာရောက်ပြီး ရှမ်းပြည်နယ် မြေလပ်နယ် များကို အုပ်ချုပ်ကွပ်ကဲရာဒေသကြီး ဖြစ်သည်။ မိုးဗြဲ စစ်ကဲကြီးသည် မြေလပ်ဝန်အဖြစ်လည်း တာဝန်ယူရ သည်။ ပဒေသရာဇ်ခေတ်တွင် မိုးဗြဲနယ်၌ မြန်မာကင်း စခန်းထားသည်။ မိုးဗြဲနယ်သည် ကရင်နီနယ်နှင့် ဆက်စပ် လျက်ရှိရာ ကရင်နီများ၏ တိုက်ခိုက်မှုကို မကြာခဏခံရသည်။ ကရင်နီများသည် နီးရာရှမ်းနယ် များမှ တွေ့သမျှလူသူတို့ကို ဖမ်းဆီး၍ ထိုင်းနိုင်ငံတွင် ကျွန်အဖြစ် ရောင်းစားလေ့ရှိကြရာ ကရင်နီနယ်နှင့် အနီးဆုံးဖြစ်သော မောက်မယ်နယ်နှင့် မိုးဗြဲနယ်မှာ အများဆုံးခံကြရသည်။ သို့နှင့် မိုးဗြဲ၊ မောက်မယ်နယ် များသည် ကရင်နီနယ်နှင့် မကြာခဏ တိုက်ခိုက်ခဲ့ကြ ရသည်။ ကရင်နီနယ်တွင်ြေ<ွကးမဆပ်နိုင်က လူကို သိမ်းပိုက်နိုင်သောဓလေ့ဆိုးရှိခဲ့ရာ အင်္ဂလိပ်ခေတ်ကျ မှ ပပျောက်သွားသည်။
မိုးဗြဲနယ်တွင် ရှမ်းအမျိုးသားထက် ဘရင်ဂျီ ဘာသာကိုးကွယ်သော ပဒေါင်နှင့် ပရဲများက လူဦးရေ ပိုများသည်။ ပဒေါင်လူမျိုးတို့သည် မိုးဗြဲစော်ဘွားကြီး ဟော်နန်းစိုက်ရာ မိုးဗြဲမြို့နှင့် ၁ဝ မိုင်အကွာရှိ ဖယ်ခုံ မြို့ကို အခြေစိုက်၍ နေထိုင်ကြသည်။ ၁၉၃၈ ခုနှစ် တွင်ကား ပဒေါင်လူမျိုးတို့သည် နယ်ရှင်စော်ဘွားကြီး ၏အုပ်ချုပ်မှုကို အတိအလင်း စတင်ဆန့်ကျင်ကြတော့ သည်။ စော်ဘွားကိုယ်စား အခွန်ကောက်ခံသော အရာရှိများကို ပဒေါင်ခေါင်းဆောင် သိုင်းဘဟန်နှင့်  အိုက်မောင်ဦးတို့ခေါင်းဆောင်ပြီး ခြိမ်းခြောက်ကြိမ်း မောင်းလွှတ်သည်။ နယ်ရှင်စော်ဘွားကြီးသည် ပဒေါင် လူမျိုးများကို ကိုင်တွယ်ရန် ခက်ခဲသဖြင့် ရှမ်းပြည် ကော်မရှင်နာမင်းကြီးသို့ တိုင်ကြားလိုက်သည်။ သိုင်း ဘဟန်နှင့် အိုက်မောင်ဦးတို့ညီအစ်ကိုကိုမူ နွားခိုးမှုဖြင့် စွဲချက်တင်လိုက်သည်။
ရှမ်းပြည်ကော်မရှင်နာမင်းကြီးဖြစ်သူ ဖော်ဂါတီ(P.C. Fogarty) သည် အခြေအနေကို လေ့လာသုံးသပ် ပြီး လွိုင်ကော်သို့ ချက်ချင်း ထွက်ခွာလာသည်။ လမ်း ပန်းဆက်သွယ်ရေးအခြေအနေအရ မိုးဗြဲသို့ လွိုင်ကော် မှတစ်ဆင့် သွားရသောလမ်းသည် ကလောမှတစ်ဆင့် ပင်လောင်းကို ဖြတ်သန်းရသောလမ်းထက် ပိုမိုချောမွေ့ မြန်ဆန်သည်။  ထို့ကြောင့်  လမ်းပန်းဆက်သွယ်ရေး သည်ပင်လျှင်  မိုးဗြဲနယ်သည်  ရှမ်းပြည်နယ်ထက် ကရင်နီနယ်နှင့် ပို၍အဆင်ပြေနေသည်။ ဖော်ဂါတီ သည် ကရင်နီနယ်ဆိုင်ရာ ဝန်ထောက်ကို တစ်ပါတည်း ခေါ် လာ ပြီး က လော ရှိ အ နောက် ပိုင်း ဆိုင် ရာ ဝန်ထောက်ကိုလည်း မိုးဗြဲသို့ ဆင့်ခေါ်လိုက်သည်။ ဖော်ဂါတီသည် ပဲခူးတိုင်းမင်းကြီးဟောင်း ဆွီးသင်းဘင့် ၏ ယောက်ဖဖြစ်ပြီး မိုးဗြဲ-ဖယ်ခုံနယ်များကိုရောက်ဖူး သည်။ ဘရင်ဂျီဘုန်းတော်ကြီး ဖာသာ ဖယ်ဆိုလီD(Rev. Falter Fasoly)ှင့် ဆွေးနွေးရာမှ ပဒေါင်လူမျိုးစု အကြောင်း သိရှိထားသည်။ ဖော်ဂါတီ ကိုယ်တိုင်ပင် ဘရင်ဂျီဘာသာဝင်ဖြစ်သည်။
ဖော်ဂါတီသည် မိုးဗြဲဟော်နန်းရှိ စော်ဘွားနှင့် တကွ အရာရှိများကို စစ်ဆေးမေးမြန်းပြီး ဖယ်ခုံသို့ ထွက်လာခဲ့သည်။ ဖယ်ခုံရောက်သောအခါ ဘုရား ရှိခိုးကျောင်းတွင် သိုင်းဘဟန်ခေါင်းဆောင်သော ပဒေါင်ခေါင်းဆောင်များနှင့် ဆွေးနွေးသည်။ ပဒေါင် များက နယ်ရှင်စော်ဘွားနှင့် မဆက်ဆံလိုသောကြောင့် အခွန်တော်ကို အင်္ဂလိပ်ဝန်ထောက်ထံ တိုက်ရိုက်ပေး သွင်းရန် အရေးဆိုရာ ဖော်ဂါတီက သဘောတူလိုက် သည်။ သိုင်းဘဟန်ကလည်း ချက်ချင်းပင် အခွန်တော် ကို ပေးဆောင်သည်။ ဖော်ဂါတီသည် မိုးဗြဲမှအပြန်   တွင် သိုင်းဘဟန်အားစည်းရုံး၍ တောင်ကြီးသို့ ခေါ် သွားသည်။ ထို့နောက် လွိုင်လင်ဝန်ထောက်ရုံးတွင် စာရေးအဖြစ် ခန့်အပ်လိုက်သည်။ သိုင်းဘဟန်သည် လွိုင်လင်မြို့ ဆေးကရက်တတ်သီလရှင်ကျောင်း (ယခု အထက ၂)ဆောက်လုပ်ရာတွင် ပါဝင်လုပ်အားပေးပြီး  အေးဆေးစွာ နေထိုင်ခဲ့သည်။ သို့သော် ဒုတိယကမ္ဘာ စစ်ကြီးဖြစ်ပွားလာပြီး  အရှေ့အာရှသို့ စစ်မီးတောက် များ ကူးစက်လုလုအချိန်တွင် သိုင်းဘဟန်သည် လွိုင်လင်မှ မိုးဗြဲသို့ ပြန်လာပြန်သည်။
သိုင်းဘဟန်သည် မိုးဗြဲနယ်မှ ပဒေါင်အမျိုးသား များကို ထပ်မံ၍ စည်းရုံးကာ  ပဒေသရာဇ်စော်ဘွား ကို အာခံပုန်ကန်တော့သည်။ မိုးဗြဲစော်ဘွား စစ်ပညာ သည် သိုင်းဘဟန်တို့လူစုအား မနှိမ်နင်းနိုင်သဖြင့်  မိုးဗြဲမှ ပင်လောင်းနယ်သို့ ထွက်ပြေးခိုလှုံသွားရသည်။ ကိုလိုနီခေတ်ကာလ တစ်လျှောက်လုံး တွင် တောင် တန်း ဒေသများ၌ ပဒေသရာဇ်ဆန့်ကျင်ရေးလှုပ်ရှားမှုများ ပေါ်ပေါက်ခဲ့ကြသော်လည်း ယခုကဲ့သို့ အာဏာရှိသူ ဆုတ်ခွာထွက်ပြေးရခြင်းမျိုးမှာ ယခုတစ်ကြိမ်တွင်သာ  ရှိခဲ့သည်။ သိုင်းဘဟန်တို့လူစုသည် ပဒေသရာဇ်နယ် ရှင်စော်ဘွားကို မောင်းထုတ်နိုင်ခဲ့သော်လည်း နိုင်ငံရေး  အာဏာကိုမူ မရရှိကြပေ။ ထိုအချိန်က ဂျပန်တပ်များ ဝင်လာသောအခါ မိုးဗြဲနယ်သည် ဂျပန်စစ်အုပ်ချုပ်ရေး အောက်သို့ ရောက်သွားလေသည်။
ပဒေါင်ခေါင်းဆောင် သိုင်းဘဟန်တို့လူစု၏ လှုပ်ရှားမှုများမှာ ပဒေသရာဇ်ဆန့်ကျင်ရေး ပင်ဖြစ် သော်လည်း နိုင်ငံရေးအမြင်မကျယ်မှုကြောင့် တစ်ခါ  တစ်ရံတွင် လူမျိုးရေးဆန်ဆန် ဖြစ်ခဲ့ရသည်။ ဂျပန် ခေတ် ၁၉၄၂ ခုနှစ်၊ ဇန်နဝါရီလ ၂၉ ရက်တွင် ရှမ်း နှင့် ပဒေါင်လူမျိုးရေး အဓိကရုဏ်းဖြစ်ပွားသဖြင့် လူလေးယောက်သေခဲ့ရသည်။ ကလောတွင်ရှိနေသော ဂျပန်ကင်ပေတိုင်များက စေ့စပ်ပေးပြီး ပဋိညာဉ်စာချုပ် ချုပ်ဆိုစေခဲ့သည်။ သို့ရာတွင် စက်တင်ဘာလ ၁၉ ရက် တွင် အဓိကရုဏ်း ထပ်မံဖြစ်ပွားပြန်သည်။ လူ ၂ဝ သေကျေပျက်စီးပြန်သည်။ ယင်းအကြိမ်တွင် ဂျပန် အမှတ်(၁၈)တပ်မက ဝင်ရောက်ထိန်းသိမ်း ဖျန်ဖြေပြီး နိုဝင်ဘာလ ၁၇ ရက်တွင် ချစ်ကြည်ရေးစာချုပ် ချုပ်ဆို စေခဲ့ရသည်။ စင်စစ် ဤဖြစ်ရပ်များမှာ မိုးဗြဲစော်ဘွား ဟောင်း စစ်ပညာကို ဂျပန်က ပြန်လည်ခန့်ထားသဖြင့်  ဆန့်ကျင်အုံကြွမှုများဖြစ်သည်။ သို့သော် ဂျပန်မဝင်မီ ကကဲ့သို့ အောင်မြင်ခြင်းမရှိပေ။ ပဒေသရာဇ်များ  သည် ဂျပန်နှင့် အဆင်ပြေအောင်ပေါင်း၍ အာဏာ ကို ပြန်လည်ရယူနိုင်ခဲ့ကြသည်။
ဖက်ဆစ်ဂျပန်တော်လှန်ရေးကာလတွင် ပဒေါင် အမျိုးသားများသည် ရရာမီးကျိုးမောင်းပျက် လက်နက်များကို ကိုင်စွဲ၍ ရွပ်ရွပ်ချွံချွံပင် ပါဝင်တိုက်ခိုက်ကြ သည်။ ပဒေါင်အမျိုးသားတို့၏ တော်လှန်တိုက်ခိုက်ပုံ မှာ အင်္ဂလိပ်များပင် လက်ဖျားခါရလောက်သည်။ သိုင်းဘဟန်ခေါင်းဆောင်သော ပဒေါင်အမျိုးသား  များသည် ကလောဘက်မှ ပင်လောင်းလမ်းအတိုင်း  ဆုတ်ခွာလာသော ဂျပန်များအား ဖြတ်တောက်တိုက် ခိုက်ရာ ဂျပန်များ အတုံးအရုံး သေကျေကြရသည်။ အင်္ဂလိပ်တို့က သိုင်းဘဟန်ကို အိုဘီအီးဘွဲ့ ပေးအပ် ချီးမြှင့်ပြီး စည်းရုံးခဲ့သည်။ သို့သော် သိုင်းဘဟန်က ကျေးဇူးတင်စွာဖြင့် လက်မခံဘဲ ငြင်းပယ်လိုက်သည်။  ဗိုလ်ချုပ်အောင်ဆန်းက သိုင်းဘဟန်အား ရဲဘော် ရဲဘက်တစ်ယောက်အဖြစ် ချီးကျူးဂုဏ်ပြုရေးသား  ထားသော စာတစ်စောင်ပေးပို့သည်။ သိုင်းဘဟန်  သည် ဗိုလ်ချုပ်အောင်ဆန်း၏ စာကို ဝမ်းသာအားရ လက်ခံပြီး အမြတ်တနိုး သိမ်းဆည်းထားသည်။
သိုင်းဘဟန်၏အစ်ကို သိုင်းသန်းတင် (နိုင်ငံတော် ကောင်စီဝင်ဟောင်း)ကိုမူ အင်္ဂလိပ်များက လူသတ်မှု ဖြင့် ဖမ်းဆီးကာ တောင်ငူထောင်သို့ ပို့လိုက်သည်။ သိုင်းသန်းတင်သည် သေဒဏ်ချမှတ်ခြင်း ခံရ သည်။  ဖဆပလ ခေါင်းဆောင် သခင်သန်းဖေ(ကွယ်လွန်) ဦးဆောင်၍ သုံးရက်တိုင်တိုင် ဆန္ဒပြကန့်ကွက်မှ အင်္ဂလိပ်သည် သိုင်းသန်းတင်ကို လွှတ်လိုက်သည်။  ဂျပန်များဆုတ်ခွာပြီး အင်္ဂလိပ်ပြန်ဝင်လာသောအခါ တွင် မိုးဗြဲနယ်ကို စော်ဘွားများ မအုပ်ချုပ်နိုင်တော့ ပါ။ စစ်ပညာသည် ပင်လောင်းနယ်မှာ ခိုလှုံနေထိုင် လျက်ရှိသည်။ ပဒေါင်ခေါင်းဆောင် အိုက်မောင်ဦးက  နယ်ချုပ်အဖြစ် လွတ်လပ်ရေးရသည်အထိ အုပ်ချုပ် ခဲ့သည်။ အိုက်မောင်ဦးသည် စစ်မဖြစ်မီကတည်းက သိုင်းဘဟန်နှင့်အတူ နွားခိုးမှုဖြင့် စွပ်စွဲခံရဖူးသည်။
မိုးဗြဲနယ်၏အခြေအနေကို ပြန်ကြည့်လျှင် ပဒေါင် ခေါင်းဆောင်များသည် ပဒေသရာဇ်များကို ဆန့် ကျင် တော်လှန်ပြီးနောက် အောင်ပွဲရရှိလာခဲ့သည်ဟု ဆိုရ ပေမည်။ ရှမ်းစော်ဘွား၏နေရာတွင် ပဒေါင်နယ်ချုပ် က အုပ်ချုပ်လာနိုင်ခြင်းမှာ ပဒေါင်အမျိုးသားတို့၏ လိုလားချက် အတော်များများ ကို ဖြည့်ဆည်းပေး ပြီး ဖြစ်နေသည်။ သို့သော် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေ(အဟောင်း)တွင် တောင်တန်းဒေသ စော်ဘွား အုပ်ချုပ်ရေးကို ပြန်လည်ဖော်ဆောင်ခဲ့လေရာ ပဒေါင် များအဖို့ မကျေနပ်စရာ ဖြစ်လာရပြန်သည်။
မိုးဗြဲနယ်နှင့် ပတ်သက်၍ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတွင် အောက်ပါအတိုင်း ဖော်ပြထား သည် -
ပုဒ်မ ၁၈၂။   (၁)     ပဒေသရာဇ် ရှမ်းပြည်နယ်စုရှိ မိုးဗြဲ နယ်ဟု ယခင်က ခေါ်တွင်ခဲ့သော နယ်မြေများကို ထိုနယ်မြေ၌ နေ ထိုင်ကြသူများရာက အလိုရှိခဲ့သော် ကယားပြည်နယ် အတွင်းသို့ ပေါင်း သွင်းရမည်။
ပုဒ်မ  (၂)     ထိုနယ်မြေရှိ လူအများ၏ ဆန္ဒမှန် ကို စုံစမ်းရာ၌ လိုက်နာရန်ဖြစ်သော နည်းလမ်းတို့သည် တရားဥပဒေဖြင့်  သတ်မှတ်သည့်အတိုင်း ဖြစ်ရမည်။
ပုဒ်မ ၁၈၃။   (၁)     တစ်ဆက်တည်းဖြစ်သော အထက်ပါ ပုဒ်မအရ မိုးဗြဲနယ်ကို ကယားပြည် နယ်အတွင်းသို့ ပေါင်းသွင်းသော အခါ မိုးဗြဲစော်ဘွားသည်လည်း  လူမျိုးစုလွှတ်တော်တွင် ကယားပြည် နယ်ဆိုင်ရာ ကိုယ်စားလှယ်အမတ် တစ်ဦးအဖြစ် ပါဝင်ရမည်။
ပုဒ်မ ၁၈၂ ကို ပဒေါင်များအနေနှင့် ပြောစရာ မရှိသော်လည်း ပုဒ်မ ၁၈၃ မှာမူ ပဒေသရာဇ်စနစ် ကို  ပြန်လည်ဖော်ဆောင်ပေးထားရာ  ရောက်သဖြင့် မကျေနပ်ကြပေ။ ပဒေသရာဇ်စနစ်ကို အောင်မြင် စွာ  တော်လှန်ပြီးခါမှ တိုးတက်ခေတ်မီသော အုပ်ချုပ်ရေး စနစ်ကို အစားမထိုးဘဲ ပဒေသရာဇ်စနစ်ကိုပင် ပြန် လည်အသက်သွင်းခြင်းမှာ ပဒေါင်တို့အတွက် မလိုလားနိုင်စရာပင် ဖြစ်ခဲ့ရသည်။

ကရင်နီနယ်အရေးအခင်း
ကရင်နီနယ်သည် ရှေးယခင်ကပင် နယ်စားများ အုပ်ချုပ်ခဲ့ပြီး အင်းဝမင်းဆက်မှစ၍ မြန်မာဘုရင်များ ထံ ခစားခဲ့ကြောင်း သိရသည်။ ၁၈၄၅ ခုနှစ်တွင် ကယားလူမျိုးများ အင်အားကောင်းလာပြီး ရှမ်းပြည် တောင်ပိုင်းကို ဝင်ရောက်တိုက်ခိုက်သဖြင့် မြန်မာဘုရင် ၏ မြန်မာတပ်နှင့် ရှမ်းတပ်များက တိုက်ခိုက်နှိမ်နင်း ခဲ့ရသည်။ ၁၈၆၆ ခုနှစ်တွင် မြင်ကွန်းမင်းသားသည် နန်းမယ်ခုံကို အခြေပြု၍ လူသူစုဆောင်းခဲ့ရာ မြန်မာ တပ်များ ချီတက်တိုက်ခိုက်ခဲ့ရသည်။ မြန်မာတပ်များ ဘက်မှ စောလုံမြို့ ဟော်နန်းရှင်နယ်စား စောလဖော် က ကူညီတိုက်ခိုက်ခဲ့ရာ ၁၈၆၈ ခုနှစ်တွင် စောလဖော် ကို မင်းတုန်းမင်းက ဘွဲ့တံဆိပ်များဖြင့် ချီးမြှင့်ခဲ့သည်။ အခစားရောက်လာသော   စောလဖော်ကိုလည်း ကန္တာရဝတီနယ်စားအဖြစ် အသိအမှတ်ပြုခဲ့သည်။ ယခင် က ဘော်လခဲနယ်သည် ကရင်နီတစ်နယ်လုံးကို  လွှမ်းမိုးပြီး အချက်အချာကျခဲ့သော်လည်း နောက်ပိုင်းတွင် ကန္တာရဝတီနယ်ကသာ လွှမ်းမိုးကြီးစိုး ခဲ့သည်။ကန္တာရဝတီနယ်တွင်  လွိုင်ကော်၊  စောလုံ၊ ရှားတော၊ မယ်စဲ့၊ ငွေတောင်မြို့ များပါဝင်သည်။ (၁။ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁)  (က-ကုံ))
စောလဖော်သည် သြဇာလွှမ်းမိုးရေးအတွက် ကြိုးစားရာ ဘော်လခဲ၊ ငွေတောင်နယ်များနှင့် အရေး အခင်းဖြစ်ပွားသဖြင့် ၁၈၇၂ ခုနှစ်တွင် လွိုင်ကော်နှင့် နန်းမယ်ခုံတွင် မြန်မာတပ်များ ချထားခဲ့ရသည်။ သို့သော် အောက်မြန်မာပြည်ရှိ အင်္ဂလိပ်အစိုးရက မြန်မာတပ်များရုပ်သိမ်းပေးရန် ကန့်ကွက်ခဲ့သည်။ ထိုအချိန်တွင်  ဗြိတိသျှတို့သည်  ကရင်နီနယ်ကို ဝင်ရောက်စွက်ဖက်နေပြီ ဖြစ်သည်။ မြန်မာဘုရင်၏ သြဇာအာဏာကို ကန့်သတ်လိုသဖြင့် ကရင်နီနယ် အနောက်ပိုင်းနယ်တို့၏ လွတ်လပ်ရေးကို အသိအမှတ် ပြုရန်၊ လေးစားရန်၊ ဝင်ရောက်စွက်ဖက်ခြင်းမပြုရန် အချက်အလက်များပါသည့် စာချုပ်တစ်ရပ် ချုပ်ဆိုရေး  အတွက် အင်္ဂလိပ်တို့ ကြိုးစားခဲ့သည်။
၁၈၇၅ ခုနှစ်တွင် ဗြိတိသျှဘက်မှ ဆာဒေါက် ဂလပ်ဖောဆိုက်က လက်မှတ်ထိုး၍ မြန်မာဘက်က ကင်းဝန်မင်းကြီး လက်မှတ်ရေးထိုးကာ ကရင်နီ လွတ်လပ်ရေးစာချုပ်ကို ချုပ်ဆိုခဲ့သည်။ မြန်မာတပ်  များလည်း ၁၈၇၆ ခုနှစ်တွင် ရုပ်သိမ်းသွားရသည်။ သို့သော် ထိုစာချုပ်မှာ အမည်ခံသာဖြစ်ပြီး အင်္ဂလိပ်
အစိုးရသည် ကရင်နီနယ်အား မြန်မာပိုင်နက်မှ ခွဲထုတ်လိုက်ကာ ယင်းတို့၏ သြဇာအာဏာလွှမ်းမိုးရန် ကြိုးစားခဲ့ခြင်းသာ  ဖြစ်သည်။  စောလဖော်သည် ၁၈၈ဝ ပြည့်နှစ်တွင် စောလဝီကို မြန်မာဘုရင် ထံ စေလွှတ်ခဲ့သေးသည်။ ကရင်နီနယ်၏ စီးပွားရေးကို မော်ချီးသတ္တုတွင်းကုမ္ပဏီ၊ မက္ကရီကာကုမ္ပဏီ၊ ဘုံဘေ ဘားမား သစ်ကုမ္ပဏီများက ချုပ်ကိုင်ထားပြီး နိုင်ငံရေး တွင်မူ ဗြိတိသျှအစိုးရအား ပဏ္ဏာဆက်စေခြင်း၊ ပြင်ပ ပြည်နယ်များနှင့် ဆက်သွယ်ခွင့်မရခြင်း၊ နယ်စပ်အရေး များကို ဗြိတိသျှ အစိုးရ၏ ညွှန်ကြားချက်အတိုင်း ဆောင်ရွက်စေခြင်းတို့ဖြင့် ထိန်းချုပ်ထားသည်။ ၁၈၈၆ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်တွင် နယ်ချဲ့ဗြိတိသျှတို့က မြန်မာတစ်နိုင်ငံလုံးအား သိမ်းပိုက်ကြောင်း ကြေညာ ရာကရင်နီနယ်သည် အလိုအလျောက် ဗြိတိသျှပိုင်နက် အတွင်း ကျရောက်သွားရသည်။ ကယား ခေါင်းဆောင်များသည် ဗြိတိသျှတပ်များအား ရရာလက်နက်စွဲကိုင်၍ တော်လှန်ခဲ့သေးသော်လည်း မအောင်မြင်ခဲ့ပေ။ ဗြိတိသျှတို့သည် ထိုအချိန်မှစ၍ ကရင်နီနယ်အား သွေးခွဲစနစ်(ှီုဠှီုန  ဗြျွီူ့န)ဖြင့် အုပ်ချုပ် ခဲ့သည်။
ဒုတိယကမ္ဘာစစ် စတင်ခါနီးတွင် ကရင်နီနယ်၌ လည်း နိုင်ငံရေးနိုးကြားမှုများ ရှိလာသည်။ ကယား မျိုးချစ်များသည် မြန်မာခေါင်းဆောင်များနှင့် ပူးပေါင်း၍ ဗြိတိသျှနယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ် တော်လှန်ရေး များတွင် ပါဝင်ခဲ့ကြသည်။ ဒုတိယကမ္ဘာစစ်အပြီးတွင် စဝ်ဝဏ္ဏ၊ ဦးစိန်၊ ဦးအေမြလေး၊ သိုင်းဘဟန်၊ ဦးကျော်ဝင်း၊ စောလဝီနှင့် စောငယ်ဒူး စသော ခေါင်းဆောင်များသည် ဗိုလ်ချုပ်အောင်ဆန်းနှင့် ပူးပေါင်းဆောင်ရွက်ခဲ့သည်။ (၁။   ဦးသန့်၏ ပြည်တော်သာခရီး၊ (ပထမတွဲ)) သို့သော် လွတ်လပ်ရေး အတွက် ပြင်ဆင်ချိန်တွင် ကရင်နီနယ်အရေးသည် အငြင်းပွားစရာ ဖြစ်လာသည်။ ကေအင်န်ယူကဲ့သို့ သော ကရင်အဖွဲ့အစည်းများက ကရင်နီနယ်ကို ကရင် ပြည်နယ်ထဲတွင် သွတ်သွင်းလိုသည်။ ကရင်ပြည်နယ် နယ်နိမိတ်သတ်မှတ်ရေးသည်ပင်လျှင် သေချာခြင်း မရှိသေး။ ထို့ကြောင့် လွတ်လပ်ရေးမရခင် ၁၉၄၇ ခုနှစ်၊  စက်တင်ဘာလတွင် ရေးဆွဲသော ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ၌ ကရင်ပြည်နယ်နှင့် ပတ်သက်၍ အောက်ပါအတိုင်း ရေးဆွဲခဲ့သည် -
          ''နိုင်ငံတော်သမ္မတက ခန့်ထားသည့် အထူး ကော်မရှင်အဖွဲ့က ဆုံးဖြတ်သတ်မှတ်သော ကရင်အမျိုးသားများနေထိုင်ရာ ဆက်စပ်နေ သောဒေသတို့တွင် နေထိုင်သူများနှင့် ထိုဒေသ အပဖြစ်သော မြန်မာနိုင်ငံ၌ နေထိုင်ကြသော ကရင်အမျိုးသားများနက် များရာက အလိုရှိခဲ့ သော် ပြည်ထောင်စုမြန်မာနိုင်ငံအတွင်းတွင် ပြည်ထောင်စုအဖွဲ့ဝင်ကို ကရင်ပြည်နယ်ဟု ခေါ် ရမည်။''
ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရဆိုလျှင် ကရင်နီနယ်သည် ကရင်လူမျိုးအများစု၏ ဆန္ဒအရ ကရင်ပြည်နယ်အတွင်းသို့ ပါဝင်ရတော့မည်ကဲ့သို့ ဖြစ်နေသည်။ စင်စစ် ကရင်နီဟူသော အမည်မှာ မြန်မာနှင့် ကရင်များက ကယားလူမျိုးများကို ခေါ်ဝေါ် သော အမည်ဖြစ်သည်။ အဝတ်အစားအနီများဝတ်ပြီး ကရင်နှင့် နီးစပ်သောကြောင့် ခေါ်ဝေါ်ခြင်းဖြစ်သည်။  ကယားလူမျိုးများမှာ ကရင်ပြည်နယ်အတွင်း ပါဝင် လိုခြင်း မရှိတော့ပေ။ ထို့ကြောင့် ကယားလူမျိုးများ အတွင်း ကယားပြည်နယ်ရရှိရေး နိုင်ငံရေးလှုပ်ရှားမှု သည် လွတ်လပ်ရေးနှင့်အတူ ပေါ်ပေါက်လာရ တော့၏။ (၂။ဦးအုန်းဖေ(ရှမ်းပြည်နယ် ဦးစီးအဖွဲ့ဝင် ဟောင်း)၏ ပင်လုံစစ်တမ်း။)
ကရင်နီနယ်သည် ၄၅၁၉ စတုရန်းမိုင်သာ ကျယ် ဝန်းပြီး စစ်မဖြစ်မီက ကန္တာရဝတီ၊ ကြယ်ဖိုးကြီးနှင့် ဘော်လခဲ နယ်သုံးနယ်ပေါင်း လူဦးရေခြောက်သောင်း ခန့်သာ ရှိသည်။ စစ်ပြီးခေတ်တွင် လူဦးရေတစ်သိန်း ကျော်လာသည်။ ကရင်နီနယ်အတွင်း အနာဂတ်အရေး နှင့်  ပတ်သက်၍  နိုင်ငံရေးအရ  အမြင်သုံးမျိုး၊ လုပ်ငန်းစဉ်သုံးမျိုး ကွဲပြားလျက်ရှိသည်။ ယင်းတို့မှာ  အောက်ပါအတိုင်း ဖြစ်သည် -
(က)    ပထမအယူအဆအရ မြန်မာပြည်နှင့် လုံးဝ ပူးပေါင်းပြီး လွတ်လပ်ရေးအစစ်ကို ရယူ လိုသူများ ဖြစ်သည်။ ယင်းအယူအဆကို ခေါင်းဆောင်သူများမှာ ကိုချမ်းသာ(ကျဆုံး)၊ ကိုဘသောင်း(ကေအင်န်ဒီအိုအသတ်ခံရ)၊  ကိုစံပွဲ (ခ) ကိုရဲထွဋ်၊ ကိုကြီးညို (ကယား ပြည်နယ် ဒေသပါတီကော်မတီအတွင်းရေး မှူးဟောင်း)၊ ကိုချစ်မောင် (ယခု အမျိုးသမီး ဆေးရုံ၊ တောင်ကြီး)တို့ ဖြစ်သည်။
(ခ)     ဒုတိယအမျိုးအစားမှာ ကရင်ပြည်နယ်နှင့် ပေါင်းရန် ဖြစ်သည်။ ကရင်ခေါင်းဆောင် အချို့က သီးခြားကရင်ပြည် ထူထောင်ရေး ကို ဗြိတိသျှအစိုးရထံ အရေးဆိုခဲ့သည်။ အိန္ဒိယပြည်တွင် မိုဟာမက်အလီဂျင်းနား ခေါင်းဆောင်သော မွတ်စလင်လိဂ်အဖွဲ့က ပါကစ္စတန် သီးခြားနိုင်ငံထူထောင်ရန် ကြိုးပမ်းသကဲ့သို့ ကရင်နစ္စတန်ထူထောင်ရန် ကြိုးပမ်းနေကြသည်ဟု သတင်းစာများက ပြက်ရယ်ပြုခဲ့သည်။ သီးခြားကရင်ပြည် နယ်မြေ၊ နယ်နိမိတ်မှာ တောင်ငူခရိုင်၊ တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း၊ အင်းစိန် ခရိုင်၊ ဟံသာဝတီခရိုင်နှင့် ကရင်နီနယ်တို့ ပါဝင်သည်။ ရှမ်းပြည်၊ သထုံ(ဆီဆိုင်)နယ် မှာ ပအိုဝ့်များ အများဆုံး နေထိုင်သော်   လည်း အင်္ဂလိပ်အစိုးရက ပအိုဝ့်လူမျိုးတို့ ကို ကရင်လူမျိုးစုတွင် ထည့်သွင်းခဲ့သဖြင့် ဆီဆိုင်နယ်ကိုပါ ကရင်များက တောင်းဆို လာသည်။
ဒုတိယအယူအဆကို ခေါင်းဆောင် သူများမှာ နယ်ချုပ် စောရွှေ*(*နယ်ချုပ်စောရွေသည် ကေအမ်တီနှင့် ဆက်သွယ်ခဲ့သော ကေအင်န်ဒီအို ဘရစ်ဝေရီယာစောရွှေဖြစ်သည်) ၊ ဦးဘီနှင့် ကရင်နီနယ်ရှိ ကရင်အရာရှိများ၊ ကရင် ခေါင်းဆောင်များ ဖြစ်သည်။ ကရင်နီနယ် တွင်ရှိနေသော    ကရင်နီနယ်ဆိုင်ရာ ဝန်ထောက်စောဘရီ (နောင်တွင် ကေအင်န် ဒီအို၊ သေဆုံး)၊ ဆပ္ပလိုင်းအရာရှိဆရာဝန် ကြီး၊ ဘီအမ်ပီ(ကြမာေ  ငြူငအမေပ  ဏသူငခန) တပ်မှူးနှင့် ဗိုလ်များ၊ ကျောင်းဆရာ၊ ဆရာမ များ စသော ပညာတတ်အားလုံးမှာ ကရင် လူမျိုးများ ဖြစ်သည်။ ကရင်ပညာတတ် များမှာ ကရင်နီနယ်တွင် များစွာ ကြီးစိုး ခဲ့သည်။
(ဂ)     တတိယအမျိုးအစားမှာ ကရင်နှင့်လည်း မပေါင်း၊ ဗမာနှင့်လည်း မပေါင်း၊ ရှမ်းတို့ နှင့်လည်း မပေါင်းဘဲ သီးခြားလွတ်လပ်စွာ နေမည်ဟူသော အစုဖြစ်သည်။ ယင်းအယူ အဆကို လက်ခံခဲ့သူများသည် ကင်းဝန် မင်းကြီးနှင့် ဆာဒေါက်ဂလပ်ဖောဆိုက်တို့ လက်မှတ်ရေးထိုးခဲ့သော ကရင်နီလွတ်လပ် ရေးစာချုပ် (၁၈၇၅)ကို ထောက်ပြကြသည်။  ယင်းအစုတွင် ကိုစောသိန်းနှင့် ကရင်နီ အမျိုးသားပညာတတ်များ ပါဝင်သည်။
မြန်မာနိုင်ငံ လွတ်လပ်ရေးရသောအခါ ကရင်နီ နယ်ကို ပဒေသရာဇ်စနစ်အတိုင်း စောဖျာများပင် အုပ်ချုပ်ခဲ့သည်။ ကန္တာရဝတီနယ်သည်လည်း ယခင် ကအတိုင်းပင် ကရင်နီနယ်တစ်ခုလုံးကို ကြီးစိုးလျက် ရှိသည်။ လွတ်လပ်ရေးရပြီးနောက် ပထမဆုံးသော ကန္တာရဝတီနယ်စား စောဖျာမှာ စဝ်လဝီဖြစ်သည်။  တိုးတက်သော   အယူအဆရှိသည့်   ပဒေသရာဇ် ဆန့်ကျင်ရေး လက်ဝဲအင်အားစုများမှာမူ ကိုလိုနီ  ခေတ်တစ်လျှောက်လုံးနှင့် လွတ်လပ်ရေးခေတ်အထိ ပဒေသရာဇ်များ၏ နှိပ်ကွပ်မှုကို ခံခဲ့ရသည်။
 ကိုလိုနီစနစ်၏နိဂုံး
မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက် နံနက် ၄ နာရီ မိနစ် ၂ဝ အချိန်တွင် ဗြိတိသျှ နယ်ချဲ့ အစိုးရလက်အောက်မှ လွတ်လပ်ရေးရရှိခဲ့ပြီး  အချုပ်အခြာအာဏာကို ပိုင်ဆိုင်သော မြန်မာနိုင်ငံ ဖြစ်လာ ခဲ့သည်။ မြန်မာ့မြေပေါ်တွင် နှစ်ပေါင်း(၁ဝဝ) ကျော်မျှ၊ အထက်မြန်မာပြည်တွင် နှစ်ပေါင်း(၆ဝ) ကျော်မျှ ကြီးစိုးခြယ်လှယ်ခဲ့ကြသော ကိုလိုနီစနစ်ဆိုး ကြီးသည်  မြန်မာ့ခေါင်းဆောင်တို့၏  ကြိုးပမ်းမှု၊ ပြည်သူလူထု၏ မရပ်မနား တိုက်ပွဲဝင်မှုများကြောင့်  နိဂုံးချုပ်သွားပြီ ဖြစ်ပေသည်။ သို့သော် မြန်မာနိုင်ငံ သည် ကိုလိုနီစနစ်ဆိုးကြီး၏ ဆိုးမွေကြီးတစ်ရပ်ကို ခံစားလိုက်ရတော့သည်။ ယင်းဆိုးမွေကြီးမှာ အခြား မဟုတ်ပေ။ ပြည်တွင်းသောင်းကျန်းမှုပင် ဖြစ်သည်။
မြန်မာနိုင်ငံသည် လွတ်လပ်ရေးမရခင်ကပင် လက်နက်ကိုင်ဆူပူသောင်းကျန်းမှုများနှင့် ရင်ဆိုင်နေ ရပြီ ဖြစ်သည်။ ပျဉ်းမနားနှင့် ဖျာပုံနယ်များတွင် ကွန်မြူနစ်သောင်းကျန်းသူများ လှုပ်ရှားထြ<ွကနေသည်။  ရခိုင်တွင်လည်း ဦးစိန္တာတို့လူစုက ပုန်ကန်ထကြွနေ သည်။ ဗြိတိသျှတို့သည် ဆူပူသောင်းကျန်းမှုများအား မည်သို့မျှ ဖြေရှင်းပေးနိုင်စွမ်း မရှိတော့ပေ။ ဗြိတိသျှတို့  နှစ်ပေါင်းများစွာ  သွေးထိုးပေးမှုတို့ကြောင့် တိုင်းရင်းသားချင်းလည်း မယုံသင်္ကာဖြစ်ကာ ကရင် လက်နက်ကိုင်များက ထြ<ွကမည်တကဲကဲ ဖြစ်နေသည်။ ဗြိတိသျှတို့က အထူးခွင့်ပြုပေးခဲ့သည့် ရှမ်းပဒေသရာဇ် စနစ်၏ စော်ဘွားများကလည်း ခွဲထွက်ရန်သာ စိတ်ကူး ခဲ့ကြသည်။
မြန်မာနိုင်ငံကို လွတ်လပ်ရေးပေးလိုစိတ်မရှိသောကြောင့် ကေအင်န်ယူကဲ့သို့သော အဖွဲ့အစည်းများ ကို သွေးထိုးမြှောက်ပင့်ပေးခဲ့သည်မှာလည်း မြန်မာနိုင်ငံ အတွက်များစွာ နစ်နာလှသည်။ လွတ်လပ်ရေး ရခါစ နိုင်ငံကား စည်းလုံးညီညွတ်စွာ တည်ထောင်ကြရမည့် အချိန်တွင် တိုင်းရင်းသားများမှာ ဝါးအစည်းပြေ သလို ညီညွတ်ရေးပျက်ပြား၍ နေလေပြီ။
လွတ်လပ်ရေးကြိုးပမ်းရာမှ နိုင်ငံရေးအယူဝါဒ ကွဲလွဲမှုသည်လည်း မြန်မာနိုင်ငံ တွင် ပြည် တွင်း သောင်းကျန်းမှုမီးကို တောက်လောင်စေခဲ့၏။ ဒုတိယကမ္ဘာစစ်၏  ဂယက်ရိုက်ခတ်မှု သည် လည်း  မြန်မာနိုင်ငံ ရေးသမိုင်းကို များစွာထိခိုက်စေခဲ့သည်။ ဂျပန်တို့၏ စစ်နှင့် မဟာမိတ်တို့၏ တန်ပြန်ထိုးစစ် ကာလအတွင်း နှစ်ကြိမ်တိုင်တိုင် စစ်တလင်းဖြစ်ခဲ့ရသော မြန်မာနိုင်ငံတွင်    စစ်ကျန်စစ်လက်နက် ပစ္စည်းပေါင်း မြောက်မြားစွာရှိသည်။ နိုင်ငံရေး အဖွဲ့အစည်းပေါင်း များစွာကလည်း မညီမညွတ်ဖြစ်နေ သည်။ ပြင်ပပယောဂလည်း ရှိနေသည်။ ထိုသို့သော အခြေအနေမျိုးတွင် မြန်မာနိုင်ငံသည် သက်တမ်း အားဖြင့် နုနယ်ငယ်ရွယ်သေးသော်လည်း အလွန်ဆိုးရွားလှသည့် ပြည်တွင်းသောင်းကျန်းမှုအန္တရာယ်နှင့် လွတ်လပ်ရေး ရပြီး မကြာခင်မှာပင် ကြုံတွေ့ရင်ဆိုင်ရလေတော့၏။
 
ပြည်တွင်းသောင်းကျန်းမှုသမိုင်း၊ အပိုင်း(၁)၊ (၁၉၂ဝ ပြည့်နှစ်မှ ၁၉၄၈ ခုနှစ်)အတွက် မှီငြမ်းကိုးကား သော စာအုပ်စာတမ်းများ -
          ၁။       ပြည်ထောင်စု မြန်မာနိုင်ငံသမိုင်းဝင် စာချုပ်စာတမ်းများ ----ရဲဘော်လှမျိုး
          ၂။       တော်လှန်ရေးခရီးဝယ် ------------------------------------     ဗုံပေါက်သာကျော်
    ၃။ပင်လုံစစ်တမ်း ------------------------------------------- ဦး အုန်းဖေရှမ်းပြည် နယ် ဦးစီး အဖွဲ့ဝင်ဟောင်း  
၎။       ပြည်နယ်ဖြစ်စဉ်သမိုင်း(ဒုတိယတွဲ)နိုင်ငံရေးကဏ္ဍ-----------ရခိုင်ပြည်နယ်ပြည်သူ့ကောင်စီ
          ၅။       တော်လှန်ရေးကာလ နိုင်ငံရေးအတွေ့အကြုံများ ----------- သိန်းဖေမြင့်
          ၆။       ကျော်ငြိမ်း ---------------------------------------------------    သိန်းဖေမြင့်
          ၇။       မြန်မာ့နိုင်ငံရေးခရီးနှင့် ဗိုလ်ချုပ်ကြီးနေဝင်း ----------------  ဒေါက်တာမောင်မောင်
          ၈။       ဘုံဘဝမှာဖြင့် (ပထမတွဲမှ ဆဋ္ဌမတွဲအထိ) ------------------သခင်တင်မြ
          ၉။       လွတ်လပ်ရေးတိုက်ပွဲ -------------------------------------     ဗိုလ်သိမ်းဆွေ
          ၁ဝ။     ရဲဘော်သုံးကျိပ် ပြည်တော်ပြန် -----------------------------   ဗိုလ်တာရာ(ရဲဘော်သုံးကျိပ်)
          ၁၁။     ပြည်တော်သာခရီးဝယ် (ပထမပိုင်း) ------------------------  ဦးသန့်
          ၁၂။     ဗိုလ်ချုပ်အောင်ဆန်း၏ မမေ့နိုင်သောမိန့်ခွန်းများ ------------မောင်ကျော်ရင်
          ၁၃။     ဗမာ့တော်လှန်ရေးသမိုင်း ---------------------------------     ဗိုလ်မှူးဘသောင်း
          ၁၄။     ပြည်တွင်းသောင်းကျန်းမှုသမိုင်း ---------------------------   စတုတ္ထစစ်လက်ရုံး
          ၁၅။     နိုင်ငံတော်လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်း ------------------- စတုတ္ထစစ်လက်ရုံး
          ၁၆။      Burma's Constitution (၁၉၅၉) --------------------------  Maung Maung
          ၁၇။     ဖက်ဆစ်ဂျပန်တော်လှန်ရေးနှင့် ဗမာ့လွတ်လပ်ရေးတိုက်ပွဲ
                   သမိုင်းဝင်စာတမ်းများ ------------------------------------      ရဲဘော်တစ်စု
          ၁၈။     သမိုင်းတစ်ခေတ် သစ်ခဲ့ပြီ --------------------------------     သခင်တင်မြ
          ၁၉။     ကွန်မြူနစ်ပါတီအတွက် လမ်းညွှန် --------------------------  ဗိုလ်ညွန့်မောင်နှင့်အဖွဲ့
          ၂ဝ။     မန္တလေးမြို့၏ည -----------------------------------------       ကြီးပွားရေး ဦးလှ
          ၂၁။     ဗမာပြည်တိုက်ပွဲ -----------------------------------------       ဇေယျ
          ၂၂။     ဗိုလ်မှူးအောင်ဆန်းသူရိယအေးချို --------------------------  တက္ကသိုလ်စိန်တင်
          ၂၃။     ကော်သူလေးတော်လှန်ရေးစစ်တမ်း ------------------------  အလင်းရောက်ရဲဘော်များ
          ၂၄။     Burma's Constitution ------------------------               အစိုးရပြန်ကြားရေး
          ၂၅။     မြန်မာ့စွယ်စုံကျမ်း အတွဲ(၁) (က - ကုံ) --------------------  စာပေဗိမာန်
          ၂၆။     စစ်နှလုံးသတင်းစဉ်များ ----------------------------------      ပညာရေးဌာနခွဲ၊ စစ်ရုံး
                   (၁ - ၂ - ၅၂ မှ ၁၆ - ၃ - ၅၂ အထိ)
          ၂၇။     ဟံသာဝတီသတင်းစာ (၁ -၅ -၅၂)
          ၂၈။     နေ့စဉ်သတင်းစာများ
          ၂၉။     ကာကွယ်ရေးဝန်ကြီးဌာနမှ စစ်ဘက်ဆိုင်ရာအစီရင်ခံစာများ၊
                   စာရွက်စာတမ်းများ
          ၃ဝ။     တွေ့ဆုံမေးမြန်းချက်များ။
Share this article :

0 comments:

Post a Comment

 
ဆက်သွယ်ရန် mmpolitical2013@gmail.com :
Template Modify by Creating Website Myanmar Political Research Organization