Home » » အခန်း(၁၂) သောင်းကျန်းသူအဖွဲ့အစည်းအလိုက် ထူးခြားဖြစ်စဉ်များ(၁၉၆၈-၇၅)

အခန်း(၁၂) သောင်းကျန်းသူအဖွဲ့အစည်းအလိုက် ထူးခြားဖြစ်စဉ်များ(၁၉၆၈-၇၅)


အခန်း(၁၂)
သောင်းကျန်းသူအဖွဲ့အစည်းအလိုက် ထူးခြားဖြစ်စဉ်များ(၁၉၆၈-၇၅)

အရှေ့မြောက်ဒေသ ဗကပတို့၏ ၇၅၁ဝ စီမံကိန်း
အဝေးရောက်ပါတီကော်မတီသည် အရှေ့မြောက် ဒေသ ဗကပလှုပ်ရှားမှုများကို အလျင်အမြန် တိုးချဲ့လာ ရာ ၁၉၇၂ ခုနှစ်တွင် ဗကပတပ်များအား တပ်မဟာ(၂)၊ တပ်မဟာ(၅)၊ တပ်မဟာ(၈)၊ သီးခြားတပ်ရင်းများ အဖြစ် (၁ဝ၁)၊ (၁ဝ၂)၊ (၁ဝ၆)၊ (၁ဝ၈)၊ (၈ဝ၁)တို့ကို ဖွဲ့စည်းခဲ့ပြီးဖြစ်လေသည်။ တပ်မဟာ(၅)နှင့် တပ်မဟာ (၈)တို့သည် မိုင်းယန်း၊ မိုင်းလား၊ မိုင်းယောင်းဒေသ များကို ၁၉၇၃ ခုနှစ်၊ နှစ်ဦးပိုင်းတွင် တိုးချဲ့ဝင်ရောက် လာကြသည်။ ထို့နောက် မိုင်းယန်း၊ မိုင်းလွေနယ်မြေ တွင်လှုပ်ရှားနေသော  အိုက်မြင့်ခေါင်းဆောင်သည့် ရှမ်းပြည်နယ်လွတ်မြောက်ရေးတပ်မတော် (အက်စ် အက်စ်အိုင်အေ)ကို စည်းရုံးသိမ်းသွင်းကာ ဗကပ တပ်မဟာ(၇၆၈)အဖြစ် ဖွဲ့စည်းလိုက်သည်။ တပ်မဟာ (၈)သည် ကော်ဆိုးများ၊ ကော်ကာကွယ်ရေးအဖွဲ့များအား ထပ်မံစုစည်းကာ ဗကပ(၈၁၅)စစ်ဒေသကို ၁၉၇၄ ခုနှစ်တွင် တည်ဆောက်နိုင်ခဲ့ပြန်သည်။ ထိုနှစ်မှာပင် တောခိုလွယ်မော်အင်အားစုများ၊ လွယ်လ လူမျိုးများဖြင့် ဖွဲ့စည်းထားသော တပ်ရင်းများကို ကွပ်ကဲရန် တပ်မဟာ(၁၂)ကို မိုင်းမောတွင် ဖွင့်လှစ်ခဲ့ သည်။ (၁။ကက(ကြည်း)သုတေသနဌာနစု၏ ဗကပအရှေ့မြောက်စစ်ဒေသ သမိုင်းအကျဉ်းနှင့် အလားအလာ သုံးသပ်ချက်(၁၉၈၆ ခုနှစ်၊ ဖေဖော်ဝါရီလ) စာမျက်နှာ ၃။)


ဗကပတပ်မဟာ(၅)သည် မော်ဖဒေသမှတစ်ဆင့် သံလွင်အနောက်ခြမ်းစိုးမိုးရေးအတွက်  ဝင်ရောက်လှုပ်ရှားစဉ် တပ်မတော်၏ရန်ဖြိုစစ်ဆင်ရေးကြောင့် အထိနာခဲ့ရသည်။ ထို့ကြောင့် တပ်မဟာ(၅)အားဖျက်သိမ်း၍ ၁၉၇၅ ခုနှစ်တွင်တပ်မဟာ(၆၈၃)နှင့်တပ်မဟာ (၆၈၅)ကို အစားထိုး ဖွဲ့စည်းခဲ့သည်။
အရှေ့မြောက်ဒေသ ဗကပတို့သည် ၁၉၆၇ ခုနှစ်၊ ဒီဇင်ဘာလမှ ၁၉၇၃ ခုနှစ်အထိ အကြမ်းဖျင်းအားဖြင့် ပြည်ပတပ်မဟာသုံးခုစာကို တပ်ဆင်နိုင်သောလက်နက် ခဲယမ်းများ၊ စစ်ပစ္စည်းများကို တစ်ဖက်နိုင်ငံမှ အကူအညီရရှိခဲ့သည်။ တစ်ဖက်နိုင်ငံမှ စစ်အကြံပေးအရာရှိများ၊ လက်နက်ကြီး ပစ်ခတ်သူများ စသည့်လူအင်အား အကူအညီကို ၁၉၇၂ ခုနှစ်၊ ဇူလိုင်လအထိရရှိခဲ့သည်။ တရုတ်နီ တပ်မဟာသုံးခုစာအင်အားမှာ လူတစ်သောင်း ကျော်ရှိလေရာ အရှေ့မြောက်ဒေသ ဗကပများသည် လျင်မြန်စွာကြီးထွားလာခဲ့ကြရသည်။
အင်တော၊ ကျောက်ဂူဒေသကိုအခြေခံ၍ အရှေ့မြောက်ဒေသနှင့်ပဲခူးရိုးမဒေသကို ဆက်စပ်နိုင် စေရေး မိုးလုံးဟိန်းငါးနှစ်စီမံကိန်းသည် ၁၉၆၆ ခုနှစ်ကတည်း က စတင်ခဲ့သော်လည်း ဗဟိုခွဲသည် ၁၉၇ဝ ပြည့်နှစ် အတွင်းမှာပင် ချုပ်ငြိမ်းခဲ့ရသည်။ ၁၉၇ဝ ပြည့်နှစ်၊ ဇူလိုင်လ  ၂၇  ရက်တွင်  ဗဟိုခွဲအတွင်းရေးမှူး မေးကောက်လှမောင်အပါအဝင် ခုနစ်ယောက်ကို တပ်မတော်ကအသေမိခဲ့ပြီး စက်တင်ဘာလ ၈ ရက် တိုက်ပွဲတွင် ဗဟိုခွဲဥက္ကဋ္ဌသခင်တင်ထွန်းအပါအဝင် ငါးဦးကို အသေရမိခဲ့ရာ ဗဟိုခွဲမှာ လုံးဝချုပ်ငြိမ်းသွားရ တော့သည်။
ဗဟိုခွဲချုပ်ငြိမ်းပြီး မိုးလုံးဟိန်းငါးနှစ်စီမံကိန်းပျက် ပြားသွားခြင်း၊ ပဲခူးရိုးမဗဟိုဌာနချုပ် ကျဆုံးသွားခြင်း တို့ကြောင့် ဗကပတို့သည် ၁၉၇၅ ခုနှစ်၊ အောက်တိုဘာ လတွင် ရေရှည်မဟာဗျူဟာ စီမံကိန်းတစ်ရပ်ကို ရေးဆွဲခဲ့ရာ ယင်းစီမံကိန်းသည် ၇၅၁ဝ စီမံကိန်း၂ပင်ဖြစ်သည်။ ၇၅၁ဝ  စီမံကိန်း၏ ရည်ရွယ်ချက်မှာ  သံလွင်မြစ် အနောက်ခြမ်းနယ်မြေစိုးမိုးရေး၊ ရှမ်း ကယားနယ်စပ် တွင်အခြေချ၍ ကရင်နီအား သိမ်းသွင်းရေး၊ ခန့်မှန်း မြေပုံညွှန်း(ဒဗလျူ-၁ဝ၈၈၃၅)ခွင်မှတစ်ဆင့် ပဲခူးရိုးမသို့ ပြန်လည်ထိုးဖောက် အသက်သွင်းရေးတို့ဖြစ်သည်။
ပဲခူးရိုးမတွင် သခင်ဇင်နှင့် သခင်ချစ်တို့ကျဆုံးပြီး ဗမာပြည်ကွန်မြူနစ်ပါတီ ဗဟို ကော်မတီလုံးဝ အစပျောက် ချုပ်ငြိမ်းသွားသောအခါ အဝေးရောက်ပါတီသည် အလို အလျောက်ပင် ဗဟိုဌာနချုပ် ဖြစ်လာသည်။ အဝေးရောက်ပါတီခေါင်းဆောင် သခင်ဗသိန်းတင်သည်လည်း ဗမာပြည် ကွန်မြူနစ်ပါတီ၏ ဥက္ကဋ္ဌဖြစ်လာသည်။ ဗကပ တပ်မဟာ(၅)သည် မော်ဖဒေသမှတစ်ဆင့် သံလွင်မြစ် အား ဖြတ်ကူးလာရာ တပ်မတော်၏ရန်ဖြိုစစ်ဆင်ရေးဖြင့် ချေမှုန်းခြင်းကိုခံခဲ့ရသည်။ တပ်မဟာ(၅)၏ ကြိုးပမ်းမှုသည် ၇၅၁ဝ စီမံကိန်းအကောင်အထည် ဖော်မှုအစပင်ဖြစ်သည်။
ဗကပတို့သည် ဒေသခံလူမျိုးစုသောင်းကျန်းသူ များကိုလည်း တစ်စတစ်စသိမ်းသွင်းလျက်ရှိရာ ၁၉၆၈ ခုနှစ်၊ ဧပြီလ ၂၁ ရက်မှစ၍ မဟာမိတ်ပျက်ပြားခဲ့သော ကေအိုင်အေတို့ကိုလည်း နည်းမျိုးစုံဖြင့် စည်းရုံးအကျပ် ကိုင်ခဲ့သည်။ ၁၉၇၅ ခုနှစ်၊ သြဂုတ်လ ၁ဝ ရက်တွင် ကေအိုင်အေခေါင်းဆောင် ဇော်တူး၊ ဇော်ဆိုင်းနှင့် ပုံရွှေ ဇော်ဆိုင်းတို့ ထိုင်းနိုင်ငံတွင် လုပ်ကြံသတ်ဖြတ်ခံခဲ့ရလေ ရာ  ကွန်မြူနစ်စနစ်လိုလားသူ  မရန်ဘရန်ဆိုင်း ခေါင်းဆောင်ဖြစ်လာသည်။ ဗကပတို့သည် ချက်ချင်းပင် အခွင့်ကောင်းယူ၍ ညီညွတ်ရေးတပ်ဦးဖွဲ့စည်းရန် ကမ်း လှမ်းခဲ့သည်။ ကေအိုင်အေကလည်း လက်နက်ခဲယမ်း အကျပ်အတည်းတွေ့နေသဖြင့်   လက်ခံခဲ့သည်။ ထို့ကြောင့် ဆက်ဆံရေးတိုးတက်လာပြီး ပူးတွဲစစ်ရေး လှုပ်ရှားမှုများပြုလုပ်လာကြသည်။ သို့သော် ကေအိုင် အေက ဗကပကိုဆက်ဆံသည်မှာ ယာယီမဟာမိတ် အဖြစ်သာ သဘောထားခြင်းဖြစ်သကဲ့သို့ ဗကပက လည်း ကေအိုင်အေကို အခြားပါတီများနည်းတူ လုံးဝ ဝါးမျိုပစ်ရန်သာရည်ရွယ်ထားခဲ့ကြသည်။
ဗကပတို့သည်  ရှမ်းသောင်းကျန်းသူ၊  ပအိုဝ့် သောင်းကျန်းသူ (ရလလဖအနီ) ကယန်းပြည်သစ်ပါတီ နှင့် ကရင်နီခွဲထွက်ရေးသမားတို့ကိုလည်း စည်းရုံး သိမ်းသွင်း၍  ၇၅၁ဝ  စီမံကိန်းအကောင်အထည်ဖော် ရန် အထောက်အကူအဖြစ်အသုံးချခဲ့ကြသည်။
အရှေ့မြောက်ဒေသ ဗကပတို့သည် ပဲခူးရိုးမ ဗကပ ဗဟိုအား ကယ်တင်နိုင်ရန်အတွက် ၁၉၇၅ ခုနှစ်၊ ဇန်နဝါရီလ  နောက်ဆုံးပတ်တွင်  တပ်မဟာ(၂)၊ တပ်မဟာ(၅)၊ တပ်မဟာ(၈)အင်အားများကို အသုံးပြု ၍ ပွိုင့် ၄၅၆၁၊ လွိုင်စန်ကာ၊ ပစောက်ကွေ့ မိုင်းညှင်း ဒေသနှင့် မိုင်းကိုင်ဒေသတို့၌ တစ်ပြိုင်နက်တည်းဟန်ချက်ညီ တိုက်ခိုက်ခဲ့ကြသည်။ ထိုတိုက်ပွဲများတွင် တစ်ဖက်နိုင်ငံမှ ထောက်ပံ့သည့်လက်နက်ကြီးများဖြင့် ပစ်ကူပေးတိုက်ခိုက်ခြင်းဖြစ်သည်။ မိုးညှင်းဒေသ ပွိုင့် ၆၃ဝ၃ တိုက်ပွဲတွင် ပြည်ပမြေပုံခြောက်ချပ်၊ ဓာတ်ပုံ နှင့်စာရွက်စာတမ်းများသိမ်းဆည်းရမိပြီး ဆက်သွယ် ရေး စက်ကြီးတစ်လုံး၊ စက်အလတ်စား တစ်လုံးတို့ကိုပါ တပ်မတော်က သိမ်းပိုက်ရရှိခဲ့သည်။ ထို့အပြင် ဗကပတို့ သည် တစ်ဖက်နိုင်ငံ၏အကူအညီဖြင့် ကွမ်းလုံတိုက်ပွဲ မတိုင်ခင်မှာပင် အောက်ပါလမ်းများကိုဖောက်လုပ်ခဲ့ ကြသည်။
(က)    မုံးကိုး-မုံးယားနှင့် မုံးဟောင်ကားလမ်း။
(ခ)     ပန်ဆိုင်း-ဖောင်းဆိုင်၊ မုံးပေါ်-မုံးကိုးကား လမ်း။
(ဂ)     ပြည်ပနိုင်ငံမိန်တိန်း(အက်စ်ပီ -၈၇၈ဝ)မှ မန်ပိန်းကားလမ်း။
(ဃ)    တာကမူးရှူး-မန်ခါးကားလမ်း။
(င)     မန်ခါး-လုံထန်နှင့် မန်မိန်းကားလမ်း။
(စ)     ပြည်ပနိုင်ငံဆီမိန်း(ကီကြူ-၆၁၄၅)ဆုံကရာ မန်ကားလမ်း။
(ဆ)    ပြည်ပနိုင်ငံ ပန်ဟုန်း-ပန်လောင်း-တပ်ထိန်-ဗင်ဟင်း-မိထန်ဟော်ကားလမ်း။
(ဇ)     ပန်ဟုန်း-ပန်ဝိုင်-ဝါးခ-မိုင်းမောကားလမ်း။
(ဈ)     ကျိုင်းလော-ဝမ်တော်-ဝပ်ကပ်-ပန်ကိုင်-ဆီလူးကားလမ်း။
(ည)    ပြည်ပနိုင်ငံ တာဟို-ကန်ပိုက်တီး(ကချင် ပြည်နယ်)ကားလမ်း။
တယ်လီဖုန်းလိုင်းများကိုလည်း အောက်ပါအတိုင်း ဆက်သွယ်ခဲ့သည်။      (၁။ ကက(ကြည်း) သုတေသနဌာနစု၏ဗကပလှုပ်ရှားမှုတွင် တစ်ဖက်နိုင်ငံ၏ပါဝင်ပတ်သက်မှု၊ နောက် ဆက်တွဲ(ခ)။)
(က)    မန်ဟိုင်း-မုံးကိုးနှင့်ပန်ဆပ်-နားမွန်လိုင်း။
(ခ)     တစ်ဖက်နိုင်ငံ နန်းဆန်(အက်စ်ပီ-၈၃၆၄) ဘက်မှ မန်ပိန်း-ရန်ကြုံတင်-မူထွာကြိုင်း-နော်သြတန်-ရှာခိုလင်လိုင်း။
(ဂ)     မန်ခါး-လောင်ချာကျိုင်းလိုင်း။
တစ်ဖက်နိုင်ငံသည် ၁၉၆၉ ခုနှစ်၊ နဝမအကြိမ်မြောက် ပြည်သူ့ကွန်ဂရက်တွင် နိုင်ငံတကာ အသီးသီး မှ တော်လှန်ရေးအင်အားစုများအား ကူညီထောက်ပံ့ သွားရန်ဆုံးဖြတ်ခဲ့ရာ ဗကပတို့သည် တစ်ဖက်နိုင်ငံ၏ အကူအညီကို ဖောဖောသီသီရရှိခဲ့သည်။ ၁၉၇၂ ခုနှစ်မှ စ၍ အရှေ့မြောက်ဗကပတို့ မိမိအစီအစဉ်ဖြင့် မိမိ ရပ်တည်လာနိုင်သဖြင့် ပြည်ပနိုင်ငံသည် ကိုယ်ထိလက် ရောက် (လူအင်အားဖြင့်) ကူညီမှုများကို လျှော့ချပြီး အဝေးမှသာ ထိန်းကျောင်းကြိုးဆွဲချုပ်ကိုင်ခဲ့သည်။ သို့သော် အရှေ့မြောက်ဒေသ ဗကပတို့၏လက်နက်ကိုင် အင်အားတွင် မြန်မာပြည်ရှိတိုင်းရင်းသားများနှင့် လူမျိုး ချင်းတူသော တစ်ဖက်နိုင်ငံမှ ဝ၊ ရှမ်း၊ လားဟူ၊ ကိုးကန့်၊ ကော် လူမျိုးစုများမှာ အဓိကဖြစ်နေခဲ့သည်။
၁၉၆၈ ခုနှစ်မှ ၁၉၇၅ ခုနှစ် နှစ်ဦးပိုင်းကာလ အထိ တပ်မတော်နှင့် အရှေ့မြောက်ဒေသ ဗကပများ တိုက်ခိုက်ကြရာ နှစ်ဖက်အထိအခိုက် အကျအဆုံး ဇယားမှာ တစ်ဖက်ပါအတိုင်းဖြစ်သည်။

တပ်မတော်နှင့်ဗကပအဆုံးအရှုံးနှိုင်းယှဉ်ချက်ဇယား (၁၉၆၈ ခုနှစ်မှ ၁၉၇၅ ခုနှစ်ဦးပိုင်းအထိ)
 

တပ်မတော် အဆုံးအရှုံး
ဗကပ အဆုံးအရှုံး
အမှတ်စဉ်
ခုနှစ်
ကျဆုံး      
ဒဏ်ရာရ
ပျောက်ဆုံး
လက်နက်ဆုံးရှုံး
ကျဆုံး
ဖမ်းမိ
လက်နက်ချ
လက်နက်ဆုံးရှုံး
၁။
၁၉၆၈
၁၂၈
၂၅၃
-
၁ဝ၉  
၂၆ဝ
၁၄     
၂၂
၈၄
၂။
၁၉၆၉
၂၁၉
၅ဝ၈
-
၁၆ဝ
၎ဝ၅
၂၅
၁ဝ၃
၄၃၇
၃။
၁၉၇ဝ
၃၃၅      
၅၉၁
-
၃၈၉
၇၁၄
၃၂
၂၁၄
၅၈၁
၎။
၁၉၇၁
၂၉၃
၅၈၂
-
၁၆၈
၄၉၁
၃၈
၁ဝ၎
၃၄၄
၅။
၁၉၇၂
၁၉၉
၃၉၃
၁၃
၁၉ဝ
၄၅၃
၂၇
၈၆    
၃၄၃
၆။
၁၉၇၃
၁၆၆
၎ဝ၆
၆၁
၁၅၅
၂၂၉
၅၅
၁ဝ၉
၂ဝ၆
၇။
၁၉၇၄
၁ဝ၃
၂၆၃
၆၇
၁၂၄
၂၇
၁၉၁
၁၆၅
၈။
စုစုပေါင်း
၁၄၄၃
၂၉၉၆
၈၁
၁၂၃၈
၂၆၇၆
၃၁၈
၈၂၉
၂၁၆ဝ
 

ဖော်ပြပါဇယားအရ ခုနစ်နှစ်တာကာလအတွင်း တပ်မတော်သား ၁၄၄၃ ယောက်သည် ဗကပများနှင့် တိုက်ခိုက်ရင်း နိုင်ငံတော်အတွက် အသက်စွန့်လွှတ်ခဲ့ ကြရသည်ကိုတွေ့ရသည်။ ဗကပများမှာလည်း ၂၆၇၆ ယောက်သေဆုံးခဲ့ရပြီး ၃၁၈ ယောက်ဖမ်းဆီးခံခဲ့ရသည်။ ၈၂ ယောက် လက်နက်ချအလင်းဝင်လာခဲ့ကြသည်။ ဗကပတို့ထံမှ လက်နက်မျိုးစုံ ၂၁၆ဝ လက် သိမ်းဆည်း ရမိခဲ့သည်။ ၁၉၇၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်မှ ၁၉၇၅ ခုနှစ်၊ ဧပြီလ ၃ဝ ရက်အထိ လေးလတာကာလအတွင်း အရှေ့မြောက်ဒေသတိုက်ပွဲများတွင် တပ်မတော်နှင့် ဗကပအဆုံးအရှုံးနှိုင်းယှဉ်ချက်မှာ အောက်ပါအတိုင်း ဖြစ်သည်။
 

        တပ်မတော်နှင့်ဗကပစစ်ဆင်ရေးဆုံးရှုံးမှုနှိုင်းယှဉ်ချက်ဇယား (၁-၁-၇၅ မှ ၃ဝ-၄-၇၅ ထိ)
 

တပ်မတော် အဆုံးအရှုံး
ဗကပ အဆုံးအရှုံး
အမှတ်စဉ်
တိုင်း
တပ်မ
ကျဆုံး
ဒဏ်ရာရ
ပျောက်
ဆုံး
လက်နက်
ကျဆုံး
ဖမ်းမိ
လက်နက်ချ
လက်နက်
၁။
ရမခ
၅၈
၈၉
၃၉
၂၉
၁၃
၂။
ရပခ
-
-
၁၂
၃။
တမခ(၈၈)
၇၂
၁၇၄
၅၅
၆ဝ
၈ဝ
၃၆
၁၀၅

စုစုပေါင်း
၁၃၂
၂၆၈
၅၉
၉၉
၁၁၂
၂၄
၄၁
၁၂၁
 
တပ်မတော်သည် အရှေ့မြောက်စစ်ဒေသ ဗကပ များနှင့် တိုက်ခိုက်ရာတွင် အထိအခိုက် အကျအဆုံးများဖြင့် ရင်နှီးခဲ့ရသည်။ ထို့အတူပင် ဗကပများ၏သေကျေ ပျက်စီးမှုများမှာလည်း ပိုမိုများပြား လှသည်ကို တွေ့ရ သည်။  ခုနစ်နှစ်တာကာလအတွင်း  ဗကပတို့ထံမှ လက်နက်မျိုးစုံ ၂၁၆ဝ လက်သိမ်း ဆည်းမိရာ ထို လက်နက်များတွင် ပြည်ပနိုင်ငံလုပ် အမ်(၂၁) သေနတ် ၂၄၆ လက်၊ အမ် (၂၂)သေနတ် ၁၉ဝ လက်နှင့် အမ် (၂၃) သေနတ် ၁၄ လက်၊ စုစုပေါင်း ပြည်ပနိုင်ငံလုပ် လက်နက် ၄၅ဝ ပါဝင်ခဲ့သည်။ သို့သော် ဗကပများသည် လူအင်အားရော လက်နက်အင်အားပါ လျော့သွားသည် မရှိဘဲ တိုး၍တိုး၍ သာလာသည်ကို တွေ့ရသည်။ အရှေ့ မြောက်ဒေသဗကပများသည်  ၁၉၆၈  ခုနှစ်တွင် အင်အား ၅ဝဝ ခန့်ဖြင့် စတင်ခဲ့ရာ ၁၉၆၉ ခုနှစ်တွင် ၂၁၆၂ ခန့်၊ ၁၉၇ဝ ပြည့်နှစ်တွင် ၂၄၁၈ ခန့်၊ ၁၉၇၁ ခုနှစ်တွင် ၃၅၄ဝ ခန့်၊ ၁၉၇၂ ခုနှစ်တွင် ၅၆၄ဝ ခန့်၊ ၁၉၇၃ ခုနှစ်တွင် ၄၈၅ဝ ခန့်တိုးတက်လာသည်။ ၁၉၇၄ ခုနှစ်တွင် အင်အား ၅၈၇ဝ ခန့်ဖြစ်လာသော်လည်း ၁၉၇၅  ခုနှစ်တွင်  သိသာစွာတိုးလာခြင်းမတွေ့ခဲ့ရ ပေ။ (၁။ကက(ကြည်း)သုတေသနဌာနစု၏ ဗကပလှုပ်ရှားမှုတွင် တစ်ဖက်နိုင်ငံ၏ပါဝင်ပတ်သက်မှု၊ နောက်ဆက်တွဲ(ခ)။)
ဗကပတို့၏ ရေရှည်မဟာဗျူဟာစီမံကိန်းတွင်   သံလွင်မြစ် အနောက်ခြမ်းဒေသအား လက်ရ သိမ်းပိုက်၍ လွတ်မြောက်သော ဒေသကြေညာရန်လည်း ရည်မှန်း ချက်ထားခဲ့ကြသည်။ ထို့ကြောင့် ၁၉၇၁ ခုနှစ်တွင် လူအင်အားအလုံးအရင်းကိုသုံး၍ ကွမ်းလုံရက်(၄ဝ) တိုက်ပွဲကြီးကို ဆင်နွှဲခဲ့ကြသည်။ ၁၉၇၃ ခုနှစ်တွင် ပန်လုံ ဒေသတိုက်ပွဲကြီးနှင့် ကျိုင်းတုံဒေသ မိုင်းယန်း၊ မိုင်းလွေ တိုက်ပွဲကြီးများကို အင်အားအလုံး အရင်းဖြင့် ဆင်နွှဲခဲ့ ကြသည်။ ၁၉၇၅ ခုနှစ်တွင်လည်း မိုင်းညှင်း၊ မိုင်းကိုင် ဒေသ၌ အလုံးအရင်းဖြင့် တိုက်ခိုက်ခဲ့ကြသည်။ ၁၉၇၄ ခုနှစ်တွင်မူ ကျိုင်းတုံ၊ တာကော်ဆက်သွယ်ရေးလမ်းပေါ် ရှိ တုံတာစခန်းကို ခရီးရှည်ချီတက်ထိုးဖောက်၍ တိုက် ခိုက်ခဲ့သည်။ ၁၉၇၅ ခုနှစ်တွင် မန်ကျောင်း၊ နားခါ၊ ပါနင်းတိုက်ပွဲများကို ခရီးရှည်ချီတက်ထိုးဖောက်၍ ဆင်နွှဲခဲ့သည်။
၁၉၇၃ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ဗကပ သခင် ဖေတင့်ခေါင်းဆောင်သော ခေါင်းဆောင်များသည် ကိုးကန့်ဒေသ ပန်ဝိန်းတွင်အစည်းအဝေးတစ်ခု ကျင်းပ ၍ ကွမ်းလုံနှင့်ကျိုင်းတုံဒေသများအား ၁၉၇၃-၇၄ ခုနှစ် အတွင်းအရသိမ်းပိုက်ကြရန်ဆုံးဖြတ်ခဲ့ကြသည်။သို့သော်ယင်းဆုံးဖြတ်ချက်မှာ အောင်မြင်စွာ အကောင် အထည်ဖော်နိုင်ခြင်းမရှိခဲ့ပေ။ ကွမ်းလုံနှင့်ကျိုင်းတုံဒေသနှစ်ခုစလုံးသည် သံလွင်အရှေ့ ဘက်ခြမ်းဒေသအား လွတ်မြောက်သောဒေသကြေညာရန် အချက်အချာကျသော ဒေသကြီး နှစ်ခု ဖြစ်သည်။ ထို့ကြောင့် ဗကပတို့ သည် ယခင်ရည်မှန်းချက်ဖြစ်သည့် ရွှေလီချိုင့်ဝှမ်း ထိုး ဖောက်ရေး အပြင် ကွမ်းလုံဒေသနှင့်ကျိုင်းတုံဒေသကို စိုးမိုးရေးကိုပါ တစ်ပြိုင်နက်တည်း ဆောင်ရွက်လာကြ သည်။
သို့သော် အရှေ့မြောက်ဒေသ ဗကပများ၏အခြေ အနေမှာ တစ်ဖက်နိုင်ငံအပေါ်တွင်သာ လုံးဝတည်မှီ လျက်ရှိနေသည်။ ပဲခူးရိုးမပါတီဗဟိုကို ကယ်တင်ရေး နှင့် ဆက်စပ်ရေး ရည်မှန်းချက်ကြီးမှာ လည်း ၁၉၇၅ ခုနှစ်တွင် ပျက်စီးသွားပြီဖြစ်လေရာ အရှေ့မြောက်ဒေသ ဗကပသည် သီးခြားအဖွဲ့ အစည်းသစ် တစ်ရပ် သဖွယ်သာ ရပ်တည်၍ ကျန်ရစ်ခဲ့ရလေသည်။
ဗကပတို့၏တပ်ဖွဲ့စည်းပုံအဆင့်ဆင့်
ဗကပတို့သည် ၁၉၆၇ ခုနှစ်၊ ဇူလိုင်လ ပြည်ပ ကျောင်းသားများအရေးအခင်းဖြစ်ပွားပြီးနောက် အရှေ့ မြောက်စစ်ဒေသဌာနချုပ်ကိုဖွင့်လှစ်ကာ ဗကပတပ်ရင်း ကြီး(၃ဝ၃)ကို စတင်ဖွဲ့စည်းခဲ့သည်။ ဗကပတပ်ရင်းကြီး (၃ဝ၃)ကို အရှေ့မြောက်စစ်ဒေသဌာနချုပ်က တိုက်ရိုက် ကွပ်ကဲပြီး အင်အား ၄ဝဝ ခန့်ပါဝင်သည်။ တပ်ရင်းကြီး (၃ဝ၃)သည် ၁၉၆၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်တွင် မုံးကိုးစခန်းကို စတင်တိုက်ခိုက်ပြီး ထိုနှစ်အတွင်းမှာပင် ဖောင်းဆိုင်၊ ပန်စုတိုင်၊ ဖော်ကျုံး၊ ကြူကုတ်၊ ကောင်းလုံ လုံထန်နှင့် နမ့်ပေါ်တံတားများကို တိုက်ခိုက်ခဲ့သည်။
၁၉၆၉ ခုနှစ်၊ မေလတွင် ကေအိုင်အေမှခွဲထွက် လာသော ဇခုံတိမ်ယိမ်းနှင့် ဇေလွမ်းတို့ ခေါင်းဆောင် သည့် အင်အား ၂၅ဝ ကို ဗကပတို့က တပ်ရင်းကြီး (၁ဝ၁)အဖြစ် ဖွဲ့စည်းပေးခဲ့သည်။ ရွှေလီချိုင့်ဝှမ်းစိုးမိုး ရေးစီမံကိန်းအတွက် တပ်ရင်းကြီး(၂ဝ၂)ကို မုံးကိုးတွင် ဖွဲ့စည်းခဲ့ပြီး ဗကပတပ်ရင်းကြီး (၄ဝ၄)ကို ကိုးကန့်ဒေသ တွင်ဖွဲ့စည်းပြီး ကုန်းကြမ်းစခန်းကို တိုက်ခိုက်ခဲ့သည်။ ၁၉၆၉ ခုနှစ်မှာပင် ဗကပတပ်ရင်း(၁ဝ၆)၊ (၁ဝ၇)၊ (၁ဝ၈)နှင့် (၈ဝ၁)တို့ကို တိုးချဲ့ဖွဲ့စည်းခဲ့သည်။ တပ်ရင်း ကြီး (၄ဝ၄) သည် 'ဝ' နယ်မြောက်ပိုင်းကို ထိုးဖောက် ဝင်ရောက်ပြီးနောက် 'ဝ'တိုင်းရင်းသားတို့အား အခြေခံ၍ တပ်ရင်း(၅ဝ၁)၊ (၅ဝ၂)နှင့် (၅ဝ၃)များအဖြစ် တိုးချဲ့ ဖွဲ့စည်းခဲ့ပြန်သည်။
ဗကပတပ်ရင်းကြီး(၁ဝ၁)သည် ကချင်ပြည်နယ် မေခအရှေ့ခြမ်းဒေသ ဝေါချုံ၊ ကန်ပိုက်တီး တွင်လည်း ကောင်း၊ တပ်ရင်းကြီး (၂ဝ၂)သည် မုံးကိုးတွင်လည်း ကောင်း၊ တပ်ရင်းကြီး (၃ဝ၃)သည် မုံးယားတွင်လည်းကောင်း၊ တပ်ရင်းကြီး(၄ဝ၄)သည် ကိုးကန့်ဒေသနှင့် ဝနယ်မြောက်ပိုင်းတွင် လည်းကောင်း အခြေခံကာ လှုပ်ရှားခဲ့သည်။
၁၉၇၁ ခုနှစ်၊ နိုဝင်ဘာလတွင် ဗကပတပ်ရင်းကြီး (၃ဝ၃)နှင့် (၄ဝ၄)တို့ဦးဆောင်၍ ကွမ်လုံရက်(၄ဝ) တိုက်ပွဲကိုဆင်နွှဲရာ အရှုံးပေါ်သဖြင့် ကိုးကန့်ဒေသသို့ ပြန်လည်စုစည်းကာ ၁၉၇၂ ခုနှစ်၊ ဖေဖော်ဝါရီလတွင် အောက်ပါအတိုင်းတပ်များကို ဖွဲ့စည်းခဲ့ပြန်သည်။ (၁။ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်၏သောင်းကျန်းမှုသမိုင်း၊ စာမျက်နှာ ၄၈၊ ၄၉။)
(က)    တပ်မဟာ(၂)
          (၁) တပ်ရင်း (၁ဝ၇)
          (၂) တပ်ရင်း(၃ဝ၃၁)
          (၃) တပ်ရင်း(၃ဝ၃၃)
          (၄) တပ်ရင်း(၃ဝ၃၇)
          (၅) ကွတ်ခိုင်ခရိုင်တပ်
(ခ)     တပ်မဟာ(၅)
          (၁) တပ်ရင်း(၄ဝ၄၅)
          (၂) တပ်ရင်း(၄ဝ၄၆)
          (၃) တပ်ရင်း(၄ဝ၄၇)
          (၄) ကိုးကန့်ခရိုင်တပ်
(ဂ)     တပ်မဟာ(၈)
          (၁) တပ်ရင်း(၅ဝ၁)
          (၂) တပ်ရင်း(၅ဝ၂)
          (၃) တပ်ရင်း(၅ဝ၃)
          (၄) တပ်ရင်း(၃ဝ၃၅)
          (၅) တပ်ရင်း(၄ဝ၄၈)
(ဃ)    သီးခြားတပ်ရင်းများ
          (၁) တပ်ရင်း(၁ဝ၁)
          (၂) တပ်ရင်း(၂ဝ၂)
          (၃) တပ်ရင်း(၁ဝ၆)
          (၄) တပ်ရင်း(၁ဝ၈)
          (၅) တပ်ရင်း(၈ဝ၁)
ကွမ်းလုံရက်(၄ဝ) တိုက်ပွဲတွင် ရှုံးနိမ့်ခဲ့သော ဗကပများသည် ၁၉၇၂ ခုနှစ်တွင် 'ဝ' နယ်တောင်ပိုင်း ကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်၍ သိမ်းပိုက်ခဲ့သည်။ ၁၉၇၃ ခုနှစ်တွင် တပ်မဟာ(၅)နှင့် (၈)တို့ကို စုစည်း၍ ကျိုင်းတုံဒေသကို  ထိုးဖောက်သည်။  ထိုနှစ်မှစ၍ပင် ရှမ်းပြည်နယ်လွတ်မြောက်ရေးတပ်မတော်  (အက်စ် အက်စ်အိုင်အေ)မှ အိုက်မြင့်အဖွဲ့အား သိမ်းသွင်း၍ ဗကပတပ်မဟာ(၇၆၈)ဟုဖွဲ့စည်းသည်။  ရှမ်းနှင့် ကော် ကာကွယ်ရေးများ၊ သောင်းကျန်းသူများကို စုစည်း၍ (၈၁၅)တပ်ဖွဲ့ကို ဖွဲ့စည်းခဲ့သည်။
၁၉၇၄ ခုနှစ်တွင် ဗကပတို့သည် မြောက်ပိုင်းရှိ တောခိုလွယ်မော်များကိုသိမ်းသွင်း၍ ဖွဲ့စည်း ပေးထား သော တပ်များနှင့် လွယ်လ(ဝ) များအား စုစည်းထား သည့်တပ်များကို ကွပ်ကဲရန် တပ်မဟာ(၁၂) ကို မိုင်းမောတွင် ဖွဲ့စည်းခဲ့သည်။ ဗကပအရှေ့မြောက်စစ် ဒေသဌာနချုပ်သည်လည်း   မိုင်းမောမှ ပန်ဆန်းသို့ ပြောင်းရွှေ့သွားသည်။ သံလွင်အနောက်ခြမ်းကို ကွပ်ကဲရန် မုံးကိုးတွင် စစ်ဒေသခွဲကို ဖွင့်လှစ်ပြီး အဆိုပါ စစ်ဒေသခွဲသည် တပ်မဟာ(၆၈၃)ကို တိုးချဲ့ဖွဲ့စည်း ပြန်သည်။
၁၉၇၅ ခုနှစ်အတွင်း မိုင်းရှူး၊ အရှေ့ခြမ်းနှင့် လွယ်ဆေးဒေသတွင် ဗကပတပ်မဟာ(၅)သည် အထိ နာသွားသဖြင့် ဖျက်သိမ်းလိုက်ရသည်။ ထို့နောက် တပ်မဟာ(၅)အစား တပ်မဟာ(၆၈၃)နှင့် တပ်မဟာ (၆၈၅) ကို အစားထိုးဖွဲ့စည်းသည်။ တပ်မဟာ(၆၈၃)  တွင် တပ်ရင်း (၅ဝ၂)၊ (၄ဝ၄၅)နှင့် (၄ဝ၄၇)တို့ပါဝင် ပြီး ဗကပတပ်မဟာ(၆၈၅)တွင် တပ်ရင်း (၆၈၅၅)၊ (ဝ၇၂)နှင့် တပ်ရင်း (၆၈၅၈)တို့ပါဝင်ကြသည်။
အရှေ့မြောက်ဒေသ ဗကပတို့သည် ၁၉၆၈ ခုနှစ် တွင် စတင်လှုပ်ရှားစဉ်ကစ၍ တပ်ရင်းတပ်ဖွဲ့ အမျိုးမျိုး၊ နံပါတ်အမျိုးမျိုးတပ်၍ဖွဲ့စည်းခဲ့ကြသည်။ ထိုသို့ဖွဲ့စည်း ရာတွင် လူအင်အားကို အတည်တကျသတ်မှတ်လေ့မရှိ ကြပေ။ ရံဖန်ရံခါတွင် တပ်ရင်းအဆင့်သည် တပ်ခွဲ လူအင်အားမျှ သာရှိသည်ကို တွေ့ရသည်။ ထိုးစစ်များ ဆင်နွှဲ၍ မအောင်မြင်လျှင် မကြာခဏပင်တပ်များကို ဖျက်သိမ်းပစ်ပြီး တပ်နံပါတ်အသစ်များသတ်မှတ်၍ ဖွဲ့ စည်းလေ့ရှိသည်။ ဗကပတို့၏အခြေခံလူအင်အားမှာ လွယ်လ၊ ရှမ်း၊ ပလောင်၊ ကချင်စသည့်ဒေသခံတိုင်းရင်း သားများနှင့် တစ်ဖက်နိုင်ငံသားလူမျိုးတူ လွယ်လ၊ ရှမ်း၊ ကချင်စသောလူမျိုးများဖြစ်ကြသည်။
ဗမာပြည်ကွန်မြူနစ်ပါတီ(ပြည်တွင်းနစ်ဖြူ)တို့၏နိဂုံး
သခင်သန်းထွန်းကျဆုံးပြီးနောက်တွင် ဗမာပြည် ကွန်မြူနစ်ပါတီ၏အကြီးအကဲမှာ သခင်ဇင် ဖြစ်လာခဲ့ သည်။ အတွင်းရေးမှူးမှာ သခင်ချစ်ဖြစ်သည်။ သခင် ဇင်နှင့် သခင်ချစ်တို့သည် သခင်သန်းထွန်း လက်ထက်က ခံယူကျင့်သုံးလာခဲ့သည့် ၆၄ လမ်းစဉ်ခေါ် ပြည်ပလမ်းစဉ်ကိုပင် ဆက်လက် ကျင့်သုံးကြသည်။ ဗမာပြည် ကွန်မြူနစ်ပါတီသည်လည်း    အဝေးရောက်ပါတီမှ တစ်ဆင့် ပြည်ပကွန်မြူနစ် ပါတီ၏သြဇာခံပါတီဖြစ်မြဲ ဖြစ်လျက်ပင်ရှိသည်။
ပြည်သူနှင့် တပ်မတော်တို့၏ချေမှုန်းတိုက်ခိုက်မှုကြောင့် ဗမာပြည်ကွန်မြူနစ်ပါတီသည် ၆၄ လမ်းစဉ်ကို အောင်မြင်စွာအကောင်အထည်ဖော်နိုင်ခြင်းမရှိခဲ့ပေ။ ခေါင်းဆောင်အများအပြားမှာလည်း ဖြုတ်ထုတ် သတ်လမ်းစဉ်ကြောင့် ကျဆုံးခဲ့ရသည်။  တပ်မတော်၏ စစ်ဆင်ရေးများကြောင့် ကျဆုံးသူများ လည်းရှိခဲ့သည်။ သခင်သန်းထွန်းပင်လျှင် လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည်။
သို့သော် သခင်ဇင်နှင့်သခင်ချစ်တို့သည် ၆၄လမ်းစဉ်ကိုသာ ဆက်လက်အသက်သွင်းရန် ကြိုးပမ်းခဲ့ကြ သည်။ ထိုအချိန်မှာပင် ဗကပဗဟို၏အားထားရာဖြစ် သော မြစ်ဝကျွန်းပေါ်တိုင်းသည် ပြည်သူ နှင့် တပ်မတော်တို့၏ ရွှေလင်းယုန်၊ မိုးဟိန်းစစ်ဆင်ရေးများ ကြောင့်ချုပ်ငြိမ်းလာခဲ့ရသည်။ နစ်ဖြူစိုးသန်းမှာ ဖြုတ်ထုတ်သတ်လမ်းစဉ်ဖြင့်အသတ်ခံခဲ့ရသည်။ ရွှေလင်းယုန် နှင့် မိုးဟိန်းစစ်ဆင်ရေးများကြောင့် အောင်ဖေ ခေါင်းဆောင်သောအင်အားစုများ မြစ်ဝကျွန်းပေါ် ဒေသမှ အနောက်ဘက် ဂွမြို့နယ်ဘက်သို့ တရွေ့ရွေ့ရွှေ့ပြောင်းဆုတ်ခွာခဲ့ကြရသည်။ ၁၉၇၂ ခုနှစ်စပိုင်း တွင်မြစ်ဝကျွန်းပေါ် တိုင်းသည်  ငသိုင်းချောင်း အနောက်ဘက်ဒေသ၊ ဂွမြို့နယ်နှင့် မရုချောင်းဒေသသို့ တွင် တိုက်ကွက်ဖော်နိုင်ခဲ့ကြသည်။
တပ်မတော်သည် မြစ်ဝကျွန်းပေါ်ရှိ ဗကပနှင့် ကေအင်န်ယူပီတို့အား ၁၉၆၉ ခုနှစ်၊ ဇန်နဝါရီလ ၂ဝ ရက်မှစ၍ ရွှေလင်းယုန်စစ်ဆင်ရေး အဆင့်(၁)ဖြင့် ချေမှုန်းခဲ့သည်။ ၁၉၆၉ ခုနှစ်၊ ဖေဖော်ဝါရီ ၇ ရက်တွင် ရွှေလင်းယုန်အဆင့်(၂)စစ်ဆင်ရေးစတင်ခဲ့သည်။ ပဲခူး ရိုးမနှင့်မြစ်ဝကျွန်းပေါ်ကို   ဆက်စပ်ပေးနေသည့် ရန်ကုန်မြေအောက်ကလာပ်စည်းများကိုလည်း နွေဦး စစ်ဆင်ရေးဖြင့် ချေမှုန်းခဲ့သည်။ ၁၉၆၉ ခုနှစ်၊ မတ်လ ၁ဝ ရက်တွင် ရွှေလင်းယုန်အဆင့်(၃)၊ ဇွန်လ ၇ ရက် တွင် ရွှေလင်းယုန်အဆင့် (၄)စစ်ဆင်ရေးများကိုဆင်နွှဲ ခဲ့သည်။ ရွှေလင်းယုန်အဆင့်(၄)နှင့် မိုးဟိန်းအဆင့် (၂) သည် ပူးတွဲဆင်နွှဲခြင်းဖြစ်သည်။ ရွှေလင်းယုန်နှင့် မိုးဟိန်း  စစ်ဆင်ရေးများသည် မြစ်ဝကျွန်းပေါ်သောင်းကျန်းသူ များအား အဆင့်ဆင့် ချေမှုန်းခဲ့ကြသည်။ ၁၉၇၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်မှစ၍ ရွှေလင်းယုန်အဆင့် (၁ဝ) စစ်ဆင်ရေးကို ဆင်နွှဲရာ ဟင်္သာတခရိုင်တွင်းရှိ သောင်းကျန်းသူများ လုံးဝချုပ်ငြိမ်းခဲ့ရသည်။
အနောက်တောင်တိုင်းစစ်ဌာနချုပ်နှင့် အနောက် ပိုင်းတိုင်းစစ်ဌာနချုပ် ဆက်စပ်နယ်မြေ ကကရံမြစ်၊ ပြန်မလော့မြစ်၊ ကျွန်းပြာသာဒ်မြစ်မှ ပင်လယ်ကမ်းခြေ အထိဒေသများကိုမူ ပြည်သူနှင့်တပ်မတော်တို့သည်  ရွှေလဝင်းစစ်ဆင်ရေးအဆင့် (၁) မှ (၅) အထိဖြင့် ၁၉၇ဝ ပြည့်နှစ်၊ သြဂုတ်လ ၂၄ ရက်မှ ၁၉၇ဝ ပြည့်နှစ်၊ အောက်တိုဘာလ ၂၁ ရက်အထိ ချေမှုန်းတိုက်ခိုက်ခဲ့ သည်။(၁။ တမခ(၃၃)၏ သောင်းကျန်းမှုသမိုင်း၊ စာမျက်နှာ ၂၄၊ ၂၅။)
၁၉၇၃ ခုနှစ်တွင် မြစ်ဝကျွန်းပေါ်ဒေသကြီးတစ်ခု လုံးတွင် သောင်းကျန်းသူတို့၏အဓိက အစိုင်အခဲ အင်အားစုကြီးများမှာ ပြိုကျပျက်စီးကုန်ပြီဖြစ်သည်။ ဗမာပြည်ကွန်မြူနစ်ပါတီမြစ်ဝကျွန်းပေါ် တိုင်းနှင့် ကေအင်န်ယူပါတီတို့မှာ မြစ်ဝကျွန်းပေါ်ဒေသတွင် အလုံးအရင်းဖြင့် ခြေချနိုင်ဖွယ်လည်းမရှိတော့ပေ။ ကြံ ခင်းမြို့နယ်၊ ဟင်္သာတမြို့နယ်နှင့်အနောက်တောင်တိုင်း စစ်ဌာနချုပ်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဆက်စပ် နယ်မြေအတွင်းရှိ ဗကပနှင့် ကေအင်န်ယူပီ ကြွင်း ကျန်သမျှမှာလည်း ပြည်သူနှင့်တပ်မတော်တို့ ပူးပေါင်း ဆင်နွှဲကြသော တိုင်းလုံးအောင်စစ်ဆင်ရေးကြီး (၁၉၇၃ ခုနှစ်၊ ဇူလိုင်လ ၂၁ ရက်မှ ၁၉၇၄ ခုနှစ်၊ မေလ ၁၅ ရက်အထိ)တွင် ကောက်သင်းကောက်ချေမှုန်းခြင်းကို ခံခဲ့ရသည်။ လွတ်လပ်ရေးမရခင် ၁၉၄၆-၄၇ ခုနှစ် ကတည်းက ဗမာပြည်ကွန်မြူနစ်ပါတီ၊ ကေအင်န်ယူ ပါတီ၊ အလံနီပါတီစသော သောင်းကျန်းသူမျိုးစုံတို့ လှုပ်ရှားထကြွကျင်လည်ရာ မြစ်ဝကျွန်းပေါ်ဒေသကြီး သည် ၁၉၇၄ ခုနှစ်၊ မေလ ၁၅ ရက်မှစ၍ ရန်သူဟူ၍ တစ်ဦးတစ်ယောက်မျှမရှိတော့ဘဲ လုံးဝအဖြူရောင်နယ် မြေဖြစ်လာခဲ့ရသည်။
မြစ်ဝကျွန်းပေါ်ဒေသသည် ပဲခူးရိုးမ ဗမာပြည် ကွန်မြူနစ်ပါတီဗဟိုနှင့်  ကေအင်န်ယူပါတီဗဟိုတို့ အတွက် စစ်ရေးအရထက် နိုင်ငံရေးအရနှင့် အုပ်ချုပ် ရေးအရ များစွာအကျိုးပြုသောဒေသကြီးဖြစ်သည်။ လူ နေထူထပ်သောဒေသဖြစ်သည့်အလျောက် မြစ်ဝကျွန်း ပေါ်ဒေသသည် နိုင်ငံရေး၊ စည်းရုံးရေးအရ ပဲခူးရိုးမကိုများစွာ အထောက်အကူပြုနိုင်ခဲ့သည်။ မြစ်ဝကျွန်းပေါ် ဒေသမှရရှိသည့်ရိက္ခာနှင့် ဆက်ကြေး ငွေများမှာ ဗမာပြည်ကွန်မြူနစ်ပါတီနှင့် ကေအင်န်ယူပါတီတို့အဖို့ တစ်ပြည်လုံးတွင် အများဆုံးပင် ဖြစ်သည်။ မြစ်ဝကျွန်း ပေါ်တိုင်းကျဆုံးသွားသောအခါ ဗကပနှင့် ကေအင်န် ယူပီတို့အတွက် အရှိုက်ကို အထိုးခံရ သကဲ့သို့ ဖြစ်သွားရ သည်မှာ ယုံမှားသံသယဖြစ်စရာမရှိပေ။
အရှေ့မြောက်ဒေသ ဗကပများသည် ပဲခူးရိုးမနှင့် ဆက်စပ်ရေးမဟာဗျူဟာကို ကျင့်သုံးကြရာတွင် ရှမ်းပြည်နယ်ဗကပဗဟိုခွဲကို အဓိကအားထားခဲ့ကြသည်။ သို့သော် သခင်တင်ထွန်းနှင့် ဗကပဗဟိုခွဲ ကျဆုံးသွား သောအခါ ရှမ်းပြည်နယ်နှင့် ပဲခူးရိုးမမှာ ဆက်စပ်ဖို့ မဆိုထားနှင့် အဆက်အသွယ် ရရှိရန်ပင် ခက်ခဲသွားရသည်။ စစ်ကိုင်းတိုင်း၊ ကသာခရိုင်နှင့် မိုးမိတ်ဒေသများ ပါဝင်သောမြစ်ဖျားတိုင်း သည်လည်း    ပြည်သူနှင့် တပ်မတော်တို့၏ပူးပေါင်းချေမှုန်းမှုကြောင့် ကျဆုံးသွားရ လေရာ ရွှေလီချိုင့်ဝှမ်း စိုးမိုးရေး ကိုပင် အောင်မြင်ခြင်း မရှိသေးသော ဗကပတို့အဖို့ များစွာအကျပ်ရိုက်ခဲ့ရ သည်။
ရှမ်းပြည်နယ်ဗကပဗဟိုခွဲနှင့် မြစ်ဖျားတိုင်း ကျဆုံး သွားသဖြင့် ဗကပတို့၏အရှေ့မြောက်ဒေသနှင့် ပဲခူးရိုးမ ဆက်စပ်ရေးမှာ များစွာအလှမ်းဝေးသွားရသည်။ ဗကပ ဗဟိုအတွက် ပြည်ပနှင့်ဆက်စပ်ရန်မှာ ဗဟိုခွဲနှင့်မြစ် ဖျားတိုင်းပင်ဖြစ်သည်။ ပြည်တွင်းကျောထောက်နောက်ခံများမှာ မြစ်ဝကျွန်းပေါ်တိုင်း၊ အနောက်မြောက်တိုင်း၊ ရခိုင်တိုင်းနှင့်တနင်္သာရီတိုင်းတို့ဖြစ်သည်။ မြစ်ဝကျွန်း ပေါ်တိုင်း ကျဆုံးသွားချိန်တွင် ဗိုလ်သက်ထွန်းနှင့် ဗကပ အနောက်မြောက်တိုင်းသည် ဗကပဗဟိုနှင့် တသီး တခြားပင်ဖြစ်နေခဲ့သည်။ ရခိုင်ပြည်နယ်နှင့် တနင်္သာရီ တိုင်းမှာမူ  ဗကပဗဟိုအတွက် အားကိုးနိုင်လောက်သော အင်အားများ မဟုတ်ပေ။ သို့နှင့် ၁၉၇၅ ခုနှစ်တွင် ပဲခူး ရိုးမရှိ၊ ဗကပဗဟိုသည် အထီးတည်းကျန်ရှိနေရတော့ သည်။ ပြည်ပမှကြိုးမဲ့ကြေးနန်းဖြင့် ညွှန်ကြားသည့်  ညွှန်ကြားချက်များမှအပ မည်သည့်အထောက်အပံ့မှ လည်း ရောက်မလာနိုင်တော့ပေ။ ဗကပတို့၏ ၁၉၇၅ ခုနှစ် စစ်ဆင်ရေးအခြေအနေတွင် အောက်ပါအချက် များသည် အဓိကကျနေသည်ဟုဆိုနိုင်သည်။
(က)    မြစ်ဝကျွန်းပေါ်ဒေသကျဆုံးခြင်း။
(ခ)     ဗဟိုခွဲကျဆုံးခြင်း။
(ဂ)     မြစ်ဖျားတိုင်းကျဆုံးခြင်း။
(ဃ)    အနောက်မြောက်တိုင်းနှင့် တသီးတခြားဖြစ် နေခြင်း။
(င)     အနောက်မြောက်တိုင်း၏ စစ်ရေးအောင်မြင် မှုကျဆင်းလာခြင်း။
(စ)     ရခိုင်နှင့်တနင်္သာရီမှာ အင်အားကြီးထွား     မ လာ ဘဲ ရှိ သည့် အင် အား မှ အ နုတ် လက္ခဏာသာ ပြနေခြင်း။
အထက်ပါအခြေအနေတွင် ဗကပဗဟိုသည် ပြည်သူနှင့်တပ်မတော်တို့၏ အောင်စိုးမိုး စစ်ဆင်ရေးကြီးကို အန်တုနိုင်ခြင်းမရှိတော့ပေ။ သို့နှင့် သခင်ဇင်၊ သခင် ချစ်တို့ခေါင်းဆောင်သော ဗကပဗဟိုဌာနချုပ်သည် ပြည် သူနှင့်တပ်မတော်တို့ပူးပေါင်းဆင်နွှဲသော ပြည်သူ့စစ် မုန်တိုင်းကြီးအောက် တွင် အစအနပင်မကျန်အောင် ပြိုကွဲပျက်စီးပျောက်ကွယ်ရတော့သည်။
ကေအင်န်ယူပါတီ
မူလ ကေအင်န်ယူ အစည်းအရုံး၏ဦးဆောင်မှုဖြင့် ထကြွသောင်းကျန်းသူများသည် လက်ဝဲ-လက်ယာ ပဋိပက္ခကြောင့် အဖွဲ့အစည်းအမျိုးမျိုးကွဲထွက်ခဲ့ရသည်။ လက်ဝဲဝါဒကို လက်ခံသော ကေအင်န်ယူပါတီသည် နိုင်ငံရေးအရ အတွေ့အကြုံအစဉ်အလာကြီးမားသော ဗမာပြည်ကွန်မြူနစ်ပါတီကို ဆရာတင်ခဲ့သည်မှာ အထင်အရှားပင်ဖြစ်သည်။ လက်ဝဲဝါဒ(ကွန်မြူနစ်ဝါဒ) လက်ခံသည်နှင့် လက်ယာဝါဒ (လူမျိုးရေးဝါဒ၊ ခွဲထွက် ရေးဝါဒ)သမားများသည် သီးခြားခွဲထွက်ခဲ့ပြီး ဖြစ်သည်။ လက်ဝဲဝါဒကိုလက်ခံရုံ သာမကဘဲ ဗမာပြည်ကွန်မြူနစ် ပါတီကို ဆရာတင်သောအခါတွင်ကား ကေအင်န်ယူ ပါတီအတွင်းမှာပင် ထပ်မံ၍ ပဋိပက္ခဖြစ်ရပြန်သည်။ ထို့ကြောင့် မန်းဘဇံကဲ့သို့သော လက်ဝဲဝါဒီဖြစ်သော် လည်း ဗကပကို မနှစ်မြို့သူများမှာ ထပ်မံ၍ခွဲထွက်ပြီး လက်ယာဝါဒီများနှင့်ပူးပေါင်းကြပြန်သည်။ သို့နှင့် ကေအင်န်ယူပါတီ သည် အင်အားချည့်နဲ့လာရသည်။ ထိုသို့အင်အားချည့်နဲ့ပြီး သီးခြားရပ်တည်နိုင်ခြင်းမရှိ တော့သောကြောင့် လည်း ဗကပကို ပိုမို၍မှီခိုအားထား လာရတော့သည်။
၁၉၇ဝ ပြည့်နှစ်နောက်ပိုင်းတွင်ကား ကေအင်န် ယူပါတီသည် ဗကပသြဇာခံလုံးလုံးဖြစ်၍နေပေပြီ။ ပါတီ တွင်း ပဋိပက္ခများမှာလည်း အတောမသတ်နိုင်တော့ပါ။ ဗကပများနှင့်လည်း အောက်ခြေအဆင့်တွင် အတွင်း ကျိတ်ပဋိပက္ခများရှိခဲ့သည်။ ကေအင်န်ယူပါတီ ခေါင်းဆောင်များသည် ပြည်ပအကူအညီကို တိုက်ရိုက် ရရှိရန် ကြိုးပမ်း၍ ဗကပတို့အား မှီခိုမှုလျှော့ချရေးကို ဆောင်ရွက်ခဲ့ကြသေးသည်။ သို့သော် ကေအင်န်ယူပါတီသည် ဗကပတို့၏သြဇာခံနောက်မြီးဆွဲပါတီဘဝမှ ရုန်းထွက်နိုင်ခြင်းမရှိခဲ့ပေ။ မူလ ကေအင်န်ယူ အစည်းအရုံးကြီးမှ တစ်စစီ တစ်စစီကွဲထွက်လာသည့် အစိတ် အပိုင်းလေးတစ်ခု သာဖြစ်သော ကေအင်န်ယူပါတီ သည် ပဲခူးရိုးမနှင့်မြစ်ဝကျွန်းပေါ်ဒေသတွင် ဗကပတို့ ကျဆုံးသောအခါ သီးခြားရပ်တည်နိုင်စွမ်းမရှိတော့ပေ။ ထို့ကြောင့် ပုဂ္ဂလိက အငြိုးကြီးမားသောရန်သူဖြစ်သည့် ကေအင်န်ယူ တပ်ဦးထံ လက်နက်ချအညံ့ခံလိုက်ရ တော့သည်။ ကေအင်န်ယူပါတီသည် ၁၉၇၆ ခုနှစ်ကျ မှ တရားဝင်ဖျက်သိမ်းပစ်ခြင်းခံရသော်လည်း အမှန် စင်စစ်တွင်မူ ၁၉၇၅ ခုနှစ်၊ ပဲခူးရိုးမကို စွန့်လွှတ်လိုက် ရကတည်းက နိုင်ငံရေး၊ စစ်ရေးအရ ပျောက်ကွယ် ဆိတ်သုဉ်းသွားပြီဟု ဆိုရပေမည်။
ကေအင်န်ယူအက်ဖ်(ခေါ်)ကေအင်န်ယူတပ်ဦး
ဗိုလ်မြခေါင်းဆောင်သည့် အရှေ့ကော်သူးလေ (အရှေ့ပိုင်း)(ခေါ်) စစ်တောင်းမြစ် အရှေ့ဘက် ကမ်းမှ ကရင်သောင်းကျန်းသူများသည် ၁၉၆၆ ခုနှစ်မှစ၍ ကေအင်န်ယူပါတီ ၏သြဇာကိုမနာခံတော့ဘဲ ကရင်အမျိုးသားလွတ်မြောက်ရေးပါတီ (K.N.L.P) အဖြစ် သီးခြားလှုပ်ရှားခဲ့ ကြသည်။ ၁၉၆၇ ခုနှစ်၊ အောက်တို ဘာလ ၂၁ ရက်တွင် ကေအင်န်ယူပါတီမှ ကျော်မြ သန်း၊ စောမြမောင်၊ စောမြရင်၊ ကျင်ဖေတို့က တစ်ဖွဲ့၊ မန်းဘဇံ၊  ဗိုလ်သန်းအောင်၊  ဗိုလ်မောင်မောင်၊ ဗိုလ်တင်ဦး၊ ဗိုလ်ဘသင်တို့က တစ်ဖွဲ့သဘောထားကွဲလွဲ  ကြပြန်သည်။ မန်းဘဇံခေါင်းဆောင်သောအဖွဲ့သည် ဗကပသြဇာခံဖြစ်နေသည့် ကေအင်န်ယူပါတီမှ နုတ် ထွက်ပြီး ၁၉၆၈ ခုနှစ်၊ ဇွန်လ ၁ ရက်တွင် ဗိုလ်မြ၏ ကေအင်န်အယ်လ်ပီနှင့် ပူးပေါင်းခဲ့ကြသည်။ မန်းဘဇံ နှင့် ဗိုလ်မြအင်အားစုများသည် ၁၉၆၈ ခုနှစ်၊ ဇွန်လ ၂၁ ရက်တွင် ကေအင်န်ယူအက်ဖ် (ခေါ်) ကေအင်န်ယူ တပ်ဦးကို သီးခြားဖွဲ့စည်းခဲ့ကြသည်။ ကေအင်န်ယူပါတီမှ ဘောနေခေါင်းဆောင်သော တပ်မဟာ(၂)နှင့် ကစဲဒို (ခေါ်)မောလယ် ခေါင်းဆောင်သော တပ်မဟာ(၃) အင်အားစု ပူးပေါင်းအင်အား ၅ဝဝ ခန့်ကလည်း ကေအင်န်ယူ တပ်ဦးနှင့်ပင် ပူးပေါင်းခဲ့ကြသည်။
၁၉၆ဝ ပြည့်နှစ်များတွင် ကရင်သောင်းကျန်းသူ အင်အားစုများမှာ အဓိကအားဖြင့် အောက်ပါ အတိုင်း သုံးစုကွဲနေခဲ့သည်။
(က)    ကေအင်န်ယူပါတီ (ခေါ်) လက်ဝဲစွန်းရောက် အုပ်စု။
(ခ)     စောဟန်တာသာမွှေး၏ ကေအာရ်စီ(ခေါ်)သဘောထား ပျော့ပျောင်းသည့် အုပ်စု(၁၉၆၃ ခုနှစ်တွင် လက်နက်ချခဲ့သည်။)
(ဂ)     ဗိုလ်မြ၏လက်ယာစွန်းရောက်အုပ်စု(၁၉၆၆ခုနှစ်တွင်အတိအလင်း ခွဲထွက်သည်။)
စောဟန်တာသာမွှေး၏ ကေအာရ်စီ(ခေါ်) ကရင် တော်လှန်ရေးကောင်စီသည် ၁၉၆၃ ခုနှစ်၊ ပြည်တွင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် သဘောတူညီမှုရရှိပြီး တစ်ဖွဲ့လုံးနီးပါးအလင်းဝင်ရောက်ခဲ့ကြရာ အဓိကအားဖြင့် ကေအင်န်ယူပါတီနှင့် ဗိုလ်မြအုပ်စုသာ တောတွင်း၌ ကျန်ရစ်ခဲ့ကြသည်။ ကေအင်န်ယူပါတီ သည်ဗိုလ်မြ နှင့်စာလျှင် အင်အားကောင်းမွန်သော်လည်း အင်အား အနည်းငယ်သာ ရှိသော ဗိုလ်မြကို လွှမ်းမိုးနိုင်ခြင်းမရှိခဲ့ပေ။ ထိုအတောအတွင်း ကေအင်န်ယူပါတီသည် ဗကပသြဇာခံဖြစ်လာသဖြင့် အစုလိုက်၊ အပြုံလိုက် ထပ်မံခွဲထွက်ကြပြန်ရာ ဗိုလ်မြအုပ်စုအဖို့ အင်အား တောင့်တင်း လာစရာ ဖြစ်လာသည်။ ကေအင်န်ယူပါတီမှ ဗကပကို မကျေနပ်သောအုပ်စုများသည် ဗိုလ်မြအုပ်စု နှင့်သာ သွားရောက်ပူးပေါင်းခဲ့ကြသည်။ ၁၉၇ဝ ပြည့် နှစ်တွင်ကား ဗိုလ်မြအုပ်စုသည် ကေအင်န်ယူပါတီနှင့် ပခုံးချင်းယှဉ်လာနိုင်ပြီး ရွှေကျင်၊ ကျောက်ကြီးဒေသတွင် ကေအင်န်ယူပါတီကိုပင် စစ်ရေးအရ ရင်ဆိုင်တိုက် ခိုက်လာနိုင်ပြီဖြစ်သည်။ ကေအင်န်ယူပါတီဗဟိုသည် ပင်လျှင် ဗိုလ်မြအုပ်စု၏အန္တရာယ်ကိုစိုးရိမ်လာရသဖြင့် စစ်တောင်းမြစ်အရှေ့ဘက်ကမ်းမှ အနောက်ဘက်ကမ်း သို့ ကူးပြေးပြီး ဗကပဗဟိုထံသို့ ခိုလှုံခဲ့ရသည်။
ဦးနု၏ပါလီမန်ဒီမိုကရေစီ(ခေါ်)ပြည်ပြေးများ ထိုင်းနိုင်ငံကို ခြေကုပ်ယူ၍ ထြ<ွကလာကြသောအခါ ကေအင်န်ယူတပ်ဦး(ခေါ်)ဗိုလ်မြအုပ်စုသည် ပြည်ပ နိုင်ငံများနှင့်ဆက်သွယ်ရန် လမ်းပွင့်သွားခဲ့သည်။ ပြည် ပြေးများကိုအကြောင်းပြု၍လည်း လက်နက်ခဲယမ်းနှင့် ငွေကြေးအကူအညီအမြောက်အမြားရရှိလာသည်။ ဗိုလ်မြသည်လည်း   ကေအင်န်ယူတပ်ဦးအပေါ်တွင် အင်အားသုံး၍ ခေါင်းဆောင်မှုကို စိုက်ထူလာသည်။ ကေအင်န်ယူပါတီဝင်ဟောင်း လက်ဝဲဝါဒီများဖြစ်သော မန်းဘဇံအုပ်စုကို ဗိုလ်မြသည် ကေအင်န်ယူ တပ်ဦးတွင်  ခေါင်းဆောင်ခွင့်မပေးခဲ့ပေ။  ကေအင်န်ယူတပ်ဦးသည် ပြည်ပြေး၊ မွန်ပြည်သစ် ပါတီတို့နှင့် အတူ တိုင်းရင်းသား ပေါင်းစုံညီညွတ်ရေးနှင့်လွတ်မြောက်ရေးတပ်ပေါင်းစု (တညလ)တွင်ပါဝင်ပြီး မိမိအဖွဲ့ အစည်းအတွက် နိုင်ငံ ရေး၊ စစ်ရေးအမြတ်ထုတ်နိုင်ခဲ့ပြန်သည်။ ၁၉၇၂ ခုနှစ်တွင် ကေအင်န်ယူပါတီမှာ အင်အား ၉၈ဝ ခန့်သာ ရှိသော်လည်း   ကေအင်န်ယူတပ်ဦးမှာမူ အင်အား ၂၃၄ဝ ခန့်အထိ တိုးတက် လာပြီဖြစ်သည်။ ထို့ကြောင့်၁၉၇၂ ခုနှစ်အတွင်း  မန်းသာစိန်ခေါင်းဆောင်သော ကေအင်န်ယူ တပ်ဦးအဖွဲ့ ဝင်များသည် ပဲခူးရိုးမသို့ပင် ဝင်ရောက်ထိုးဖောက်ပြီး ဗကပနှင့်ကေအင်န်ယူပါတီ တို့အားတိုက်ခိုက်နိုင် လာခဲ့ကြသည်။ သို့သော် ပဲခူးရိုးမ တွင် ရေရှည်ရပ်တည်နိုင်ခဲ့ခြင်းကားမရှိခဲ့ပေ။
  
ကေအင်န်ယူတပ်ဦးဖွဲ့စည်းပုံဇယား
မန်းဘဇံ(ဥက္ကဋ္ဌ)အင်အား ၁၂၅
တပ်မ(၁) ဗိုလ်မြအင်အား ၃၂







ပအိုဝ့်
ခွန်ရဲနောင်
၁၉၇
တမဟ(၁)
ကျော်ဟိုး
၆၇
တမဟ(၂)
ဘောနီ
၂၂၀
တမဟ(၃)
မောလေ
၅၀
တမဟ(၆)
ရွှေဆိုင်း
၅၃
တမဟ(၇)
ထိန်မောင်
၄၂
ပဲခူးရိုးမ
သာစိန်
၉၂

ရင်း(၁)
တာကလို
ရင်း(၇)
ဖားရော
၁၇၀
ရင်း(၁၆)
ဆာမိ
၁၆၉
ရင်း(၁၉)
မောင်ထွန်း
၁၈


ရင်း(၂)
ကျော်လင်း
၁၃၂
ရင်း(၈)
စောလယ်ဂျိုး
၈၆
ရင်း(၁၀)
ကြာသင်
၁၄၉
ရင်း(၂၀)
နော်တော
၂၀၉


သာစိန်
၉၂
ရင်း(၁၀၁)
ထောလ
၃၀၈


စည်းရုံးရေး
ဖဒိုမြ
၁၆

 


ဗိုလ်မြ၏အကြမ်းဖက်ခေါင်းဆောင်မှု(သို့မဟုတ်) ဘောသရောအရေးအခင်း
၁၉၇ဝ ပြည့်နှစ်၊ ဒီဇင်ဘာလ ၂၈ ရက်တွင် ကေအင်န်ယူ သထုံခရိုင်ဗဟိုညီလာခံ၏အတွေ့အကြုံ များကို သထုံခရိုင်အတွင်းရှိသောကေအင်န်ယူနယ် ဘက်နှင့် စစ်ဘက်ကိုယ်စားလှယ်များအား ပနွယ်ပု (ခေါ်)ပိန္နဲတောရွာ၌ ရှင်းပြခဲ့သည်။ ထိုရှင်းလင်းပွဲတွင် ဆက်ကြေးငွေကိစ္စများနှင့်ပတ်သက်၍ သဘောထား ကွဲလွဲမှုများပေါ်ပေါက်လာသည်။ ပဋိပက္ခမှာ ကေအင်န် ယူခရိုင်၊ ပြည်နယ်အဖွဲ့ အစည်းတာဝန်ခံ များကတစ်ဖက်၊ လက်နက်ကိုင်တပ်များက တစ်ဖက်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ တပ်မဟာ(၁)မှူး ကျော်ဟိုး*(*ကျော်ဟိုး-တိုက်ပွဲတွင်အသေမိခဲ့ပြီးဖြစ်သည်။)သည် ပြည်နယ် နှင့်ခရိုင်အဖွဲ့အစည်းများဘက်မှ ရပ်တည်လိုက်သော အခါ လက်အောက်ခံတပ်မှူးများနှင့် ဆန့်ကျင်ဘက်ဖြစ် လာသည်။ လက်အောက်ခံ တပ်မှူးများက ကျော်ဟိုး၏ ဆန္ဒအတိုင်း ပြည်နယ်နှင့်ခရိုင် အဖွဲ့အစည်းများအား အလျှော့ပေးရန် ငြင်းဆန်ခဲ့ကြသည်။ ကျော်ဟိုးသည် လက်အောက်ခံတပ်မှူးများအား ထိန်းသိမ်းနိုင်ခြင်းမရှိခဲ့တော့ပေ။ လက်အောက်ခံတပ်မှူးများကလည်း ကျော်ဟိုး၏အမိန့်ကို မနာခံကြတော့ပေ။
ကျော်ဟိုးသည် လက်အောက်ခံတပ်များအား မထိန်းသိမ်းနိုင်တော့သဖြင့် ၁၉၇၁ ခုနှစ်၊ ဇန်နဝါရီလ တွင် သထုံခရိုင်မှ ဗိုလ်မြရှိရာ သံလွင်အရှေ့ခြမ်းသို့ နောက်လိုက်အနည်းငယ်နှင့်အတူ ကူးပြောင်းသွားခဲ့ရ သည်။ ဤကား ကေအင်န်ယူတပ်ဦးအတွင်း အောက် ခြေထု၏ပူပူနွေးနွေးပဋိပက္ခပင်ဖြစ်သည်။ ၁၉၇၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ဗိုလ်မြသည် ယင်း၏စစ်ဆင်ရေးမှူး ဂျော့လေနှင့်အဖွဲ့အား သထုံနယ်မြေသို့ စေလွှတ်လိုက်သည်။  ဂျော့လေက  ဗိုလ်မြ၏အစီအစဉ်အတိုင်း တပ်မဟာ(၁)မှ ခေါင်းဆောင်များအား ဗိုလ်မြကိုယ်တိုင် ရှင်းလင်းပြောပြမည်ဖြစ်ကြောင်း   ဥပါယ်တံမျဉ်ဖြင့် ခေါ်ခဲ့သည်။ သို့နှင့် တပ်မဟာ(၁) ခေါင်းဆောင်များသည် ဂျော့လေနှင့်အတူ ဗိုလ်မြရှိရာသို့လိုက်သွားခဲ့ကြသည်။(၁။တမခ(၄၄)၏ ကရင်သောင်းကျန်း သူသမိုင်း၊ စာမျက်နှာ ၁၉။)     
၁၉၇၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၇ ရက်တွင် တပ်မဟာ(၁)မှ ခေါင်းဆောင်များသည် ဘောသရောသို့ ရောက်ရှိလာခဲ့ကြရာမှ တပ်မဟာ(၇)မှ အင်အားစုများ၏ ဝိုင်းဝန်းဖမ်းဆီးခြင်းကိုခံလိုက်ရတော့သည်။ ဖေဖော် ဝါရီလ ၂၈ ရက်တွင်ကား တပ်မဟာ(၁)မှ ခေါင်းဆောင် တပ်မှူးများကို ဗိုလ်မြကိုယ်တိုင် ပစ်သတ်၍ အရေးယူ တော့သည်။ ဗိုလ်မြကိုယ်တိုင်ပစ်သတ်သုတ်သင်ခြင်းခံခဲ့ရသောတပ်မဟာ(၁)မှ ခေါင်းဆောင် များမှာ အောက်ပါအတိုင်းဖြစ်သည်။
(က)    ဒင်္ဂါး
(ခ)     ပေါက်ကျော်
(ဂ)     ဖားပြား
(ဃ)    စိန်ဘီး
(င)     ကျော်ခိုင်
(စ)     ဇော်ဟိန်း
(ဆ)    ခင်မောင်ရီ
(ဇ)     ရော်နယ်
(စ်)     အလက္ဇႏၵား
(ည)    ညွန့်တင်
ဗိုလ်မြသည် ကျန်ခေါင်းဆောင်များကိုမူ သစ္စာရေ သောက်စေပြီး ကျော်ဟိုး၏ လက်သို့ပြန်လည် အပ်နှံလိုက်သည်။ သို့နှင့် ကေအင်န်ယူတပ်ဦးတစ်ဖွဲ့လုံးသည် ဗိုလ်မြအား ဖိမ့်ဖိမ့် တုန်အောင်ကြောက်ရွံ့ သွားကြရ တော့သည်။ တပ်မဟာ(၁)မှူး ကျော်ဟိုးသည်လည်း ဗိုလ်မြအားကိုးဖြင့် ခေါင်းဆောင်မှု ကိုခိုင်မြဲသွားခဲ့ရသည်။ ဗိုလ်မြ၏ခေါင်းဆောင်မှုသည်လည်း ကေအင်န်ယူ တပ်ဦးတွင် လွှမ်းမိုး လာရသည်။ထို့ကြောင့် မန်းဘဇံ သည် ကေအင်န်ယူတပ်ဦးဥက္ကဋ္ဌဖြစ်နေသော်လည်း ဗိုလ်မြလောက် သြဇာအာဏာရှိသူမဟုတ်တော့ပေ။
ကေအင်န်ယူတပ်ဦးသည် ပြည်ပြေးတို့နှင့်ပူးပေါင်းပြီး တိုင်းရင်းသားပေါင်းစုံညီညွတ်ရေးနှင့် လွတ်မြောက်ရေး တပ်ပေါင်းစု(တညလ)တွင်ပါဝင်သော်လည်း   ပြည်ပြေးတို့နှင့်  အစေးကပ်ခြင်းမရှိလှပေ။ ၁၉၇၃ ခုနှစ်တွင် ကရင်နီတိုးတက်ရေးပါတီဌာနချုပ်၌ ကေအင်န်ယူတပ်ဦး၊ ကရင်နီ၊ အက်စ်အက်စ်ပီပီ၊ ကယန်းပြည်သစ်ပါတီ၊ချင်းဒီမိုကရေစီ(ဇိုမီ)အဖွဲ့တို့၊တလမဖ(တော်လှန်သောလူမျိုးပေါင်းစုံ မဟာမိတ်အဖွဲ့)  (ခေါ်) အာရ်အင်န်အေကို ဖွဲ့စည်းခဲ့ကြသည်။
သို့သော်တလမဖ(ခေါ်)အာရ်အင်(န်)အေသည်ကျယ်ပြန့်ခိုင်မြဲသော မဟာမိတ်တပ်ပေါင်းစုတစ်ရပ် အဖြစ်သို့ရောက်မလာခဲ့ပေ။
ကေအင်န်ယူတပ်ဦးသည်တဖြည်းဖြည်းအင်အား တောင့်တင်းလာသည့်အပြင် မှောင်ခို လုပ်ငန်းဖြင့်လည်း စီးပွားရေးကောင်းမွန်လာသောကြောင့် အရေးပါသည့် သောင်းကျန်းသူ အဖွဲ့အစည်း တစ်ရပ်ဖြစ်လာသည်။ သို့နှင့်  ကေအင်န်ယူတပ်ဦးသည်လည်း  ဗမာပြည် ကွန်မြူနစ်ပါတီ၊ ကေအိုင်အေ စသောသောင်းကျန်းသူ များနည်းတူ အခြားသောင်းကျန်းသူအဖွဲ့အစည်းများ အား ဝါးမျိုရန်စည်းရုံးခြင်း၊ မိမိအတွက် အထောက် အကူပြုမည့်သောင်းကျန်းသူအဖွဲ့အစည်းငယ်များ ဖွဲ့ စည်းထူထောင်ပေးခြင်းတို့ကို ပြုလုပ်လာသည်။ ၁၉၇၄ ခုနှစ်တွင် ပြည်ပြေးဦးသွင်၏အဖွဲ့မှ ပအိုဝ့်ခွန်ရဲနောင် ၏အဖွဲ့ကွဲထွက်လာရာ ကေအင်န်ယူတပ်ဦးက လက်ခံကူညီ၍ ပအိုဝ့် အမျိုးသားအဖွဲ့ချုပ်အဖြစ် ဖွဲ့စည်းပေး လိုက်သည်။ ခွန်ရဲနောင်နှင့်အဖွဲ့သည် ကေအင်န်ယူ တပ်ဦး၏ဆန္ဒအရ ရှမ်းပြည်နယ်တောင်ပိုင်းတွင် ဝင် ရောက်လှုပ်ရှားခဲ့ကြသည်။ သို့သော် ယင်းအဖွဲ့သည် ၁၉၇၇  ခုနှစ်၊  အောက်တိုဘာလ  ၁ဝ  ရက်တွင် ခွန်ရဲနောင်နှင့် အင်အား ၆၇ ယောက်လက်နက်ချ အလင်းဝင်ခြင်းဖြင့် ချုပ်ငြိမ်းသွားခဲ့ရလေသည်။၂
ဗိုလ်မြသည် ရခိုင်အမျိုးသားများကိုစုစည်း၍ ခိုင်မိုး လင်းခေါင်းဆောင်သော ရခိုင်ပြည်လွတ်မြောက် ရေးပါတီကိုလည်း ဖွဲ့စည်းပေးခဲ့သည်။ ခိုင်မိုးလင်းအဖွဲ့ သည် ဖွဲ့စည်းခြင်း၊ လက်နက်တပ်ဆင်ခြင်း၊ လေ့ကျင့်ခြင်း တို့ကိုဆောင်ရွက်ပြီး ၁၉၇၄ ခုနှစ်မှ ၁၉၇၆ခုနှစ်အထိ ကေအင်န်ယူများနှင့် ပူးတွဲလှုပ်ရှားခဲ့ရသည်။ ထို့နောက် ရှမ်းပြည်နယ်မှတစ်ဆင့် ကချင်ပြည်နယ်သို့ရောက်ရှိကာ ကေအိုင်အေ များထံခိုလှုံခဲ့ရသည်။ သို့သော် ရခိုင်ပြည်နယ်သို့ဝင်ရောက်ရန် ချင်းပြည်နယ်သို့ဖြတ် သန်းစဉ်    အနောက်မြောက် တိုင်းစစ်ဌာနချုပ်၏ မြရတနာစစ်ဆင်ရေးဖြင့် ချေမှုန်းတိုက်ခိုက်ခြင်းကို ခံလိုက်ရသည်။ ခိုင်မိုးလင်းအပါအဝင် ရခိုင်သောင်းကျန်းသူ ၅ဝခန့်သေဆုံးပြီး ၂ဝ ခန့်ဖမ်းဆီးရမိခဲ့သည်။ လက်ကျန် လူအင်အား ၅ဝ ခန့်မှာလည်း လက်နက်ချ အညံ့ခံလိုက်ကြလေရာ ဗိုလ်မြထူထောင်ပေးခဲ့သည့် ရခိုင်သောင်းကျန်းသူများမှာ   ရခိုင်ပြည်နယ်သို့ပင် ခြေမချနိုင်ဘဲ လုံးဝချုပ်ငြိမ်းခဲ့ရလေသည်။
တညလမှ ကေအင်န်ယူတပ်ဦးနုတ်ထွက်ခြင်း
ကေအင်န်ယူတပ်ဦးသည်   တညလ(ခေါ်) ပြည်ပြေးတို့ဦးစီးသည့် တိုင်းရင်းသားပေါင်းစုံညီညွတ် ရေးနှင့် လွတ်မြောက်ရေးတပ်ပေါင်းစုတွင် ပါဝင်နေခဲ့ သော်လည်း မိမိ၏အဖွဲ့အစည်းအကျိုးအတွက်သာ ရည်ရွယ်လှုပ်ရှားခဲ့ခြင်းဖြစ်သည်။ တညလသည် စစ်ရေး ယာယီမဟာမိတ်သဘောသာဖြစ်နေခဲ့ပြီး   ရေရှည် ရည်မှန်းချက်များမှာမူ တစ်ဖွဲ့နှင့်တစ်ဖွဲ့မတူညီခဲ့ပေ။၁၉၇၂ ခုနှစ်တွင် ပြည်ပြေးအမှုဆောင်  အစည်း အဝေးကို ဗန်ကောက်မြို့တွင် ကျင်းပခဲ့ရာ ဦးနုက လူမျိုးစုအရေး နှင့် ပတ်သက်၍ စစ်ရေး၊ နိုင်ငံရေး၊ အုပ်ချုပ်ရေးအား ဖြင့် သီးခြားလွတ်လပ်သော ပြည်နယ်ပေါင်းစုံသမ္မတ နိုင်ငံသဘောမျိုးသက်ရောက်သည့်   ပြည်ထောင်စု ဖွဲ့စည်းလိုမှုကို မလိုလားကြောင်းပြောကြားခဲ့သည်။ ဦးနု ၏ပြောကြားချက်မှာ ကေအင်န်ယူ တပ်ဦး၏ သီးခြား လွတ်လပ်သော ကရင်ပြည်နယ်ရရှိရေးရည်မှန်းချက်နှင့် ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်လျက် ရှိသည်ကို တွေ့ရသည်။ ထို့ကြောင့် ဗိုလ်မြက ပြည်ပြေးအဖွဲ့များ ကရင်ပြည်နယ် မှ ရုပ်သိမ်းပေးရန် တောင်းဆိုလာတော့သည်။
ဦးနုက တော်လှန်ရေးကိုရပ်ဆိုင်းလျှင် ရပ်ဆိုင်းရ ပါစေ၊ ဗိုလ်မြတို့၏မူကို လက်မခံနိုင်ဟုဆိုကာ တင်းခံ နေခဲ့သည်။ နောက်ဆုံး တညလအဖွဲ့အစည်းအတွင်း မဲခွဲ ရသည့် အခြေအနေသို့ ဆိုက်ရောက်လာသည်။ အမှုဆောင်ကော်မတီ မဲအရေအတွက်အရ ဦးနုရှုံးနိမ့်ခဲ့ရာ ဦးနုလည်း ပါလီမန်ဒီမိုကရေစီဥက္ကဋ္ဌအဖြစ်မှ နုတ်ထွက် လိုက်ရတော့သည်။
ဗိုလ်မြဦးဆောင်တင်ပြသော ပြည်နယ်ခွဲထွက်ခွင့် ကိစ္စကို ဦးနုက ပြတ်ပြတ်သားသား ဆန့်ကျင် သော်လည်း ဦးသွင်နှင့်ဗိုလ်လက်ျာတို့ကမူ   ထောက်ခံခဲ့ကြသည်။     ထို့ကြောင့် ဦးနုသည် ၁၉၇၂ ခုနှစ်၊  ဒီဇင်ဘာလမှ ၁၉၇၃ ခုနှစ်၊ ဇန်နဝါရီလအစည်းအဝေးများကို မတက်ရောက်တော့ဘဲ ၁၉၇၃ ခုနှစ်၊ ဇူလိုင်လ ၂၄ ရက်တွင် ဗန်ကောက်မြို့မှထွက်ခွာကာ အိန္ဒိယနိုင်ငံ၌ ခိုလှုံနေခဲ့သည်။ သို့သော် တညလအတွင်းတွင် ကား ပဋိပက္ခပေါင်းစုံပေါ်ပေါက်နေပြီဖြစ်သည်။ ဗိုလ်မြ၏ ကေအင်န်ယူတပ်ဦးသည် တလမဖ(ခေါ်) အာရ်အင်န်အေ အစည်းအဝေးသို့ ကေအိုင်အေကို ဖိတ်ကြားခဲ့ရာ ကေအိုင်အေများက တညလမှ ကေအင်န်ယူတပ်ဦး နုတ်ထွက်ပြီးမှ တက်ရောက်နိုင်မည်ဟုအကြောင်းပြန် ကြားခဲ့သည်။ ကေအင်န်ယူ တပ်ဦးအနေနှင့်လည်း မျှော်လင့်ချက်မရှိတော့သောပြည်ပြေးများဖြင့် ပူးပေါင်း နေလျှင် နယ်မြေလုပွဲ၊ မှောင်ခိုစားကျက်လုပွဲများသာ ဖြစ်ပေါ်နေမည်ဖြစ်ပြီး ပြည်ပအကူအညီနှင့်ပတ်သက် ၍လည်း  ပြည်ပြေးများကိုမလိုအပ်တော့ကြောင်း နားလည်သဘောပေါက်လာသည်။ပြည်ပြေးများနှင့် ပေါင်းခြင်းထက် အင်အားတောင့်တင်း၍ အသင့်အတင့် ခိုင်မာကျစ်လျစ်သော ကေအိုင်အေများနှင့် ပေါင်းခြင်း က  ပိုမိုအကျိုးရှိမည်ကိုလည်း တွက်ဆမိကြသည်။ ထို့ကြောင့်ကေအင်န်ယူတပ်ဦးသည် ၁၉၇၅ ခုနှစ်၊ ဇန်နဝါရီလ ဒုတိယအပတ်တွင် ဝါးခ(ဆန်ခရာဘူရီ)၌ ကျင်းပသော တညလအစည်းအဝေးမှ စ၍ တညလမှ နုတ်ထွက်လိုက်တော့သည်။ သို့သော် လတ်တလော ပြဿနာမပေါ် ပေါက်စေရန်အတွက် ကေအင်န်ယူ တပ်ဦးသည် ပြည်ပြေး၊ မွန်ပြည်သစ်ပါတီနှင့်အတူ စစ်ရေးအရ ပူးတွဲ ဆောင်ရွက်ရေး စာချုပ်တစ်ရပ်ကိုမူ ချုပ်ဆိုခဲ့လေသည်။
၁၉၇၅ ခုနှစ်၊ မေလတွင် ပမဒတ(ခေါ်)ပြည်နယ် ပေါင်းစုံပြည်ထောင်စုအမျိုးသား ဒီမိုကရေစီတပ်ပေါင်းစုကို ဖွဲ့စည်းခဲ့ရာ အောက်ပါသောင်းကျန်းသူအဖွဲ့ အစည်းများ ပါဝင်သည်ကို တွေ့ရသည်။
(က)    ကေအင်န်ယူအစည်းအရုံး။*(ဗိုလ်မြခေါင်းဆောင်သော ကေအင်န်ယူတပ်ဦးသည် နောက်ပိုင်းတွင် စောဘဦးကြီးလက်ထက်က အတိုင်း ကေအင်န်ယူဟူ သောအမည်ကို သာသုံးစွဲလာသည်။ တပ်ဦးဟူသော ဝေါဟာရမှာ ကွန်မြူနစ်ဆန်သည်ဟု ဗိုလ်မြက ယူဆသည်။ လက်ဝဲဝါဒီမန်းဘဇံသည် တပ်ဦးအသုံးအနှုန်းအတွက် မကြာခဏ ရှင်းပြခဲ့ရသည်။)
(ခ)     ရခိုင်ပြည်လွတ်မြောက်ရေးပါတီ။
          (ခိုင်မိုးလင်းအဖွဲ့)
(ဂ)     ကရင်နီအမျိုးသားတိုးတက်ရေးပါတီ။
(ဃ)    ကယန်းပြည်သစ်ပါတီ။
(င)     ရှမ်းပြည်တိုးတက်ရေးပါတီ။
          (အက်စ်အက်စ်ပီပီ)
၁၉၇၅ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်တွင် ကေအင်န် ယူဗဟိုဌာနချုပ်တည်ရှိရာ မာနယ်ပလောစခန်း၌ ပမဒတ၏ဗဟိုသဘာပတိအစည်းအဝေးပွဲကိုကျင်းပပြု လုပ်ပြီး နိုင်ငံရေး၊ စစ်ရေး၊ စည်းရုံးရေး၊ နိုင်ငံတကာ ဆက်ဆံရေးကော်မတီလေးရပ်ကိုဖွဲ့စည်းခဲ့ကြသည်။ နည်းဥပဒေများ၊ ရှေ့လုပ်ငန်းစဉ်များကိုလည်း သတ်မှတ်ခဲ့ကြသည်။  ကေအင်န်ယူတို့သည်  တညလတွင် ခေါင်းဆောင်မှုကိုမရရှိခဲ့ပေ။ ထို့ကြောင့် တလမဖ(RNA) ဖွဲ့စည်းရန်ကြိုးစားခဲ့ကြသည်။တလမဖသည် ကေအင်န်ယူနှင့် ပြည်ပြေးတို့၏ ဆက်ဆံရေးကြောင့် မအောင်မြင်ခဲ့ပေ။ သို့နှင့် ကေအင်န်ယူသည် တညလမှ နုတ်ထွက်လိုက်သည်။ ထို့နောက် တလမဖ (RNA) အစား ပမဒတကို ဖွဲ့စည်း၍ ခေါင်းဆောင်မှုကို အရယူ ခဲ့ခြင်းဖြစ်လေသည်။
တလမဖမှ ပမဒတသို့
ကေအင်န်ယူတို့သည် တညလမှနုတ်ထွက်ပြီး (ပမဒတ)ဖွဲ့စည်းရာတွင် ၁၉၇၄ ခုနှစ်ကဖွဲ့စည်းခဲ့ဖူး သည့် တလမဖ(ခေါ်)တော်လှန်သောလူမျိုးပေါင်းစုံ မဟာမိတ်အဖွဲ့ (Revolutionary Nationalities Alliance, RNA)အစည်းအဝေးကိုဦးစွာခေါ်ယူခဲ့ရသည်။ တလမဖအစည်းအဝေးကို ၁၉၇၅ ခုနှစ် ၊ မေလ ၁၅ ရက်မှ ၂၈ ရက်အထိ ကျင်းပခဲ့ရာ အောက်ပါကိုယ်စား လှယ်များ တက်ရောက်ခဲ့ကြသည်။(၁။ ကက(ကြည်း) သုတေသနဌာနစု၏တညလ၏အလားအလာ၊ စာမျက်နှာ ၅၃၊ ၅၄။)
 (က)   ရခိုင်အဖွဲ့
          (၁) ခိုင်ဘကျော်           အဖွဲ့ခေါင်းဆောင်
          (၂) ခိုင်ရဲခိုင်               အဖွဲ့ဝင်
          (၃) ခိုင်စိုးနိုင်အောင်      အဖွဲ့ဝင်
          (၄) ခိုင်မိုးမင်း             အဖွဲ့ဝင်
(ခ)     ကေအင်န်ယူ
          (၁) မန်းဘဇံ               အဖွဲ့ခေါင်းဆောင်
          (၂) ဗိုလ်မြ                 အဖွဲ့ဝင်
          (၃) ဖဒိုသာပြည့်           အဖွဲ့ဝင် (၄) ဖဒိုဘောယူဖောအဖွဲ့ဝင်
          (၅) ဖဒိုဂေဒွဲဘွား                   အဖွဲ့ဝင်
          (၆) ဖဒိုဖူးလဲဝါး            အဖွဲ့ဝင်
          (၇) ဗိုလ်မှူးကြီးလှထူး    အဖွဲ့ဝင်
(ဂ)     ကရင်နီတိုးတက်ရေးပါတီ
          (၁) စောမောရယ်         အဖွဲ့ခေါင်းဆောင်
          (၂) ဗိုလ်မှူးကြီးခဖိုး      အဖွဲ့ဝင်
          (၃) ဗိုလ်မှူးပလျားရယ်   အဖွဲ့ဝင်
          (၄) ရဲဘော်ဝင်းနိုင်       အဖွဲ့ဝင်
(ဃ)    မွန်ပြည်သစ်ပါတီ
          (၁) နိုင်နွန်လာ            အဖွဲ့ခေါင်းဆောင်
          (၂) နိုင်ရွှေကျင်           အဖွဲ့ဝင်
          (၃) နိုင်တက်ထွန်း        အဖွဲ့ဝင်
          (၄) နိုင်ဘလမွန်           အဖွဲ့ဝင်
(င)     ရှမ်းပြည်တိုးတက်ရေးပါတီ ကိုယ်စားလှယ်များ။
ဖော်ပြပါသောင်းကျန်းသူအဖွဲ့   ငါးဖွဲ့သည် အစည်းအဝေးတွင် ညှိနှိုင်းဆွေးနွေးကြပြီးနောက် ၁၉၇၅ ခုနှစ်၊ မေလ ၂၇ ရက်၌ လက်နက်ကိုင်တိုက်ပွဲကို အဓိက ထား၍ လူထုလူတန်းစားတိုက်ပွဲများနှင့် ပေါင်းစပ်ကာ အစိုးရအား  အပြုတ်တိုက်အာဏာသိမ်းယူမည်ဟု ဆုံးဖြတ်လိုက်ကြသည်။ ဆိုလိုသည်မှာ အစိုးရအား နိုင်ငံ ရေးအရရော စစ်ရေးအရပါ တိုက်ခိုက်မည်ဟူ၍ ဖြစ် သည်။ ထို့နောက် ပြည်နယ်ပေါင်းစုံပြည်ထောင်စုအမျိုး သားဒီမိုကရေစီတပ်ပေါင်းစု (ပမဒတ) (ခေါ်) The Federal National Democratic Front (FNDF)ကို ဖွဲ့စည်းပြီးနောက် အောက်ပါဗဟိုသဘာပတိအဖွဲ့ဝင် ၁၄ ဦးကို ရွေးချယ်ခဲ့သည်။
(က)    အတွင်းရေးမှူးဖဒိုဘောယူဖော
(ခ)     တွဲဖက်အတွင်းရေးမှူးဗိုလ်မှူးကြီးဘွန်ထိုင်
(ဂ)     အဖွဲ့ဝင် ခိုင်ရဲခိုင်
(ဃ)    အဖွဲ့ဝင် ခိုင်စိုးနိုင်အောင်
(င)     အဖွဲ့ဝင် ဖဒိုဂေဒွဲဘွား
(စ)     အဖွဲ့ဝင် ဖဒိုသာပြည့်
(ဆ)    အဖွဲ့ဝင် ဗိုလ်မှူးချုပ်တန်ပလာဖော
(ဇ)     အဖွဲ့ဝင် ရဲသီဟ
(ဈ)     အဖွဲ့ဝင် ဗိုလ်မှူး ပလျားရယ်
(ည)    အဖွဲ့ဝင် ရဲဘော်ဝင်းနိုင်
(ဋ)     အဖွဲ့ဝင် ဗိုလ်ကြီးစောမွန်နား
(ဌ)     အဖွဲ့ဝင် ဗိုလ်မှူးကြီး ဆိုင်ဆစ်
(ဍ)     အဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး ခွန်မွန်
(ဎ)     အဖွဲ့ဝင် ဗိုလ်မှူးကြီးခွန်လုံဖ
ပမဒတသဘာပတိအဖွဲ့တွင် ပြည်ပြေးနှင့် ဆက်ဆံ နေရသေးသောမွန်ပြည်သစ်ပါတီမပါဝင်ခဲ့ပေ။ သို့သော်ကေအင်န်ယူများ၏စည်းရုံးမှု ကြောင့် မွန် ပြည် သစ်ပါတီသည် ပမဒတတွင်ပါဝင်ရန်သေချာပြီးသား ဖြစ်နေသည်။    ပမဒတ၏ပထမအကြိမ်မြောက် သဘာပတိအစည်းအဝေးကို ၁၉၇၅ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်တွင် ကေအင်န်ယူဗဟိုမာနယ်ပလောစခန်း ၌ကျင်းပခဲ့ရာ ပမဒတအဖွဲ့အစည်းအား ကေအင်န်ယူ တို့က လုံးဝခေါင်းဆောင်မှုပေးလိုက်ခြင်းပင်ဖြစ်လေ သည်။
ပြည်ပြေး၊ သို့မဟုတ် ပါလီမန်ဒီမိုကရေစီပါတီ
ပြည်ပြေးတို့သည်  နိုင်ငံတကာတွင်  ဝါဒဖြန့် ကြေညာပြီးနောက် လက်နက်ခဲယမ်းများရရှိသောအခါ စစ်ရေးလှုပ်ရှားမှုများပြုလုပ်နိုင်ရန်ကြိုးစားခဲ့ကြသည်။သို့သော်ပါလီမန်ဒီမိုကရေစီပါတီတွင်ဖွဲ့စည်းထားသော စစ်ကောင်စီသည် တိုင်းလေးတိုင်းဖြင့်ဖွဲ့စည်းထားသည့် ပြည်ချစ်လွတ်မြောက်ရေးတပ်မတော်ကို နိုင်နင်းစွာ ကိုင် တွယ်နိုင်ခြင်းမရှိခဲ့ပေ။ လက်နက်ကိုင်တပ်မှူးများသည် စစ် ပ ဒေ သ ရာဇ် ပုံ စံ ဖြင့် ထင် ရာ စိုင်း နေ ကြသည်။ ဂျင်မီယန်း ခေါင်းဆောင်သောမြောက်ပိုင်းတိုင်း သည် ၁၉၇၁ ခုနှစ်၊ အောက်တိုဘာလ ကတည်းက ပြည်ပြေးအဖွဲ့မှနုတ်ထွက်သွားခဲ့သည်။ ဗိုလ်မှူးအောင် ခေါင်းဆောင်သည့် ပြည်ပြေး အနောက်မြောက်တိုင်း သည်လည်း ၁၉၇၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၇ ရက်တွင် ဗဟိုစစ်ကောင်စီမှ ခွဲထွက်သွားပြန်သည်။ အနောက် မြောက်တိုင်းသည် မခွဲထွက်ခင် ကရင်နီတိုးတက်ရေး ပါတီနှင့် ပူးပေါင်း၍ မော်ချီးဒေသနှင့်ပဲခူးတိုင်းတွင် လှုပ်ရှားခဲ့သေးသော်လည်း မအောင်မြင်ခဲ့ပေ။ ဗိုလ်မှူး အောင်သည် ၁၉၇၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်တွင် ဖက်ဆစ်ဆန့်ကျင်ရေးပြည်သူ့ညီညွတ်ရေးပါတီ ဖဆပညကို သီးခြား ထူထောင်ပြန်သည်။ ဗိုလ်မှူး အောင်အဖွဲ့တွင် ဦးသွင်၏လူယုံများဖြစ်ခဲ့သော ဗိုလ်ကျော်ဒင်၊ ချာလီဝန်နှင့် ကျော်ရှိန်တို့လည်းပါဝင်ခဲ့ကြသည်။ ဗိုလ်မှူးအောင်၏အဖွဲ့သည် ကေအင်န်ယူ၏ အထောက်အပံ့ကို ရရှိခဲ့သည်။ သော်လဲ(ကြူအိပ်ခ်ျ-၃၈၇၈)တွင်အခြေခံ၍ ရွှေကျင်အရှေ့ခြမ်းနယ်မြေတွင် ကေအင်န်ယူ တပ်မဟာ(၃)နှင့် ပူးတွဲလှုပ်ရှားခဲ့သည်။ ၁၉၇၅ ခုနှစ်၊ အောက်တိုဘာလ ၁ဝ ရက်တွင် ဗိုလ်မှူး အောင်က တိုင်းမြို့ပြအရာရှိ ဖူးကောင်နှင့် တွေ့ဆုံပြီး ယခင်ထိုင်းနိုင်ငံနယ်ခြားတပ်မှ သိမ်းဆည်းထားသော လက်နက်များပြန်လည်ရရှိရေး၊ ဖဆပညများ ထိုင်း နိုင်ငံတွင် နေထိုင်ခွင့်ရရေးတို့ကိုဆွေးနွေးခဲ့သည်။
ဗိုလ်ချုပ်အဆင့်ရှိ ဦးသွင်၏အလယ်ပိုင်းတိုင်းသည် ကေအင်န်ယူတပ်မဟာ(၆)၊ တပ်ရင်း(၁၆)တို့၏ အကူ အညီဖြင့် ၁၉၇၂ ခုနှစ်၊ အောက်တိုဘာလမှစ၍ ပဲခူးရိုးမသို့ထိုးဖောက် ဝင်ရောက်ရေးကို ကြိုးစားခဲ့သည်။ ကွန်မန်ဒိုတပ်ဖွဲ့များဖွဲ့စည်းသော်လည်း ၁၉၇၄ ခုနှစ် တွင် ပြန်လည် ဖျက်သိမ်းရပြန်သည်။ တိုင်းမှူးဗိုလ်ချုပ်ရန်နိုင်၏တောင်ပိုင်းတိုင်းသည်လည်း ၁၉၇၂ ခုနှစ်၊ သြဂုတ်လတွင်  ရှေ့တန်းမှူးတင်ငွေ ခေါင်းဆောင်၍ တပ်မ (၂၇) ကို တပ်ခွဲခုနစ်ခွဲဖြင့် ဖွဲ့စည်းခဲ့သည်။ ပြည် သိမ်းတပ်ရင်း၊ ကျားနက်တပ်ရင်း၊ ရန်နှိမ်တပ်ရင်း၊ နဂါး မောက်တပ်ရင်းဟူသော တပ်ရင်းလေးရင်းကိုလည်း ဖွဲ့ စည်းခဲ့သည်။ သို့သော် ရန်နှိမ်တပ်ရင်းမှ တပ်ခွဲမှူး ဒါးပလက်   လက်နက်ချသောကိစ္စနှင့်ပတ်သက်၍ ကေအင်န်ယူတပ်ရင်း(၁ဝ)က ကျန်တပ်ဖွဲ့ဝင်များထံမှ လက်နက်များသိမ်းယူခဲ့သည်။ ထို့ကြောင့် ၁၉၇၅ ခုနှစ်၊ မေလ ၁၁ ရက်တွင် ပြည်ပြေးတောင်ပိုင်းတိုင်းနှင့် ကေအင်န်ယူတို့ ပစ်ခတ်တိုက်ခိုက်ခဲ့ကြသည်။ ပြည် ပြေးဗဟိုစစ်ဌာနချုပ်က တောင်ပိုင်းတိုင်းအား မဟာ မိတ် ကေအင်န်ယူနှင့်တိုက်ခိုက်ခြင်းမပြုရန် အကြိမ် ကြိမ်တားမြစ်ခဲ့သည်။  သို့သော်  နာခံခြင်းမရှိသော ကြောင့်  တောင်ပိုင်းတိုင်းကို  ပြည်သူ့ပြည်ချစ်ပါတီ (ပါလီမန်ဒီမိုကရေစီကို နာမည်ပြောင်းထားသောပါတီ) မှ လည်းကောင်း၊ ပြည်ချစ်လွတ်မြောက်ရေးတပ်မတော် မှလည်းကောင်း ၁၉၇၅ ခုနှစ်၊ ဇူလိုင်လ ၁၈ ရက်တွင်  ထုတ်ပစ်လိုက်လေသည်။
ဗိုလ်မှူးကြီးအဆင့်ရှိ တင်မောင်ဝင်းခေါင်းဆောင်သော သီးခြားတိုင်း(၁)သည်လည်း ပြည်ပြေးညိုမှိုင်း ခေါင်းဆောင်သောအင်အား  ၃၄   ယောက်ကို ရေကြောင်းခရီးဖြင့် မြစ်ဝကျွန်းပေါ်သို့ စေလွှတ်ခဲ့ရာ ၁၉၇၂ ခုနှစ်၊ အောက်တိုဘာလ ၁၆ ရက်တွင် ထော်ပိုင် ချောင်း၌ တပ်မတော်က လုံးဝချေမှုန်းပစ်လိုက်သည်။ ထို့နောက် တင်မောင်ဝင်းနှင့် အင်အား ၆၉ ယောက် သည် ၁၉၇၄ ခုနှစ်၊ စက်တင်ဘာလ ၃ဝ ရက်တွင် ပြည်ပြေးအဖွဲ့မှခွဲထွက်၍ ပြည်ထောင်စုလွတ်မြောက် ရေးတပ်မတော်ကို   သီးခြားထူထောင်ပြန်သည်။ ထို့နောက် ထိုင်းနိုင်ငံမြောက်ပိုင်းမှတစ်ဆင့် လားဟူ များကို စည်းရုံးခဲ့သည်။ ထို့နောက် သီးခြားတိုင်း(၁)တွင် မောင်ယုံခေါင်းဆောင်သော အင်အား ၈၃ ယောက် ပါဝင်သည့် ပြောက်ကျားတပ်ရင်း (၁) နှင့် မင်းစိုး အောင် ခေါင်းဆောင်သောအင်အား ၁၅ ယောက်ပါ ဝင်သည့် ပြောက်ကျားတပ်ရင်း (၂) တို့သာကျန်ရစ်ခဲ့ သည်။  ၁၉၇၅  ခုနှစ်၊  ဇွန်လတွင်  ပြည်ပြေး အောင်လက်ျာအဖွဲ့သည် ထိုင်းရဲအဖွဲ့၏အကူအညီဖြင့် ပြည်ထောင်စုလွတ်မြောက်ရေးတပ်စခန်းများကို သိမ်းယူခဲ့သည်။ပြောက်ကျားတပ်ရင်း(၁)မှူး မောင်ယုံ ကို  ထိုင်းရဲအဖွဲ့က  လူသတ်မှုဖြင့်ဖမ်းဆီးထားရာ အောင်လက်ျာက  ထိုင်းရဲများကိုလာဘ်ထိုး၍  အဆိပ် ကျွေးပြီး သတ်စေခဲ့သည်။ ပြောက်ကျားတပ်ရင်း (၂)မှူး မင်းစိုးအောင်ကိုလည်းဖမ်းဆီး၍ ကြယ်ဝါစခန်း(ယူအီး - ၆၂၄၉)တွင် ချုပ်နှောင်ထားခဲ့သည်။၁ သို့နှင့် သီးခြား တိုင်း(၁)သည် အချင်းချင်းပဋိပက္ခဖြစ်ပွားပြီး ခွဲထွက်မှု ပေါ်ပေါက်ရာမှ ဗိုလ်လက်ျာ၏သား အောင်လက်ျာ၏ ချေမှုန်းဝါးမျိုခြင်းကိုခံလိုက်ရလေသည်။
ပြည်တွင်းညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးအဖွဲ့မှ ဇော်ထွန်းသည်လည်း ပြည်ပြေးအဖွဲ့မှ နုတ်ထွက် သွား ခဲ့သည်။ ပြည်ပြေးအဖွဲ့သည် တလုံးတစည်းတည်း မရှိတော့ဘဲ အဖွဲ့ငယ်များခွဲထွက်ခြင်း၊ အချင်းချင်း တိုက်ခိုက်ခြင်း၊ အခြားသောင်းကျန်းသူအဖွဲ့အစည်းများ နှင့်တိုက်ခိုက်ခြင်းတို့ဖြင့် ရှုပ်ထွေးပြီး ဝါးအစည်းပြေ သကဲ့သို့ဖြစ်နေသည်။ ပြည်ပြေးဗဟိုကိုမူ ဦးနုမရှိသည့်နောက် ဦးသွင်က ချုပ်ကိုင်ထားခဲ့သည်။ ရန်ကုန်ဘဆွေကနောင်ရိုးစစ်ဆင်ရေးဖြင့်ပြည်တွင်းသို့ထိုးဖောက်ရန် ကြိုးစားသော်လည်း မအောင်မြင်ခဲ့ပေ။ နောင်ရိုးစစ်ဆင်ရေးတွင် ပြည်ပြေးအသံလွှင့်ရုံကို ထိုင်းနိုင်ငံ ဗရာကျွတ်ဂီရိနရှိ ထိန်လင်းစခန်းတွင်ထားပြီး နောင်ရိုး စစ်ဆင်ရေးပျက်သွားသောအခါမွှေးစခန်းသို့ပြောင်းရွှေ့ခဲ့သည်။  နောက်ပိုင်းတွင်  အောင်မြေစခန်း (ပီဂျေ-၃၉၇၇)မှနေ၍ ဝါဒဖြန့်ချက်များကို အသံလွှင့်ခဲ့သည်။  ဦးသွင်က အားသစ်စာစောင်ကို ၁၅ ရက် တစ်ကြိမ် စောင်ရေ ၂၅ဝ ခန့်ထုတ်ဝေ၍ ဝါဒဖြန့်ချိခဲ့သည်။ ဗိုလ် ရန်နိုင်ကလည်း နဂါးမောက်စာစောင်ကို စောင်ရေ ၂ဝဝ ထုတ်၍ ဝါဒဖြန့်ချိခဲ့သည်။
ဦးနုနုတ်ထွက်သွားပြီးနောက် ပါလီမန်ဒီမိုကရေစီပါတီကို ပြည်သူ့ပြည်ချစ်ပါတီ(ပီပီပီ)ဟု ဖွဲ့စည်းကာ ဗဟိုအလုပ်အမှုဆောင်ကော်မတီတွင် ဗိုလ်လက်ျာက ဥက္ကဋ္ဌ၊ စောကြာဒိုးက ဒုတိယဥက္ကဋ္ဌ၊ ဦးသွင်က အတွင်းရေးမှူးနှင့် ဇာလီမော်က ဘဏ္ဍာရေးမှူးနှင့် တွဲဖက် အတွင်းရေးမှူးတာဝန်ယူပြီး ဗန်ကောက်တွင်အခြေစိုက် သည်။ အလယ်ပိုင်းတိုင်းကို ဦးသွင်က ခေါင်းဆောင်ပြီး ဟိုဖိုင် (ကြူ-၃၆၂၄)တွင် အခြေစိုက်သည်။ ဗိုလ်ရန်နိုင် ၏တောင်ပိုင်းတိုင်းကလည်း သီးခြားလှုပ်ရှားနေသည်။ ပြည်ပြေးတို့သည်   ဇော်ထွန်းခေါင်းဆောင်သော ပြည်တွင်းညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးအဖွဲ့(ပညင) အား ပြည်ပြေးအထူးတိုင်း(၁)အဖြစ် သတ်မှတ်ကာ ကရင်နီအမျိုးသားတိုးတက်ရေးပါတီနှင့်ပူးပေါင်း၍ ၁၉၇၃  ခုနှစ်၊  ဇန်နဝါရီလတွင်  မော်ချီးမိုင်းအား တိုက်ခိုက်ရန်စီစဉ်ခဲ့ကြဖူးသည်။ ကယားပြည်နယ်ကို ဖြတ်သန်းနိုင်ရန် ကရင်နီနှင့်ကယန်းပြည်သစ်ပါတီတို့ကို ငွေနှင့်လက်နက်များထုတ်ပေးခဲ့သည်။    သို့သော် မအောင်မြင်ခဲ့ပေ။ ၁၉၇၂ ခုနှစ်၊ ဇူလိုင်လ ၁၇ ရက် တွင် မန်တလင်းခေါင်းဆောင်သော ချင်းအမျိုးသား အင်အား ၆ဝ ခန့်သည် ပြည်ပြေးတို့နှင့် ဆက်သွယ် ပူးပေါင်းခဲ့သည်။ ထိုချင်းအဖွဲ့သည် ဗိုလ်မှူးအောင် အဖွဲ့နှင့် ပူးပေါင်းနေခဲ့သည်။ ခွန်ရဲနောင်နှင့် ပအိုဝ့် အဖွဲ့ကလည်း ပြည်ပြေးအလယ်ပိုင်းတိုင်းမှခွဲထွက်ပြီး အင်အား ၁၈၇ ယောက်ဖြင့် ၁၉၇၄ ခုနှစ်၊ ဒီဇင်ဘာလ မှစ၍ သထုံနယ်မြေတွင်လှုပ်ရှားခဲ့သည်။ ယင်းအဖွဲ့ သည် ကေအင်န်ယူနှင့်ဆက်သွယ်၍ ကေအင်န်ယူထံမှ သိမ်ဆိပ်နှင့် ကျောက်ရေတွင်းအကြား ပအိုဝ့်နယ်မြေ ရရှိရန် တောင်းခံလျက်ရှိသည်။
ပြည်ပြေးတို့နှင့်လုံးလုံးလျားလျားပူးပေါင်းခြင်းမရှိသော်လည်း စစ်ရေးအရ ယာယီမဟာမိတ်များ အဖြစ် တည်ရှိနေသောအဖွဲ့အစည်းများမှာ အောက်ပါအတိုင်း ဖြစ်သည်။
(က)    ဇော်ထွန်းခေါင်းဆောင်သော ပြည်တွင်း ညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးအဖွဲ့(ပညင)။ ၁၉၇၃ ခုနှစ်မှစ၍ ပြည်ပြေးမှခွဲထွက်သည်။
(ခ)     စောမောရယ်ခေါင်းဆောင်သော ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ။ အင်အား ၃ဝဝ ခန့်ရှိသည်။
(ဂ)     ရွှေအေးခေါင်းဆောင်သောကယန်းပြည် သစ်ပါတီ။ အင်အား၅ဝ ခန့်ရှိသည်။
(ဃ)    ဂျင်မီယန်းခေါင်းဆောင်သော ရှမ်းပြည်သစ် တပ်မတော်(တပ်စစ်မိန်းတိုင်းမိုင်း)အင်အား ၄ဝဝ ခန့်ရှိပြီး ၁၉၇၂ ခုနှစ်တွင် ပြည်ပြေး မှ ခွဲထွက်လာသည်။
(င)     ချင်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့(မန် တလင်းအဖွဲ့)၊   အင်အား   ၆ဝ   ခန့်ရှိပြီး      ဗိုလ်မှူးအောင်၏ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့ညီညွတ်ရေးပါတီ(ဖဆပည)နှင့် ပေါင်းနေသည်။
(စ)     ခွန်ရဲနောင်၏ ပအိုဝ့်အမျိုးသားလွတ်မြောက် ရေးပါတီ၊ အင်အား ၁၈၇ ယောက်ရှိပြီး  ပြည် ပြေးအလယ်ပိုင်းတိုင်းမှခွဲထွက်၍ ကေအင်န်ယူနှင့်ပေါင်းနေသည်။ နောင် သော အ ခါ တစ် ဖွဲ့ လုံး လက် နက် ချ ပြီး ချုပ်ငြိမ်းခဲ့သည်။
(ဆ)    တော်လှန်သောလူမျိုးပေါင်းစုံ မဟာမိတ် အဖွဲ့(တလမဖ)၊ တညလ ပျက်သွားပြီး နောက် ကေအင်န်ယူ၊ ရခိုင်လွတ်မြောက်ရေးအဖွဲ့(ခိုင်မိုးလင်း)၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ၊ မွန်ပြည်သစ်ပါတီ၊ ရှမ်း ပြည်တိုးတက်ရေးပါတီတို့ ပူးပေါင်းဖွဲ့စည်း ထားသော အဖွဲ့ဖြစ်သည်။ ၁၉၇၅ ခုနှစ်၊ မေလ ၂၇ ရက်မှစ၍ ပြည်နယ်ပေါင်းစုံ ပြည်ထောင်စုအမျိုးသားဒီမိုကရေစီ တပ် ပေါင်းစု (ပမဒတ)ဟူ၍ ဖြစ်လာသည်။
ဗကပနှင့်ကေအင်န်ယူပါတီများမှာမူ ပြည်ပြေး တို့နှင့်ရန်ဘက်ပါတီများဖြစ်ကြသည်။
တိုင်းရင်းသားလူမျိုးပေါင်းစုံညီညွတ်ရေးနှင့် လွတ်မြောက်ရေးတပ်ပေါင်းစုတည်ထောင်ခဲ့သော ၁၉၇ဝ ပြည့်နှစ်၊ မေလ ၂၅ ရက်မှ ကေအင်န်ယူများနုတ်ထွက်ခဲ့သည့် ၁၉၇၅ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက်အထိ တညလအဖွဲ့ဝင်သောင်းကျန်းသူများနှင့် တပ်မတော်တို့ တိုက်ပွဲဖြစ် ထိတွေ့မှုပေါင်း (၈ဝ၃)ကြိမ်ရှိခဲ့သည်။ ထိုထိတွေ့မှုများအနက် တွေ့ဆုံတိုက်ခိုက်ခဲ့သည့်ပွဲပေါင်း (၅၈၄)ကြိမ်ဖြစ်ပြီး သောင်းကျန်းသူများက တပ်မတော်စခန်းများကို (၁၂၁)ကြိမ်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ တပ်မတော် စစ်ကြောင်းများကို (၆၈)ကြိမ်ချုံခိုတိုက်ခိုက် နိုင်ခဲ့သည်။ တပ်မတော်က သောင်းကျန်းသူများ၏ စခန်းများကို (၂၂)ကြိမ် တိုက်ခိုက်နိုင်ခဲ့ပြီး သောင်းကျန်း သူစစ်ကြောင်းများကို တစ်ကြိမ်ချုံခိုတိုက်ခိုက်ခဲ့သည်။
တညလ သောင်းကျန်းသူများနှင့်ထိတွေ့တိုက်ခိုက်ခဲ့သမျှတွင် ကေအင်န်ယူနှင့် ထိတွေ့မှုမှာ အများ ဆုံးဖြစ်ပြီး (၄၆၆) ကြိမ်ထိတွေ့ခဲ့သည်။ ယင်းထိတွေ့မှုများအနက်တွေ့ဆုံတိုက် ပွဲ (၃၅၃) ကြိမ် ဖြစ် ပြီး တပ်မတော်စခန်းများကို (၅၈)ကြိမ်တိုက်ခိုက်ခဲ့သည်။ ကေအင်န်ယူစခန်းများကို တပ်မတော်က (၁၄) ကြိမ် တိုက်ခိုက်ခဲ့သည်။ ကေအန်ယူတပ်ဦးသည် တပ်မတော် စစ်ကြောင်းများအား (၁၃၇)ကြိမ် ချုံခိုတိုက်ခိုက်ခဲ့သည်။ ပြည်ပြေးများမှာ တပ်မတော်နှင့် (၁၈၅)ကြိမ် တိုက်ပွဲ ဖြစ်ပွားခဲ့ရာ တွေ့ဆုံတိုက်ပွဲ (၁၂၅) ကြိမ်ဖြစ်ပြီး တပ်မတော်စခန်းများကို (၃၃)ကြိမ် တိုက်ခိုက်ခဲ့သည်။ တပ်မတော်က ပြည်ပြေး စခန်းများကို ငါးကြိမ်တိုက်ခိုက်ခဲ့သည်။ ပြည်ပြေးတို့က တပ်မတော်အား (၁၈)ကြိမ် ချုံခိုတိုက်ခိုက်ခဲ့သည်။  မွန်ပြည်သစ်ပါတီသည် တပ်မတော်နှင့်တိုက်ပွဲ(၁၁၄) ကြိမ်ဖြစ်ပွားခဲ့ရာ တွေ့ဆုံ တိုက်ပွဲ  (၈၉) ကြိမ်နှင့် တပ်မတော်စခန်းကို (၁၄)ကြိမ် တိုက်ခိုက်ခဲ့သည်။ တပ်မတော်က မွန်ပြည်သစ်ပါတီ စခန်းများအား သုံးကြိမ်တိုက်ခိုက်ခဲ့သည်။
ကေအင်န်ယူ၊ပြည်ပြေး၊မွန်ပြည်သစ်ပါတီတို့ ပူးပေါင်း၍ တညတအဖြစ်(၃၈)ကြိမ် ထိတွေ့တိုက်ခိုက် ခဲ့ကြရာ တညလအနေနှင့် တပ်မတော်စခန်းများကို (၁၆) ကြိမ်၊ စစ်ကြောင်းများကိုချုံခို၍ ငါးကြိမ်တိုက်ခိုက် ခဲ့ဖူးသည်။ စင်စစ်တညလအဖွဲ့ဝင်များသည် မိမိတို့ အဖွဲ့အလိုက်သာ မိမိတို့ဆန္ဒရှိသည့်အလျောက် လှုပ်ရှား နေကြပြီး   ပူးပေါင်းလှုပ်ရှားမှုမှာမူ  အလွန်နည်းပါးခဲ့သည်။
တညလအင်အားစုအနေနှင့် ပူးပေါင်း၍ တိုက်ကွက်ဖော်ခဲ့ရာတွင် အကြီးမားဆုံးတိုက်ပွဲမှာ 'မြဝတီ၊ သင်္ကန်းညီနောင်၊ မဲပုလဲ ငါးရက်တိုက်ပွဲ'ဖြစ် သည်။ ၁၉၇၄ ခုနှစ်၊ မတ်လ ၁၇ ရက်တွင် ကေအင်န် ယူတပ်မဟာ(၆)၊ တပ်မဟာ(၃)၊ တပ်ရင်း(၁၆)၊ ပြည် ပြေးအလယ်ပိုင်းတပ်ရင်း(၁)ပူးပေါင်းအင်အား ၁၅ဝ ခန့်သည် မြဝတီစခန်းအား (ဝ၆၁၅)နာရီမှစတင်၍ လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြသည်။ တပ်မတော်က လေကြောင်းပစ်ကူဖြင့် စနစ်တကျပြန်လည်တိုက်ခိုက် ရာ မတ်လ ၂၁ ရက်၊ (ည ၂ဝ၄၅) နာရီတွင် ဖလူး လမ်းအတိုင်း ဆုတ်ခွာခဲ့ရသည်။ ငါးရက်တာ တိုက်ပွဲ တွင် တပ်မတော်မှ စစ်သည်ရှစ်ယောက်သာ ဒဏ်ရာ ရခဲ့ပြီး ကေအင်န်ယူ ၂၃ ယောက်၊ ပြည်ပြေး ၄၂ ယောက်၊ စုစုပေါင်း တညလ ၆၅ ယောက်သေဆုံးခဲ့ သည်။ ကေအင်န်ယူ ၂၃ ယောက်၊ ပြည်ပြေး ၃၂ ယောက် စုစုပေါင်းတညလ ၅၅ ယောက်ဒဏ်ရာရရှိခဲ့ သည်။ ၄ဝ မမ ကျည် ရှစ်လုံး၊ ၅ ဒသမ ၅၆ ကျည် ၃၂၄ တောင့်ကို တပ်မတော်က သိမ်းဆည်းခဲ့သည်။
မြဝတီကို လာတိုက်သည့် မတ်လ ၁၇ ရက်မှာပင် ကေအင်န်ယူနှင့် ပြည်ပြေးတို့သည် ၅၇ မမ၊ ၆ဝ မမ၊ ၃ ဒသမ ၅ လောင်ချာတို့ကိုသုံးပြီး ဝ၅၄၅ နာရီမှစ၍ သင်္ကန်းညီနောင်စခန်းကိုလည်း တစ်ပြိုင်နက်တည်း တိုက်ခိုက်ခဲ့ကြသည်။ တပ်မတော်မှ တပ်စိတ်လေးစိတ်က လေကြောင်းပစ်ကူဖြင့် စနစ်တကျခုခံတိုက်ခိုက်ရာ သောင်းကျန်းသူများ မတ်လ ၂၂ ရက်၊ ည(၂ဝ ၃ဝ) နာရီတွင် ဆုတ်ခွာ သွားကြသည်။ ထိုတိုက်ပွဲတွင်လည်း  တညလ  ၃ဝ  သေဆုံးပြီး  ၄ဝ  ဒဏ်ရာရခဲ့သည်။        တပ်မတော်မှ စစ်သည်တစ်ယောက်သာကျဆုံးပြီး ရှစ်ယောက် ဒဏ်ရာရခဲ့သည်။ မြဝတီနှင့်သင်္ကန်းညီ နောင်ကို တိုက်ခိုက်သည့်နေ့နှင့် တစ်ပြိုင်တည်းမှာပင် မဲပုလဲစခန်းကို အင်အား ၃ဝဝ ခန့်ဖြင့် (ဝ၆၃ဝ)နာရီ မှစ၍ တိုက်ခိုက်ပြန်သည်။ တပ်မတော်က စနစ်တကျ ခုခံတိုက်ခိုက်ရာ မတ်လ ၂၂ ရက်၊ ည(၁၉ ၂ဝ)နာရီ တွင် တညလငါးယောက်သေဆုံးပြီး ဒဏ်ရာရသူ လူ ၂ဝ နှင့်အတူ ဆုတ်ခွာခဲ့ကြရသည်။ တပ်မတော်မှ စစ် သည် ငါးယောက်သာ ဒဏ်ရာရရှိခဲ့သည်။
တညလသောင်းကျန်းသူများသည် မြဝတီ၊ သင်္ကန်း ညီနောင်၊ မဲပုလဲစခန်းသုံးနေရာအား တစ်ပြိုင်နက်တည်း အင်အားအလုံးအရင်းစုစည်း၍ တိုက်ခိုက်ခဲ့ကြ သော်လည်းအထိနာပြီး  ဆုတ်ခွာခဲ့ကြရသည်။ ကေအင်န်ယူတို့အနေနှင့်လည်း   ပြည်ပြေးများနှင့် ပူးပေါင်းတိုက်ခိုက်ခြင်းသည် မိမိတစ်ဦးတည်းတိုက်ခိုက်ခြင်းထက်စစ်ရေးအရများစွာ ပိုမို၍အရေးနိမ့်စေ ကြောင်း သင်ခန်းစာ ရသွားခဲ့သည်။
ပြည်ပြေးခေါင်းဆောင်သော တညလ အင်အားစု များသည် ၁၉၇ဝ ပြည့်နှစ်၊ မေလ ၂၅ ရက်မှ ၁၉၇၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်အထိ ငါးနှစ်တာကာလ အတွင်း တပ်မတော်နှင့်တိုက်ခိုက်ခဲ့ကြရာ တညလအဖွဲ့ဝင် သောင်းကျန်းသူ ၅၇၄ ယောက်သေဆုံးခဲ့ရပြီး တပ်မတော်ဘက်မှလည်း စစ်သည် ၃၄၄ ယောက် နိုင်ငံ တော်အတွက် အသက်စွန့်ခဲ့ရသည်။ တညလ သောင်းကျန်းသူများက ထိုးစစ်အနေနှင့် ဆင်နွှဲတိုက်ခိုက်ခဲ့သော မြဝတီတိုက်ပွဲ၊ သင်္ကန်းညီနောင်တိုက်ပွဲနှင့်မဲပုလဲတိုက်ပွဲ အပါအဝင် တပ်မတော် စခန်းများကို တိုက်ခိုက်သည့် အခြားတိုက်ပွဲများမှာ အောင်မြင်မှုမရရှိဘဲ အကျအဆုံး များစွာဖြင့်သာ ဆုတ်ခွာခဲ့ရသည်။ ထိုငါးနှစ်တာကာလအတွင်း သောင်းကျန်းသူတညလတို့၏ လက်နက်မျိုးစုံ ၆၃၇ လက်ကို တပ်မတော်က သိမ်းဆည်းရမိခဲ့ပြီး တညလဒဏ်ရာရသူ စုစုပေါင်းမှာလည်း ၃၈၆ယောက် အထိရှိခဲ့သည်။တညလသောင်းကျန်းသူများထဲမှ ဖမ်းဆီးရမိခံရသူနှင့် လက်နက်ချ အလင်းဝင်သူပေါင်းမှာ ၇ဝ၄  ယောက်ရှိခဲ့သည်။  အထူးသဖြင့်  လွတ်ငြိမ်းချမ်းသာခွင့် ကြေညာချက် ထုတ်ပြန်ပေးပြီးနောက် ၁၉၇၄ ခုနှစ်၊ မတ်လ ၁၉ ရက်မှ ၁၉၇၅ ခုနှစ်၊ ဇွန်လ ၁၆  ရက်အထိ  တစ်နှစ်ကျော်ခန့် ကာလအတွင်း ကေအင်န်ယူ ၁ဝ၂ ယောက်၊ ပြည်ပြေး ၃၄၃ ယောက် နှင့် မွန်ပြည်သစ်ပါတီမှ ၄ဝ ယောက်၊ လက်နက်ချ အလင်းဝင်ခဲ့ကြသည်။
တညလတို့၏စစ်ရေးလှုပ်ရှားမှုတွင် ပြည်ပြေးတို့မှာ အထိအနာဆုံးပင်ဖြစ်သည်။ မွန်ပြည်သစ် ပါတီမှာလည်း ယင်းတို့၏အဖွဲ့အစည်းပမာဏနှင့်စာလျှင်များစွာအထိနာသည် ဟုဆိုနိုင်သည်။ ကေအင်န်ယူ မှာမူပြည်ပြေးတို့နှင့်ပူးပေါင်း၍သာ အထိနာရခြင်းဖြစ်ပြီး သီးခြားလှုပ်ရှားမှု အနေနှင့်မူ သိသိသာသာ အင်အားနည်းသွားသည်အထိ ထိခိုက်မှုမရှိခဲ့ပေ။ ဦးသွင်သည် ကေအင်န်ယူတပ်ဦးနှင့် ပူးပေါင်းပါက တနင်္သာရီတိုင်း (ယခု မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်း)တစ်ခုလုံးကို သိမ်းနိုင်မည်ဟု အထင်ရောက်ခဲ့ သော်လည်း ကျဉ်းမြောင်းသောလူမျိုးရေးဝါဒီတစ်ဦးဖြစ်သည့် ဗိုလ်မြမှာမူ ကေအင်န်ယူ တပ်ဦးကို ပြည်ပြေး အတွက် အသုံးချမခံဘဲ နုတ်ထွက်ခဲ့သည်။ ဗိုလ်မြသည် အမျိုးသား ဆိုရှယ်လစ်ဝါဒီ (လူမျိုးရေးဆိုရှယ်လစ်) မန်းဘဇံကိုပင်လျှင် ဥက္ကဋ္ဌတင်ထားသော်လည်း ခေါင်းဆောင်ခွင့်ပေးသူမဟုတ်ပေ၊ သို့နှင့် တညလ ပျက်ပြားပြီးနောက်တွင် ဗိုလ်မြသည် ပမဒတကိုဖွဲ့စည်း၍ အင်အားပိုမို ကြီးထွားလာသည်။  ပြည်ပြေးမှာမူ  အဖွဲ့ငယ်များ အစိတ်စိတ်အမြွှာမြွှာကွဲ၍ လုံးပါးပါးလာခဲ့ရာ သူတစ်လူ ငါတစ်မင်း ထင်ရာစိုင်း နေကြသည့် မှောင်ခိုဂိုဏ်းများ အဆင့်သို့သာ ရောက်ရှိသွားရလေတော့သည်။










ပြည်သူ့ပြည်ချစ်ပါတီ
(ပြည်ပြေးအဖွဲ့)
ဖွဲ့စည်းပုံ
ဗဟိုအလုပ်အမှုဆောင်အဖွဲ့
(ဗန်ကောက်)
အင်အား(၁ဝ)ယောက်

၁။                ဗိုလ်ချုပ်ကြီးလက်ျာ                 ဥက္ကဋ္ဌ
၂။                ဗိုလ်ချုပ်ကြီးစောကြာဒိုး            ဒုတိယဥက္ကဋ္ဌ
၃။                ဗိုလ်ချုပ်ဦးသွင်                     အထွေထွေအတွင်းရေးမှူးချုပ်
၎။                ဗိုလ်မှူးကြီးဇာလီမော်               တွဲဖက်အထွေထွေအတွင်းရေးမှူး
၅။                ဗိုလ်ချုပ်ရန်နိုင်                      အလုပ်အမှုဆောင်
၆။                ဗိုလ်မှူးကြီးမောင်လှိုင်              အလုပ်အမှုဆောင်
၇။                ဗိုလ်မှူးကြီးလှမောင်                အလုပ်အမှုဆောင်
၈။                ဒုတိယဗိုလ်မှူးကြီးမောင်ကလေး  အလုပ်အမှုဆောင်
၉။                ဒုတိယဗိုလ်မှူးကြီးနေမင်း                   အလုပ်အမှုဆောင်
၁ဝ။               ဦးသုဝေ                              အလုပ်အမှုဆောင်
မှတ်ချက်။        ဗိုလ်ချုပ်ရန်နိုင်နှင့်ဗိုလ်မှူးကြီးမောင်လှိုင်တို့အား ၁၈- ၇ - ၇၅ တွင် ဗဟိုအလုပ် အမှုဆောင် အဖွဲ့မှ ထုတ် ပယ်ပစ်လိုက်သည်။
          ပြည်ချစ်လွတ်မြောက်ရေးတပ်မတော်
(ပြည်ပြေးပီအယ်လ်အေ)ဖွဲ့စည်းပုံ
ပြည်သူ့ပြည်ချစ်ပါတီ
ဥက္ကဋ္ဌ ဗိုလ်လက်ျာ
၂ဝ

အလယ်ပိုင်းတိုင်း
ဦးသွင်
၄၇
တောင်ပိုင်းတိုင်း
ဗိုလ်ရန်နိုင်
၁၄
ပြည်သူ့ညီညွတ်ရေး
ပါတီ၊ ဗိုလ်မှူးအောင်
၁၅ဝ
ပြည်ထောင်စုလွတ်မြောက်ရေး
တပ်မတော်
၄၂
ရင်း(၁)
မိုးညို
၈၈
ပြည်သိမ်းတပ်ရင်
ဖေတင်
၂၁ဝ
ပြောက်ကျားတပ်ရင်း(၁)
မောင်ယုံ
၈၁
ရင်း(၂)
အောင်ဖေ
၇၈
ကျားနက်တပ်ရင်း
တင်ညွန့်
၁၄၁
ပြောက်ကျားတပ်ရင်း(၂)
မင်းစိုးအောင်
၃၇
ရင်း(၃)လှဆန်း၇၂
နဂါးမောက်တပ်ရင်း
မင်းနိုင်၁၁၄

ရင်း(၄)မင်းထွဋ်၅ဝ
ရန်နှိမ်တပ်ရင်း
အော်ကျော်
၁၃၂

ကွန်မန်ဒိုရင်း(၁)မောင်ညို
၁၅ဝ
ကွန်မန်ဒိုတပ်
စိုးသင်
၄၅

 

မှတ်ချက်။        ။ပြည်ပြေးအဖွဲ့ စုစုပေါင်းအင်အားမှာ ၁၉၇၅ ခုနှစ်တွင် ၁၂၂၇ ယောက်ခန့် ရှိသော်လည်း ဗိုလ်ရန်နိုင်၏ တောင်ပိုင်းတိုင်း၊ ဗိုလ်မှူးအောင်၏  ပြည်သူ့ ညီညွတ်ရေးပါတီနှင့် တင်မောင်ဝင်း၏ ပြည် ထောင်စုလွတ် မြောက် ရေး တပ်မတော်တို့မှာ သီးခြားအဖွဲ့အစည်း များအဖြစ်   ခွဲထွက်လှုပ်ရှားနေကြသည်။ ပြည်ပြေးဗဟိုနှင့် အလယ်ပိုင်း တိုင်းကိုသာ ဦးသွင်က ချုပ်ကိုင်ထား ခြင်းဖြစ်သည်။ ပြည်ပြေးအားလုံးမှာ ထိုင်းနိုင်ငံတွင်သာအခြေစိုက်နေကြ ပြီး အဖွဲ့အစည်းအချင်းချင်း ပဋိပက္ခ မျိုးစုံ၊ ပြဿနာမျိုးစုံဖြင့် ရှုပ်ထွေးနေ ကြလေသည်။
ရှမ်းသောင်းကျန်းသူများ
ရှမ်းသောင်းကျန်းသူတို့၏ မူလအဖွဲ့အစည်းမှာ ရှမ်းပဒေသရာဇ်စော်ဘွားများက ကျောထောက် နောက်ခံပြုတည်ထောင်ခဲ့သည့် နွံစစ်ဟန်အဖွဲ့ဖြစ်ပြီး ခွဲထွက်ရေးကို အခြေခံခဲ့သည်။ သို့သော် နွံစစ်ဟန်အဖွဲ့သည် ၁၉၅၉ ခုနှစ်တွင် စတင်သောင်းကျန်းပြီး မကြာခင်မှာပင် နယ်မြေအလိုက် ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ခွန်သော်တာ၊ ခွန်ကြာနု၊ စိုင်းလှအောင်တို့ခေါင်းဆောင်သော ရှမ်းပြည်လွတ်မြောက်ရေး တပ်မတော်(S.S.I.A)၊ကျိုင်းတုံခရိုင်တွင်ဘုန်းကြီးလူထွက်ဦးကုဏ္ဍလ၏ ရှမ်းတပ်မတော် (စစ်ဟန်စင်တိုင်း)၊ ရှမ်းပြည်နယ်တောင်ပိုင်း တွင် စိုင်းနွဲ့၏ နွံစစ်ဟန်ဟူ၍ အဖွဲ့သုံးဖွဲ့ကွဲထွက်ခဲ့ သည်။ တော်လှန်ရေး ကောင်စီက နိုင်ငံတော်အာဏာကို ထိန်းသိမ်းပြီးနောက်ပိုင်းတွင် ဖက်ဒရယ်မူတောင်းဆို လိုသော စော်ဘွားအင်အားစုများက ဆူပူသောင်းကျန်း ကြသဖြင့် ရှမ်းသောင်းကျန်းသူများတိုးပွားလာပြန် သည်။ သို့သော် ရှမ်းသောင်းကျန်းသူများသည် တလုံး တည်း တစည်းတည်းဖြစ်မလာဘဲ မှောင်ခိုစီးပွားရေး လုပ်ငန်း၊ ဘိန်းကုန်ကူးရေးလုပ်ငန်းတို့နှင့်ပတ်သက်ပြီး မကြာခဏပဋိပက္ခများဖြစ်ပွားနေခဲ့ကြသည်။ ဗကပနှင့်ပြည်ပြေးတို့ကအပြိုင်အဆိုင်သိမ်းသွင်းစည်းရုံးမှု၊ကာကွယ်ရေးများတောခိုမှုတို့ပေါ်ပေါက်လာသောအခါ ရှမ်းသောင်းကျန်းသူတို့အကြားတွင် ပဋိပက္ခပြဿနာ များ ပို၍ထူပြောရှုပ်ထွေးလာကြပြန်သည်။
အက်စ်အက်စ်အေဌာနချုပ်တွင် ဥက္ကဋ္ဌခွန်ကြာနု၊ အတွင်းရေးမှူးစဝ်ဆေးဝိုင်တို့က ခေါင်းဆောင် လျက်ရှိရာ စဝ်ဆေးဝိုင်သည် ညောင်ရွှေစော်ဘွားကြီးစဝ်ရွှေ သိုက်(သမ္မတဟောင်း)၏ သားဖြစ်သည်။ စဝ်ဆေးဝိုင်သည် မဟာဒေဝီနန်းဟိန်ခမ်းအား ထိုင်းနိုင်ငံသို့ခေါ်ယူ ပြီးနောက် အက်စ်အက်စ်အိုင်အေ အဖွဲ့ရှိစဉ်ကတည်းက နာယကအဖြစ်တင်မြှောက်ခဲ့သည်။ နောင်တွင် အက်စ် အက်စ်အေပေါ်လာသည် အထိ မဟာဒေဝီနန်းဟိန်ခမ်း သည် နာယကကြီးဖြစ်နေခဲ့သည်။ မဟာဒေဝီသည် တော်လှန်ရေးစိတ်ရှိသူ မဟုတ်ဘဲ ပဒေသရာဇ်အဆောင် အယောင်များကို စွန့်လွှတ်နိုင်သူမဟုတ်ရာ အက်စ် အက်စ်အေမှ လူငယ်များနှင့် ပဋိပက္ခဖြစ်လာသည်။ အက်စ်အက်စ်အေသည် ရှမ်းပြည်တိုးတက်ရေးပါတီ (ခေါ်) အက်စ်အက်စ်ပီပီကို နိုင်ငံရေးဦးဆောင်ပါတီ အဖြစ်ထူထောင်ခဲ့သည်။
ရှမ်းပြည်မြောက်ပိုင်းလွယ်ခေးဒေသတွင်  ဒုတိယဥက္ကဋ္ဌအုံးဘောင်ပွန်၊တိုင်းတွဲဖက်အထွေထွေ အတွင်းရေးမှူးဆေးထင်နှင့် စစ်ဦးစီးချုပ်စိုင်းလှအောင်တို့က  အက်စ်အက်စ်အေကိုဦးဆောင်လျက်ရှိရာ ဗကပတို့၏ဆွဲဆောင်သိမ်းသွင်းခြင်းကို   မကြာခဏကြုံတွေ့ရသည်။ အက်စ်အက်စ်အေအတွင်း ကွန်မြူနစ် ဝါဒစိမ့်ဝင်လာသောအခါတွင် မဟာဒေဝီမှာအက်စ်အက်စ်အေ၏ နာယက အဖြစ်ရပ် တည်နေရန်အကြောင်း မရှိတော့ပေ။ ထို့ကြောင့် ၁၉၇၃ ခုနှစ်၊ မတ်လတွင် ကော်မတီ အစည်းအဝေးကျင်းပ၍ မဟာဒေဝီအား အက်စ်အက်စ်အေနာယကကြီးအဖြစ်မှ ဖြုတ်ချခဲ့ကြ သည်။ ထို့နောက် အက်စ်အက်စ်အေရှမ်းသောင်းကျန်း သူများသည် ၁၉၇၃ ခုနှစ်၊ မေလ ၂၄ ရက်တွင် တောခို ကာကွယ်ရေးအဖွဲ့များဖြစ်ကြသော လော်စစ်ဟန်၏ ကိုးကန့်အဖွဲ့၊ မဟာစန်း၏ဗိန်းငင်းအဖွဲ့၊ လိုင်းအူ၏ မန်မန်ဆိုင်အဖွဲ့တို့နှင့်ပူးပေါင်းရန်   မန်ပလောင်၊ လွယ်ဆေးဒေသတွင်  လက်မှတ်ရေးထိုးခဲ့ကြသည်။ ၁၉၇၃ ခုနှစ်၊ ဇူလိုင်လတွင် အက်စ်အက်စ်ပီပီဌာနချုပ် မန်းရှိုး၊  မန်နောင်ဒေသ၌ရှိနေစဉ်  ကေအင်န်ယူပီမှ စကောလယ်တောခေါင်းဆောင်သော  ကိုယ်စားလှယ် သုံးဦးရောက်ရှိလာပြီး  ဗကပအရှေ့မြောက်စစ်ဒေသ ဌာနချုပ်ရှိရာ ပန်ဆန်း(အယ်လ်ကေ-ဝ၇ဝ၅)သို့သွား ရောက်နိုင်ရေးအတွက် အကူအညီ တောင်းခံခဲ့ကြသည်။ကေအင်န်ယူပါတီသည် ပဲခူးရိုးမနစ်ဖြူကို မှီခိုနေရရာမှ ပြည်ပအကူအညီ တိုက်ရိုက်ရရှိရန်ကြိုးစားခြင်းဖြစ်သည်။ ထိုအချိန်တွင် အက်စ်အက်စ်အေအဖွဲ့ သည်လည်းလက်နက်ခဲယမ်း များစွာချို့တဲ့လာသဖြင့် အကူအညီအထောက်အပံ့တစ်စုံတစ်ရာရယူရန် လိုအပ်နေပြီ ဖြစ်၏။ ထို့ကြောင့်ကေအင်န်ယူပါတီမှ စကောလယ် တောတို့ကို ခေတ္တစောင့်ဆိုင်းစေပြီး ပန်ဆန်းသို့စေ လွှတ်မည့် အက်စ်အက်စ်ပီပီကိုယ်စားလှယ်အဖွဲ့ကိုရွေးချယ် ရန်စီစဉ်ခဲ့ကြရသည်။ ထို့နောက် တွဲဖက် အထွေထွေ အတွင်းရေးမှူးနှင့် နိုင်ငံရေးမှူးဖြစ်သူ ဆေးထင် ခေါင်းဆောင်သော အင်အား ၂ဝဝ ခန့်သည် စကော လယ်တောခေါင်းဆောင်သော ကေအင်န်ယူပါတီ ကိုယ်စားလှယ်များနှင့်အတူ လွယ်ဆေးဒေသမှ ထွက်ခွာ သွားကြရာ ၁၉၇၃ ခုနှစ်၊ အောက်တိုဘာလ၌ ပန်ဆန်း သို့ရောက်ရှိကြသည်။(၁။ ရှမ်းသောင်းကျန်းသူများ သမိုင်းအကျဉ်းချုပ်(၁၉၈၄ ခုနှစ်၊ ဒီဇင်ဘာလ) စာမျက်နှာ ၁၅ မှ ၁၆။)
ပန်ဆန်းတွင် အက်စ်အက်စ်အေနှင့် ဗကပ ခေါင်းဆောင်တို့တွေ့ဆုံဆွေးနွေး၍ ၁၉၇၃ ခုနှစ်၊ နိုဝင် ဘာလ ၁၈ ရက်၌ ဗကပနှင့်အက်စ်အက်စ်အေတို့ စစ် ရေးအရပူးပေါင်းဆောင်ရွက်ရန်သဘောတူလက်မှတ် ရေးထိုးခဲ့ကြသည်။ ဗကပများက ဆေးထင်တို့အဖွဲ့အား လက်နက်ခဲယမ်းများထုတ်ပေးခဲ့သည်။ ဆေးထင်နှင့် အက်စ်အက်စ်အေများသည် ဗကပတို့ပေးသော လက်နက်ခဲယမ်းများကိုယူ၍ ၁၉၇၃ ခုနှစ်၊ နိုဝင်ဘာလ ၂၇ ရက်တွင် ပန်ဆန်းမှထွက်ခွာလာကြရာ ၁၉၇၄ခုနှစ်၊  ဧပြီလ ၁၇ ရက်တွင် မိုင်းတုံသို့ပြန်ရောက်ရှိလာကြသည်။ အက်စ်အက်စ်အေများသည်ဗကပနှင့် ဆက်သွယ်၍ စစ်ရေးအရ ပူးပေါင်းနေစဉ်မှာပင် ဗိုလ်မြ ခေါင်းဆောင်သော ပမဒတတွင်လည်း အက်စ်အက်စ် ပီပီ ကိုယ်စားလှယ်စေလွှတ်၍ ပါဝင်ခဲ့ကြသည်။ အက်စ် အက်စ်အေများအနေနှင့်လက်ဝဲစွန်းရောက်အဖွဲ့အစည်း ဖြစ်သော ဗကပနှင့်ရော၊ လက်ယာစွန်းရောက် ဖက်ဒရယ်ဝါဒီ  ပမဒတနှင့်ပါ  တစ်ပြိုင်နက်တည်း ဆက်သွယ်နေခဲ့ခြင်းဖြစ်ရာအဖွဲ့အစည်းအတွင်းလက် ဝဲ၊ လက်ယာပဋိပက္ခများ ပေါ်ပေါက်စရာဖြစ်ခဲ့ရသည်။
ထိုင်း-မြန်မာနယ်စပ် မိုင်းမောတွင် အက်စ်အက်စ်  အေတိုင်း(၂)ကို ဖွင့်လှစ်ထားရာ တိုင်း(၂)တွင် ကိုးကန့်နှင့်ဗိန်းငင်းတောခိုကာကွယ်ရေးများ ရောနှောနေကြ သည်။အက်စ်အက်စ်အေကိုးကန့် ကာကွယ်ရေးနှင့် ဗိန်းငင်းအဖွဲ့တို့သည် ဘိန်းလုပ်ငန်းဆက်ကြေးကိစ္စများ နှင့်ပတ်သက်၍ မကြာခဏ ပဋိပက္ခများ ဖြစ်ပွားနေခဲ့ကြသည်။တိုင်း(၂)၏တိုင်းမှူးအဖြစ် ကိုးကန့်ကာကွယ် ရေးမှ ကျန်ကျုံးချိန်(ခေါ်)ဝဏ္ဏကို အက်စ်အက်စ်အေက တင်မြှောက်ထားသော်လည်း ကျန်ကျုံးချိန်သည် တိုင်း (၂) ကို မထိန်းသိမ်းနိုင်ချေ။ ၁၉၇၄ ခုနှစ်၊ နိုဝင်ဘာလ ၁ဝ ရက်တွင် တိုင်း(၂)တပ်အားလုံး၏ စစ်ဦးစီးမှူးဖြစ်သူ စိုင်းအောင်(ဗိန်းငင်းအဖွဲ့ဝင်)ကို ကိုးကန့်အဖွဲ့က ထိုင်း နိုင်ငံမယ်ဆိုင်၌ လုပ်ကြံသတ် ဖြတ်ခဲ့သည်။ ထိုကိစ္စနှင့် ပတ်သက်ပြီး မကျေနပ်သဖြင့် အက်စ်အက်စ်အေနှင့် ဗိန်းငင်းအဖွဲ့တို့က ကိုးကန့်ကာကွယ်ရေးများကို ၁၉၇၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်မှ စတင်တိုက်ခိုက်ကြရာ ကိုးကန့် ကာကွယ်ရေးများသည် တိုင်း(၂) နှင့် ကွဲသွား ကြတော့သည်။ တိုင်း(၂)သည်လည်း ၁၉၇၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်မှစ၍ တိုင်း(၁)မှူး စိုင်းစံမိန်း၏ ကွပ်ကဲမှုအောက်ကို ရောက်သွားရသည်။
၁၉၇၅ ခုနှစ်၊ မေလ ၂၈ ရက်တွင်ကား တိုင်း(၁) မှ ရောက်လာသော အက်စ်အက်စ်အေ ဒုတိယဥက္ကဋ္ဌပင် တိုင်း(စိုင်းပန်း)သည်  ဗိန်းငင်းအဖွဲ့မှ  မဟာစန်း၊ စဝ်ဟိန်ခမ်းတို့နှင့်ပူးတွဲ၍ တိုင်း(၂)ကို အုပ်ချုပ်ခဲ့ရ သည်။
ရှမ်းပြည်တိုးတက်ရေးပါတီ(အက်စ်အက်စ်ပီပီ)သည် ၁၉၇၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်မှ ဖေဖော်ဝါရီလ၅ ရက်အထိမိုင်းခေးဒေသ၊ ပန်ဟုန်းခန့်မှန်းမြေပုံညွှန်း (အယ်လ်အိပ်ခ်ျ-၃၆၉၇)တွင် အစည်းအဝေးတစ်ရပ်ကို ကျင်းပရာ အောက်ပါခေါင်းဆောင်များတက်ရောက်ကြ သည်။
(က)    ခွန်ကြာနု                   ဥက္ကဋ္ဌ
(ခ)     စောက်ပင်တိုင်း(ခေါ်)    ဒုတိယဥက္ကဋ္ဌ
          စိုင်းပန်
(ဂ)     ဆေးခမ်(ခေါ်)အုံးပေါင်   ဒုတိယဥက္ကဋ္ဌ
          (ခေါ်)စိုင်းမြင့်အောင်
(ဃ)    ဆေးထင်                  တွဲဖက်
                                      အတွင်းရေးမှူး
(င)     စောက်ငါးမိန်း(ခေါ်)      ဗဟိုအဖွဲ့ဝင်
          ဆိုင်ဟိန်း
(စ)     စောက်အူမိန်း(ခ)         ဗဟိုအဖွဲ့ဝင်
          စောက်ထောက်
(ဆ)    ဆေးလင်း(ခ)             ဗဟိုအဖွဲ့ဝင်
          စိုင်းလှအောင်
(ဇ)     စံမိန်း(ခ)ကျော်ခင်        ဗဟိုအဖွဲ့ဝင်
(ဈ)     ဆေးစိန်(ခ)စိုင်းသာထွန်း ဗဟိုအဖွဲ့ဝင်
(ည)    ဆေးနွံ                     ဗဟိုအဖွဲ့ဝင်
(ဋ)     စိုင်းလိပ်                    ဗဟိုအဖွဲ့ဝင်
(ဌ)     စံမိုင်                       ဗဟိုအဖွဲ့ဝင်
(ဍ)     ခွန်ဖုန်း                     ဗဟိုအဖွဲ့ဝင်
(ဎ)     အောင်ခမ်း                 ဗဟိုအဖွဲ့ဝင်
(ဏ)    အုံမိန်း                     ဗဟိုအဖွဲ့ဝင်
(တ)    နော်မိန်း(လဲချား)                   ဗဟိုအဖွဲ့ဝင်
(ထ)    စံလိတ်                    ဗဟိုအဖွဲ့ဝင်
အထက်ပါ အစည်းအဝေးတွင် အောက်ပါတို့ကို ဆွေးနွေးခဲ့ကြသည်။
(က)    ထိုင်းနိုင်ငံမှ ရောက်ရှိလာသောဥက္ကဋ္ဌခွန်ကြာနုကို ကွပ်ကဲဦးဆောင်မှုအတွက် တာဝန်ပေးအပ်ခြင်း။
(ခ)     ရှမ်းပြည်တိုးတက်ရေးပါတီ(အက်စ်အက်စ် ပီပီ)မှ ဆေးထင်ဗကပ အရှေ့မြောက်စစ် ဒေသဌာနချုပ် ပန်ဆန်းသို့ ပဏာမ ကိုယ် စားလှယ်အဖြစ်သွားရောက်ခဲ့သည့် အတွေ့ အကြုံကိုတင်ပြပြီး ဗကပနှင့်ဆက်သွယ်ရန် အတွက်(အက်စ်အက်စ်ပီပီ)မှ တရားဝင် ကိုယ်စားလှယ်စေလွှတ်ရေးအတွက် တင်ပြ ခြင်း။
(ဂ)     အက်စ်အက်စ်ပီပီဗဟိုကော်မတီက ပန်ဆန်း သို့စေလွှတ်ရန် ကိုယ်စားလှယ်ရွေးချယ်ခြင်း။
အစည်းအဝေးတွင် ဆေးခမ်(ခ) စိုင်းအုံးပေါင်(ခ) စိုင်းမြင့်အောင်၊ ဆေးလင်း(ခ)စိုင်းလှအောင်၊ စံမိန်း(ခ) ကျော်ခင်နှင့်ဆေးထင်တို့က ဗကပနှင့်ဆက်သွယ်ရေးကို တက်ကြွစွာဆွေးနွေးခဲ့ကြသည်။ အထူးသဖြင့် ဆေးထင်သည် ပန်ဆန်းသို့ရောက်ရှိခဲ့ပြီးဖြစ်ရာ ဗကပ များကို များစွာအထင်ကြီးလာခဲ့သည်။ ဗကပများကလည်းဆေးထင်တို့အဖွဲ့ကို လက်နက်ခဲယမ်းများထုတ်ပေးပြီး စည်းရုံးသိမ်း သွင်းခဲ့ပြီးဖြစ်သည်။ သို့သော် လက်ယာဝါဒီ၊ လူမျိုးရေးအမြင်ရှိသူ ခွန်ကြာနု၊ ဆေးစိန် (ခ)စိုင်းသာထွန်း၊ စံမိန်းနှင့်စံလိတ်တို့က ဗကပတို့နှင့် ဆက်သွယ်ခြင်းမပြုရန် ကန့်ကွက်ခဲ့ကြသည်။
သို့သော် ၁၉၇၅ ခုနှစ်၊ မတ်လတွင် အုံးပေါင် ဆေးထင်၊ စံမိန်း၊ ဆေးနွံတို့ခေါင်းဆောင်သော အက်စ် အက်စ်အေ အင်အား ၆၅၆ ယောက်သည် ပန်ဆန်းတွင် ဗကပအထောက်အပံ့ခံ၍ အက်စ်အက်စ်ပီပီ ဌာနချုပ် အခြေစိုက်ရေး၊ ဗကပနှင့်ပိုမိုပူးပေါင်းရေးတို့ကို ဆောင်ရွက်ရန် လွယ်ခေးဒေသမှ သံလွင်အရှေ့ခြမ်းသို့ ကူးသွားခဲ့ကြသည်။ ထိုကဲ့သို့ ဗကပနှင့်ပူးပေါင်းခြင်းကို မကျေနပ်သော စောက်ပင်တိုင်း(ခ) စိုင်းပန်၊ ဆေးစိန်၊ စံမိန်း၊ စံလိတ်နှင့် ခွန်ကြာနုတို့ကလည်း ဆန့်ကျင်ရှုတ် ချပွဲများ၊ လူထုရှင်းလင်းပွဲများပြုလုပ်ကာ ၁၉၇၅ ခုနှစ်၊ ဇွန်လ ဒုတိယပတ်တွင် ရှမ်းပြည်နယ်တောင်ပိုင်းသို့ ဆင်းသွားကြတော့သည်။ သို့နှင့် အက်စ်အက်စ်အေမှာ နှစ်ပိုင်းကွဲသွားရသည်။
ဗကပနှင့် ပူးပေါင်းသော အက်စ်အက်စ်အေများ ပန်ဆန်းသို့ရောက်လာသောအခါ ဗကပများက ၁၉၇၅ခုနှစ်၊ဧပြီလတွင် အက်စ်အက်စ်အေခေါင်းဆောင်များ အား တစ်ဖက်နိုင်ငံသို့ခေါ်ဆောင်သွားကြသည်။ ထို့နောက်ပြည်ပတွင် နှစ်ဖက်ခေါင်းဆောင်များဆွေးနွေးခဲ့ကြရာ တက်ရောက်သူများမှာ အောက်ပါအတိုင်း ဖြစ် သည်။
(က)ဗမာပြည်ကွန်မြူနစ်ပါတီ
(၁)     ဗသိန်းတင်       ဥက္ကဋ္ဌ
(၂)     သခင်ဖေတင့်    ကိုယ်စားလှယ်
(၃)     ခင်မောင်ကြီး    ကိုယ်စားလှယ်
(၄)     မျိုးမြင့်            ကိုယ်စားလှယ်
(၅)     ဇော်မိုင်း           ကိုယ်စားလှယ်
(၆)     တိုက်အောင်     ကိုယ်စားလှယ်
(၇)     ဖရန်ဂန်ဒီး        ကိုယ်စားလှယ်
(၈)     ဗိုလ်ကျင်မောင်  ကိုယ်စားလှယ်
(၉)     စိုင်းအောင်ဝင်း  ကိုယ်စားလှယ်
(ခ)ရှမ်းပြည်တိုးတက်ရေးပါတီ
(၁)     ဆေးခမ်(ခ)      ဥက္ကဋ္ဌ
                    အုံးပေါင်(ခ)
                    စိုင်းမြင့်အောင်
(၂)     ဆေးထင်        တွဲဖက်အတွင်းရေးမှူး
(၃)     စံမိန်း(ခ)         တိုင်း(၁)မှူး
                    ကျော်ခင်
(၄)     နော်မိန်း(လဲချား)         တိုင်း(၁)ထောက်လှမ်း                                                                                ရေးနှင့်ဆက်သွယ်ရေးတာဝန်ခံ။
(၅)     အောင်ခမ်း       တိုင်း(၁)
                                      တပ်မဟာ(၁)မှူး
(၆)     လွမ့်မိန်း(ခ)      ရင်း(၁၁)မှူး
                    ဆန်လှ
(၇)     ခွန်ဖုန်း           ရင်း(၂၅)မှူး
(၈)     အောင်ဘ        ဗဟိုဝါဒဖြန့်ချိရေး
                                      နှင့် ပညာရေးဌာန
အစည်းအဝေးတွင် အက်စ်အက်စ်အေတို့က ဗကပအား တစ်ခုတည်းသော ပစ္စည်းမဲ့ပါတီအဖြစ် အသိအမှတ်ပြု၍ ဗကပတို့ကလည်း အက်စ်အက်စ်ပီပီ အား မာ့ခ်စ်ဝါဒ၊ မော်စီတုံးအတွေးအခေါ်ကို လက်ခံ သည့် တိုးတက်သောအမျိုးသားပါတီအဖြစ် အသိအမှတ် ပြုခဲ့ကြသည်။ ရှမ်းသောင်းကျန်းသူများက မြန်မာပြည်  လွတ်မြောက်လျှင် ရှမ်းပြည်ကိုတန်းတူအခွင့်အရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်မှာ လူမျိုးရေးခွဲ ထွက်ခြင်းသဘော မျိုးသက်ရောက်နေသဖြင့် တန်းတူနှင့် ကိုယ်ပိုင်အုပ်ချုပ် ရေးကိုသာတောင်းခံရန် ဆွေးနွေးခဲ့ကြသည်။ အက်စ် အက်စ်ပီပီက စစ်ရေးတွင် လှုပ်ရှားစစ်သည် အဓိက၊ ပြောက်ကျားစစ်သည် ဒုတိယဟုခံယူကြောင်း ဆွေးနွေးရာ ဗကပတို့က ပြည်သူ့ဒီမိုကရေစီတော်လှန်ရေးတွင် ပြောက်ကျားစစ် သည်  အဓိက၊ လှုပ်ရှားစစ်သည် ဒုတိယဟု သတ်မှတ်ရန်လိုကြောင်းဆွေးနွေးခဲ့သည်။ ဗကပတို့က  အက်စ်အက်စ် ပီပီအား အောက်ပါအတိုင်း လက်နက်တပ်ဆင်ပေးရန် သဘောတူခဲ့သည်။ သို့သော် လက်နက်တပ်ဆင်မှုမှာဗကပတို့က အက်စ်အက်စ်အေ အင်အားစုများအား နိုင်ငံရေး၊ စစ်ရေးသင်တန်း ပေးပြီး မှသာ ပြုလုပ်မည်ဖြစ်သည်။
(က)    ၁၉၇၅ ခုနှစ်တွင် တပ်ခွဲငါးခွဲစာခန့်။
(ခ)     ၁၉၇၆ ခုနှစ်တွင် တပ်ခွဲခြောက်ခွဲစာခန့်။
(ဂ)     ၁၉၇၇ ခုနှစ်တွင် အကန့်အသတ်မရှိ လက်နက်တပ်ဆင်ရန်။
ဗကပတို့က အက်စ်အက်စ်အေအင်အားစုများ အား ပန်ဆန်းတွင် နိုင်ငံရေး၊ စစ်ရေးသင်တန်းများ ပေး ကြသည်။ ထို့နောက် အက်စ်အက်စ်အေများသည် ၁၉၇၅ ခုနှစ်၊ နိုဝင်ဘာလတွင် သံလွင်အနောက်ခြမ်း ဒေသသို့ပြန်လည်ဝင်ရောက်လာကြသည်။ ဗကပတို့က အမ် ၁၄။ အမ် ၂ဝ၊ အမ် ၂၁၊ အမ် ၂၂၊ လက်နက်ငယ် မျိုးစုံ စုစုပေါင်း ၇၂ဝ လက်၊ အမ် ၇ လောင်ချာ ငါးလက် ၆ဝ မမ၊ စိန်ပြောင်း ၁ဝ လက်နှင့် ကျည်မျိုးစုံကို လက်ဆောင်အဖြစ်ပေးလိုက်ကြသည်။ အက်စ်အက်စ် အေ သောင်းကျန်းသူများ သံလွင်မြစ်အနောက်ခြမ်းသို့ ပြန်လည်ဖြတ်ကူးဝင်ရောက်စဉ် ဗကပတပ်ရင်း(၄ဝ၄၅) မှ အင်အား ၄ဝဝ ခန့်ကလည်း တပ်ပေါင်းစုမူအရ ပူးတွဲလှုပ်ရှားရန်အကြောင်းပြ၍ တစ်ပါတည်းလိုက် ပါလာခဲ့ကြသည်။  သို့နှင့်ဗကပတို့သည်  သံလွင် အနောက်ခြမ်းဒေသတွင်အခြေချနိုင်ရန် အက်စ်အက်စ် အေကိုခုတုံး လုပ်နိုင်ခဲ့ကြလေသည်။ အက်စ်အက်စ်အေ သောင်းကျန်းသူများမှာလည်း ဗကပတို့ထံတွင် နိုင်ငံ ရေး၊ စစ်ရေး သင်တန်းများတက်ရောက်ရခြင်း၊ ဗကပ တို့၏အတွေးအခေါ်သဘောတရားများကို မိမိတို့၏ ဆန္ဒနှင့်မကိုက်ညီစေကာမူ လက်ခံသဘောတူရခြင်း၊ ဗကပတို့ထံမှ လက်နက်ခဲယမ်းရယူခြင်းဖြင့် လက်ရှိ အဓိကအခက်အခဲကိုဖြေရှင်းရခြင်းတို့ကြောင့် မိမိတို့ လှုပ်ရှားနယ်မြေအတွင်းသို့ ဗကပများ ဝင်ရောက်ခွင့် ပေးခဲ့ရသည်။ ၁၉၇၅ ခုနှစ်အကုန်တွင်ကား  အက်စ် အက်စ်အေလက်နက်ကိုင်တပ်နှင့်  အက်စ်အက်စ်ပီပီ အဖွဲ့သည် ဗကပတို့၏နောက်မြီးဆွဲပါတီဘဝသို့ရောက် သွားရပြီဟု ဆိုနိုင်ပေမည်။
ရှမ်းကုန်းပြင်မြင့်ဒေသတွင်ထကြွသောင်းကျန်း နေကြသော သောင်းကျန်းသူ အဖွဲ့ပေါင်းများစွာ ရှိသည့် အနက် အက်စ်အက်စ်အေသည် အင်အားအတောင့် အတင်းဆုံးအဖွဲ့ အစည်းတစ်ရပ်ဖြစ်သည်။ သို့သော်လော်စစ်ဟန်၏ကိုးကန့်ကာကွယ်ရေးအဖွဲ့က အက်စ် အက်စ်အေနှင့် ခေတ္တသာ ပူးပေါင်းပြီးနောက် ခွဲထွက်ခြင်း၊ အက်စ်အက်စ်အေ၏အဓိကအင်အားစုက ဗကပ နှင့်ပူးပေါင်းခြင်းတို့ကြောင့် အက်စ်အက်စ်အေ အဖွဲ့ အတွင်းတွင်ပဋိပက္ခများပေါ်ပေါက်လာပြီး အင်အား ချည့်နဲ့လာသည်။ မိမိအဖွဲ့အစည်း ရပ်တည်ရန်လည်းပိုမိုခက်ခဲလာသည်။ ထိုသို့သောအခြေအနေမျိုးတွင် အက်စ်အက်စ်အေ ခေါင်းဆောင်များ သည် ဗကပများကို ပိုမို၍မှီခိုအားထားခြင်းဖြင့်သာ ဖြေရှင်းခဲ့သည်။
၁၉၆၃ ခုနှစ်တွင် တွေ့ဆုံဆွေးနွေးပွဲပျက်ပြားပြီး နောက်ပိုင်းတွင် ရှမ်းသောင်းကျန်းသူ အဖွဲ့အစည်းမျိုးစုံ တို့သည် အဓိကအားဖြင့် ဘိန်းကုန်ကူး၍ရပ်တည်လာ ကြရသည်။ ဘိန်းလုပ်ငန်းသည် လည်းပိုမိုဖွံ့ဖြိုးလာသည်။ လက်နက်ခဲယမ်းများကို လောနိုင်ငံနှင့် ထိုင်း နိုင်ငံတို့မှတစ်ဆင့် ဘိန်းဖြင့် လဲလှယ်ရယူကြသည်။ ဘိန်း နှင့် မှောင်ခိုစီးပွားရေးလုပ်ငန်းပမာဏကြီးမားလာသော အခါ သောင်းကျန်းသူ ခေါင်းဆောင်များအတွင်းတွင် လည်း ငွေရေးကြေးရေးရှုပ်ထွေးမှုမှာ မလွဲမသွေပေါ် ပေါက်လာတော့သည်။ ထို့ကြောင့် စီးပွားရေးကိစ္စ၊ ကိုယ် ရေးကိုယ်တာကိစ္စများကြောင့် တစ်ဦးနှင့်တစ်ဦးလုပ်ကြံ သတ်ဖြတ်မှု များမှာလည်း အတောမသတ်နိုင်အောင် ပေါ်ပေါက်ခဲ့ရသည်။ ထိုသို့ပဋိပက္ခများအတွင် လုပ်ကြံ သတ်ဖြတ်ခံရ သဖြင့် သေဆုံးခဲ့ရသူများမှာ စစ်ဟန် စင်တိုင်းအဖွဲ့မှ ဗိုလ်ချုပ်ကုဏ္ဍလ(ခေါ်)ကျောက်ငါခမ်း၊ ဗိုလ်မှူးကြီးအဆင့်ရှိသူ ပူကျယ်ပန်၊ ဗိုလ်မှူးကြီးအဆင့် ရှိသူ အိန္ဒက၊ ဗိုလ်မှူးခွန်စု၊ နွံစစ်ဟန်အဖွဲ့မှ ဗိုလ်မှူး ဖုံးမားတို့ဖြစ်ကြသည်။
အဖွဲ့အစည်းအတွင်း   ပဋိပက္ခများသာမကဘဲ အဖွဲ့လိုက်  တစ်ဖွဲ့နှင့်တစ်ဖွဲ့  ပဋိပက္ခများမှာလည်း မကြာခဏပင်ပြင်းထန်ခဲ့ရသည်။ ရှမ်းသောင်းကျန်းသူ များ၏ပဋိပက္ခမှာ မြန်မာနိုင်ငံအတွင်းတွင်သာမကဘဲ ထိုင်းနိုင်ငံနှင့်လောနိုင်ငံများတွင်ပါ ဖြစ်ပွားခဲ့ခြင်းဖြစ် သည်။  ၁၉၆၇  ခုနှစ်၊  ဒီဇင်ဘာလ  ၁၁  ရက်တွင် နွံစစ်ဟန်အဖွဲ့ခေါင်းဆောင်စိုင်းနွဲ့နှင့်ဒုတိယခေါင်းဆောင်ဆမ်ဆောတို့ ထိုင်းနိုင်ငံ၊ ချင်းရိုင်းခရိုင်၊ မုန်းဖန်အနီး၌ ပြင်းထန်စွာတိုက်ခိုက်ခဲ့ကြရာ ထိုင်း သတင်းစာများက ထိုင်းနယ်မြေအတွင်း မြန်မာသောင်း ကျန်းသူနှင့် တရုတ်ဖြူများကို ခိုလှုံခွင့်ပေးထားသောကြောင့် ထိုင်းနယ်စပ်မငြိမ်မသက်ဖြစ်ရကြောင်းဖြင့်  အကြီးအကျယ်ကန့်ကွက်ရေးသားခဲ့ကြသည်။ ထိုင်း ပုလိပ်အဖွဲ့လည်းမနေသာသဖြင့်   စိုင်းနွဲ့အိမ်မှ လက်နက်ခဲယမ်းများကို သိမ်းဆည်းခဲ့ရသည်။တရုတ်ဖြူတပ်မ(၃)၏ အကူအညီကိုရရှိခဲ့သော ဆမ်ဆောနှင့် အိုက်ကုလား (ခေါ်)စိုင်းနောင်တို့သည်လည်း လူ အင်အား ၁ဝဝ ကျော်ဖြင့် မြန်မာနိုင်ငံတွင်းသို့ ပြန်လည် ဝင်ရောက်ကာ လွယ်လင်ခရိုင်နယ်မြေတွင် လှုပ်ရှားခဲ့ ရသည်။
နွံစစ်ဟန်အဖွဲ့တွင် ပဋိပက္ခများတောက်လျှောက် ဖြစ်ပွားနေဆဲရှိသကဲ့သို့ပင် စစ်ဟန်စင်တိုင်း အဖွဲ့သည် လည်းမတည်မငြိမ်ခဲ့ပေ။ ဘုန်းကြီးလူထွက်ဦးကုဏ္ဍလ သေဆုံးပြီးနောက် စစ်ဟန်စင်တိုင်း အဖွဲ့ကိုခေါင်းဆောင်သူမှာ စီအိုင်အေသူလျှိုဗိုလ်ချုပ်ဘသိန်းဖြစ်သည်။ ဗိုလ်ချုပ်ဘသိန်းသည် ကျိုင်းတုံငွေတိုက်ဝန်ထောက်ဘဝမှ တောခိုခဲ့သူဖြစ်သည်။ ဗိုလ်ချုပ်ဘသိန်းသည် ၁၉၅၂ ခုနှစ်တွင် စီအိုင်အေ၏ တာဝန်ပေးချက်အရ တစ်ဖက် နိုင်ငံနယ်မြေထဲသို့ဝင်ရောက်တိုက်ခိုက်ဖူးသူလည်းဖြစ် သည်။ ၁၉၆၂-၆၃ ခုနှစ်များတွင် လောနိုင်ငံအနောက် မြောက်ပိုင်း၌ စီအိုင်အေအခြေစိုက်စခန်းများကို ဦးစီး ဖွင့်လှစ်ပေးခဲ့သူလည်းဖြစ်သည်။ (၁။       ဦးတင်မောင်ရင်(မဟာဝိဇ္ဇာ)၏ ရွှေတြိဂံမြေမှ ဘိန်းဖြူသံသရာ၊ စာမျက်နှာ အချပ်ပို။) စစ်ဟန်စင်တိုင်း ခေါင်းဆောင်ဖြစ်လာသောအခါ ဗိုလ်ချုပ်ဘသိန်းသည် အဖွဲ့အစည်းအားခေါင်းဆောင်မှုပေးခြင်းထက်လော နယ်စပ် ဘန်ဟွေဆိုင်းတွင် လောပြောက်ကျားတပ်များ အတွက် ရှမ်းနှင့် လားဟူတိုင်းရင်းသားများအား အခ ကြေးငွေယူ၍စုဆောင်းပေးခြင်း၊ လောတပ်ပြေးများ၊ လက်နက်ကုန်သည်များထံမှလက်နက်ဝယ်ယူကာ အခြားသောင်းကျန်းသူအဖွဲ့များအား ဈေးတင်ရောင်း ခြင်းတို့ကိုသာ ပြု လုပ် လာ ခဲ့ သည်။ထို့ကြောင့် လက်အောက်က ယုံကြည်မှုမရှိတော့ပေ။ ဘသိန်းသည် လက်အောက်က ကုဏ္ဍလကဲ့သို့လုပ်ကြံသတ်ဖြတ်ခံရ မည်ကို စိုးရိမ်သောကြောင့် ဌာနချုပ်ဖြစ်သည့် ဟွေနမ့် မွန်စခန်းသို့မလာရောက်တော့ဘဲ အိမ်ဟတ်ဝိုင်ရွာတွင် သာ နေထိုင်ခဲ့သည်။
၁၉၆၈ ခုနှစ်တွင် ဗိုလ်ချုပ်ဘသိန်းသည် စစ်ဟန် စင်တိုင်းခေါင်းဆောင်အဖြစ်မှပြုတ်ကျကာ လူအင်အား  ၂ဝ ခန့်ဖြင့် သီးခြားလှုပ်ရှားနေခဲ့သည်။ စစ်ဟန်စင်တိုင်း ခေါင်းဆောင်မှာ မူဆေကွမ်(ခေါ်) စိုင်းလုံဆိုင်ဖြစ်လာခဲ့ သည်။ ရှမ်းပြည်နယ်အတွင်းတွင် နယ်ခံသောင်းကျန်း သူများအပြင် ကေအိုင်အေကဲ့ သို့သော သောင်းကျန်းသူ များလည်း ဝင်ရောက်လှုပ်ရှားလေ့ရှိကြသည်။ အက်စ် အက်စ်အေတပ်မဟာ(၁)မှ စစ်မိုင်းခွန်းအဖွဲ့သည် ကေအိုင်အေတို့အား ၁၉၆၈ ခုနှစ်၊ ဇန်နဝါရီလ ၁၇ ရက်တွင် နားချန်(အက်စ်တီ-၆၆၉၇)၌ ပြင်းထန်စွာ တိုက်ခိုက်ခဲ့ဖူးသည်။ ၁၉၆၈ ခုနှစ်၊ ဇန်နဝါရီလ ၂ဝ ရက်တွင်လည်း မိုးဟိန်းခေါင်းဆောင်သော အက်စ်ယူ အာရ်အေအင်အား ၄ဝဝ ခန့်က ခမ်းတုံ(အယ်လ်အို-၃၅၅၆)၌  နွံစစ်ဟန်တပ်ရင်း(၁)မှူး  ကော်ခမ်းနှင့် အင်အား ၁ဝဝ ခန့်ထံမှ လက်နက်သိမ်းယူခဲ့ဖူးသည်။  ၁၉၆၈ ခုနှစ်၊ ဧပြီလ ၂၃ ရက်တွင် ရှမ်းသောင်းကျန်းသူ တပ်ရင်း(၄)မှ စိုင်းနန္ဒာနှင့် ကံရွဲတို့အဖွဲ့ ပြင်းထန်စွာ တိုက်ခိုက်ခဲ့ကြရာ   ကံရွဲသည်   တစ်ဖက်နိုင်ငံနှင့် ဆက်သွယ်ကာအကူအညီတောင်းခံခဲ့ဖူးသည်။ ရှမ်း သောင်းကျန်းသူတို၏ဝါးအစည်းပြေသကဲ့သို့ဖြစ်ကာ အချင်းချင်းတိုက်ခိုက်နေမှုကို စိတ်ပျက်ပြီးငြီးငွေ့နေ သောကြောင့် အစုလိုက်အပြုံလိုက် လက်နက်ချမှုများ လည်းပေါ်ပေါက်ခဲ့ဖူးသည်။ ၁၉၆၈ ခုနှစ်၊ သြဂုတ်လ ၁၄ ရက်တွင် အက်စ်အက်စ်အေတပ်ရင်း(၃)တပ်ရင်း မှူး၊ စိုင်းပန်မိုင်းနှင့် နောက်ပါအင်အား ၂ဝ၄ ယောက် သည် လက်နက်မျိုးစုံ ၁၃၉ လက်နှင့်အတူ အမှတ်(၉၉) ခြေလျင်တပ်ရင်း သို့ လက်နက်ချ အလင်းဝင်ခဲ့ကြသည်။
စစ်ဟန်စင်တိုင်းအဖွဲ့မှ အိုက်မြင့်ခေါင်းဆောင် သော အင်အား ၁၅ဝ ခန့်မှာမူ ၁၉၆၈ ခုနှစ်၊ စက်တင် ဘာလတွင် တစ်ဖက်နိုင်ငံ(အမ်အက်ဖ်-ဝ၅၁၄)သို့သွားရောက်သင်တန်းတက်ခဲ့ကြပြီး ဗကပနှင့် လုံးလုံးလျားလျား ပူးပေါင်းခဲ့ပြီးဖြစ်သည်။ ရှမ်းသောင်းကျန်းသူများ နှင့် ပအိုဝ့်သောင်းကျန်း သူများမှာလည်း လူမျိုးရေးအရ အဆင်မပြေကြပေ။ ၁၉၆၈ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်တွင် မောက်မယ်နယ်၊ ကဒူးအောင်(အယ်လ် အက်ဖ်-၃၄၃၉)၌ ရှမ်းလှခင် အင်အား ၁ဝဝ ခန့်နှင့် ပအိုဝ့်စံသိန်းအင်အား ၂ဝဝ ခန့် တိုက်ခိုက်ကြရာ အက်စ်အက်စ်အေဘက်မှ တပ်ရင်းမှူးလှခင်နှင့်တပ်ခွဲ မှူး ဆမ်ဆူအပါအဝင် ၁၅ ယောက် ကျဆုံးရသကဲ့သို့ ပအိုဝ့်ဘက်မှလည်း ဗိုလ်ချုပ်စံသိန်း ကိုယ်တိုင်ကျဆုံးခဲ့ ရသည်။
ရှမ်းသောင်းကျန်းသူအဖွဲ့များ  တစ်ဖွဲ့နှင့်တစ်ဖွဲ့    မကြာခဏ ပဋိပက္ခ ဖြစ်ပွားနေခြင်း ကို ဖြေ ရှင်းရန် ကြိုးပမ်းမှုများရှိခဲ့သော်လည်း အောင်မြင်မှုများ မရှိခဲ့ပေ။ ၁၉၆၉ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်တွင် ထိုင်းနိုင်ငံ၊ ဇင်းမယ်ခရိုင်၊ မဲဇလီမြို့နယ်၊ ဆန်ကာရောင်း ရွာ၌ ရှမ်းသောင်းကျန်းသူ အဖွဲ့ပေါင်းစုံအစည်းအဝေး ပြုလုပ်ခဲ့ရာ မဟာဒေဝီ၊ မိုးဟိန်း၊ ကံစစ်၊ စိုင်းနွဲ့၊ စိုင်း လောင်ခန်း၊ ဆေလန်၊ ဆေမန်ဖ၊ စောစေးထိုင်း၊ နယ် စားကြီး ဟိုပေါက်ဆန်မူးတို့နှင့်အတူ ထိုင်းအရာရှိများ ဖြစ်ကြသော ဗိုလ်မှူးထုံးချိုင်နှင့် ကြောင်ခွန်လန်တို့ပါ တက်ရောက်ခဲ့ကြသည်။ သို့သော် ထိုအစည်းအဝေးမှာ မဟာဒေဝီနှင့် ထိုင်းအရာရှိများက ရှမ်းသောင်းကျန်းသူများအား  ပြည်ပြေးများနှင့်ပူးပေါင်းရန်စည်းရုံး ဆွဲဆောင်သောအစည်းအဝေးသာဖြစ်ခဲ့ရသည်။
စစ်ဟန်စင်တိုင်းအဖွဲ့မှာ ဗကပနှင့် ပူးပေါင်းသွား ပြီး ဗကပဘဝကိုခံယူခဲ့သည်။ အိုက်မြင့်အဖွဲ့သည် ၁၉၇ဝ ပြည့်နှစ်၊ ဇန်နဝါရီလ ၄ ရက်တွင် ယခင်အက်စ် အက်စ်အေ တပ်ရင်း(၉)မှ တပ်ရင်းမှူးဟောင်းဖြစ်သူ နန်းဆွတ်၏သီးခြားအဖွဲ့အား ဝမ်ဆီလူးတွင် တိုက်ခိုက် ခဲ့ရာ နန်းဆွတ်သည် တရုတ်ဖြူတပ်မ(၅)နှင့် သွား ရောက်ပူးပေါင်းခဲ့သည်။ ရှမ်းသောင်းကျန်းသူအွန်ကျန်း သည်လည်း သီးခြားလှုပ်ရှားလျက်ရှိနေခဲ့ရာမှ အွန်ကျန်း အဖွဲ့မှ ဒုတိယခေါင်းဆောင်နန်းဆိုင်ကျောက်နှင့် အင်အား ၅၉ ယောက်သည် လက်နက်မျိုးစုံ ၄၇ လက် နှင့်အတူ အမှတ်(၄) ချင်းသေနတ်ကိုင်တပ်ရင်း၊ မိုင်းမ စခန်းသို့ ၁၉၇ဝ ပြည့်နှစ်၊ ဇန်နဝါရီလ ၁၂ ရက်တွင် လက်နက်ချအလင်းဝင်ရောက်လာခဲ့ကြလေသည်။ အွန်ကျန်းသည် တစ်ဖက်နိုင်ငံနှင့်လော၊ ထိုင်းတို့မှ အကူ အညီကို တစ်ပြိုင်နက်တည်းလက်ခံခဲ့သူဖြစ်သည်။ လော နိုင်ငံမှ ဗိုလ်မှူးကြီးကိုလံဒုံဖိုင်နှင့် ဗိုလ်ကြီးနိုင်စုဟွယ် တို့ကအွန်ကျန်းအား  တစ်ဖက်နိုင်ငံနှင့်ဆက်သွယ်မှုရှိ၊ မရှိ စုံစမ်းလာရာ အွန်ကျန်းသည် တစ်ဖက်နိုင်ငံဘက်သို့ လုံးလုံးလျားလျားပါသွားခဲ့သည်။
အက်စ်အက်စ်အေအဖွဲ့သည် ဗကပနှင့်ပူးပေါင်းခဲ့ သော် လည်း ယ ခင် တပ် မ ဟာ (၁) မှူး ဖြစ် သူ စိုင်းလှအောင်(ခေါ်)စဝ်ဆေးထင်သည် ဗကပနှင့် ပူးပေါင်းသည်ကို မလိုလားခဲ့ပေ။ ယခင်ကလည်း ဗကပ များအား မကြာခဏတိုက်ခိုက်ရန် ကြိုးစားခဲ့ဖူးသူဖြစ် သည်။ အက်စ်အက်စ်အေ ဗိုလ်မှူးတိုက်အောင်သည် လည်း ပြည်ပြေးနှင့်ပူးပေါင်းခဲ့ဖူးသူဖြစ်သည်။(၁။ကကလှမ်း၏ ရှမ်းသောင်းကျန်းသူများလှုပ်ရှားမှုအကျဉ်းချုပ်၊ စာမျက်နှာ ၁၆၊ ၁၇။)
ရှမ်းသောင်းကျန်းသူအဖွဲ့အစည်းများသည် နွံ စစ်ဟန်အဖွဲ့ စတင်ပေါ်ပေါက်ခဲ့သည့် ၁၉၅၉ ခုနှစ်မှ စ၍ အဖွဲ့အစည်းအမျိုးမျိုးကွဲပြား၍ ပေါ်ပေါက်လာကြ ရာ ပဋိပက္ခများမှာလည်း အတောမသတ်နိုင်အောင် ပေါ်ပေါက်နေလေသည်။ ၁၉၇၄-၇၅ ခုနှစ်တွင်ကား ရှမ်းသောင်းကျန်းသူများအတွင်းတွင်   အောက်ပါ ပယောဂများဝင်ရောက်၍ အခြေအနေရှုပ်ထွေးနေကြ ပြီဖြစ်လေသည်။
(က)    အရှေ့မြောက်စစ်ဒေသဗကပတို့၏ မဟာဗျူဟာရည်မှန်းချက်အရ ရှမ်းသောင်းကျန်း သူများအား ဝါးမျိုသိမ်းသွင်းလျက်ရှိရာ အိုက်မြင့်သည် လုံးဝဗကပဖြစ်နေပြီး အက်စ် အက်စ်အေမှာ ဗကပနောက်မြီးဆွဲပါတီဖြစ် လာခြင်း။
(ခ)     ပြည်ပြေးတို့ကိုအကြောင်းပြု၍ စီအိုင်အေ၊ ထိုင်းပုလိပ်များ၊ ထိုင်ဝမ်ထောက်လှမ်းရေး အဖွဲ့များက ပိုမိုစွက်ဖက်လာခြင်း။
(ဂ)     တောခိုကာကွယ်ရေးအဖွဲ့များပေါ်ပေါက် လာခြင်း။
(ဃ)    ဘိန်းစီးပွားရေး စားကျက်ဖွံ့ဖြိုးတိုးတက်လာ ခြင်း။
(င)     ထိုင်းနှင့်လောနိုင်ငံတို့၏ နိုင်ငံရေးမငြိမ် မသက်ဖြစ်ခြင်း။
ရှမ်းသောင်းကျန်းသူအဖွဲ့အစည်းများသည် နိုင်ငံတကာ ဘိန်းစားကျက်ကြီးဖြစ်လာသော ရွှေတြိဂံဒေသ (မြန်မာ၊ ထိုင်း၊ လောနယ်စပ်)နှင့် နီးကပ်စွာလှုပ်ရှား လျက်ရှိကြရာ ပြည်ပ ပယောဂများ စွက်ဖက်မှုများမှာ လည်း ပိုမိုများပြားလာခဲ့ရသည်။ ၁၉၆၈ ခုနှစ်မှ ၁၉၇၅ ခုနှစ်အတွင်း ရှမ်းပြည်နယ်တွင် အောက်ပါရှမ်းသောင်း ကျန်းသူများလှုပ်ရှားခဲ့သည်ကိုတွေ့ရနိုင်သည်။ (၂။အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၏ ရန်သူ့ဖွဲ့စည်းပုံ (၁၉၇၃) နှင့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၏ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် နယ်မြေတိုက်ပွဲစဉ် သုံးသပ်ချက်။)
(က)    ကျဒယ်ခေါင်းဆောင်သော    လားဟူနီ အင်အား ၃ဝ။
(ခ)     အိုက်မြင့်အဖွဲ့အင်အား ၁၂ဝ ကျော်နှင့် မိုင်းပျဉ်းပျက်ကန့်အဖွဲ့အင်အား ၈ဝ ကျော်၊ (နောင်သော် ဗကပများဖြစ်သွားကြသည်)။
(ဂ)     စစ်ဟန်စင်တိုင်းမှ အွန်ကျန်းအဖွဲ့အင်အား ၇ဝ။
          (၁) ဟိုနအိုက်ပန်းနှင့်အင်အား ၂၅။
          (၂) အိုက်ရီပင်းနှင့်အင်အား ၄ဝ။
(ဃ)    နဝင်းကြီး(ခေါ်)ရန်ဝင်းကြည် ခေါင်းဆောင် သော ကော်ဆိုးအဖွဲ့ အင်အား ၁၈ဝ ခန့်။
(င)     ပူကျောင်းလုံခေါင်းဆောင်သော လားဟူဆိုး အဖွဲ့အင်အား ၁၅ဝ ခန့်။
(စ)     လီဆန်ကျန်းခေါင်းဆောင်သော စီအိုင်အေ လားဟူဆိုးအင်အား ၄ဝ ခန့်။
(ဆ)    စီအိုင်အေအိုက်ဗင်းအဖွဲ့အင်အား ၆ဝ ခန့်။
(ဇ)     တရုတ်ဖြူတပ်မ (၃/၅)မှ အင်အား ၄ဝဝ ခန့်။
(ဈ)     ဗိုလ်မှူးကြီးယန်ကြီးကွယ် ခေါင်းဆောင် သော ထိုင် ဝမ် ထောက် လှမ်း ရေး အ ဖွဲ့ အင်အား ၅ဝဝ ခန့်။
(ည)    စခန်းမှူးဟောင်း ဆိုင်းကျောက်နှင့် အင်အား ၅ဝ။
(ဋ)     ဂျင်မီယန်း၏တပ်စစ်မိန်တိုင်းမိုင်း(ခေါ်) ရှမ်း ပြည် သစ် တပ် မ တော် ဗ ဟို ဌာ န ချုပ် အင်အား ၁ဝဝ ခန့်။
          (၁)     တပ်ရင်း(၁)ဗိုလ်မှူး လောကျန်းနှင့်
                   လူအင်အား ၁ဝဝ ခန့်။
          (၂)     တပ်ရင်း(၂)ဗိုလ်မှူးလောစင်ကျယ်
                   နှင့်လူအင်အား ၁ဝဝ ခန့်။
          (၃)     သင်တန်းကျောင်းဗိုလ်မှူး စောက်လောင်မိန်း(ခ)ယန်စင်း                                                    ကျယ်နှင့် ၃ဝ၊ (ထိုင်းနိုင်ငံ၊ ထန်ပိုးစခန်း)။
          (၄)     ဗိုလ်မှူးလောက်လီနှင့်လူသစ်                                                                                  စုဆောင်းရေးတပ်ခွဲအင်အား ၄ဝ ခန့်။
(ဌ)     နစ်ဖြူအလယ်ပိုင်းခရိုင် (ရှမ်းပြည်နယ်အဖွဲ့) အသားမဲမျိုးမြင့်(ခ)ဦးအောင်နှင့်အင်အား ၄ဝ ခန့်။
(၁)     ချစ်မောင်(ခ)ခင်ညို(ခ)တင်မောင်လေး အဖွဲ့အင်အား ၆၂ ခန့်။
(၂)     အမျိုးသမီးအဖွဲ့၊ မသိန်းကြည်နှင့် ခုနစ်ယောက်(သခင်သန်းထွန်းနှင့်                             ဗဟိုခွဲကျဆုံးပြီးနောက် အသားမဲမျိုးမြင့် ဗဟိုအဖွဲ့လက်အောက်ခံ                                တပ်ရင်း ၈ဝ၈ ဟူ၍ ဝင်ရောက်                                       အစားထိုးခြင်းဖြစ်သည်။)
(ဍ)     ဗိုလ်မှူးကြီးတာကလယ်ခေါင်းဆောင်သော ရှမ်းပြည်နယ်လူမျိုးပေါင်းစုံလွတ်မြောက်ရေး အဖွဲ့(ရလလဖ/ပအိုဝ့်)အင်အား ၈ဝ ခန့် (ဗဟို)။
          (၁)     ရလလဖတပ်မဟာ(၁)ဌာနချုပ်၊ ၄ဝ ခန့်။
(၂)     တပ်မဟာ(၁)အရန်တပ်ခွဲ၊ တိုင်းဝေ နှင့် ၈ဝ ခန့်။
(၃)     တပ်ရင်း(၁)ဌာနချုပ်၊ အောင်ခမ်းနှင့်၁၆ယောက်၊ တပ်ခွဲ(၁)၊ (၂)၊ (၃) စုစုပေါင်း ၂၆ဝ ခန့်။
(၄)     တပ်ရင်း(၂) ဗိုလ်မှူးတပွန်း(ခ) သူရ နှင့် တပ်ခွဲ(၁)၊ (၂)၊ (၃) အင်အား ၂ဝဝ ကျော်။
(၅)     ရလလဖဒေသခံ ပင်မွန်းမြို့နယ် အဖွဲ့၊ စင်ဖာလားခေါင်းဆောင်သော အင်အား၃၇ယောက်။
(၆)     ကန်တော်ကြီးမြို့နယ်တပ်၊ စင်ဖာရှိုးနှင့် ၃၃ ယောက်။
(၇)     ဟိုနန်းမြို့နယ်တပ်၊ ပေါင်စင်မတ်နှင့် အင်အား ၄၃ ယောက်။
(၈)     ရန်ကင်းမြို့နယ်တပ်၊ ဆရာလွင်နှင့်အင်အား ၄ဝ ယောက်။
(၉)     လှိုင်မောကြီးမြို့နယ်တပ်၊ ဖျားကျေဝင်တီနှင့် အင်အား ၃၅ ယောက်။
(၁ဝ) ကောင်းခဲမြို့နယ်တပ်၊ ဆရာရှဲနှင့်   အင်အား ၃၇ ယောက်။
(၁၁) လွယ်ဝိုးလီ(ပါးရေပါးပန်)အဖွဲ့၊ ဆရာဘတင်နှင့်ကိုးယောက်။
(ဎ)     စောမောရယ်ခေါင်းဆောင်သော ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ
          (၁)     ဗဟိုဌာနချုပ်အင်အား ၅ဝ
(၂)     နိုင်ငံခြားဆက်သွယ်ရေးအဖွဲ့၊ စံခနှင့် ၁ဝ ယောက်။
(၃)     ကြိုဆိုရေးနှင့်ပို့ဆောင်ရေးအဖွဲ့သန်းမောင်နှင့်အင်အားတစ်ယောက်။
(၄)     ဗဟိုဌာနခွဲ(၁) အရှေ့တိုင်း၊ အမှတ်(၁)ခရိုင်၊ ဗိုလ်မှူးလွယ်မူးနှင့် ၄ဝခန့်။
(၅)     ဗဟိုဌာနခွဲ(၂)၊ အနောက်တိုင်း၊ အမှတ်(၂)ခရိုင်တောခိုနှင့် ၄ဝ ခန့်။
(၆)     ကရင်နီ အမျိုးသားလွတ်မြောက်ရေးတပ်မတော်၊ ဗိုလ်မှူးအောင်သန်း                            လေးနှင့် တပ်ခွဲ(၁)၊ (၂)၊ (၃)၊ (၄) စုစုပေါင်း အင်အား ၃၁ဝ ခန့်။
(ဏ)    ဝိန်းလူတာ(ခ)ရွှေအေးခေါင်းဆောင်သော ကယန်းပြည်သစ်ပါတီအင်အား ၆ဝ ခန့်။
(တ)    မန်တလင်း(ပြည်ပြေးချင်းအဖွဲ့) အင်အား ၆ဝ ခန့်။
(ထ)    ဗကပသြဇာခံ အက်စ်အက်စ်အေအင်အား ၆၅၆ ယောက်။
(ဒ)     ခွန်ကြာနုခေါင်းဆောင်သော အက်စ်အက်စ် အေ ၁ဝဝ ခန့်။
(ဓ)     ဗိုလ်မှူးချုပ် မိုးဟိန်း၏အက်စ်ယူအာရ်အေ အဖွဲ့
          (၁)     ထိုင်းနိုင်ငံ၊ ဝိန်းလုံဌာနချုပ်လူ အင်အား ၂ဝဝ ခန့်။
(၂)     တိုင်း(၁) ဗိုလ်မှူးကြီးကံစစ်နှင့် ၃ဝဝ ခန့်။
(၃)     တိုင်း(၂) ဗိုလ်မှူးကြီးကာလွန်နှင့် ၂ဝဝ ခန့်။
(၄)     တိုင်း(၃) (ဗဟိုနှင့်တွဲ) ဗိုလ်မှူး ဆတောက်နှင့် ငါးယောက်။
(န)     ပလောင်အမျိုးသားတပ်မတော်။အက်စ် အက်စ်အေတပ်ရင်း(၁)နှင့် တပ်ရင်း(၅)မှ ၁၉၆၇ ခုနှစ်တွင် ခွဲထွက်၍ဖွဲ့စည်းခဲ့သည့်  တပ်ရင်း(၁)နှင့် (၂)ဟူ၍ရှိရာ တပ်ရင်း(၁) က   တရုတ်ဖြူနှင့်ပေါင်းပြီး တပ်ရင်း(၂)ကို အနိုင်ကျင့်ရာမှ အချင်းချင်းမသင့်မတင့် ကြပေ။ ထို့ကြောင့် တပ်ရင်း(၂)က ကေအိုင် အေနှင့်ပူးပေါင်းပြီး တပ်ရင်း(၁)ကိုတိုက်ခိုက် ခဲ့သည်။ တပ်ရင်း(၁)သည် ကေအိုင်အေနှင့် တပ်ရင်း (၂) ကို ရင်မဆိုင်နိုင်တော့သဖြင့်  ၁၉၇ဝ  ပြည့်နှစ်တွင်  တပ်မတော်သို့ လက်နက်ချပြီး ကာကွယ်ရေးအသွင်ပြောင်း ခဲ့သည်။  ၁၉၇၁  ခုနှစ်တွင် မူမမှန်သော ကြောင့် အလင်းရောက်ပလောင်တပ်ရင်း (၁) (ကာကွယ်ရေး)ကို အစိုးရက လက်နက် သိမ်းခဲ့သည်။  ပလောင်တပ်ရင်း(၂)သာ ကေအိုင်အေနှင့်ပူးတွဲလှုပ်ရှားနေသည်။
(ပ)     တောခိုကိုးကန့်ကာကွယ်ရေးအဖွဲ့။ ၁၉၆၄ ခုနှစ်တွင် လက်နက်ကိုင်အင်အား ၁၅ဝ ဖြင့် ဖွဲ့စည်းခဲ့ရာ ၁၉၆၈ ခုနှစ်တွင် အင်အား ၂ဝဝ ခန့်အထိ တိုးပွားလာသည်။ လော်စစ် ဟန်က ခေါင်းဆောင်၍ တပ်ရင်းသုံးရင်းဖွဲ့ စည်း ခဲ့ ရာ တပ် ရင်း (၁) ကို လူ ကျီး ရွှင်၊ တပ်ရင်း(၂)ကို ကျန်ကျုံးချိန်၊ တပ်ရင်း(၃) ကို ဝမ်ရှင်းဟော်တို့ ခေါင်းဆောင်၍ တပ်မတော်နှင့်ပူးပေါင်းကာ ဗကပကိုတိုက် ခိုက်ခဲ့ကြသည်။ ဘိန်းနှင့်မှောင်ခိုစီးပွားရေး သောင်းကျန်းလာသဖြင့် ၁၉၇၃ ခုနှစ်၊ ဧပြီ လ ၃ဝ ရက်နောက်ဆုံးထား၍ ကာကွယ် ရေးအားလုံးလက်နက်အပ်ရန်ညွှန်ကြားခဲ့ရ သည်။ အများစုက လက်နက်အပ်သော် လည်း လော်စစ်ဟန်၏ကိုးကန့်ကာကွယ်ရေး အဖွဲ့တောခိုခဲ့သည်။
(ဖ)     လီဖားမီခေါင်းဆောင်သော တောခိုနမ့်ကျွမ်း နှင့်အင်အား ၂ဝဝ ကို ကေအိုင်အေတပ်ရင်း (၂)က အယ်လ်ဂျီအက်ဖ်အဆင့်ဖြင့် လက်ခံ ထားသည်။
(ဗ)     တော ခို ကာ ကွယ် ရေး အိုက် ဆေး ခေါင်းဆောင်သော အင်အား ၁၅ဝ သည် ၁၉၇၃ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်တွင် အိုက်ဆေးခေါင်းဆောင်သော ၁၁ ယောက်၊ ၁၉၇၄ ခုနှစ်၊ သြဂုတ်လ ၂ဝ ရက်တွင် ၃၅ ယောက် လက်နက်ချခဲ့ရာမှ ပျက်သွားသည်။
(ဘ)    တောခိုလွယ်မော်အဖွဲ့။ ကျန်ဆူးရှင်နှင့် အင်အား ၈ဝဝ။
ရှမ်းသောင်းကျန်းသူအများစု၏ဌာနချုပ်မှာ ထိုင်း နိုင်ငံ ထန်ပိုးနှင့်ပိန်းလုံတို့တွင် အခြေစိုက်သည်က များသည်။ ကေအိုင်အေဌာနချုပ်မှာလည်း ထိုင်းနိုင်ငံ ထန် ပိုးတွင်ဖြစ်သည်။ ရှမ်းသောင်းကျန်းသူ အဖွဲ့အစည်းများအနက်မှအင်အားတောင့်တင်းပြီး  စစ်ရေးအရ အနှောင့်အယှက်ပေးနိုင် လောက်သောအဖွဲ့ အစည်းများမှာ အက်စ်အက်စ်အေ၊ ရလလဖနှင့်တောခိုကာကွယ် ရေးများပင်ဖြစ်သည်။ ကျန်အဖွဲ့ငယ် များမှာမူ မှောင်ခို ဓားပြဂိုဏ်းများသာသာမျှသာ အင်အားရှိကြသည်။ ရှမ်း သောင်းကျန်းသူအားလုံးလိုလိုပင် မြန်မာနိုင်ငံအတွင်းလှုပ်ရှားနေကြခြင်းမဟုတ်ဘဲ ထိုင်းနိုင်ငံနှင့်လောနိုင်ငံ တို့တွင်လည်းလှုပ်ရှားနေကြသည်။ အချို့အဖွဲ့အစည်းများမှာ တစ်ခါတစ်ရံမျှသာ မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်လာကြခြင်းဖြစ်သည်။ အများအားဖြင့်ရှမ်းသောင်းကျန်းသူ အဖွဲ့အစည်းများမှာ နိုင်ငံရေးဦးတည် ချက်မရှိကြပေ။ အက်စ်အက်စ် အေနှင့် ရလလဖတို့သာ ကျဉ်းမြောင်းသောလူမျိုးရေးအမြင်နှင့် လက်ဝဲစွန်း အမြင်တို့ကြားတွင် ယိမ်းယိုင် လူးလွန့်နေကြခြင်းဖြစ်သည်။ တောခိုကာကွယ်ရေးများမှာမူ ဘိန်းနှင့် မှောင်ခို လုပ်ငန်းများကိုသာ အခြေခံလျက်ရှိကြသည်။
ရှမ်းသောင်းကျန်းသူအများစုမှာ ပြည်ပစွက်ဖက် မှုနှင့် မကင်းကြပေ။ ဗကပတို့၏ ဝါးမျိုခြင်းခံနေရသော အဖွဲ့အစည်းများသည် တစ်ဖက်နိုင်ငံနှင့်ပတ်သက်နေရပြီး ကွန်မြူနစ် ဆန့်ကျင်သော အဖွဲ့များမှာလည်း အနောက်အုပ်စုနိုင်ငံများ၏စွက်ဖက်ခြင်းကိုခံနေကြရသည်။ အထူးသဖြင့် လက်နက်ခဲယမ်း အပါအဝင်ရပ်တည်နိုင်မှုအားလုံးအတွက် သီးခြားမစီစဉ်နိုင်ကြသည့် အလျောက် ရှမ်းသောင်းကျန်းသူအဖွဲ့အစည်းများသည် ပြည်ပ,ပယောဂတစ်ခု၊ သို့မဟုတ် နှစ်ခုဖြင့် ပတ်သက် နေလေ့ရှိကြသည်။
ရှမ်းသောင်းကျန်းသူအားလုံး၏အင်အားမှာ ဂရုစိုက်လောက်သည့်အင်အားဖြစ်သော်လည်း တပ်မတော်က အဆက်မပြတ်တိုက်ခိုက်နေသဖြင့် ပြည်တွင်းတွင် အလုံးအရင်းဖြင့်အခြေမချနိုင်ဘဲ ပြည်ပတွင်သာ အခြေ စိုက်ကြရခြင်း၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့ ပဋိပက္ခဖြစ်ပွားပြီး မကြာခဏတိုက်ခိုက်ရနေကြခြင်း၊ အဖွဲ့အစည်းများ အတွင်းတွင်လည်း ပဋိပက္ခများပေါ်ပေါက်ပြီး မကြာခဏ အဖွဲ့ငယ်များခွဲ ထွက်နေ ကြခြင်းတို့ကြောင့် ရှမ်းသောင်းကျန်းသူများသည် နိုင်ငံရေးအရ အရေးပါသည် အထိ အကျိုးသက်ရောက် မှုရှိသော စစ်ရေးလှုပ်ရှားမှု (ဥပမာ-မြို့သိမ်းတိုက်ပွဲများ၊ နယ်မြေကိုကြာရှည်စွာ သိမ်းနိုင်ခြင်း)များကိုမူ ပြုလုပ်နိုင်စွမ်းမရှိခဲ့ကြပေ။


ကေအိုင်အေခေါင်းဆောင်များလုပ်ကြံခံရခြင်း
ကေအိုင်အေတို့သည် အရှေ့မြောက်ဒေသ ဗကပ တို့က နော်ဆိုင်းအား ဖြုတ်ထုတ် သတ်လမ်းစဉ်ဖြင့် လုပ်ကြံသတ်ဖြတ်ခြင်း။ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဗကပတို့က နယ်မြေတိုးချဲ့လာခြင်း တို့ကြောင့် ဗကပများနှင့်တိုက်ခိုက်ခဲ့ကြရသည်။ ဗကပကိုနံပါတ်(၁) ဦးတည် ရန်သူအဖြစ် တိုက်ခိုက်နေရသဖြင့် တပ်မတော်နှင့် တွေ့ဆုံဆွေးနွေးရေးကိုကြိုးပမ်းခဲ့ကြရာ ကေအိုင်အေတို့၏ မရိုးသားမှုကြောင့်ပင် ၁၉၇၂ ခုနှစ်၊ အောက်တိုဘာလ ၁၃ ရက်တွင် ဆွေးနွေးပွဲပျက်ပြားခဲ့ရသည်။ ထို့နောက် ကေအိုင်အေတို့သည် ၁၉၇၂ ခုနှစ်၊ သြဂုတ်လ ၂၉ ရက်မှ အောက်တိုဘာလ ၂၇ ရက်အထိ ကြာမြင့်သောဗဟိုကော်မတီအစည်းအဝေးတစ်ရပ်ကိုကျင်းပ၍ကချင် လွတ်မြောက်ရေး ကောင်စီ (ကေအိုင်စီ)နှင့် လက်အောက်ခံ အဖွဲ့အစည်းသုံးရပ်ဖြစ်သော ကချင်လွတ်မြောက်ရေး  တပ်မတော် (ကေအိုင်အေ)အုပ်ချုပ်ရေးအဖွဲ့နှင့် ကချင် လွတ်မြောက်ရေးစည်းရုံးရေးအဖွဲ့ (ကေအိုင်အို)တို့ကို စနစ်တကျပြန်လည်ဖွဲ့စည်းခဲ့ကြသည်။
ကေအိုင်အေတွင် တပ်မဟာလေးခုဖွဲ့စည်းထားပြီး တပ်ရင်း(၁၁)ရင်းပါဝင်သည်။ အုပ်ချုပ်ရေး အဖွဲ့နှင့် ကေအိုင်အိုကိုမူ တိုင်း၊ ခရိုင်၊ မြို့နယ် တိုက်နယ်နှင့် ကျေးရွာများအထိ ဖွဲ့စည်းထားသည်။ ကေအိုင်အေ စစ် ဦး စီး ချုပ် မှာ ထိုင်း နိုင် ငံ ထန် ပိုး စ ခန်း တွင် ပင် ရှိပြီး ဇော်ဆိုင်းက အုပ်ချုပ်သည်။ ဒုတိယစစ်ဦးစီးချုပ် ဇော်တူးကပြည်တွင်းတွင်တာဝန်ယူရသည်။ ဇော်တူးသည် ၁၉၇၃ ခုနှစ်၊ ဒီဇင်ဘာလတွင် ထိုင်းနိုင်ငံသို့ ခရီးထွက်ခွာသွားလေရာ ဇော်တူးနေရာတွင် လမုန်တူး ဂျိုင်က တာဝန်ယူအုပ်ချုပ်ရသည်။ ၁၉၇၃ ခုနှစ်နှင့် ၁၉၇၄ ခုနှစ်အတွင် ကေအိုင်အေများသည် ဗကပတို့၏ ထိုးနှက်မှုနှင့်တပ်မတော်၏ချေမှုန်းရေးများကြားတွင် ညှပ်မိနေခဲ့သည်။ ထိုအချိန်တွင် ခေါင်းဆောင်ဖြစ်သူ ဇော်ဆိုင်းနှင့်ဇော်တူးမှာ ထိုင်းနိုင်ငံတွင်သာရှိနေကြပြီးပြည်တွင်းသို့ပြန်လည်ဝင်ရောက်၍ ခေါင်းဆောင်မှုပေး ခြင်းမရှိခဲ့ပေ။ ဗကပများကလည်း ကေအိုင်အေနယ်မြေများကို တစ်စတစ်စဝါးမျိုလာရာ ကေအိုင်အေတို့ အနေ နှင့် အကျပ်အတည်းဖြင့်ရင်ဆိုင်လာကြရသည်။
ဇော်ဆိုင်းသည် ၁၉၆၅ ခုနှစ်ကတည်းက ထိုင်း နိုင်ငံတွင်ရောက်ရှိနေခြင်းဖြစ်ပြီး ၁၉၇၃ ခုနှစ်၊ဒီဇင်ဘာလတွင် ဇော်တူးသည် ထိုင်းနိုင်ငံသို့စတင်ထွက်ခွာသွားခဲ့ရာ ၁၉၇၄ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ရောက်ရှိသွားခဲ့သည်။ ထိုအချိန်တွင် ရှမ်းပြည်မြောက်ပိုင်းရှိ ကေအိုင် အေအခြေခံ နယ်မြေများမှာ တစ်စတစ်စလက်လွှတ်ဆုံးရှုံးနေရပြီးဖြစ်သည့်အပြင်မေခအရှေ့ခြမ်းဒေသ တွင်လည်း ဗကပတပ်ရင်း(၁ဝ၁) က ဆဒုံးနယ်မြေအထိ ထိုးဖောက်ဝင်ရောက်လာပြီးဖြစ်သည်။ ၁၉၇၅ ခုနှစ်၊ မတ်လ ၁ ရက်တွင် ကေအိုင်အေတပ်မဟာ(၄) နယ်မြေ ကွတ်ခိုင်အနောက်ခြမ်း၊ နမ့်ဟိုင်းဒေသတွင် ကေအိုင် အေနှင့် ဗကပတို့တိုက်ပွဲဖြစ်ပွားကြရာ ကေအိုင်အေ တပ်မဟာ(၄)မှူးနှင့် ထိပ်တန်းခေါင်းဆောင်တစ်ဦးဖြစ် သော ဇော်ဒန်ကျဆုံးခဲ့ရသည်။ ဗကပတပ်ရင်း(၂ဝ၂) သည် အင်အားဖြည့်တင်းပြီး ကေအိုင်အေတပ်မဟာ (၄) နယ်မြေကို တစ်စတစ်စထိုးဖောက်လျက်ရှိသည်။ကွတ်ခိုင်အရှေ့ခြမ်းရှိ ကေအိုင်အေတပ်ရင်း(၂) နယ်မြေ ကိုလည်း ဗကပတပ်မဟာ(၂)အင်အားစုများက မန်ယုံ မော်ဒေသမှတစ်ဆင့် တိုးချဲ့ထိုးဖောက် လျက်ရှိသည်။ ဇော်ဒန်ကျဆုံးပြီးနောက်တွင် ဇော်ဒန်နေရာအား ဇော်မိုင်က ဆက်ခံပြီး တပ်မဟာ(၄)မှူး အဖြစ် ကွပ်ကဲ ကာ ဗကပများကို နမ့်ဟိုင်း၊ နမ့်ဆောင်ကြဲဒေသများမှ ရင်ဆိုင်ဟန့်တားထားခဲ့ရသည်။(၁။ ကချင်သောင်းကျန်းသူများသမိုင်းအကျဉ်းချုပ် (၁၉၈၄ ခုနှစ်၊ ဒီဇင်ဘာလ)၊ စာမျက်နှာ ၁၂၊ ၁၃။)
ဇော်ဒန်ကျဆုံးချိန်တွင် ဇော်ဆိုင်းရော၊ ဇော်တူးပါ ထိုင်းနိုင်ငံတွင်ရောက်ရှိနေခဲ့ကြသည်။ ၁၉၇၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်တွင် ကေအိုင်အေခေါင်းဆောင် ပုံရွှေဇော်ဆိုင်းနှင့်အဖွဲ့သည် ထိုင်းနိုင်ငံသို့ ထွက်ခွာသွား ကြပြန်သည်။ ထိုကဲ့သို့ ကေအိုင်အေခေါင်းဆောင်များထိုင်းနိုင်ငံသို့ရောက်ရှိနေခြင်းကို   အောက်ခြေထုက ကျေနပ်ခြင်းမရှိကြပေ။ ဗကပအား ရင်ဆိုင်နေသည့် အပြင် တပ်မတော်၏ထိုးစစ်များကိုပါ ခုခံဆင်နွှဲနေ ကြချိန်တွင် ခေါင်းဆောင်ပိုင်းက ထိုင်းနိုင်ငံသို့သွားရောက်ရှောင်တိမ်းနေခြင်း၊ ဦးဆောင်မှု မပေးခြင်းတို့ကြောင့်ကေအိုင်အေခေါင်းဆောင်ပိုင်းတွင်လည်း သဘောထား ကွဲလွဲလာ ကြသည်။ ထိုအချိန်တွင်ဇော်ဆိုင်း၊ဇော်တူးနှင့် ပုံရွှေဇော်ဆိုင်းတို့လူစုသည် ကေအိုင်အေလှုပ်ရှားမှု ကိုမျက်ကွယ်ပြုကာ ဘိန်းနှင့် ကျောက်စိမ်းရောင်းချရငွေများအား အလွဲသုံးစားပြုလုပ်ကာ စည်းစိမ်ယစ် မူးနေကြသည်။
ဇော်ဆိုင်းသည် ကေအိုင်အေတို့၏အမြင့်ဆုံး ခေါင်းဆောင်ဖြစ်သော်လည်း ပြည်တွင်းသို့ပြန်လည်ပြီး ဦးဆောင်မှုမပေးနိုင်သည်မှာ ကြာမြင့်ခဲ့ပြီဖြစ်သည်။ ကေအိုင်အေ အဓိကအင်အားစုများနှင့် ၁ဝ နှစ်ခန့် အဆက်အသွယ်ပြတ်နေသောကြောင့်လည်း ဇော်ဆိုင်း၏ခေါင်းဆောင်မှုမှာ မှေးမှိန်နေပြီဖြစ်သည်။ ပြည်တွင်းတွင် အချိန်အတန်ကြာလက်တွေ့ ခေါင်းဆောင်ခဲ့ပြီး သြဇာအာဏာစိုက်ထူခဲ့သော    ဇော်တူးမှာ လည်း အောက်ခြေ၏မကျေနပ်မှုနှင့်ကြုံတွေ့ခဲ့ရသည်။ ဇော်တူးသည် မိန်းမ မယူရဟူသောအမိန့်ကို ထုတ်ပြန်ခဲ့ပြီး နောက် ၁၉၆၆ ခုနှစ်တွင် ရဲမေလောခိုင်လုအွန်ကိုယူခဲ့ သူဖြစ်သည်။ ၁၉၇၃ ခုနှစ်တွင်လည်း ရဲမေဆိုင်းတောင် ကို ထပ်ယူပြန်သည်။ ပုံရွှေဇော်ဆိုင်းကလည်း ရဲမေ လုဆိုင်းအား  မယားငယ်အဖြစ်  သိမ်းပိုက်ခဲ့သည်။ခေါင်းဆောင်များ၏လူမှုရေးကိစ္စများသည် ငယ်သားများ၏အကြည်အညို ပျက်စရာဖြစ်၍ လာသည်။ ဘိန်း နှင့်ကျောက်စိမ်းရောင်းရငွေ သိန်း ၁ဝဝ ကျော်ကိုလည်း စာရင်းဖျောက်ခဲ့ကြသည်။
ထိုသို့ ကေအိုင်အေများ နိုင်ငံရေး၊ စစ်ရေးအရ အကျပ်အတည်းတွေ့နေချိန် ခေါင်းဆောင်များ၏ ခေါင်းဆောင်မှုကျဆင်းနေချိန်တွင် ၁၉၇၅ ခုနှစ်၊ သြဂုတ်လ ၁ဝ ရက်၌ ယခင် ကေအိုင်အေတပ်ရင်း(၁၁) တပ်ရင်းမှူးဆိုင်းတူက ဇော်ဆိုင်း၊ ဇော်တူးနှင့် ပုံရွှေ ဇော်ဆိုင်းတို့အား ထိုင်းနယ်စပ်ဆက်သွယ်ရေးစခန်းဖြစ် သည့်ထန်ပိုးတွင်လုပ်ကြံသတ်ဖြတ်ပစ်လိုက်လေသည်။ကေအိုင်အေဗဟိုဌာနချုပ်က ခေါင်းဆောင်များသည် ကိုယ်ကျိုးရှာ အလွဲသုံးစားပြုလုပ်နေသောကြောင့် ဖယ် ရှားခဲ့ရခြင်းဖြစ်ကြောင်း၊ တိုင်းကော်မတီ၊ ခရိုင်ကော် မတီများသို့  ရှင်းလင်းခဲ့ကြသည်။  ထိုအချိန်မှာပင် ထန်ပိုးတွင်ရှိနေကြသော ဂေါ်လူလဒွဲနှင့် ကျန်ခေါင်း ဆောင်များက ဆိုင်းတူသည် အစိုးရသူလျှိုဖြစ်ပြီး ခေါင်းဆောင်များအား တမင်လုပ်ကြံခြင်းဖြစ်သည်ဟု ပြည်တွင်းရှိ   ဇော်မိုင်ထံသို့သတင်းပို့ကြပြန်သည်။ ဆိုင်းတူကိုလည်း ၁၉၇၅ ခုနှစ်၊ စက်တင်ဘာလ ၂၉ ရက်တွင် ထိုင်းပုလိပ်များက လာရောက်ဖမ်းဆီးသွားခဲ့ ကြသည်။ ဇော်မိုင်က တပ်ရင်း(၈)တပ်ရင်းမှူး ဗိုလ်မှူးခွန်ချိုအားထိုင်းနိုင်ငံသို့ စေလွှတ်၍စစ်ဆေးစေခဲ့သည်။ စုံစမ်းရေးအဖွဲ့၏တွေ့ရှိချက်တွင် ခေါင်းဆောင်များအားဆိုင်းတူက တမင်လုပ်ကြံခြင်းဖြစ်ကြောင်း ပေါ် လွင်သော်လည်း မည်သည့်အကြောင်း ကြောင့် လုပ်ကြံ ခြင်းဖြစ်သည်ကိုမူ တင်ပြနိုင်ခြင်းမရှိခဲ့ပေ။
ဇော်ဒန် ကျဆုံးပြီးနောက်ပိုင်းတွင် ဇော်မိုင်သည် တပ်မဟာ(၄)ကို ခေါင်းဆောင်၍ ဗကပများကို ရင်ဆိုင် တိုက်ခိုက်ခဲ့ရာ ၁၉၇၅ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်မှစ၍ တိုက်ပွဲပေါင်း (၁၆)ကြိမ်ဖြစ်ပွားပြီး နှစ်ဖက်စလုံးအထိ နာခဲ့ကြသည်။ ဇော်မိုင်သည် ဗကပ(၂ဝ၂)ကို ဦးတည် ၍ ၁၉၇၅ ခုနှစ်၊ နိုဝင်ဘာလ ၂ဝ ရက်မှ ၁၉၇၆ ခုနှစ်၊ မတ်လ ၂၆ ရက်အထိ ကြောင်နက်စစ်ဆင်ရေးကို  ဆင်နွှဲခဲ့သည်။ ထ&