Home » » အခန်း(၁ဝ) ဗမာပြည်ကွန်မြူနစ်ပါတီ၏ ဆက်လက်လှုပ်ရှားမှုများ

အခန်း(၁ဝ) ဗမာပြည်ကွန်မြူနစ်ပါတီ၏ ဆက်လက်လှုပ်ရှားမှုများ


အခန်း(၁ဝ)
ဗမာပြည်ကွန်မြူနစ်ပါတီ၏ ဆက်လက်လှုပ်ရှားမှုများ
(၁။ သခင်သန်းထွန်း၏ နောက်ဆုံးနေ့များ (ဒုတိယတွဲမှ ထုတ်နုတ်ရေးသားသည်။)
ဗဟိုကော်မတီအတွင်း အခြေအနေ
ဗမာပြည်ကွန်မြူနစ်ပါတီသည် ပြည်တွင်းငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင် မိမိ၏ပါတီအကျိုးကိုသာ ကြည့်ရှု ကာ မရိုးမသား အမြတ်ထုတ်ခဲ့သဖြင့် ဆွေးနွေးပွဲပျက် ပြားသွားခဲ့ရပုံ၊ ပြည်ပမှ ညွှန်ကြားသည့်အတိုင်း ၁၉၆၄ ခုနှစ်၊ ဗဟိုကော်မတီ အစည်းအဝေးပွဲတွင် ၆၄ လမ်း စဉ်ကို ချမှတ်ခဲ့ပုံ၊ ပြည်ပပြန်များက အချက်အချာကျ သော  နေရာများကို  ခွဲဝေယူပြီး သြဇာအာဏာ ထူထောင်ကြပုံ၊ ပထမပတ် ဗဟိုမာ့ခ်စ်လီနင်ဝါဒ သင်တန်းကျောင်းကို ဖွင့်လှစ်၍ အရေးကြီးသော ကေဒါ များကို ပုံသွင်းကြပုံ၊ သခင်သန်းထွန်းနှင့် ပြည်ပပြန် များက ဗဟိုဌာနချုပ်တွင် နိုင်ငံရေးအာဏာသိမ်းယူ ကြပုံ၊ ပဲခူးရိုးမတိုင်းကို တိုက်ရိုက်ချုပ်ကိုင်ကြပုံ၊ ဘဝ ဟစ်တိုင်လှုပ်ရှားမှုကို ဖော်ထုတ်ပြီး ကျောရိုးတပ်နီ လူငယ်များကို မွေးမြူလေ့ကျင့်ကြပုံ၊ ဒုတိယပတ်ဗဟို မာ့ခ်စ်လီနင်ဝါဒကျောင်းသည် ပါတီကွန်ဂရက်တမျှ အာဏာထက်လာပုံ၊ ဖြုတ်ထုတ်သတ်လမ်းစဉ် ထွန်းကား လာပြီး ဂိုရှယ်၊ ရဲဘော်ဌေးနှင့် ဗိုလ်ရန်အောင်တို့ ရက်စက်စွာ အသတ်ခံကြရပုံတို့ကို အဓိကအားဖြင့် သခင်သန်းထွန်း၏ နောက်ဆုံးနေ့များ စာအုပ်၊ ပထမတွဲ မှ အကျဉ်းချုပ် ကောက်နုတ်ရေးသား၍ တင်ပြခဲ့ပြီး ပေပြီ။

ပဲခူးရိုးမဒေသကြီးတွင် ဗမာပြည်ကွန်မြူနစ်ပါတီ ကြီးစိုးလျက်ရှိရာမှ သခင်သန်းထွန်းနှင့် ပြည်ပပြန်များ က အာဏာရယူထားသည့် ဗဟိုဌာနချုပ်သည် ပဲခူးရိုးမ တိုင်းကော်မတီကိုပါ တိုက်ရိုက်ချုပ်ကိုင်ပြီး မိမိတို့ အလို ရှိသော ပြည်ပပုံစံများ သွတ်သွင်းရေးကို ကြိုးပမ်းနေကြသည်။ ကေအင်န်ယူပါတီကြီးစိုးသော မြစ်ဝကျွန်းပေါ် ဒေသကြီးတွင်မူ ဗဟိုနှင့် တိုင်း၏အခြေအနေမှာ ပြောင်းပြန်ဖြစ်သည်။ ဗမာပြည်ကွန်မြူနစ်ပါတီက ပဲခူးရိုးမတွင် ဗဟိုကတိုင်းကို တိုက်ရိုက်ချုပ်ကိုင်ထားသော်လည်း မြစ်ဝကျွန်းပေါ်ဒေသ၌မူ ကေအင်န်ယူပါတီ မြစ်ဝကျွန်းပေါ် တိုင်းကကေအင်န်ယူပါတီ ဗဟိုကို သြဇာလွှမ်းမိုးနေကြောင်း ပြည်သူ့စစ် ဒို့စစ်၊ ဒို့စစ် စာအုပ်မှ ထုတ်နုတ် တင်ပြပြီးပေပြီ။
သို့သော် ပြည်ပလမ်းစဉ်များကို လက်ခံနေသည့် ဗမာပြည်ကွန်မြူနစ်ပါတီနှင့် ကေအင်န်ယူပါတီ နှစ်ရပ် စလုံးတွင် ပါတီတွင်းပဋိပက္ခများ ပိုမိုပေါ်ပေါက်လာပြီး ပြည်သူ့ဆန့်ကျင်ရေးလုပ်ငန်းများကို ပိုမိုပြုလုပ်လာကြ ပုံမှာကား တူညီ၍နေသည်။ လူသတ်ဝါဒ၊ လူသတ် လမ်းစဉ်ကိုလည်း နှစ်ပါတီစလုံး အပြိုင်အဆိုင် အလု အယက် ကျင့်သုံးလာကြသည်။ ပြည်ပလမ်းစဉ်ကို လူသတ်ဝါဒဖြင့် နှစ်ပါတီစလုံးတွင် အကောင်အထည် ဖော်နိုင်ရေးအတွက် အဓိကအချက်အချာကျသော အဖွဲ့ အစည်းမှာ ဗမာပြည်ကွန်မြူနစ်ပါတီဗဟိုကော်မတီ ပင်ဖြစ်သည်။
ဗမာပြည်ကွန်မြူနစ်ပါတီ၏ ဖွဲ့စည်းအုပ်ချုပ်ပုံ စည်းမျဉ်းဥပဒေအရ အမြင့်ဆုံးအာဏာပိုင် အဖွဲ့ အစည်းမှာ ပါတီကွန်ဂရက်(ပါတီညီလာခံ)ဖြစ်သည်။ ဗမာပြည်ကွန်မြူနစ်ပါတီသည် ပါတီစတင်တည်ထောင် သည့် ၁၉၃၉ ခုနှစ်တွင် ပထမအကြိမ် ကွန်ဂရက်ကို ကျင်းပခဲ့ပြီး ဒုတိယအကြိမ် ကွန်ဂရက်ကို ၁၉၄၅ ခု နှစ်တွင် ကျင်းပခဲ့သည်။ ထို့နောက် ပါတီကွန်ဂရက်ကို (၁၉၈၅ ခုနှစ်အထိ) ကျင်းပနိုင်ခြင်းမရှိတော့ပေ။
ပါတီကွန်ဂရက်တစ်ခုနှင့်တစ်ခုအကြား၊ သို့မဟုတ် နောက်တစ်ကြိမ် ပါတီကွန်ဂရက် မကျင်းပနိုင်မီ အမြင့် ဆုံး အာဏာပိုင်အဖွဲ့အစည်းမှာ ဗဟိုကော်မတီဖြစ် သည်။ ဗဟိုကော်မတီကို ပါတီကွန်ဂရက်က ရွေးချယ် တင်မြှောက်သည်။ သို့သော် ၁၉၆၂ ခုနှစ်၊ ဗဟို ကော်မတီအဖွဲ့အစည်းတွင် ပါဝင်သော ဗဟိုကော်မတီဝင် ၂၁ ဦးအနက် လေးဦး၊ ငါးဦးသာလျှင် ဒုတိယ အကြိမ် ကွန်ဂရက်မှ ရွေးချယ်ထားခြင်းဖြစ်သည်။
၁၉၆၂ ခုနှစ်မှစ၍ ဗဟိုကော်မတီတွင် ပါဝင်သော အဖွဲ့ဝင်များမှာ အောက်ပါအတိုင်းဖြစ်သည်-
(၁)     သခင်သန်းထွန်း
(၂)     သခင်ဗသိန်းတင်
(၃)     သခင်ဇင်
(၄)     ရဲဘော်ဘတင်(ဂိုရှယ်)
(၅)     သခင်သန်းမြိုင်
(၆)     သခင်ချစ်
(၇)     ရဲဘော်ဌေး
(၈)     သခင်တင်ထွန်း
(၉)     သခင်ဖေတင့်
(၁ဝ)    ရဲဘော်ထွန်းမောင်(ဒေါက်တာနတ်)
(၁၁)    ရဲဘော်အောင်ကြီး
(၁၂)    ဗိုလ်မျိုးမြင့်
(၁၃)    ရဲဘော်မြ
(၁၄)    သခင်ပု
(၁၅)    ရဲဘော်တုတ်
(၁၆)    ဗိုလ်ဇေယျ
(၁၇)    ရဲဘော်စိုးသန်း
(၁၈)    ရဲဘော်ကျော်မြ
(၁၉)    ဗိုလ်ရဲထွဋ်
(၂ဝ)    ရဲဘော်ထွန်းစိန်(ဘာကယ်)
(၂၁)    ဗိုလ်ရန်အောင်
ဗမာပြည်ကွန်မြူနစ်ပါတီဗဟိုကော်မတီဝင်များ အနက် တစ်ဖက်နိုင်ငံသို့ လျှို့ဝှက်ရောက်ရှိနေသော အဝေးရောက်ဗဟိုကော်မတီဝင်များမှာ အောက်ပါ အတိုင်းဖြစ်သည်-၁
(၁) သခင်ဗသိန်းတင်
(၂) သခင်သန်းမြိုင်
(၃) ရဲဘော်အောင်ကြီး
(၄) သခင်ပု
(၅) ဗိုလ်ဇေယျ
(၆) ဗိုလ်သန်းရွှေ
ရဲဘော်အောင်ကြီးနှင့် ဗိုလ်သန်းရွှေသည် ၁၉၅ဝ ပြည့်နှစ်တွင် နိုင်ငံတကာ ကွန်မြူနစ်လှုပ်ရှားမှုများတွင် ဗမာပြည်ကွန်မြူနစ်ပါတီမှ ပါဝင်လှုပ်ရှားနိုင်ရန် ပြည်ပ နိုင်ငံသို့ ရှမ်းပြည်မြောက်ပိုင်း၊ ကြူကုတ် - ဝမ်တိန်လမ်း မှတစ်ဆင့် ထွက်ခွာသွားသူများဖြစ်သည်။ ဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ သခင်ဗသိန်းတင်ခေါင်းဆောင်သော အင်အား ၄ဝ ခန့်သည် 'ပင်လယ်ရပ်ခြားရောက် အမျိုးသားများအသင်း'မှ ရှဲတင်ကျင်း(ခေါ်)ကိုဟန်ကြည်က လမ်းပြခေါ်ဆောင်သွားသဖြင့် ၁၉၅၃ ခုနှစ်၊ မေလတွင် မြစ်ကြီးနား ဗန်းမော်ကြားရှိ နယ်စပ်ကိုဖြတ်၍ တရုတ်နိုင်ငံသို့ ရောက်သွားကြသည်။ ၁၉၅၃ ခုနှစ်၊ စက်တင်ဘာလတွင်  ပေါ်လစ်ဗျူရိုအဖွဲ့ဝင်  သခင် သန်းမြိုင်၊ ဗဟိုကော်မတီ သခင်ပုနှင့် ဗိုလ်ဇေယျတို့ ခေါင်းဆောင်သောအဖွဲ့သည် ပြည်ပနိုင်ငံသို့ထပ်မံ ရောက်ရှိသွားခဲ့ကြပြန်သည်။ ပြည်ပနိုင်ငံသို့ အသုတ်လိုက် ရောက်ရှိသွားကြသူများကို ပြည်ပကွန်မြူနစ် ပါတီက စနစ်တကျစုစည်း၍ ''အဝေးရောက် ဗမာပြည် ကွန်မြူနစ်ပါတီ''ကို ဖွဲ့စည်းပေးခဲ့သည်။ အဝေးရောက် ဗဟိုကော်မတီဥက္ကဋ္ဌမှာ  သခင်ဗသိန်းတင်ဖြစ်ပြီး အတွင်းရေးမှူးမှာ သခင်သန်းမြိုင်ဖြစ်သည်။ ရုံးမှာ ပြည်ပမြို့တွင်ပင် ရှိသည်။
ပြည်ပရောက် အဝေးရောက် ဗဟိုကော်မတီသည် နိုင်ငံပေါင်း ၄၉ နိုင်ငံမှ ကွန်မြူနစ်ပါတီများနှင့်သာမ က ဓနရှင်နိုင်ငံများမှ ညီနောင်ပါတီ ၂၇ ပါတီနှင့်ပါ ရင်းနှီးစွာ ဆက်ဆံခဲ့ရသည်။ အတွေ့အကြုံချင်း ဖလှယ် နိုင်ခဲ့သည်။ ညီနောင်ပါတီများ၏ ကွန်ဂရက်ပေါင်း ၁၁ ခုကို တက်ရောက်ခွင့်ရခဲ့ကြသည်။ အဝေးရောက် ဗဟိုကော်မတီသည် နိုင်ငံတကာကွန်မြူနစ်များနှင့်ဆက်ဆံခွင့်ရသည့်အလျောက် မိမိတို့ပါတီအတွက် ဟိတ်ဟန်ထုတ်၍ ဝါဒဖြန့်နိုင်ခွင့် များလည်း ရရှိခဲ့သည်။ သို့သော် အဝေးရောက် ဗဟိုကော်မတီသည် ပြည်ပကွန်မြူနစ်ပါတီ၏ ဦးဆောင်မှု၊ လမ်းညွှန်မှုများ အောက်တွင်သာ လှုပ်ရှားခွင့်ရခဲ့ခြင်းဖြစ်လေသည်။
ပြည်ပကွန်မြူနစ်ပါတီသည် အဝေးရောက်ပါတီ ဗဟိုကော်မတီများအား စည်းကမ်းတင်းကြပ်စွာ ချမှတ် ထားခဲ့သည်။ မြန်မာအမည်ကိုပင် သုံးစွဲခွင့်မပြုဘဲ ပြည်ပအမည်များ ပြောင်းကြရလေရာ သခင်ဗသိန်း တင်သည် ခေါ့စင်းဖြစ်လာသည်။ သခင်သန်းမြိုင်မှာ ဝမ်ကျန်းဖြစ်၏။ ရဲဘော်အောင်ကြီးကလီမင်း၊ သခင်ပု က လင်းစန်၊ ဗိုလ်ဇေယျက ကြူမင်း၊ ဗိုလ်သန်းရွှေက ဟိုကောက် စသည်ဖြင့် အမည်ပြောင်းကြရသည်။ အဝေးရောက် ပါတီဝင်များမှာ ပြည်ပနိုင်ငံမှ ပါတီဝင် မဟုတ်သူ အမျိုးသမီးများနှင့် အိမ်ထောင်ပြုခွင့်မရှိပေ။ ထို့ကြောင့် အမျိုးသမီးတစ်ဦးနှင့် ငြိစွန်းမိသော ဗိုလ်ယက္ခသည် ထိုအမျိုးသမီးနှင့်အတူ ရေတွင်းဟောင်း ကြီးထဲ ခုန်ဆင်း၍ အဆုံးစီရင်ခဲ့သည်။ ပြည်ပပါတီက အိမ်ထောင်ပြုလျှင် ပြည်ပကွန်မြူနစ်ပါတီဝင် အမျိုးသမီးနှင့်သာ အိမ်ထောင်ပြုသင့်သည်ဟု လမ်းညွှန် သည်။ ယင်းတို့ကသာ သင့်တော်ရာကို ရှာပေးမည်ဟု ဆိုသည်။
အဝေးရောက် ဗဟိုကော်မတီဝင်များမှာ တကွဲ တပြားစီနေရာ ချထားပေးခြင်း ခံရသည်။ ရဲဘော် အောင်ကြီးသည် ဗိုလ်သန်းရွှေကို တိုင်ပင်၍ ပြည်ပ ကွန်မြူနစ်ပါတီ၏ လျှို့ဝှက်ခွင့်ပြုချက်ဖြင့် တစ်ဖက် နိုင်ငံရှိ မြို့တစ်မြို့မှ အင်ဂျင်နီယာတစ်ဦးလည်းဖြစ်၊ ပြည်ပကွန်မြူနစ် ကေဒါလည်းဖြစ်သည့် ဆရာမတစ်ဦး နှင့် လျှို့ဝှက်စွာ လက်ထပ်ခဲ့သည်။ သခင်သန်းမြိုင်က လည်း မြို့တစ်မြို့မှ ပြည်နယ်ယဉ်ကျေးမှုဌာန၊ အက နည်းပြ ဆရာမတစ်ဦးနှင့် လက်ထပ်ခဲ့သည်။ ဆရာမ တစ်ဦးသည် ၁၉၆၄ ခုနှစ်တွင် မြန်မာနိုင်ငံသို့ ပြည်ပ ယဉ်ကျေးမှုအဖွဲ့နှင့်အတူ လိုက်ပါခဲ့လေသည်။ သခင်ဗသိန်းတင်သည်လည်း အဆုတ်ရောဂါအတွက် အထူးဆေးရုံတွင် တက်ရောက်ကုသရင်း သူနာပြုဆရာမ တစ်ဦးနှင့် ငြိစွန်းခဲ့လေသည်။ ဗိုလ်သန်းရွှေလည်း ၁၉၆၁ ခုနှစ်တွင် မုဆိုးမတစ်ဦးနှင့် လက်ထပ်ခဲ့သည်။
၁၉၅၆ ခုနှစ်တွင် အဝေးရောက်ကွန်မြူနစ်ပါတီ ဝင်များသည် ပြည်နယ်တစ်ခု၌ မာ့ခ်စ်လီနင်ဝါဒ နိုင်ငံ ရေးတက္ကသိုလ်သို့ တက်ရောက်သင်ကြားကြရသည်။ ထိုအချိန်ကလည်း ခင်ခင်ကြည်(ခေါ်)မမျိုးသန့်(ခေါ်) ဝမ်ယွင်သည် ဗိုလ်မှူးကြည်မြိုင်(ခေါ်)တိန်ကြည်ပင်နှင့် အိမ်ထောင်ရေးစည်းကမ်းများ ကျူးလွန်၍ ဖောက်ပြား ခဲ့ကြဖူးသည်။ ယင်းတို့ကို ပြည်ပကွန်မြူနစ်ပါတီက အပြင်းအထန် စိစစ်ခဲ့ရသည်။
အလံနီပါတီမှ အဝေးရောက်ကွန်မြူနစ်ပါတီသို့ ကူးပြောင်းခဲ့သော ရဲဘော်သက်တင်၏ဇနီး မတင်ဝေ သည်လည်း ၁၉၅၂ ခုနှစ်တွင် ပြည်ပကေဒါတစ်ဦးနှင့် လူမှုရေးဖောက်ပြန်သဖြင့် တာဝန်ပေးထားရာ မြေယာ ပြုပြင်ပြောင်းလဲရေးမှ ချက်ချင်းပြန်ခေါ်ခဲ့သည်။ မတင်ဝေသည် ၁၉၅၆ ခုနှစ် ရဲဘော်ဖေသောင်းနှင့် ထပ်မံ  ဖောက်ပြန်လေသည်။ စင်စစ် မတင်ဝေ(ခေါ်) မခင်ဆွေသည် အလံနီကွန်မြူနစ်ပါတီ အထွေထွေအတွင်း ရေးမှူးချုပ် သခင်စိုး၏ဇနီး မငွေစံ၏ ညီမပင်ဖြစ်သည်။
တစ်ဖက်နိုင်ငံတွင် အဝေးရောက်ပါတီဝင်များ၏ စည်းကမ်းဖောက်ဖျက်မှုများကို ပြည်တွင်းမှ ပါတီဝင် များ မသိရှိကြရပေ။ သခင်သန်းမြိုင်ကို အရေးယူခဲ့ သော်လည်း ကျန်ပါတီဝင်များမှာ အရေးယူခြင်း မခံရဘဲ ထိပ်တန်းလျှို့ဝှက်အဖြစ် ဖုံးဖိ၍ပင် ထားကြလေ သည်။ အဝေးရောက်ပါတီဝင်များအတွင်း ဂိုဏ်းဂဏ ဖွဲ့မှုများလည်း ရှိခဲ့သည်။ ရဲဘော်အောင်ကြီးနှင့် ဗိုလ်သန်းရွှေတို့သည် ပညာတော်သင်ပထမအသုတ်မှ ရဲဘော်များအား ကျောရိုးများအဖြစ် စုစည်းမွေးမြူ ထားသည်။
ရဲဘော်အောင်ကြီးတို့ မွေးမြူစုစည်းထားသော ပညာတော်သင် ပထမအသုတ်မှ ရဲဘော်များမှာ အောက်ပါအတိုင်းဖြစ်သည်။(၁။ သခင်သန်းထွန်း၏ နောက်ဆုံးနေ့များ (ဒုတိယတွဲ၊ စာမျက်နှာ ၆၅၆။))
 (၁) ရဲဘော်အောင်ဝင်း            (ဟင့်ဝင်)
(၂) ရဲဘော်မျိုးတင့်                 (ယီကြူ)
(၃)     ရဲဘော်ညို                 (ဝမ်ရော့)
(၄)     ဗိုလ်တိုက်အောင်         (ဝမ်ရင်)
(၅)     ရဲဘော်နေဝင်း(ခေါ်)တင်ရီ(ရန်ကွမ်)
          ပိုက်ကုလား
(၆)     ရဲဘော်ချစ်မောင်           (ချင်းလျန်)
(၇)     ရဲဘော်ကျော်ဇော         (ကြုံးယီမင်)
(၈)     ရဲဘော်သန်းဝင်း           (ချင်းယုံ)
(၉)     ဗိုလ်ထွန်းငြိမ်း              (လီကြုံး)
၁၉၅၆ ခုနှစ်နောက်ပိုင်းမှသာ ဗဟိုကော်မတီဝင်များ တစ်ဦးနှင့်တစ်ဦး ဆုံစည်းခွင့်ရကြခြင်းဖြစ်သဖြင့် ရဲဘော်အောင်ကြီးနှင့် ဗိုလ်သန်းရွှေတို့အနေနှင့် အမာခံ ကျောရိုးများ မွေးမြူခွင့်ရခဲ့ကြရလေသည်။ သခင်သန်း မြိုင်သည်လည်း ရဲဘော်အောင်ကြီးတို့လူစု၌ ပါဝင်ခဲ့သည်။ ထို့နောက် ရဲဘော်အောင်ကြီး၊ ဗိုလ်သန်းရွှေ၊ သခင်သန်းမြိုင်တို့ခေါင်းဆောင်သော အုပ်စုကတစ်ဖက်၊ သခင်ဗသိန်းတင်၊ သခင်ပုနှင့်ဗိုလ်ဇေယျတို့ခေါင်း ဆောင်သော အဝေးရောက် ဗဟိုကော်မတီက တစ်ဖက် ဂိုဏ်းဂဏပဋိပက္ခများ ဖြစ်လာကြပြန်သည်။ ရဲဘော် အောင်ကြီးနှင့် ဗိုလ်ဇေယျသည် ထိုးကြိတ်ကြသည်အထိ ပဋိပက္ခပြင်းထန်ခဲ့ကြသည်။(၁။ သခင်သန်းထွန်း၏ နောက်ဆုံးနေ့များ (ဒုတိယတွဲ၊ စာမျက်နှာ ၆၇၃။))  ပြည်ပကွန်မြူနစ်ပါတီ ကလည်း အဝေးရောက်ပါတီအား တိုက်ရိုက်ဦးဆောင် ရုံသာမကဘဲ ပြည်ပမြေအောက်ကေဒါများကို အထူး လေ့ကျင့်ပေးပြီး ပင်လယ်ရပ်ခြားရောက် ပြည်ပအမျိုးသားများအသင်း (ဝါချောင်ကျူမုစံဟွေ့)မှတစ်ဆင့် မြန်မာနိုင်ငံသို့ စေလွှတ်ပေးပို့ခဲ့သည်။ ပြည်ပရဲဘော် များသည် ၁၉၅ဝ ပြည့်နှစ်နောက်ပိုင်းမှစ၍ ဗမာပြည် ကွန်မြူနစ်ပါတီ ဌာနချုပ်သို့   ရောက်ရှိခဲ့ကြသည်။ တိုက်ရိုက် ကြိုးမဲ့ကြေးနန်းအဆက်အသွယ်ရရှိခဲ့သော ကြောင့်လည်း ပြည်ပကွန်မြူနစ်ပါတီသည် ဗမာပြည် ကွန်မြူနစ်ပါတီအား လမ်းစဉ်များ၊ ညွှန်ကြားချက်များ ချမှတ်ပေး၍ ဦးဆောင်နိုင်ခဲ့သည်။ ၅၅ လမ်းစဉ်မှ ၆၄ လမ်းစဉ်၊ ၆၅ ဆုံးဖြတ်ချက်များအထိ ပြည်ပမှပေးပို့ခဲ့ခြင်းဖြစ်ရာ ဗမာပြည်ကွန်မြူနစ်ပါတီသည် တစ်လုံးတစ်ပါဒမျှ ပြင်ဆင်ခွင့်မရှိခဲ့ပေ။
အဝေးရောက်ပါတီဝင်များက ပြည်ပနိုင်ငံတွင် ဂိုဏ်းဂဏဖွဲ့နေကြသော်လည်း ၁၉၆၃ ခုနှစ် ငြိမ်းချမ်း ရေး ဆွေးနွေးပွဲကာလတွင် မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိလာသော ဗိုလ်ဇေယျ၊ ရဲဘော်အောင်ကြီးတို့ လူစုသည် ပဋိပက္ခများကို ဖုံးဖိ၍ စည်းလုံးညီညွတ်ပြခဲ့ ကြသည်။ ၁၉၆၇ ခုနှစ်၊ နှစ်ဦးတွင် နိုင်ငံရေးဦးဆောင် အဖွဲ့ဝင်နှင့် အဝေးရောက်ဗဟိုကော်မတီဝင် သခင်သန်းမြိုင်(ခေါ်) ရဲဘော်သက်ဖေ(ခေါ်) ဝမ်ကျန်းအား ပြည်ပကွန်မြူနစ်ပါတီနှင့် သခင်ဗသိန်းတင်တို့လူစုက ဆိုဗီယက်ပြန်လည်ပြင်ဆင်ရေးသမားတို့၏ နောက် လိုက်၊ ပါတီဖြိုခွဲသူ၊ ဖက်ဆစ်ချန်ကေရှိတ်၊ နေဝင်း၏ သူလျှို စသည်ဖြင့် စွဲချက်အမျိုးမျိုးတင်ကာ ပြည်ပနိုင်ငံ ၌ အရေးယူလိုက်ကြလေသည်။(၂။        သခင်သန်းထွန်း၏ နောက်ဆုံးနေ့များ (ဒုတိယတွဲ၊ စာမျက်နှာ ၆၈၄။)) ဤကား ပြည်ပရောက် ဗမာပြည်ကွန်မြူနစ်ပါတီ၏ ဖြုတ်ထုတ်သတ်လမ်းစဉ် ဖြစ်လေသည်။*(* သခင်သန်းမြိုင်ကို သတ်ဖြတ်ပစ်လိုက်ကြသည်ဟု သခင်သန်းထွန်း၏ နောက်ဆုံးနေ့များ စာအုပ်တွင် ဖော်ပြထားသည်။ သခင်သန်းမြိုင်မှာ သာမန်အရပ်သားတစ်ဦးအဖြစ် ချောင်ထိုးဇာတ်မြှုပ်ခြင်း ခံထားရသည်ဟူသော သတင်း များလည်း ရရှိခဲ့သည်။)
ပြည်တွင်းမှ ဗဟိုကော်မတီမှာ ပြည်ပမှ အဝေး ရောက် ဗဟိုကော်မတီ၏ ညွှန်ကြားချက်အတိုင်းပင် လိုက်နာခဲ့ရသည်။ ပြည်ပမှ ဗဟိုကော်မတီအချို့ ပြည်တွင်းသို့ ရောက်လာသောအခါ ပြည်တွင်းမှ ဗဟို ကော်မတီများမှာ ပို၍ ပို၍ပင် သြဇာကျဆင်း၍လာ သည်။ ဖြုတ်ထုတ်သတ်လမ်းစဉ်ဖြင့် အသတ်ခံရသူများ ပင် ရှိလာသည်။ စင်စစ် ဗမာပြည်ကွန်မြူနစ်ပါတီ၏ ထိပ်သီးခေါင်းဆောင်ပိုင်းတွင် ၁၉၆၂ ခုနှစ်၊ ဗဟို ကော်မတီ အစည်းအဝေးမှစ၍ အောက်ပါအတိုင်း အုပ်စုသုံးစုကွဲခဲ့ပြီးဖြစ်သည်။(၃။ သခင်သန်းထွန်း၏ နောက်ဆုံးနေ့များ (ဒုတိယတွဲ၊ စာမျက်နှာ ၆၉ဝ။))
သခင်သန်းထွန်းခေါင်းဆောင်သည့်အုပ်စုတွင်-
(၁)     သခင်သန်းထွန်း
(၂)     သခင်ချစ်
(၃)     ဗိုလ်ရဲထွဋ်တို့ပါဝင်ပြီး ဗိုလ်ရဲထွဋ်မှာ လက် နက်ချခဲ့သည်။ သခင်သန်းထွန်းကို အပြင်းအထန် ဆန့်ကျင်သူများမှာ-
(၁)     ရဲဘော်ဘတင်(ဂိုရှယ်)
(၂)     ဗိုလ်မျိုးမြင့်
(၃)     သခင်ဖေတင့်
(၄)     ရဲဘော်ထွန်းမောင်(ဒေါက်တာနတ်)တို့ဖြစ် သည်။
ကြားနေသူများလည်းရှိသည်။
ကြားနေသူများမှာ-
(၁)     ရဲဘော်ဌေး
(၂)     သခင်ဇင်
(၃)     ရဲဘော်မြ
(၄)     ရဲဘော်စိုးသန်း
(၅)     ရဲဘော်တုတ်တို့ဖြစ်သည်။
ပြည်ပပြန်များ ရောက်ရှိလာသောအခါ သခင် သန်းထွန်းအုပ်စုသည် ပြည်ပပြန်များကို နေရာပေး ကြိုဆိုပြီး လုံးဝပင် ပူးပေါင်းလိုက်ကြသည်။ ထို့နောက် အတိုက်အခံ ဆန့်ကျင်ဘက်အုပ်စုကို ဖြုတ်ထုတ်သတ် လမ်းစဉ်ဖြင့် သုတ်သင်ရှင်းလင်းရာ ဂိုရှယ်၊ ရဲဘော်ဌေး နှင့် ဗိုလ်ရန်အောင်တို့ အသတ်ခံလိုက်ကြရသည်။ အချို့လည်း သခင်သန်းထွန်းတို့လူစုဘက်သို့ ပူးပေါင်းရတော့သည်။ ၁၉၆၇ ခုနှစ်၊ စက်တင်ဘာလ ဗဟိုကော်မတီ အစည်းအဝေးသို့ တက်ရောက်ရန်လာသော ရဲဘော်ကျော်မြသည် ဗိုလ်ဇေယျ၊ ဒေါက်တာနတ်(ထွန်းမောင်) တို့နှင့်တိုင်ပင်ပြီး အစည်းအဝေးမတက်ဖြစ်ဘဲ ရခိုင်ရိုးမသို့ ပြန်သွားခဲ့သည်။ ရဲဘော်ကျော်မြသည် နှစ်စဉ် ဆက်ကြေး ငွေနှစ်သိန်းနှင့်အတူ အစီရင်ခံစာ တစ်စောင်ကိုပါ ရေးသားပေးပို့ခဲ့ရာ သခင်သန်းထွန်းက ရဲဘော်ကျော်မြ ပြန်သွားခြင်းသည် မူမမှန်ဟု မှတ်ချက် ချပြန်သည်။ ၅၅ သမား၊ ပြန်လည်ပြင်ဆင်ရေးသမား ဟုလည်း သတ်မှတ်လိုက်သည်။(၁။ သခင်သန်းထွန်း၏ နောက်ဆုံးနေ့များ (ဒုတိယတွဲ၊ စာမျက်နှာ ၇၄၃၊ ၇၄၄။)) ရဲဘော်ကျော်မြအား စိန်ပိန်ဂိုဏ်း၏အငုတ်အတက်(ဂိုရှယ်၊ ရဲဘော်ဌေးတို့၏ နောက်လိုက်)အဖြစ် အရေးယူရန် စီစဉ်တော့သည်။
ရဲဘော်အောင်ကြီးကလည်း ၁၉၆၇ ခုနှစ်၊ သြဂုတ် လတွင် တော်လှန်ရေးကောင်စီအား တရုတ်ပြည် ချန် ကေရှိတ်နှင့်တူသောကြောင့် လက်ဝေခံ ဗျူရိုကရက် အရင်းရှင်အဖြစ် သတ်မှတ်ရန်၊ ယင်းသတ်မှတ်ချက်များ ကို လက်မခံသူများအား ဖြုတ်ထုတ်သတ်လမ်းစဉ်ဖြင့် ကျင့်သုံးရန် တင်ပြပြန်သည်။ (၂။ သခင်သန်းထွန်း၏ နောက်ဆုံးနေ့များ (ဒုတိယတွဲ၊ စာမျက်နှာ ၇၅၆၊ ၈၁၁။))  သခင်သန်းထွန်းတို့က လည်း လက်ခံသည်။ ၁၉၆၇ ခုနှစ်၊ စက်တင်ဘာလ ၂ဝ ရက်နေ့တွင် တနင်္သာရီတိုင်း၊ တိုင်းကော်မတီ အတွင်းရေးမှူးနှင့် ဗဟိုကော်မတီဝင် ရဲဘော်ထွန်းစိန် (ခေါ်) ဘာကယ်(ခေါ်) သန်းမောင်(ခေါ်) ကျင်သောင်း က မိမိ၏ခံယူချက်နှင့် တင်ပြချက်ကို စာရေး၍တင်ပြ ရာ အာဏာသုံးမျိုးရှိကြောင်း ဖော်ပြသဖြင့် အရေးယူ ရန် အမြန်ဆုံးခေါ်ယူပြန်သည်။
နိုင်ငံရေးဦးဆောင်အဖွဲ့နှင့် ဗဟိုကော်မတီဝင်များ မှာလည်း ပဋိပက္ခကြီးမားလာသည်။ ၁၉၆၆ ခုနှစ်၊ အောက်တိုဘာလ၂ဝ  ရက်တွင်  သခင်ချစ်က တော်လှန်ရေးကောင်စီဝင်တစ်ဦးထံ စာရေးသည့်ကိစ္စ နှင့်ပတ်သက်၍ လည်း ဗဟိုကော်မတီအတွင်း ချမပြ သဖြင့် ပဋိပက္ခဖြစ်ပွားခဲ့သည်။ ၁၉၅၈ ခုနှစ်တွင် အထူး ကိစ္စရပ်များ၌သာ သုံးရမည့် သီးသန့်ရန်ပုံငွေ ကျပ် နှစ်သိန်းကို သခင်သန်းထွန်းက မည်သူ့ကိုမျှ မတိုင်ပင်ဘဲ ဇနီးဖြစ်သူ မခင်ကြီးအား ပေးလိုက်သည့် အတွက်လည်း ဂိုရှယ်နှင့်ရဲဘော်စိုးသန်းတို့က အကြီးအကျယ် အပြစ် တင်ခဲ့ကြသည်။ ဤကိစ္စကို ဗဟို ကော်မတီက ၁၉၆၄ ခုနှစ်၊  ဗဟိုကော်မတီအစည်းအဝေးတွင်  သခင်သန်းထွန်းအား သီးသန့်ရန်ပုံငွေ ကိစ္စကြောင့် အလေးအနက် သတိပေးခဲ့ရသည်။ သခင်သန်းထွန်းသည် ၁၉၆၄ ခုနှစ်တွင် မဟာဒေဝီထံသို့လည်း စာရေး၍ ဆက်သွယ်ခဲ့လေသည်။
ပြည်ခရိုင် အာဏာနီတည်ဆောက်ရေး
တပ်မတော်သည် ပဲခူးရိုးမတွင် ခိုအောင်းနေသော ဗမာပြည်ကွန်မြူနစ်ပါတီဌာနချုပ်နှင့် လက်အောက်ခံ အဖွဲ့အစည်းများအား ထိုးစစ်များတစ်ရပ်ပြီးတစ်ရပ် ဆင်နွှဲ၍ ချေမှုန်းရန် ကြိုးစားခဲ့သည်။ ၁၉၆၇ ခုနှစ်၊ ဇူလိုင်လ ဒုတိယပတ်တွင် ဗဟိုကော်မတီဥက္ကဋ္ဌဖြစ်သော သခင်သန်းထွန်းက ''ရန်သူ့ထိုးစစ်ကို ငါတို့ ထိုးစစ်ဖြင့် ချေမှုန်းရမည်''ဟု စစ်ရေးဆိုင်ရာ လမ်းညွှန်မှုကို ချမှတ်လိုက်သည်။ တပ်မတော် အမှတ်(၇၇) ခြေမြန်တပ်မဌာနချုပ် သည် ၁၉၆၆ ခုနှစ်၊ ဒီဇင်ဘာလ ဆန်း ၉ ရက်မှစ၍ ကြံတိုင်းအောင်စစ်ဆင်ရေးကို စတင်ဆင်နွှဲခဲ့သည်။ ယင်းစစ်ဆင်ရေးကို ဗမာပြည် ကွန်မြူနစ်ပါတီက သာလှထိုးစစ်ဟု ကင်ပွန်းတပ်ခဲ့ သည်။ ဗဟိုဌာနချုပ် ကြိုးမဲ့ကြေးနန်းဆက်သွယ်ရေး ဌာနမှ ရဲဘော်မောင်ထွေး(ခေါ်)သာလှ အလင်းဝင်သွား သောကြောင့် ပေါ်ပေါက်လာသဖြင့် သာလှထိုးစစ်ဟု ခေါ်ခဲ့ခြင်းဖြစ်သည်။ ကြံတိုင်းအောင်စစ်ဆင်ရေးကာလ နှစ်လအတွင်း ဗဟိုဌာနချုပ်သည် နေရာ ၁၂ နေရာ ပြောင်း၍ရှောင်တိမ်းခဲ့ရသည်။  ကြံတိုင်းအောင် စစ်ဆင်ရေးသည်  အထူးသဖြင့်  သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ်အတွင်း ဆင်နွှဲခဲ့ရခြင်းဖြစ်ရာ ဗမာပြည် ကွန်မြူနစ်ပါတီမှ ကျဆုံးသူ၊ ဒဏ်ရာရသူ၊ လက်နက် ချသူ၊ ဖမ်းဆီးခံရသူများ အထူးများပြားခဲ့ရသည်။
၁၉၆၇ ခုနှစ်၊ သြဂုတ်လ ၂ ရက်နေ့မှစတင်၍ အမှတ်(၈၈)ခြေမြန်တပ်မဌာနချုပ်သည် သာယာဝတီ ခရိုင်နှင့် ပြည်ခရိုင်တို့တွင် တပ်ရင်း(၇)ရင်းဖြင့် မော်နိုင်စစ်ဆင်ရေးကို ဆင်နွှဲလာပြန်သည်။ ဗမာပြည်ကွန်မြူ နစ်ပါတီကလည်း ထိုးစစ်ကို ထိုးစစ်ဖြင့် ရိုက်ချိုးရန် ပြင်ဆင်တော့သည်။ မော်နိုင်စစ်ဆင်ရေးကိုလည်း သစ္စာဖောက်ဘခက်ရဲ့ စိန်ပိန်ကယ်တင်ရေးစီမံကိန်း (သို့မဟုတ်) ဘခက်ထိုးစစ်ဟု အမည်ပေးလိုက်ကြသည်။
မော်နိုင်စစ်ဆင်ရေးကာလအတွင်း ဗမာပြည်ကွန်မြူနစ်ပါတီ၏ ဗဟိုဌာနချုပ်စခန်းမှာ တိုက်ရိုက် တိုက်ခိုက်ခြင်းမခံခဲ့ရသော်လည်း အငတ်ငတ်အပြတ်ပြတ်နှင့် ရှောင်တိမ်းပြေးလွှားခဲ့ကြရသည်။ ဗဟိုဆေး ကျောင်းမှာ နှစ်ကြိမ် အတိုက်ခံခဲ့ရသည်။ ဗဟိုဆေး ကျောင်းတပ်မှူး ရဲဘော်အောင်မြင့်လည်း ကျဆုံးခဲ့ရ သည်။ သာယာဝတီခရိုင်နှင့် ပြည်ခရိုင်တို့တွင်လည်း တပ်မှူးအချို့နှင့် ခရိုင်ကော်မတီဝင်များ အမြောက် အမြားကျဆုံးပြီး ဖရိုဖရဲဖြစ်သွားကြရသည်။
ထိုးစစ်ကို ထိုးစစ်ဖြင့် ရိုက်ချိုးနိုင်ရေးတွင် အာဏာ နီ တည်ဆောက်ရေးသည် အရေးပါသည်ဟု ဗမာပြည် ကွန်မြူနစ်ပါတီက ယူဆခဲ့သည်။ ထို့ကြောင့် ၁၉၆၇ ခုနှစ်၊ ဇူလိုင်လတွင် တိုက်နယ်မြို့နယ်များမှ ကေဒါ များအား  ပြည်ခရိုင်ပါတီအတွင်းရေးမှူး  ရဲဘော် လှကြည်နှင့် ဗိုလ်ငြိမ်းတို့က ဗိုလ်ထွန်းငြိမ်းကို စေလွှတ် ပေးရန်  ဗဟိုဌာနချုပ်သို့  တောင်းဆိုလိုက်သည်။ ထို့ကြောင့် ဗိုလ်ထွန်းငြိမ်းသည် ပြည်ခရိုင် အာဏာနီ တည်ဆောက်ရေးကို လုံးဝတာဝန်ယူပြီး ပြည်ခရိုင်သို့ ခရီး ထွက်သွားရသည်။ ထို့နောက် ပြည်ခရိုင်မှ ကေဒါ များအား ''သေနတ်ပြောင်းဝက အာဏာထွက်တယ်၊ လူသတ်ရတာ တရားတယ်'' စသည်ဖြင့် သြဝါဒများကို ချမှတ်ပေး သည်။ ထို့နောက် အာဏာနီစီမံကိန်းကို အောက်ပါ အတိုင်း ချမှတ်ပြန်သည်-(၁။ သခင်သန်းထွန်း၏ နောက်ဆုံးနေ့များ (ဒုတိယတွဲ၊ စာမျက်နှာ ၈၉၇။))
 (၁)    ပါတီတွင်းမှ တန်ပြန်တော်လှန်ရေးသမား များကို ဖွင့်ချတိုက်ခိုက်သွားရန်။
(၂)     ရန်သူ့ဒေါက်တိုင်များ (ကျေးလက်နေဝင်း ကလေးများ)ကို သုတ်သင်ရှင်းလင်းခြင်းနှင့် ရန်သူ့လုပ်ငန်းများ ဖြစ်သည့် လလသသ၊ မယက လုပ်ငန်းများကို ဘက်ပေါင်းစုံမှ တိုက်ခိုက်ဖျက်ဆီးရန်။
(၃)     ကျေးလက်လူတန်းစားအရ ဆင်းရဲသား လယ်သမားလူတန်းစားခေါင်းဆောင်မှုကို ထူထောင်ရန်။
(၄)     ပြည်သူ့စစ်ပွဲ အုတ်မြစ်အခြေခံဖြစ်သော ပြည်သူ့စစ်များကို ပြန်လည်စည်းရုံးဖွဲ့စည်း ရန်။
အာဏာနီတည်ဆောက်ရေး၏ အခြေခံဖြစ်သော စစ်စည်းဝိုင်းဒေသများကိုလည်း အောက်ပါအတိုင်း သတ်မှတ်ဖွဲ့စည်းလိုက်သည်- (၂။ သခင်သန်းထွန်း၏ နောက်ဆုံးနေ့များ (ဒုတိယတွဲ၊ စာမျက်နှာ ၈၉၇။))
(၁)     ကောင်းစီ၊ သပြေတုံး၊ ထူးပေါက်။
(၂)     သီးကုန်း၊ ဆီဆုံကုန်း၊ ကျောက်ပြင်သာ၊ ဖလံပင်၊ လှည်းကူး။
(၃)     ပိုးကျော့ကွင်း၊ ဇီးအုပ်၊ ပြဆိုးကျွန်း၊ ပြားကိုး ကျွန်း။
(၄)     ပုလှ၊ ကြို့ကုန်း၊ စည်းဘုန်း၊ အုတ်ဖို။
(၅)     တွင်းပြဲ၊ မြစ်လောင်း၊ ကျောက်တွင်း။
(၆)     ညောင်ကုန်း၊ တောင်က၊ ပိန်းတော။
ကောင်းစီရွာကိုလည်း ယင်းဒေသ၏ ပြည်ပမြို့ တော်ဟု ခေါ်ဝေါ်လိုက်ကြသည်။ တစ်စက်မှ တစ်မျက် နှာသို့ ကူးစက်သည်ဟုဆိုကာ ပေါက်ခေါင်းလမ်း ကြောင်းကိုလည်း အကောင်အထည်ဖော်တော့သည်။ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ် ရွှေလေးဒေသ၊ ယုတ်ဆိုင်ရွာမှ ဦးရွှေသည် ကွန်မြူနစ်ပါတီအား အမြဲကူညီခဲ့ သဖြင့် အဖမ်းခံခဲ့ရသည်။ သုံးလအကြာတွင် လွတ်မြောက်လာပြီး မိမိအဖမ်းခံရစဉ် ပါတီက မိမိဇနီးအား မိမိကို သွားရောက်တွေ့ဆုံခွင့်မပေးခဲ့သဖြင့် ဝေဖန်ခဲ့သည်။ ၁၉၆၇ ခုနှစ်၊ စက်တင်ဘာလတွင် ဦးရွှေသည် ရက်စက်စွာ အသတ်ခံလိုက်ရတော့သည်။ ဤကား ပြည်ခရိုင်အာဏာနီ တည်ဆောက်ရေး၏ အစပင် ဖြစ်သည်။
ပြည်ပပြန် ဗိုလ်ထွန်းငြိမ်းသည် တပ်နီလူငယ်များ ကျောရိုးများကို မွေးမြူမြှောက်ပင့်၍ ပေါင်းတည်စစ် ဒေသ စီမံကိန်းကို ရေးဆွဲပြန်သည်။ ပြင်ကြီး၊ ညောင်နီ ပင်၊ ဆင်မြီးဆွဲနှင့် ရွှေလေးနယ်များတွင် ပေါင်းတည် စစ်ဒေသစီမံကိန်းကို အကောင်အထည်ဖော်ရန် စီစဉ်သည်။ မလေးလုံးပေါ်လစီကို ချမှတ်၍ မလိုက်နာလျှင် ရန်သူဟု သတ်မှတ်လိုက်သည်။ မလေးလုံး ပေါ်လစီ မှာ-(၁။ သခင်သန်းထွန်း၏ နောက်ဆုံးနေ့များ (ဒုတိယတွဲ၊ စာမျက်နှာ ၉ဝ၅။)
 (၁) ရန်သူကခေါ်လျှင် မသွားရ။
(၂) ရန်သူကခိုင်းလျှင် မလုပ်ရ။
(၃) ရန်သူကတောင်းလျှင် မပေးရ။
(၄) ရန်သူကပေးလျှင် မယူရတို့ဖြစ်သည်။
ဗိုလ်ထွန်းငြိမ်းတို့လူစုသည် မ,လေးလုံးပေါ်လစီကို မလိုက်နာသော အပြစ်မဲ့ရွာသူရွာသားများအား တစ်ယောက်ပြီးတစ်ယောက် သတ်ဖြတ်ကြတော့သည်။ အချို့အသတ်ခံရသူများမှာ ဗမာပြည်ကွန်မြူနစ်ပါတီ ကို တောက်လျှောက်အကူအညီပေးခဲ့သူများပင်ဖြစ် သည်။ လလသသတွင် ပါဝင်ဖူးသူများ၊ မြေယာကော် မတီတွင် ပါဝင်သူများမှာ ကျေးလက်နေဝင်းကလေး များအဖြစ် ရက်ရက်စက်စက် သုတ်သင်သတ်ဖြတ်ခြင်း ကို ခံခဲ့ရသည်။ ဗိုလ်ထွန်းငြိမ်းတို့လူစုသည် ပြည်ခရိုင် တွင်းမှ ရွာသူရွာသား ၁၅ဝ ကျော်ကို ငဆော်ကြီးဟု ခေါ်သည့် ဝါးရင်းတုတ်များ၊ ငခုတ်ကြီးဟုခေါ်သည့် ဓားမများဖြင့် သတ်ဖြတ်ခဲ့ကြခြင်းဖြစ်သည်။
ဗမာပြည်ကွန်မြူနစ်ပါတီ၏ ဗဟိုဌာနချုပ်သည် လည်း ပေါင်းတည်မြို့နယ်၊ ရွှေလေးဒေသ၊ ငါးရှဥ့်ကွင်း ရွာအနီးတွင် လာရောက်စခန်းချ၍ ပြည်ခရိုင်၏ အာဏာနီတည်ဆောက်ရေးကို အာဏာနီဌာနချုပ် အဖြစ် တိုက်ရိုက်ကွပ်ကဲတော့သည်။ ပြည်ပရေဒီယို ကလည်း ''အာဏာနီတို့ထူထောင်မည်''ဟူသော သီချင်း များကို အသံလွှင့်၍ လမ်းညွှန်ပေးနေသည်။ တော်လှန် တဲ့ ပေါက်ခေါင်းလယ်သမားအြုံ<ွကမှုကြီး၊ ဗမာ ချန်ကေ ရှိတ် နေဝင်းကို ဆန့်ကျင်နေတဲ့ ပေါက်ခေါင်းလယ် သမားတော်လှန်ရေးကြီး စသဖြင့် လှုံ့ဆော်၍ အသံ လွှင့်ပေးခဲ့သည်။ သို့နှင့် ပြည်ခရိုင်တည်ဆောက်ရေး တွင် ပေါက်ခေါင်းမှစ၍ ခရိုင်တစ်ခုလုံး သွေးခြင်းခြင်း နီခဲ့ရလေသည်။
ဗဟိုဌာနချုပ်က ပဲခူးရိုးမတိုင်းအတွင်းရှိ သရက် ခရိုင်(အရှေ့ခြမ်း)၊ သာယာဝတီခရိုင်၊ တောင်ငူခရိုင် နှင့် ပဲခူးခရိုင် စသည်တို့တွင် အာဏာနီအမြန်ဆုံးနှင့် ချက်ချင်းတည်ဆောက်ရန်၊ ပေါက်ခေါင်းလမ်းကြောင်း အတိုင်းလိုက်ရန် ညွှန်ကြားချက်များ ထုတ်ပြန်ခဲ့သည်။ သာယာဝတီခရိုင်တွင် ပြည်ပပြန် မစိန်ဝင်း(ခေါ်) ခင်ခင်ကြည်(ခေါ်)မမျိုးသန့်က တာဝန်ယူဆောင်ရွက်ခဲ့သည်။ တစ်မိုးလုံး ဖျောက်ဆိပ်ဖြစ်စေရမည်ဟူသောြေ<ွကးကြော်သံဖြင့် အကောင်အထည်ဖော်ခဲ့သည်။ ပြည်ပပြန်မစိန်ဝင်းသည် အာဏာနီတည်ဆောက်ရေး၏ မဏ္ဍိုင်အဖြစ် ကျေးလက်ကျောရိုးများ၊ အမာခံ ကျောရိုးများကို စုစည်းရွေးထုတ်ခဲ့သည်။
ပြည်ပပြန် မစိန်ဝင်းသည် ပေါက်ခေါင်းလမ်း ကြောင်း၏အဆက်ဟုဆိုကာကျေးလက်နေဝင် ကလေး များအား သုတ်သင်ရေးလှုပ်ရှားမှုကိုဆောင်ရွက်ခဲ့ကြသည်။ အပြစ်မဲ့ရွာသားများအား အာဏာဖြူဟုစွပ်စွဲ ကာ မစိန်ဝင်းကိုယ်တိုင်နည်းမျိုးစုံဖြင့် ညှဉ်းပန်း၍ သတ်ဖြတ်တော့သည်။ သာယာဝတီခရိုင်အတွင်းတွင် မစိန်ဝင်းတို့ လူစု၏ လက်ချက်ဖြင့် တောင်သူလယ်သမား ပေါင်း ၁ဝဝ ကျော် အသတ်ခံခဲ့ကြရသည်။
ဗမာပြည်ကွန်မြူနစ်ပါတီသည် ရန်သူ့ထိုးစစ်ကို ထိုးစစ်ဖြင့် ရိုက်ချိုးနိုင်ရန်အတွက် ပြည်သူ့ကျန်းမာရေး တပ်မတော် တည်ဆောက်ရေးအရ ဗဟိုပြည်သူ့ကျန်းမာရေးအဖွဲ့ကြီးကို ဖွဲ့စည်း၍ ပြည်ပပြန် ရဲဘော် ထွန်းရှိန်(ခေါ်)ဖေငြိမ်းကို တာဝန်ခံအဖြစ် ရွေးချယ် လိုက်သည်။ တစ်ဦးတည်းသော ဆေးပညာဘွဲ့ရသူဖြစ်  သည့် ဒေါက်တာနတ်(ထွန်းမောင်)ကိုကား ဖြုတ်ထုတ်သတ်စီမံကိန်းကိုဆန့်ကျင်သူ၊ ဥက္ကဋ္ဌဆန့်ကျင်သူ၊ ပြည်ပ ပြန် ဆန့်ကျင်သူစသည်ဖြင့် စွပ်စွဲ၍ တာဝန်မပေးခဲ့ပေ။ ဦးနှောက်ဆေးကြောသန့်စင်ရေးနှင့် မိမိကိုယ်ကိုမိမိ စိစစ်ရေးကိုသာ အဓိကလုပ်နေစေသည်။ ဗဟိုဆေး ကျောင်းသို့ တက်ရောက်ခွင့်ရကြသော လူငယ်လူရွယ် များမှာလည်း ဆေးပညာသင်ကြားရေးထက် မော်စီတုံး အတွေးအခေါ်သွတ်သွင်းရေးကိုသာ အဓိကဆောင်ရွက် ခဲ့ကြရသည်။
တပ်မတော်၏ထိုးစစ်များကို ရှောင်တိမ်းနေစဉ်မှာ ပင် ဗမာပြည်ကွန်မြူနစ်ပါတီ ဗဟိုဌာနချုပ်သည် ၁၉၆၈ ခုနှစ်၊ဖေဖော်ဝါရီလ ဒုတိယပတ်တွင် နတ်တလင်းမြို့နယ် ကွင်းသာချောင်းကမ်းပါး၌ တတိယပတ် ဗဟိုမာ့ခ်စ် လီနင်ဝါဒ ကျောင်းကို ဖွင့်လှစ်ခဲ့သည်။ တော်လှန်သော နိုင်ငံရေးဦးဆောင်အဖွဲ့က သင်တန်းတက် ရောက်ရန်    အထူးစိစစ်ရွေးချယ်ခံရသူများမှာ အောက်ပါအတိုင်းဖြစ်သည်-(၁။သခင်သန်းထွန်း၏ နောက်ဆုံးနေ့များ (ဒုတိယတွဲ၊ စာမျက်နှာ ၉၈၅၊ ၉၈၇။))
 (၁)    ပဲခူးရိုးမတိုင်း
          (က)    ပဲခူးခရိုင်
                   (၁)     ရဲဘော်ဝင်းအောင်        ခရိုင်ကော်မတီအတွင်းရေးမှူး
                   (၂)     ဗိုလ်စိုးကြည်               ခရိုင်ကော်မတီ
                   (၃)     ဗိုလ်အောင်ထူး            ခရိုင်ကော်မတီ
                   (၄)     ဗိုလ်အောင်မင်း           ခရိုင်ကော်မတီ
                   (၅)     ဗိုလ်ခင်ညို                 ခရိုင်ကော်မတီ
          (ခ)     တောင်ငူခရိုင်
                   (၁)     ရဲဘော်ကျော်လှ           ခရိုင်ကော်မတီ
                   (၂)     ရဲဘော်ရန်အောင်         ခရိုင်ကော်မတီ
                   (၃)     ဗိုလ်ထွန်းတင်             ခရိုင်ကော်မတီ
                   (၄)     ရဲဘော်ဦးဘိုဆိုင်          ရေတာရှည်မြို့နယ်ကော်မတီ
                   (၅)     ရဲဘော်မတင်ရီ            ရေတာရှည်မြို့နယ်ကော်မတီ
          (ဂ)     သရက်ခရိုင်
                   (၁)     ဗိုလ်ခင်မောင်              ခရိုင်ကော်မတီ
                   (၂)     ရဲဘော်သန်းဖေ           ခရိုင်ကော်မတီ
                   (၃)     ရဲဘော်ကျော်အေး        ချင်းဦးစီးအဖွဲ့
(၂)     အနောက်မြောက်ပိုင်း
          (က)    ရဲဘော်သန်းအောင်                တိုင်းတပ်ဆေးမှူး
          (ခ)     ရဲဘော်ခင်အောင်                   တိုင်းတပ်ဆေးမှူး
(၃)     မြစ်ဝကျွန်းပေါ်တိုင်း
          (က)    ရဲဘော်ဝင်းအောင်                  တိုင်းကော်မတီ
          (ခ)     ရဲဘော်သန်းဝင်း                    ပုသိမ်ခရိုင်ကော်မတီ
          (ဂ)     ရဲဘော်အောင်ဇံ                    မအူပင်ခရိုင်ကော်မတီ
          (ဃ)    ရဲဘော်ဖုန်းမြင့်                      ဟင်္သာတခရိုင် အတွင်းရေးမှူး
          (င)     ရဲဘော်မောင်မောင်ကြည်          ဟင်္သာတခရိုင်ကော်မတီ
          (စ)     ရဲဘော်ညိုစိမ့်                       မြို့နယ်ကော်မတီ
          (ဆ)    ရဲဘော်ဗိုလ်ခင်ညို                  တိုင်းဌာနချုပ်
(၄)     တနင်္သာရီတိုင်း
          (က)    ဗိုလ်စောဖေ                         မြိတ်ခရိုင်ကော်မတီ
          (ခ)     ရဲဘော်ဘချစ်လှ                    ထားဝယ်ခရိုင်ကော်မတီ
(၅)     မြစ်ဖျားဒေသတိုင်း
          (က)    ဗိုလ်မျိုးမြင့်                          ဗဟိုကော်မတီ
          (ခ)     ရဲဘော်တုတ်                        ဗဟိုကော်မတီ
          (ဂ)     ရဲဘော်သိန်းလွင်                    တိုင်းကော်မတီ
          (ဃ)    ရဲဘော်ထွန်းရှိန်                     ကသာခရိုင်ကော်မတီ
          (င)     ဗိုလ်စိန်ရိုး                           တိုင်းတပ်မှူး
(၆)     ပဲခူးရိုးမတိုင်း
          (က)    ဗိုလ်အောင်လှိုင်                     တိုင်းဌာနချုပ်
          (ခ)     ရဲဘော်ကျော်                       မွန်အမျိုးသားကေဒါ
          (ဂ)     မမြဝင်း                              ရိုးမစည်းရုံးရေးအဖွဲ့
(၇)     ဗဟိုဌာနချုပ်
          (က)    ဗိုလ်တင့်ဆန်း(ခ)
                   ဗိုလ်လွင်(ခ)အောင်သိန်းလွင်
          (ခ)     ရဲဘော်အောင်စိုး(ခ)
                   ငြိမ်းမောင်(ခ)သန်းမောင်
(ဂ)     ရဲဘော်လှတင်(ခ)သာဒိုး (ရခိုင်အမျိုးသားတက္ကသိုလ်ကျောင်းသားတပ်ဦးခေါင်းဆောင်) ကျောင်းကလာပ်စည်းကော်မတီ။      
(၁)     ရဲဘော်ကြည်အောင်(ခ)မျိုးတင့်
အတွင်းရေးမှူး
(၂)     ရဲဘော်ဖုန်းမြင့်                      တပ်စိတ်မှူး
(၃)     ရဲဘော်ဝင်းမောင်                   တပ်စိတ်မှူး
(၄)     ရဲဘော်ထွန်းရှိန်                     တပ်စိတ်မှူး
(၅)     ရဲဘော်ဝင်းမောင်                   နေထိုင်စားသောက်ရေး
(၆)     ရဲဘော်သိန်းလွင်                    ကုန်ထုတ်လုပ်ရေး
(၇)     ဗိုလ်ထွန်းတင်                      လုံခြုံရေး
ဗဟိုဌာနချုပ်နှင့် မာ့ခ်စ်လီနင်ဝါဒကျောင်းသည် တပ်မတော်၏   ပြည်သာယာစစ်ဆင်ရေးကြောင့် တစ်နေရာတည်းတွင် အခြေမချနိုင်ဘဲ နေရာများစွာ ပြောင်းရွှေ့နေရသည်။ ထိုအချိန်တွင် မြစ်ဖျားတိုင်းမှ ဗဟိုကော်မတီဝင် ရဲဘော်တုတ်သည် ဗဟိုမာ့ခ်စ်လီနင် ဝါဒ ကျောင်းသင်တန်းသားများနှင့် တပ်နီလူငယ်များ ၏ ဝေဖန်တိုက်ခိုက်မှုကို ခံနေရသည်။ ၁၉၆၈ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့တွင် ရဲဘော်တုတ်သည် အာဏာ အယူအဆကို အပြီးအပိုင်စွန့်လွှတ်ခြင်းဟူသော စာ တမ်းကို သခင်သန်းထွန်းထံသို့ တင်ပြလိုက်ရတော့ သည်။ အာဏာသုံးမျိုးရှိသည်ဟူသော အယူအဆကို စွန့်လွှတ်၍ ပြည်ပပြန်များ၏ အာဏာနှစ်မျိုးသာရှိ သည်ဟူသော အယူအဆကို လက်ခံလိုက်ခြင်းပင်ဖြစ် သည်။ သို့သော် သခင်သန်းထွန်းနှင့် တော်လှန်သော နိုင်ငံရေးဦးဆောင်အဖွဲ့က လက်မခံခဲ့ပေ။
ကျောင်းဆရာအဖွဲ့ကလည်း ''ကိုတုတ်ဟာ ဓနရှင် လူတန်းစားတွေရဲ့ နည်းပရိယာယ်ကို ကျင့်သုံးပြီးတော့ တော်လှန်တဲ့ ဥက္ကဋ္ဌကြီးနဲ့ တော်လှန်တဲ့ နိုင်ငံရေးဦး ဆောင်အဖွဲ့ကို စစ်ကြေညာလိုက်တာဖြစ်တယ်''ဟု စွပ်စွဲ တော့သည်။
သို့နှင့် သခင်သန်းထွန်းနှင့် ပြည်ပပြန်များသည် ဗဟိုမာ့ခ်စ်လီနင်ဝါဒကျောင်း ဘဝဟစ်တိုင် လှုပ်ရှား မှုများဖြင့် ပြည်ပလမ်းစဉ်ကို ဆန့်ကျင်သည့် ပါတီတွင်း ခေါင်းဆောင်များကို နည်းမျိုးစုံဖြင့် ဖယ်ရှားခြင်း၊ သုတ် သင်ခြင်း၊ အရှုံးပေးစေခြင်းတို့ကို ဆောင်ရွက်၍ အာဏာ နီတည်ဆောက်ရေးများဖြင့် အပြစ်မဲ့ပြည်သူတို့အား ရက်စက်စွာ သတ်ဖြတ်နှိပ်ကွပ်စေခဲ့သည်။ တပ်မတော် ကလည်း ပဲခူးရိုးမဒေသကြီးတစ်ခုလုံး ငြိမ်းချမ်းမှုရရှိရေး အတွက် ထိုးစစ်ကြီးများကို တစ်ရပ်ပြီးတစ်ရပ် ဆင်နွှဲခဲ့ ရာ ဗဟိုဌာနချုပ်မှ တစ်နေရာတည်းတွင် အခြေချ မနေ နိုင်ဘဲ ပြေးလွှားပုန်းအောင်းနေရသည်။ ထိုသို့ မိမိ လုံခြုံရေးကိုပင် စိတ်မချရသည့်အချိန်မှာပင် လူသတ် ဝါဒနှင့် ဖြုတ်ထုတ်သတ်လမ်းစဉ်ကို အစဉ်တစိုက် ကျင့် သုံးနေခြင်းဖြစ်လေသည်။
တိုက်တိုင်းအောင်(၁)
သခင်သန်းထွန်းသည် တပ်မတော်၏ထိုးစစ်များ ကို ရင်ဆိုင်နိုင်ရန်အတွက် ''ရန်သူ့ထိုးစစ်ကို ငါတို့ ထိုးစစ်ဖြင့် ချေမှုန်းရမည်''ဟု စစ်ရေးလမ်းညွှန်ချက် တစ်ရပ်ကို ချမှတ်ခဲ့သည်။ ထိုလမ်းညွှန်ချက်ကို အကောင်အထည်ဖော်နိုင်ရန် ပါတီတွင်းရော ပါတီပြင်ပ(ပြည်သူလူထုအတွင်း)၌ပါ လူသတ်ဝါဒကို ကျင့် သုံးခဲ့သည်။ ထို့နောက် ရဲဘော်အောင်ကြီးတင်ပြသည့် ဖွဲ့စည်းပုံအတိုင်း ၁၉၆၇ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်တွင် တိုက်တိုင်းအောင်တပ်ဖွဲ့(၁)ကို သာယာဝတီခရိုင် လက်နက်ကိုင်တပ်ဖွဲ့ကို အခြေခံ၍ ဖွဲ့စည်းခဲ့ သည်။ တိုက်တိုင်းအောင်(၁)၏နိုင်ငံရေးမှူးမှာ ရဲဘော်အောင်ကြီးဖြစ်ပြီး တပ်မှူးမှာ ဗိုလ်ဘုန်းကျော်ဖြစ်သည်။ တပ်တွင်းဦးစီး ကော်မတီတွင် ရဲဘော်အောင်ကြီး၊ ဗိုလ် ဘုန်းကျော်၊ ဗိုလ်မျိုးတင့်၊ ဗိုလ်အောင်သိန်း၊ ဗိုလ်စိန်မင်း၊ ဗိုလ်တင်ရှိန်နှင့် ဗိုလ်ထွန်းလင်းတို့ ပါဝင်ကြသည်။
တိုက်တိုင်းအောင်(၁)မှ တပ်ဖွဲ့ဝင်များသည် အာဏာဖြူဖြိုချရေးနှင့် အာဏာနီတည်ဆောက်ရေးကို အစွမ်းကုန်ဆောင်ရွက်ကြပြန်သည်။ အာဏာဖြူဟု သတ်မှတ်ခံရသော လယ်သမားကြီးများအား ယင်းတို့၏ မိသားစုများရှေ့မှာပင် ရက်စက်စွာ ရိုက်နှက်သတ်ဖြတ် ၍ ပစ္စည်းများကိုလည်း သိမ်းယူကြသည်။ သို့သော် ၁၉၆၇ ခုနှစ်၊ နိုဝင်ဘာလ ၂၁ ရက်တွင် တပ်မတော် စစ်ကြောင်းနှင့် တိုက်တိုင်းအောင်(၁)တို့ တိုက်ပွဲဖြစ်ပွား ရာ ရဲဘော်အောင်ကြီးနှင့် ဗိုလ်ဘုန်းကျော်တို့မှာ ခြေ မကိုင်မိ လက်မကိုင်မိဖြစ်ပြီး တိုက်ပွဲအတွင်းမှ ထွက်ပြေး လာကြသည်။ ရဲဘော်အောင်ကျင်၊ ရဲဘော်မြ ဥာဏ်တို့ နှင့်အတူ ထွက်ပြေးတော့သည်။ ထို့ကြောင့် တပ်ဖွဲ့ဝင် များသည် နိုင်ငံရေးမှူး၊ တပ်မှူးနှင် ဒုတိယတပ်မှူးတို့၏ ခေါင်းဆောင်မှုကို အယုံအကြည်မရှိတော့ဘဲ ဗိုလ်ထွန်း ငြိမ်းကို စေလွှတ်ပေးပါရန် ဗဟိုဌာနချုပ်သို့ တင်ပြကြ သေး၏။ သခင်သန်းထွန်းနှင့် တော်လှန်သော နိုင်ငံရေး ဦးဆောင်အဖွဲ့သည် ပြည်ခရိုင်တွင် အာဏာနီတည် ဆောက်နေသော ဗိုလ်ထွန်းငြိမ်းအား ပြန်ခေါ်လိုက် သည်။ ထို့နောက် တိုက်တိုင်းအောင်(၁)၏ တပ်မှူး အဖြစ် တာဝန်ပေးလိုက်သည်။ နိုင်ငံရေးမှူးမှာမူ ရဲဘော် အောင်ကြီးပင်ဖြစ်သည်။
တိုက်တိုင်းအောင်တပ်ကိုလည်း နိုင်ငံရေးအရ၊ အတွေးအခေါ်အရ၊ စည်းရုံးရေးအရ ပြန်လည် စုစည်း ရန် တော်လှန်သောနိုင်ငံရေးဦးဆောင်အဖွဲ့က တိုက်ရိုက်ညွှန်ကြားလိုက်သည်။ သို့နှင့် ရဲဘော်အောင် ကြီးသည် စံပြကျောရိုးတစ်ဦးဖြစ်သော ရဲဘော်သန်းအေးကို အရေးယူရန် စီစဉ်တော့သည်။ ရဲဘော်သန်း အေးသည် ရဲဘော်သက်ထံသို့ တိုက်တိုင်းအောင်တပ် တွင် မနေချင်ကြောင်း စာရေးခဲ့သူဖြစ်သည်။ ရဲဘော် သန်းအေးသည် ဗဟို၏အမိန့်အရဟုဆိုကာ ဓားဖြင့် ထိုးသတ်ခံလိုက်ရလေသည်။ ရဲဘော်အောင်ကြီးမှာမူ ကျန်းမာရေး မကောင်း သဖြင့် ထမ်းစင်ဖြင့် လိုက်ပါနေ ရသည်။
၁၉၆၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် အမှတ်(၁ဝ၇) ခြေမြန်တပ်ရင်းမှ စစ်ကြောင်းတစ် ကြောင်းသည် တိုက်တိုင်းအောင်တပ်ရှိနေသည့် နတ် တလင်းမြို့နယ်၊ တောင်ညိုဒေသ နတ်စင်စုရွာနှင့် ကိုက် ၅ဝဝ အကွာသို့ သတင်းအရ ဝင်ရောက်ရှင်းလင်းရာ တိုက်ပွဲဖြစ်ပွားတော့သည်။ ယင်းတိုက်ပွဲတွင် ကျောရိုး ကျော်သိန်းသေသည်။ ရဲဘော်သိန်းအောင် ပေါင်ကျိုးသည်။ ထို့နောက် သွေးလွန်ပြီး သေသွားသည်။ ရဲဘော် ဌေး၏သားငယ် ဖိုးထူး(ခေါ်)မောင်ရစ်(ခေါ်)အောင်နိုင် (ခေါ်)ဝင်းနိုင်သည် ခါးတွင် ရှပ်၍ ဒဏ်ရာရသွားသည်။ ရဲဘော်အောင်ဆန်း လက်နက်ချသွားသည်။ ဖိုးထူး ဒဏ်ရာဖြင့် ဆုတ်ပြေးလာရာမှ နောက်တစ်နေ့တွင် ဆင်သေရွာအနီး၌ ကင်းပုန်းနှင့်ထပ်တိုးပြီး ဒဏ်ရာ အပြင်းအထန်ထပ်ရပြန်သည်။ ဖိုးထူးသည် ဖခင်ဖြစ်သူ ရဲဘော်ဌေးအား ကိုယ်တိုင်သတ်ဖြတ်ခဲ့သည့် ဆင်သေချောင်းတွင်ပင် မချိမဆံ့ အသေဆိုးဖြင့် သေသွား ရလေတော့သည်။
တိုက်တိုင်းအောင်တပ်အတွင်းတွင် ရဲဘော် အောင်ကြီးနှင့် ဗိုလ်ထွန်းငြိမ်းမှာ မသင့်တင့်ကြပေ။ ဗိုလ်ထွန်းငြိမ်းက ရဲဘော်အောင်ကြီးအား အတိအလင်း အပုပ်ချလျက်ရှိသည်။ ၁၉၆၈ ခုနှစ်၊ မတ်လ ၅ ရက် တွင် ဗိုလ်ထွန်းငြိမ်းသည် မြစ်ဝကျွန်းပေါ်တိုင်း တည်ဆောက်ရေး အထူးတာဝန်ထမ်းဆောင်ရန် ဗဟိုဌာန ချုပ်သို့ ထွက်ခွာသွားရသည်။ ရဲဘော်အောင်ကြီးသည် လည်း မတ်လ ၂၁ ရက်တွင် ကျန်းမာရေးအခြေအနေ ဆိုးရွားပြီး ထမ်းစင်ဖြင့် ဗဟိုဌာနချုပ်သို့ ရောက်ရှိလာသည်။ တိုက်တိုင်းအောင်တပ်ကို ရဲဘော်အောင်ငြိမ်း (ခေါ်) အောင်သိန်းက ဦးဆောင်၍ သာယာဝတီခရိုင် အတွင်း ဆက်လက်လှုပ်ရှားနေရလေသည်။
မြစ်ဝကျွန်းပေါ်တိုင်းတည်ဆောက်ရေး
၁၉၆၇ ခုနှစ်၊ ဒီဇင်ဘာလ ၂၅ ရက်တွင် ဗမာပြည် ကွန်မြူနစ်ပါတီဌာနချုပ်စခန်း တည်ရှိရာ နတ်တလင်း မြို့နယ်၊ တောင်ညိုဒေသ၊ နဘဲကုန်းရွာအနီးသို့ မြစ်ဝ ကျွန်းပေါ်တိုင်းအတွင်းမှ လက်ရွေးစင်ကေဒါများ စုဝေး ရောက်ရှိလာကြသည်။ တော်လှန်သော နိုင်ငံရေး ဦးဆောင်အဖွဲ့သည် တော်လှန်သော မြစ်ဝကျွန်းပေါ် တိုင်းဖြစ်တည်ဆောက်ရန် ဆုံးဖြတ်ပြီးပေပြီ။ မြစ်ဝကျွန်း ပေါ်တိုင်းအတွင်းရှိ ဟင်္သာတခရိုင်၊ မအူပင်ခရိုင်၊  ဖျာပုံခရိုင်၊ မြောင်းမြခရိုင်နှင့် ပုသိမ်ခရိုင်ဟူသော ငါး ခရိုင်မှ လက်ရွေးစင်ကေဒါများအား တိုင်းကော်မတီ အတွင်းရေးမှူး ရဲဘော်စိုးသန်းမသိစေဘဲ တစ်ဦးချင်း အကြောင်းကြား၍ လျှို့ဝှက်ခေါ်ယူခဲ့ခြင်းဖြစ်သည်။ ယင်းတို့တွင် ဟင်္သာတခရိုင်မှ ၄၆ ဦး၊ မအူပင်ခရိုင်မှ နှစ်ဦး၊ ပုသိမ်ခရိုင်မှနှစ်ဦး၊ မြစ်ဝကျွန်းပေါ်တိုင်းရုံးမှ နှစ်ဦး၊  တနင်္သာရီတိုင်းမှ  တစ်ဦးအပြင်  ဗဟိုဆေး ကျောင်းသို့ တက်ရောက်ရန် ရောက်လာကြသည့် မြစ်ဝ ကျွန်းပေါ်တိုင်းမှ ရဲဘော် ၁၈ ဦးလည်း ပါဝင်ကြသည်။ အထူးကေဒါများသည် ငါးလခန့် လျှို့ဝှက်ခရီးနှင်ပြီး စုဝေးကြရခြင်းဖြစ်သည်။
မြစ်ဝကျွန်းပေါ် တိုင်းတည်ဆောက်ရေးအတွက် တည်ဆောက်ရေးပါရဂူတစ်ဦးအနေနှင့် အထူးတာဝန် ယူရသူမှာ ပြည်ပပြန်ဗိုလ်ထွန်းငြိမ်းပင်ဖြစ်သည်။ ဗိုလ် ထွန်းငြိမ်းသည် တိုင်းတည်ဆောက်ရေး အထူးကေဒါ များအား စနစ်တကျပင် ပို့ချခဲ့သည်။ ဟောပြောစည်း ရုံးခဲ့သည်။ ထို့နောက် မြစ်ဝကျွန်းပေါ် တိုင်းတည် ဆောက်ရေးတပ်ဖွဲ့၏ ဦးစီးပါတီကော်မတီကို အောက်ပါ အတိုင်း ဖွဲ့စည်းသည်-(၁။ သခင်သန်းထွန်း၏ နောက်ဆုံးနေ့များ (ဒုတိယတွဲ၊ စာမျက်နှာ ၁ဝ၅၅။))
 (၁)    ရဲဘော်စိုးအောင်           အတွင်းရေးမှူး
(၂)     ရဲဘော်ထွန်းသောင်း      တပ်မှူး
(၃)     ရဲဘော်လှဝင်း             ဒုတိယတပ်မှူး
(၄)     ရဲဘော်မြိုင်                 ဦးစီးပါတီကော်မတီ
(၅)     ဗိုလ်မင်းလွင်               ဦးစီးပါတီကော်မတီ
          (ခေါ်)ဘမောင်
(၆)     ရဲဘော်စိုးဝင်း              ရိက္ခာနှင့်ထောက်ပံ့ရေး
(၇)     မညွန့်ညွန့်                 ဦးစီးပါတီကော်မတီ
မြစ်ဝကျွန်းပေါ်တိုင်းတည်ဆောက်ရေးတပ်ဖွဲ့၏ ဦးစီးပါတီ ကော်မတီကို ဖွဲ့စည်းပြီးသောအခါ တပ်စု များ၊ တပ်စိတ်များကို စနစ်တကျ ဖွဲ့စည်းပြန်သည်။ ရန်ကုန်တက္ကသိုလ်မှ တောခိုလာသည့် ကျောင်းသား များဖြစ်သော ခွန်သက်လွင်(ခေါ်) ရဲဘော်ကြီးမောင်၊သိန်းမြင့်ဦး(ခေါ်)ရဲဘော်ဆိုး၊ ရဲဘော်ချစ်တို့ သုံးဦးကိုလည်း မြစ်ဝကျွန်း ပေါ်တိုင်း တည်ဆောက်ရေးအဖွဲ့တွင် ထည့်သွင်းဖွဲ့စည်းခဲ့သည်။ ရဲဘော်အောင်ကြီးနှင့် ဗိုလ် ထွန်းငြိမ်းတို့သည် မြစ်ဝကျွန်းပေါ်တိုင်း တည်ဆောက်ရေး ကိစ္စတွင် သဘောကွဲလွဲမှုရှိသော်လည်း ဗဟိုဌာန ချုပ်က ဗိုလ်ထွန်းငြိမ်း၏ အစီအစဉ်ကို သဘောတူညီခဲ့ သည်။
ထို့ကြောင့် ရဲဘော်အောင်ကြီးသည် ၁၉၆၈ ခုနှစ်၊ မတ်လ ၂၁ ရက်တွင် ကျန်းမာရေးအရ အနားယူရန် ဗဟိုဌာနချုပ်သို့ ခရီးထွက်သွားရသည်။ ဗိုလ်ထွန်းငြိမ်းသည် မြစ်ဝကျွန်းပေါ်တိုင်းကို လွတ်လွတ်ကျွတ်ကျွတ် တည်ဆောက်ရန်အတွက် ဇီးကုန်းမြို့နယ် ရေနောက် ရန်ချောင်း၏ ရေကြည်ချောင်းဖျားတွင် စခန်းချ၍ ကျန်ရစ်ခဲ့သည်။
ရဲဘော်အောင်ကြီးသည် ဗိုလ်ထွန်းငြိမ်းအား ကူညီ ရန် အောက်ပါ အလုပ်အဖွဲ့တစ်ဖွဲ့ကိုလည်း ဖွဲ့စည်းပေး ခဲ့သည်-(၂။ သခင်သန်းထွန်း၏ နောက်ဆုံးနေ့များ (ဒုတိယတွဲ၊ စာမျက်နှာ ၁ဝ၆၃။))
(၁)     ရဲဘော်ဘသန်း(ခ)သိန်းထွန်း
          (ကျောင်းသားတပ်ဦးခေါင်းဆောင်)
(၂)     ရဲဘော်ထွန်းကျော်(ခ)စိုးဝင်း
          (လူထုဦးလှ၊ ဒေါ်အမာသား)
(၃)     ရဲဘော်ဘိုးသာ(ခ)ကျော်ခင်
          (ကျောင်းသားတပ်ဦးခေါင်းဆောင်)
(၄)     ရဲဘော်တင်ဟန်(ခ)အောင်သိန်းနိုင်
          (ဗိုလ်ရန်အောင်၏တူ)
ဗိုလ်ထွန်းငြိမ်းခေါင်းဆောင်သော မြစ်ဝကျွန်း ပေါ်တိုင်းတည်ဆောက်ရေးတပ်ဖွဲ့သည် ၁၉၆၈ ခုနှစ်၊ မတ်လ ၂ဝ ရက်မှစ၍ ကန့်ဘလူတောင်ထိပ်ကို ဖြတ်ကျော်ကာ ပဲခူးရိုးမ အရှေ့ခြမ်းဘက်သို့ ကူးလာ ကြသည်။ ယင်းတပ်ဖွဲ့တွင် လူ ၁ဝဝ ကျော်ပါဝင်သည်။ ၁၉၆၈ ခုနှစ်၊ ဧပြီလ ၅ ရက်တွင် တောင်ငူခရိုင်နှင့် ပဲခူးခရိုင်နယ်စပ်ရှိ ကွင်းချောင်းတောင်ဘက် ကမ်းမိုး ဖုန်းရွာအနီး ရေအေးမြောင်၌ စခန်းချကြသည်။ ဗိုလ် ထွန်းငြိမ်းက မြစ်ဝကျွန်းပေါ်တိုင်း တည်ဆောက်ရေး စီမံကိန်းကို အောက်ပါအတိုင်း အပိုင်းကြီးများ ခွဲထား သည်။ (၃။ သခင်သန်းထွန်း၏ နောက်ဆုံးနေ့များ (ဒုတိယတွဲ၊ စာမျက်နှာ ၁ဝ၆၄။))
(၁)     ဘဝဟစ်တိုင်လှုပ်ရှားမှု
(၂)     ဒီမိုကရေစီလှုပ်ရှားမှု
(၃)     ပြန်လည်ပြင်ဆင်ရေးသမား
စိုးသန်းချေမှုန်းရေးလှုပ်ရှားမှု
(၄)     ရှေ့ရေးအဓိဋ္ဌာန်ချမှတ်ချက်
ဗိုလ်ထွန်းငြိမ်းသည် သြဇာထက်မြက်လာသည်။ ထိုအချိန်တွင် ရဲဘော်တင်ထွန်း(ခေါ်)မြမောင်က ဗိုလ် ထွန်းငြိမ်း၏ အယူအဆမမှန်ကြောင်း ဗဟိုဌာနချုပ်သို့ စာရေးသားပေးပို့ခဲ့သဖြင့် သခင်သန်းထွန်းနှင့် ရဲဘော် အောင်ကြီးသည် လျှို့ဝှက်လေ့လာစုံစမ်းမှုများ ပြုလုပ်နေ ကြသည်။ (၄။ သခင်သန်းထွန်း၏ နောက်ဆုံးနေ့များ (ဒုတိယတွဲ၊ စာမျက်နှာ ၁ဝ၆၉ မှ ၁ဝ၇၅။))  ဗိုလ်ထွန်းငြိမ်းကား မြစ်ဝကျွန်းပေါ်တိုင်း တည်ဆောက်ရေးကို အစီအစဉ်အတိုင်း ဆက်လက် အကောင်အထည်ဖော်နေလေသည်။
ဗိုလ်ထွန်းငြိမ်းသည် ရဲဘော်စိုးသန်းအား ချေမှုန်းရေးအတွက် ပဏာမပြင်ဆင်စည်းရုံးခဲ့သည်။ ၁၉၆၈ ခုနှစ်၊ ဧပြီလ ၂၄ ရက်တွင် ဗိုလ်ထွန်းငြိမ်းခေါင်းဆောင် သော မြစ်ဝကျွန်းပေါ်တိုင်းတည်ဆောက်ရေးတပ်ဖွဲ့ သည် ပြန်လည်ပြင်ဆင်ရေးဝါဒဆန့်ကျင်ရေးလှုပ်ရှား မှုကို စတင်တော့သည်။ တနင်္သာရီတိုင်းနှင့် မြစ်ဝကျွန်း ပေါ်တိုင်းသို့ မြို့ပေါ်လမ်းမှ အထူးဆက်သားတာဝန် ယူရသည့် ရဲဘော်မျိုးမြင့်ဆိုသူက ရဲဘော်စိုးသန်းအား ''မြစ်ဝကျွန်းပေါ်တိုင်းကို ဖျက်ဆီးသူနှင့် ပြန်ပြင်ရေး ထိပ်သီး၊ စိန်ပိန်ဂိုဏ်း၏ ထိပ်သီးဂိုဏ်းဝင်၊ တန်ပြန် တော်လှန်ရေးသမား၊ သစ္စာဖောက်''အဖြစ် စွဲချက်တင် ပြီး ပါတီတွင်းမှ ဖြုတ်ထုတ်သတ်ရန် တောင်းဆိုလိုက် သည်။ တပ်ဖွဲ့ဝင်အားလုံးကလည်း ဖြုတ်ထုတ်သတ်ရန် သဲကြီးမဲကြီး တောင်းဆိုခဲ့သည်။ ရဲဘော်ဘသန်း(ခေါ်) သိန်းထွန်းကလည်း ဖြုတ်ထုတ်သတ်ရန် ပြင်းပြင်းထန် ထန် တောင်းဆိုသည်။
၁၉၆၈ ခုနှစ်၊ ဧပြီလ ၂၅ ရက်တွင်ကား ဗိုလ် ထွန်းငြိမ်းသည် ပြန်လည်ပြင်ဆင်ရေး ဝါဒဆန့်ကျင်ရေး လှုပ်ရှားမှု၏ အရေးပေါ်နံရံကပ်သတင်းစဉ်ဖြစ်သည့်   သံမဏိသတင်းစဉ်ကိုထုတ်ဝေစေသည်။ သံမဏိသတင်း စဉ်ကို တာဝန်ယူထုတ်ဝေသူ မှာ လူထုဦးလှ၊ ဒေါ်အမာ တို့၏သားဖြစ်သော ရဲဘော်ထွန်းကျော်(ခေါ်) စိုးဝင်း ဖြစ်သည်။ ရဲဘော်ထွန်းကျော်သည် ''စိန်ပိန်ဂိုဏ်းဝင် ခေါင်းမာပြန်လည်ပြင်ဆင်ရေးသမား တန်ပြန်တော်လှန် ရေးသမားစိုးသန်းကို ဖွင့်ချတိုက်ခိုက်ကြ''ဟူ၍ လှုံ့ဆော် ရေးသားခဲ့သည်။ အသက် ၁၇ နှစ်သာရှိသေးသော စိုးစိုး(ခေါ်)စိုးစိုးသန်းကလည်း ရဲဘော်စိုးသန်းအား ဖြုတ်ထုတ်သတ်ရန်အတွက် ဗဟိုကော်မတီဥက္ကဋ္ဌ သခင် သန်းထွန်းနှင့်တော်လှန်သော နိုင်ငံရေးဦးဆောင်အဖွဲ့ သို့ တိုက်ရိုက်စာရေးတောင်းဆိုတော့သည်။ ထိုအချိန် တွင် ဗဟိုကော်မတီသည် ရဲဘော်စိုးသန်းအား ချေမှုန်း၍ မြစ်ဝကျွန်းပေါ်တိုင်းတွင် ဗဟိုသြဇာကိုစိုက်ထူရန် စီစဉ် လျက်ရှိရာ ဗိုလ်ထွန်းငြိမ်းအပေါ်တွင် ''စိုးသန်းကိစ္စမှာ တော့ ထွန်းငြိမ်းက တစ်လှမ်းသာသွားပြီ'' ''စိုးသန်း ချေမှုန်းရေးအလံကိုထူ၍ မြစ်ဝကျွန်းပေါ်မှလာသော ရဲဘော်များအပေါ်တွင် သြဇာထူထောင်နေပြီ''စသည် ဖြင့် သဘောထားလာတော့သည်။(၁။ သခင်သန်းထွန်း၏ နောက်ဆုံးနေ့များ (ဒုတိယတွဲ၊ စာမျက်နှာ ၁ဝ၈၄။))
ဗိုလ်ထွန်းငြိမ်းသည် ရဲဘော်စိုးသန်းအား စွဲချက် တင်ရန်အတွက် ရဲဘော်စိုးသန်း၏ ညီအရင်းဖြစ်သူ ပုသိမ်ခရိုင်ကော်မတီ ရဲဘော်သန်းဝင်းအား ရွေးချယ် ခဲ့သည်။ ရဲဘော်သန်းဝင်းအား တပ်နီလူငယ်နှင့် တပ်နီ အမျိုးသမီးများက ညှပ်ပူးညှပ်ပိတ် ဖိအားပေးစေခဲ့ သည်။ ထို့ကြောင့် ရဲဘော်သန်းဝင်းသည် အစ်ကိုအရင်း ဖြစ်သူအား ဝေဖန်တိုက်ခိုက်ရတော့သည်။ ထို့နောက် ဗိုလ်ထွန်းငြိမ်း၏ တင်ပြချက်အရ ဗဟိုကော်မတီ ဥက္ကဋ္ဌ သခင်သန်းထွန်းနှင့် တော်လှန်သော နိုင်ငံရေးဦးဆောင် အဖွဲ့သည် ဗဟိုကော်မတီဝင်နှင့် မြစ်ဝကျွန်းပေါ် တိုင်း ကော်မတီအတွင်းရေးမှူး ရဲဘော်စိုးသန်းအား ယင်း၏ မျက်ကွယ်တွင်ပင် သေဒဏ်ချမှတ်လိုက်လေသည်။
ထို့နောက် သခင်သန်းထွန်းသည် ရဲဘော်စိုးသန်း အား အောက်ပါအတိုင်း မလိမ့်တစ်ပတ်ဖြင့် စာရေး၍ ဗဟိုသို့ ခေါ်လေတော့သည်။ (၂။ သခင်သန်းထွန်း၏ နောက်ဆုံးနေ့များ (ဒုတိယတွဲ၊ စာမျက်နှာ ၁ဝ၈၇ မှ ၁ဝ၈၉။))
''ဒီအတွေးအခေါ်တွေဟာ အရင်က ပေါ်ပေါက် ခဲ့တဲ့ ပီစီဂျီတို့၊ ၄၈ တုန်းက လက်နက်ကိုင် တော် လှန်ရေး ဆန့်ကျင်ခဲ့တာတို့နဲ့ ဆက်စပ်ဖော်ပြမှာ ဖြစ်တယ်၊ အဲဒါတွေကို ချုပ်ပြီးမှ ၆၄ နဲ့ ၆၄ နောက်ပိုင်း ဖော်ထုတ်ခဲ့တဲ့ တော်လှန်ရေးမူတွေ ကို တစုတစည်းတည်းချုပ်ပြီး လုပ်ငန်းစဉ်လမ်းစဉ် အသစ်ကို ဖော်ပြမှာဖြစ်တယ်။''
''ဗဟိုကော်မတီတိုးချဲ့ရေးနဲ့ပတ်သက်တာကို တော့ စဉ်းစားပြီးပါပြီ၊ မကြာမီ ပို့နိုင်ပါလိမ့်မယ်''
''ခင်ဗျားနဲ့ တော်တော်လေး ကွဲလွဲနေရတာက တော့စိတ်မကောင်းပါ၊ ခင်ဗျားရေးသလို ဒီကို လာပြီး လေ့လာရေးလုပ်တယ်ဆိုရင် နီးစပ်မှု၊ ညီညွတ်မှုရှိနိုင်တယ်လို့ ကျွန်တော်ထင်ပါတယ်။''
''ကျွန်တော်တို့နဲ့ အချို့ပြဿနာတွေအပေါ်မှာ မတူညီပေမယ့် ဗဟိုရဲ့ ဆုံးဖြတ်ချက်တွေအတိုင်း လုပ်သွားမယ်ဆိုတဲ့ ခင်ဗျားရဲ့စိတ်ဓာတ်ကို ကျွန် တော်တို့အားလုံး အထူးအားထားရပါတယ်။''
သခင်သန်းထွန်းနှင့် တော်လှန်သောနိုင်ငံရေး ဦးဆောင်အဖွဲ့သည် မြစ်ဝကျွန်းပေါ်တိုင်း တည်ဆောက် ရေးစီမံကိန်းချမှတ်၍ ရဲဘော်စိုးသန်းအား သုတ်သင်ရန် ဖိဖိစီးစီး ဆောင်ရွက်ခဲ့ကြသည်။ ရဲဘော်စိုးသန်း အား သတ်ဖြတ်သုတ်သင်ရေးသည်ပင်လျှင် မြစ်ဝကျွန်း ပေါ်တိုင်းတည်ဆောက်ရေး၏ အလှည့်အပြောင်း၊ သို့ မဟုတ် အောင်ပွဲဖြစ်သည်ဟု ဆိုကြသည်။ ဗမာပြည် ကွန်မြူနစ်ပါတီ ဗဟိုဌာနချုပ်သည် မြစ်ဝကျွန်းပေါ် တိုင်းနှင့် ဆက်သွယ်ရာတွင် မဒညတတစ်ခုလုံး၏ မြစ် ဖျားခံရာ အချက်အချာဖြစ်သည့် မြောင်းမြခရိုင်မှ သခင် ဗိုလ်ဦးနှင့်သာ တိုက်ရိုက်ဆက်သွယ်ခဲ့သည်။ တိုင်းကော်မတီကို ညွှန်ကြားလျှင်လည်း သခင်ဗိုလ်ဦး မှတစ်ဆင့်သာ ညွှန်ကြားသည်။ သခင်ဗိုလ်ဦးသည် တော်လှန်သော ဗဟိုကော်မတီတွင် ပါဝင်ရန်လည်း ရွေးချယ်ခြင်းခံထားရသည်။(၁။ ပြည်သူ့စာဒို့စာ ဒို့စစ်၊ စာမျက်နှာ ၅၃၊ ၅၄၊ ၅၅။)သခင်ဗိုလ်ဦးတို့လူစုသည် ဧရာဝတီမြစ်အတွင်းမှ ခရီးသည်တင်သင်္ဘောကြီးများ ဖြစ်သော ရွှေပြည်သာ၊ ရေတမာ၊ ဒဂုံမေ၊ ဒဂုံလွင်၊ တိုးကြွယ်၊ မင်းကြီး၊ မင်းလှ၊ ချမ်းသာကြီးတို့ကို အတင်း အဓမ္မလုယက်ရုံသာမကဘဲ ၁၉၆၇ ခုနှစ်၊ မေလ ၂၉ ရက်တွင် လပွတ္တာမြို့နယ်မှ အိမ်ခြေ ၈ဝဝ ကျော်ရှိသော ရွှေပြည်သာရွာကြီးကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြလေ သည်။
ဗမာပြည်ကွန်မြူနစ်ပါတီ၏  လူထုဆန့်ကျင်ရေး လုပ်ငန်းများ
ဗမာပြည် ကွန်မြူနစ်ပါတီ၏ ၆၄ လမ်းစဉ်နှင့် ၆၅ ဗဟိုကော်မတီဆုံးဖြတ်ချက်သည် ယင်းတို့၏ ကွန်မြူနစ်တော်လှန်ရေး အပြီးသတ်အောင်ပွဲခံ၍ ဗမာ ပြည်ကွန်မြူနစ်ပါတီ အာဏာရရှိရေးအတွက် ရေးဆွဲ ထားသော လမ်းစဉ်ပင်ဖြစ်သည်။ ထိုလမ်းစဉ်ကို အကောင်အထည်ဖော်ရာတွင် ဗမာပြည်ကွန်မြူနစ်ပါတီ သည် မိမိ၏ပါတီတွင်း အြ<ွကင်းမဲ့လက်ခံလိုက်နာစေရန် ပထမဦးစွာ ဆောင်ရွက်ရသည်။ ထို့နောက် လူထုက လက်ခံလာအောင် ဆက်လက်ကြိုးပမ်းရပြန်သည်။ ဗမာ ပြည် ကွန်မြူနစ်ပါတီ၏ ၆၄ လမ်းစဉ် အကောင် အထည်ဖော်မှုကို လေ့လာကြည့်ပါက အောက်ပါအတိုင်း အဆင့်ဆင့် တွေ့ရသည် -
(၁)     ၆၄ လမ်းစဉ်နှင့် ၆၅ ဗဟိုကော်မတီဆုံးဖြတ် ချက်ကို ပါတီခေါင်းဆောင်ပိုင်းတွင် အြ<ွကင်း မဲ့ နာခံလိုက်ကြရန် ဆောင်ရွက်သည်။ ထိုသို့ ဆောင်ရွက်ရာတွင် ၆၄ လမ်းစဉ်ကို ဆန့် ကျင်နေသော ဆန့်ကျင်မည်ဟု ယူဆရ သော ခေါင်းဆောင်များကို ဖြုတ်ထုတ်သတ် လမ်းစဉ်ဖြင့် သုတ်သင်ရှင်းလင်းပစ်သည်။ ဤသို့ဖြင့် အစဉ်အလာရှိသော ဂိုရှယ်(ခေါ်) ဘတင်၊ ရဲဘော်ဌေးနှင့် ဗိုလ်ရန်အောင်တို့ သည် အသတ်မခံရမီ မိမိတို့၌အပြစ်ရှိ ကြောင်း အတင်းအကျပ်ဝန်ခံစေပြီးမှ ရက်စက်စွာ သေပွဲဝင်ခဲ့ကြရသည်။ ဤနည်း အားဖြင် ဗဟို၏လမ်းစဉ်ကို အြ<ွကင်းမဲ့ နာခံ စေသည်။
(၂)     ပါတီတွင်းတွင် ဘဝဟစ်တိုင်လှုပ်ရှားမှုများ ပြုလုပ်ပေးသည်။ အောက်ခြေထုမှ တပ်နီ လူငယ်များကိုအုံကြွလာစေရန် ဘဝဟစ်တိုင် လှုပ်ရှားမှုများဖြင့် သွေးထိုးလှုံ့ဆော်ပေး သည်။ ပါတီတွင်းတွင် ၆၄ လမ်းစဉ်ကို ဝေ ဖန်ရဲသူမရှိအောင် ဖြုတ်ထုတ်သတ်လမ်း စဉ်ကို ကျင့်သုံးသည်။
(၃)     စစ်ရေးအရ ဗမာပြည်ကွန်မြူနစ်ပါတီသည် သမားရိုးကျစစ်ကို ဆင်နွှဲနိုင်ခြင်းမရှိဘဲ ပြောက်ကျားစစ်ကိုသာ ဆင်နွှဲနိုင်သည့် အခြေအနေမှ ပြောင်းလဲနိုင်ရန် ပြောက်ကျားတပ်များကိုစုစည်းလိုက်သည်။  ထို့နောက် အမြဲတမ်းတပ်အသွင်မျိုး ရှိရန်ဖွဲ့စည်းပြီး နိုင်ငံရေးအရ ၆၄ လမ်းစဉ်ကို ထောက်ခံစေရန် တည်ဆောက်လေ့ကျင့်ပေး သည်။
(၄)     ပါတီတွင်းတွင် ၆၄ လမ်းစဉ်ကို လက်ခံစေရန် အကြမ်းဖက်နည်းလမ်းစဉ်ကို ကျင့်သုံး၍ အတင်းအကျပ် ရိုက်သွင်းနေစဉ် လူထုအတွင်း၌ အာဏာနီတည်ဆောက်ရေး၊ အာဏာဖြူဖြိုချရေး၊ ဒေါက်တိုင်ဖျက်ဆီးရေး များကို ဆောင်ရွက်သည်။ ထိုသို့ဆောင်ရွက် ရာတွင်လည်း အကြမ်းဖက်လူသတ်ဝါဒကို သာ အသုံးပြုသည်။
(၅)     ၆၄ လမ်းစဉ်နှင့် ၆၅ ဗဟိုကော်မတီဆုံးဖြတ် ချက်ကို အကောင်အထည်ဖော်ရာတွင် တော်လှန်စစ်သဘောတရားကို အကြမ်းဖက် လူသတ်ဝါဒဖြင့် ပေါင်းစပ်၍ ကျင့်သုံးသည်။ တော်လှန်စစ် သဘောတရားမှာ အုပ်စိုးသူ လူတန်းစားက မတရားဖိနှိပ်ချုပ်ချယ်လွန်း သဖြင့် အုပ်စိုးခံပစ္စည်းမဲ့ လူတန်းစားအတွင်း မခံမရပ်နိုင်ဖြစ်လာကြပြီးအုံကြွပေါက်ကွဲ၍ တော်လှန်ရေးဖြစ်ပေါ်လာခြင်းကို ဆိုလိုသည်။ဗမာပြည်ကွန်မြူနစ် ပါတီသည် သွေးဆူလွယ်သော လူငယ်များကို တပ်နီလူငယ် များအဖြစ် စုစည်း၍ ကိုယ်ရေးကိုယ်တာ မကျေနပ်ချက်များအပေါ် အခြေခံကာ မင်းမဲ့ဝါဒီများ ဖြစ်လာစေရန် မြှောက်ပင့် သွေးထိုးပေးသည်။ ထို့နောက် စိတ်ပညာ နည်းစနစ်အရ   အုပ်စုအပြုအမူ(၁)မှ ထိန်းမရ အုပ်စုအပြုအမူ(၂)များဖြစ်လာစေရန် ဖန်တီးပေးသည်။ တပ်နီလူငယ်များ၏ ဒေါသပေါက်ကွဲမှုအင်အားကို ရယူ၍ လူသတ်ဝါဒကို ဆက်လက်အကောင် အထည် ဖော်သည်။
(၆)     အာဏာဖြူဖြုတ်ချရေးဆိုသည်မှာ အစိုးရ၏ အုပ်ချုပ်မှုယန္တရားများ ပျက်စီးအောင် ဆောင်ရွက်ခြင်းဖြစ်သည်။ အစိုးရ၏ ဆောင်ရွက်မှုမှန်သမျှကို ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ၊ ဆန့်ကျင်ဖျက်ဆီးကြသည်။ ထို့နောက် အာဏာနီတည်ဆောက် ရေးဖြင့် အစားထိုးသည်။ အာဏာနီ တည်ဆောက်ရေးမှာ ပစ္စည်းမဲ့အာဏာ စိုက်ထူခြင်းဖြစ်သည်။ ကျေးရွာများတွင် ကျောရိုးများ ရွေးချယ်စုစည်း၍ လေ့ကျင့် ပေးသည်။ ထို့နောက် အုပ်စုဖြင့် အနိုင်ကျင့်သော နည်းကို ကျင့်သုံးကာ ကျေးရွာအုပ် ချုပ်ရေးဆိုင်ရာ လူကြီးများ၊ ကျောင်းဆရာ များ၊ လလသသ အမှုဆောင်လူကြီးများကို သုတ်သင်ဖယ်ရှားသည်။
ဗမာပြည်ကွန်မြူနစ်ပါတီ၏ ၆၄ လမ်းစဉ်နှင့် ၆၅ ဗဟိုကော်မတီဆုံးဖြတ်ချက်ကို အကောင်အထည်ဖော် ရာတွင် ပါတီတွင်း၌ အစဉ်အလာကြီးမားသော ခေါင်း ဆောင်ကြီးများ၊ ခေါင်းဆောင်ငယ်များ၊ အောက်ခြေထု များသည် ရက်စက်ကြမ်းကြုတ်စွာ အသတ်ခံခဲ့ကြရ သည်။ ထို့ကြောင့် ပါတီအတွင်း ခေါင်းဆောင်မှု ချို့တဲ့ လာပြီး  ပါတီသည်  အင်အားနည်းပါးလာရသည်။ အာဏာဖြူဖြိုချရေးလမ်းစဉ်အရ ဗမာပြည်ကွန်မြူနစ် ပါတီအင်အားစုများသည် ကျေးရွာလူကြီးများ၊ ကျောင်း ဆရာများ၊ လလသသအမှုဆောင်လူကြီးများကို ရန်ပြု လာကြသည်။ ကျေးရွာများမှ အလုပ်မလုပ်လိုသူများ၊ လူလေလူလွင့်များကို ကျောရိုးအဖြစ် စုစည်းလိုက်သည်။ မြှောက်ပင့်သွေးထိုးပေးသည်။ ကျောရိုးများက အုပ်စိုးသူ လူတန်းစားကို ရန်မူတော့သည်။ လယ်ဧက အတန် အသင့်ပိုင်ဆိုင်ကြသော မြေပိုင်ရှင်လေးများကို အိမ်လုံး ကျွတ် ပစ္စည်းသိမ်းသည်။ ပစ္စည်းမဲ့ကျောရိုးများက ခွဲဝေယူကြသည်။ ဗုဒ္ဓဘာသာဘုန်းတော်ကြီးများကိုပင် ဓနရှင်များဟုဆိုကာ ရွာမှနှင်ထုတ်ကြသည်။ တပ်နီ အမျိုးသမီးများသည် ဘုန်းကြီးများ၏ သင်္ကန်းများကို ထဘီချုပ်ဝတ်ကြသည်။
ပေါက်ခေါင်းမြို့နယ်လူထုမှာ ဗမာပြည်ကွန်မြူနစ် ပါတီ၏ နှိပ်စက်ဖျက်ဆီးမှုဒဏ်ကို အများဆုံး ခံစား ကြရတော့သည်။ ပါတီဝင်များနှင့် ကျောရိုးများသည် သွပ်မိုးအိမ်များကို မရှိသင့်ဟုဆိုကာ အိမ်မိုးသွပ်များ အား လှံဖြင့်ထိုးဖောက်ပစ်ခြင်း၊ အိမ်ကြီးအိမ်ကောင်း များကို ဖြိုဖျက်၍ ခွဲဝေယူကြခြင်း၊ မြေပိုင်ရှင်များဟု သတ်မှတ်ခံရသူများအား လက်ဝတ်လက်စားပါမကျန် ချွတ်ယူ၍ ပစ္စည်းသိမ်းခြင်း၊ ဆန့်ကျင်ဝေဖန်သူများအား အုပ်စုဖွဲ့၍ သတ်ဖြတ်ခြင်း စသည်တို့ကို စိတ်ထင်တိုင်း ပြုကျင့်ကျူးလွန်ကြတော့သည်။ ထို့ကြောင့် ပေါက်ခေါင်း မြို့နယ်အတွင်းမှ ကျေးရွာလူထုသည် ကျောရိုးများ၏ ခြိမ်းခြောက်မှုကို ကြောက်ရွံ့ထိတ်လန့်ကာ ပေါက်ခေါင်း၊ ပေါင်းတလည်၊ ပြည် စသော မြို့များပေါ်သို့ တက်ပြေး လာကြရတော့သည်။ တပ်မတော်ကိုလည်း ဗမာပြည် ကွန်မြူနစ်ပါတီကို အမြန်ဆုံး တိုက်ခိုက်ချေမှုန်းပေးပါ ရန် ဖိတ်ခေါ်ကမ်းလှမ်းလာကြသည်။ စင်စင် ပေါက် ခေါင်းမြို့နယ်သည် ဗမာပြည်ကွန်မြူနစ်ပါတီ၏ အခြေ ခံဒေသအဖြစ် နှစ်ပေါင်းများစွာ တည်တံ့ခဲ့သည်။ ပေါက် ခေါင်းမြို့နယ် လူထုသည်လည်း ဗမာပြည်ကွန်မြူနစ် ပါတီကို သံယောဇဉ်အရ နှစ်ရှည်လများ ကူညီလာ ကြသူများဖြစ်သည်။ ကျေးဇူးရှင်ကို ကျေးစွပ်ခြင်းခံရ သော ကျေးလက်လူထုသည် ဗမာပြည်ကွန်မြူနစ် အပေါ် အော့နှလုံးနာလာပြီး တပ်မတော်နှင့် ပူးပေါင်း လာကြခြင်းသည် ပဲခူးရိုးမတွင် ဗမာပြည်ကွန်မြူနစ် ပါတီ ဗုန်းဗုန်းလဲကျဆုံးစရာအကြောင်းတစ်ချက်ပင် ဖြစ်တော့သည်။

Share this article :

0 comments:

Post a Comment

 
ဆက်သွယ်ရန် mmpolitical2013@gmail.com :
Template Modify by Creating Website Myanmar Political Research Organization