Home » » အခန်း (၈) ကူမင်တန်ကျူးကျော်မှု ပေါ်ပေါက်လာခြင်း

အခန်း (၈) ကူမင်တန်ကျူးကျော်မှု ပေါ်ပေါက်လာခြင်း

ကူမင်တန်ကျူးကျော်မှု ပေါ်ပေါက်လာခြင်း
တရုတ်-မြန်မာနယ်စပ်ပြဿနာများနှင့် (၁။ ကာကွယ်ရေးဝန်ကြီးဌာနမှ ၂၁-၂-၇၃ ရက်ထုတ် မှတ်တမ်းများ။)ကျူးကျော်မှု စတင်ခြင်း
          မြန်မာနိုင်ငံသည် တရုတ်နိုင်ငံနှင့် နယ်မြေချင်း ဆက်စပ်လျက်ရှိရာ ရှေးမဆွကပင် အငြင်းပွားမှုများ၊  ပဋိပက္ခများ၊ ဆက်ဆံရေးမပြေပြစ်မှုများ ရှိခဲ့ကြဖူး သည်။ ဗြိတိသျှအစိုးရသည် မြန်မာနိုင်ငံအား သိမ်း ပိုက်ပြီး နယ်နိမိတ်စာချုပ်ကို ချုပ်ဆိုခဲ့သော်လည်း  တရုတ်အစိုးရနှင့် ဗြိတိသျှအစိုးရသည် မြန်မာ-တရုတ် နယ်နိမိတ်နှင့် ပတ်သက်ပြီး မကြာခဏ အငြင်းပွားခဲ့ ကြရသည်။ ၁၈၉၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၄ ရက်တွင် သဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ကြ သော်လည်း အင်္ဂလိပ်နှင့် တရုတ်တို့မှာ သဘော တူညီမှုမရခဲ့သေးချေ။ ထို့နောက် ၁၈၉၇ ခုနှစ်မှ ၁၈၉၉ ခုနှစ်အထိ   ပူးတွဲကော်မရှင်များက   နယ်နိမိတ် တိုင်းတာမှုများ ပြုလုပ်ခဲ့ကြသည်။ သို့သော် ဝ နယ် ကိစ္စ မပြီးပြတ်ခင်မှာပင် ကော်မရှင် ဖျက်သိမ်းခဲ့ ရသည်။ 
          ၁၉၃၅ ခုနှစ်တွင် ပူးတွဲကော်မရှင် ပြန်လည် ဖွဲ့စည်းသေးသော်လည်း ၁၉၃၇ ခုနှစ်တွင် တရုတ်- ဂျပန်စစ်ပွဲဖြစ်လာသဖြင့် ဝ နယ်အလယ်ပိုင်းဒေသ အများအပြားကို အင်္ဂလိပ်လက်အောက်ခံ မြန်မာပြည် သို့ တရုတ်အစိုးရက ပေးအပ်ခဲ့သည်။ ၁၉၄၁ ခုနှစ် တွင် ဝ နယ်မြေဒေသနယ်နိမိတ်ကို အောင်မြင်စွာ သတ်မှတ်နိုင်ခဲ့သော်လည်း ၁၉၄၂ ခုနှစ်၊ မေလတွင် အင်္ဂလိပ်အစိုးရ မြန်မာနိုင်ငံမှ ဆုတ်ခွာသွားသဖြင့် တရုတ်တပ်များ မြန်မာပြည်မြောက်ပိုင်းတစ်ခွင်တွင်  ကြီးစိုးခဲ့ကြသည်။ တရုတ်တို့သည် ၁၉၄၂ ခုနှစ်တွင် နယ်နိမိတ်ကျောက်တိုင်များကို ဖျက်ဆီးပစ်ခဲ့ပြီး ၁၉၄၃ ခုနှစ်၊ ဇန်နဝါရီလတွင် မလိခ၊ မေခကြား တောင်ပိုင်း တြိဂံအထိ ဝင်ရောက်ခဲ့ကြရာ ဒေသခံတိုင်းရင်းသား တို့က ရရာလက်နက်များဖြင့် ခုခံတိုက်ခိုက်ခဲ့ကြသည်။  ဂျပန်တပ်များတက်လာသောအခါ တရုတ်တပ်များ ဆုတ်ခွာသွားသော်လည်း ဂျပန်တပ်များ ကြာရှည် တပ်စွဲမထားနိုင်သဖြင့် တရုတ်တို့ ဝင်ရောက်မြဲဝင် ရောက်ပြန်သည်။ အင်္ဂလိပ်အစိုးရသည် ထိုစဉ်က မဟာမိတ်ဖြစ်သော ချန်ကေရှိတ်အစိုးရနှင့် ချန်ကင်းရှိ စစ်မစ်ရှင်မှတစ်ဆင့် စေ့စပ်ဆွေးနွေးဖြေရှင်းမှုများ ပြုလုပ်ခဲ့ကြသည်။
          သို့နှင့် မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိသောအခါ တရုတ်-မြန်မာ နယ်နိမိတ်ကိစ္စသည် မပြတ်မသားဖြစ် ၍ ကျန်နေခဲ့ရသည်။ ၁၉၄၈ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်တွင် ထိုစဉ်က တရုတ်ပြည်၏ အာဏာရအစိုးရ ဖြစ်သော ချန်ကေရှိတ်အစိုးရသည် အောက်ပါအချက် များပါဝင်သော ပေးစာတစ်စောင်ကို မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်သံအမတ်မှတစ်ဆင့် ပေးအပ်ခဲ့သည်။ စာပါ အချက်အလက်များမှာ -
          (က)    မြန်မာအရာရှိများသည် မန်ကျိဒေသဘက် တွင် သန်းခေါင်စာရင်းကောက်နေခြင်း။
          (ခ)     အရာရှိများနှင့် လက်နက်ကိုင်စစ်သည်များ ထောဂေါ/ဖိမောသို့ စေလွှတ်ထားပြီး အဆိုပါဒေသသို့   ဝင်ရောက်လာသော တရုတ်များကို ဖမ်းဆီးနေခြင်း။
          (ဂ)     ဆွမ်ပရာဘွမ်တွင် လေယာဉ်ကွင်းတည် ဆောက်နေခြင်းတို့အား ကန့်ကွက်ထားခြင်း ဖြစ်သည်။
          စင်စစ် ဒုတိယကမ္ဘာစစ်ကာလအတွင်းနှင့် တရုတ် ပြည်တွင် ပြည်တွင်းစစ်စတင်သော ၁၉၄၆ ခုနှစ်မှ   စ၍ ကေအမ်တီ(တရုတ်ဖြူ)တပ်များမှာ ဝ နယ်နှင့်  မြန်မာပြည်မြောက်ပိုင်းတွင် အလုံးအရင်းဖြင့် လှုပ်ရှား နေခဲ့ကြပြီး ဖြစ်လေသည်။ ၁၉၄၉ ခုနှစ်၊ အောက်တို ဘာလတွင်ကား တရုတ်နိုင်ငံ ယူနန်ပြည်နယ်တောင် ပိုင်း၌ ကူမင်တန်တရုတ်ဖြူ အမှတ်(၈/၂၆)တပ်တော် များနှင့် အမှတ်(၉၃)တပ်မသည် တရုတ်ပြည်သူ့ တပ်မတော်(တရုတ်နီ)တပ်များနှင့် တိုက်ခိုက်ကြရာမှ  အရေးရှုံးနိမ့်ပြီး ဆုတ်ခွာကြရသည်။ ယင်းသို့ ဆုတ်ခွာ ကြသော တရုတ်ဖြူတပ်များမှ အင်အား ၂ဝဝ ခန့်  သည် ၁၉၅ဝ ပြည့်နှစ်၊ ဇန်နဝါရီလဆန်းတွင် ကျိုင်းတုံ နယ်မြေအတွင်း ဝင်ရောက်ကျူးကျော်ကာ မိုင်းယန်း တွင် တပ်စွဲထားခဲ့ကြသည်။ ထို့နောက် ဇွန်လ ပထမ ပတ်တွင် ကျိုင်းတုံ-တာချီလိတ်လမ်းမကြီးအား မိုင်တိုင် ၈၁ မှ တာချီလိတ်အထိ သိမ်းပိုက်ခဲ့ကြသည်။
          တရုတ်ဖြူတပ်များမှာ  တရုတ်တပ်နီများ၏ တိုက်ခိုက်မှုကြောင့် ယူနန်နယ်မှ  ဆုတ်ခွာကြရရာ တဖြည်းဖြည်း မြန်မာပြည်အတွင်းတွင် အင်အား တိုးပွား၍ လာသည်။ ၁၉၅၁ ခုနှစ် နှစ်ဦးတွင်မူ လားရှိုးနယ်မြေ အရှေ့တောင်ဘက် သံလွင်မြစ် အနောက်ဘက်ကမ်းအထိ တိုးချဲ့ကျူးကျော်လာကြ သည်။ ဝ နယ်တွင်မူ တပ်သားစုဆောင်းရင်း အခြေခံ စခန်းများကို အခိုင်အမာတည်ဆောက်လျက် ရှိနေ ကြသည်။ ဤသို့ဖြင့် ၁၉၅၁ ခုနှစ်၊ ဧပြီလတွင် တရုတ် ဖြူတပ်အင်အားမှာ ၄ဝဝဝ ခန့်အထိ တိုးတက်လာ တော့သည်။ အင်အား ၁ဝဝဝ ခန့်သည် မိုင်းဆတ် နယ်မြေ၌ အခြေချနေရစ်ပြီး အင်အားစုအချို့မှာ သံလွင်မြစ်ဝှမ်းအတိုင်း မြောက်ဘက်သို့ နယ်ချဲ့ ကျူးကျော်သွားကြသည်။
          မြန်မာ-ယူနန်နယ်စပ်အနီးတွင် အခြေပြုနေသော လီမီဇက် ခေါင်းဆောင်သည့်  တရုတ်ဖြူများသည် ၁၉၅ဝ ပြည့်နှစ်၊ ဇွန်လအတွင်း မိုင်းမော၊ မိုင်းယန်း၊ မိုင်းပုအွန်၊ မိုင်းယောင်း၊ ကျိုင်းတုံ၊ တာချီလိတ်လမ်း မိုင်တိုင် ၅၆ နှင့် မိုင်းပန်အထိ တိုးချဲ့လာနိုင်ခဲ့သည်။  ဇူလိုင်လတွင် မိုင်းပန်ကိုဖြတ်၍ မောက်မယ်နယ်နှင့် ကယားပြည်နယ်အတွင်း ရောက်ရှိလာကြသည်။ တရုတ်ဖြူတပ်များသည် မြန်မာနိုင်ငံကို အခြေပြု၍ တရုတ်ပြည်မကြီးအား ၁၉၅၁ ခုနှစ်၊ မေလနှင့် ဇူလိုင်လအတွင်း တစ်ကြိမ်စီ၊ ၁၉၅၂ ခုနှစ်အတွင်း တစ်ကြိမ်  ထိုးစစ်ဆင်  တိုက်ခိုက်ခဲ့သော်လည်း မအောင်မြင်ကြပေ။
          ၁၉၅၂ ခုနှစ်တွင် တရုတ်ဖြူတပ်များအား လူကိုချွမ်မှ ပြန်လည်ဖွဲ့စည်းပြီး အင်အား ၃ဝဝဝ ခန့် ဖြင့် မိုင်းမော၊ မိုင်းတုံနှင့် ပန်ယန်းတို့တွင် အခြေခံ နယ်မြေတည်ဆောက်ခဲ့ကြသည်။ မြစ်ကြီးနားအရှေ့ ခြမ်း၊ ဆမား၊ ဆီမား ဟော်နယ်မြေသို့လည်း အင်အား ၂၅ဝ ခန့်  ဝင်ရောက်ခဲ့ကြသည်။   ၁၉၅၃ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်တွင် မိုင်းပန်မြို့ကိုလည်းကောင်း၊  ဖေဖော်ဝါရီလ ၁၄ ရက်တွင် မူဆယ်နှင့် ကြူကုတ်ကို  လည်းကောင်း တရုတ်ဖြူတပ်များက သိမ်းပိုက်ခဲ့သည်။  တပ်မတော်သည် တစ်ဖက်မှ ရောင်စုံသောင်းကျန်းသူ များအား  တိုက်ခိုက်နှိမ်နင်းနေစဉ် တရုတ်ဖြူ ကျူးကျော်သူများကိုလည်း  ရှိသည့်အင်အားဖြင့် ရွပ်ရွပ်ချွံချွံ  ခုခံတိုက်ခိုက်ခဲ့ရသည်။  မြန်မာနိုင်ငံ အစိုးရကလည်း တရုတ်ဖြူနှင့် သံတမန်အဆက် အသွယ်ရှိသော အမေရိကန်နှင့် အိန္ဒိယအစိုးရများမှ  တစ်ဆင့် နိုင်ငံရေးနည်းအရ ဖြေရှင်းရန် ကြိုးပမ်းခဲ့ သည်။ သို့သော် မအောင်မြင်ရုံသာမက တရုတ်ဖြူတပ် များ၏ အရေအတွက်မှာ ၁၂ဝဝဝ ခန့်အထိ တိုးပွား လာခဲ့ရသည်။
          ၁၉၅၃ ခုနှစ်တွင် တရုတ်ဖြူ စစ်ဒေသအလိုက် ဖြန့်ခွဲထားသော   ခန့်မှန်းခြေ   စစ်အင်အားမှာ အောက်ပါအတိုင်း ဖြစ်သည် -
          (က)    အမှတ်(၁)စစ်ဒေသတွင် သံလွင်မြစ်အရှေ့ ခြမ်း၊ မိုင်းရှူးနှင့် ပန်ယန်းဒေသများပါဝင် ပြီး အင်အား ၄ဝဝဝ ခန့် ရှိသည်။
          (ခ)     အမှတ်(၂)စစ်ဒေသတွင် အရှေ့မြောက် ဒေသ၊ မိုင်းထန်၊ နမ့်ခမ်း၊ မူဆယ်ဒေသများ ပါဝင်ပြီး အင်အား ၃ဝဝဝ ခန့်ရှိသည်။
          (ဂ)     အမှတ်(၃)စစ်ဒေသတွင် မိုင်းဆတ်၊ မိုင်းတုံ၊ မိုင်းပန်ဒေသများပါဝင်ပြီး  အင်အား  ၄ဝဝဝ ခန့် ဖြန့်ခွဲထားသည်။
          (ဃ)    ကေအင်န်ဒီအိုနှင့် ပူးတွဲလှုပ်ရှားသော အင်အားမှာ ၁ဝဝဝ ခန့်ရှိပြီး မော်ချီး၊ လှိုင်းဘွဲ့နှင့် ကရွတ်ပိနယ်များတွင် ရှိနေ သည်။ စုစုပေါင်းအင်အားမှာ ၁၂ဝဝဝ ခန့် ဖြစ်သည်။ (၁။         Kuomintang Aggression Against Burma (1953))

ကျူးကျော်မှုနှင့် ပြည်တွင်းအခြေအနေ
          တရုတ်ဖြူကျူးကျော်မှု ပေါ်ပေါက်နေချိန်တွင် မြန်မာနိုင်ငံအတွင်း ရောင်စုံသောင်းကျန်းသူများ ထကြွဆူပူနေကြဆဲပင် ဖြစ်သည်။ မြေအောက်အဖွဲ့ အစည်းများက လက်နက်ကိုင်တိုက်ခိုက်နေကြသကဲ့သို့ မြေပေါ်ပါတီများကလည်း ညီညွတ်မှုမရှိကြပေ။ မြန်မာ အစိုးရသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရအား အသိအမှတ်ပြုမည်ဖြစ်ကြောင်း ၁၉၄၉ ခုနှစ်၊ ဇန်နဝါ ရီလ ၆ ရက်ကတည်းက ကြေညာခဲ့သည်။ သို့သော် ကိုရီးယားစစ်ပွဲတွင် အမေရိကန်နိုင်ငံနှင့် ကုလသမဂ္ဂ ကို အစိုးရက ထောက်ခံရန် ၁၉၅ဝ ပြည့်နှစ်၊ စက်တင် ဘာလ၌ ဦးနုက အဆိုတင်သွင်းခဲ့ရာ ဆိုရှယ်လစ်ပါတီ ဝင်များက ကန့်ကွက်ခဲ့ပြန်သည်။ နောက်ဆုံး ၁၉၅ဝ ပြည့်နှစ်၊ ဒီဇင်ဘာလတွင် မြန်မာပြည် ဆိုရှယ်လစ် ပါတီမှ သခင်ချစ်မောင်၊ သခင်လွင်၊ သခင်လြှေ<ွကတို့ နုတ်ထွက်ပြီး ဗမာပြည်အလုပ်သမား၊ လယ်သမားပါတီ ကို ထူထောင်လိုက်ကြပြန်သည်။ (၂။   ဝိဓူရ သခင်ချစ်မောင်၏ လွတ်လပ်ရေးရပြီးနောက် မြန်မာပြည်။)
          မြန်မာနိုင်ငံသည် လွတ်လပ်ရေးရပြီးနောက် နိုင်ငံရေးမတည်ငြိမ်ဘဲရှိခဲ့ရာမှ ၁၉၅၁ ခုနှစ်၊ ဇွန်လ ၁၂ ရက်ကျမှ ပထမဆုံးအကြိမ် ပါလီမန်အထွေထွေ ရွေးကောက်ပွဲကြီး၏ ပထမအရစ်ကို ကျင်းပနိုင်သည်။  ၁၉၅၂ ခုနှစ်၊ မတ်လတွင် ပြည်သူ့လွှတ်တော် ပထမဆုံး ညီလာခံကို စတင်နိုင်ခဲ့သည်။ ထိုနှစ် မတ်လ ၁၂ ရက် တွင် ဒေါက်တာဘဦးသည် ပထမဆုံးသော သမ္မတ အဖြစ် တင်မြှောက်ခြင်းခံရသည်။ ၁၉၅၂ ခုနှစ်၊ နိုဝင်ဘာလတွင် အမေရိကန်ထောက်ခံသော ကူမင်တန် တရုတ်ဖြူကျူးကျော်ရေးသမားများအား တိုက်ခိုက်ရန် အပျော်တမ်းတပ်များ စုစည်းဖို့လိုကြောင်း ဗမာပြည် အလုပ်သမား၊ လယ်သမားပါတီက ကြေညာခဲ့သည်။ အစိုးရကား ကူမင်တန် တရုတ်ဖြူကျူးကျော်မှုပြဿနာ ကို တပ်မတော်က ခုခံတိုက်ခိုက်နေစဉ် နိုင်ငံရေးအရ ဖြေရှင်းရန် ကြိုးပမ်းနေဆဲသာ ရှိလေသည်။
ကုလသမဂ္ဂသို့ တင်ပြခြင်း  (၃။     ကာကွယ်ရေးဝန်ကြီးဌာန၏ ၁၉၇၅ ခုနှစ်၊ ဇန်နဝါရီလထုတ် မြန်မာနိုင်ငံနှင့် တရုတ်ဖြူကျူးကျော်မှုအခြေအနေ။)
          ၁၉၅၃ ခုနှစ်၊ မတ်လ ၁ ရက်တွင် တရုတ်ဖြူ ကျူးကျော်မှုပြဿနာကို ကုလသမဂ္ဂအဖွဲ့ချုပ်သို့ တင်ပြရန် မြန်မာနိုင်ငံအစိုးရက ဆုံးဖြတ်လိုက်သည်။  မတ်လ ၁ ရက်တွင် အမေရိကန်အစိုးရနှင့် ချုပ်ဆို ထားသော အီးစီအေစာချုပ်ကို ဖျက်သိမ်းမည်ဟု ကြေညာသည်။ မတ်လ ၂၅ ရက်တွင်ကား မြန်မာ နိုင်ငံခြားရေးဝန်ကြီး စောခွန်ချိုက ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ထံသို့ ကူမင်တန်ကျူးကျော်မှု ပြဿနာကို တရားဝင်တိုင်ကြားလိုက်တော့သည်။
          ၁၉၅၃ ခုနှစ်၊ ဧပြီလတွင် ကျင်းပသော ကုလ သမဂ္ဂအဖွဲ့ကြီး၏ (၇)ကြိမ်မြောက် အထွေထွေညီလာခံ ကြီးတွင် မြန်မာကိုယ်စားလှယ်အဖွဲ့သည် တရုတ်ဖြူ ကျူးကျော်မှုပြဿနာကို အထောက်အထားခိုင်လုံစွာ ဖြင့် တင်ပြနိုင်ခဲ့ကြသည်။ ဧပြီလ ၂၂ ရက်တွင်  မြန်မာ့နယ်မြေကို ကျူးကျော်သော နိုင်ငံခြားတပ် အားလုံး အမြန်ဆုံးထွက်ခွာသွားရန်အဆိုကို မဲခွဲ ဆုံးဖြတ်ရာ  နိုင်ငံပေါင်း   (၆ဝ)အနက်  ထောက်ခံမဲ (၅၉)မဲရရှိပြီး ကန့်ကွက်မဲမရှိဘဲ ကြားနေမဲ(၁)မဲသာ ရှိခဲ့သည်။
          မြန်မာနိုင်ငံမှ တရုတ်ဖြူတပ်များ ထွက်ခွာသွား ရန် ကုလသမဂ္ဂ၏ဆုံးဖြတ်ချက်ကို အကောင်အထည် ဖော်ရေးအတွက် အမေရိကန်နိုင်ငံက ဦးဆောင်၍ ၁၉၅၃ ခုနှစ်၊ မေလ ၂၂ ရက်တွင် ဆွေးနွေးပွဲတစ်ရပ် ကျင်းပခဲ့ကြသည်။ ထိုဆွေးနွေးပွဲတွင် အမေရိကန်၊ ယိုးဒယား၊ မြန်မာနှင့် တရုတ်ဖြူ ထိုင်ဝမ်နိုင်ငံတို့မှ စစ်ဘက်ကိုယ်စားလှယ်များပါဝင်ပြီး ဗန်ကောက်မြို့ တွင် ကျင်းပခဲ့သည်။ ယင်းဆွေးနွေးပွဲတွင် တရုတ်ဖြူ တို့က ကဖျက်ယဖျက်လုပ်သဖြင့် မြန်မာကိုယ်စားလှယ် အဖွဲ့သည် ဆွေးနွေးပွဲမှ ထွက်ခွာလာခဲ့သည်။ ကျန် သုံးနိုင်ငံ ဆက်လက်ဆွေးနွေးပြီး တပ်များထွက်ခွာရေး အစီအစဉ်တစ်ရပ်ဖြစ်သည့် တရုတ်ဖြူ ၂ဝဝဝ နှင့် မှီခိုသူများထွက်ခွာရေးကို မြန်မာဘက်က မနှောင့်ယှက် ရန် တောင်းဆိုခဲ့သည်။ မြန်မာအစိုးရက လက်ခံခဲ့ သည်။ တရုတ်ဖြူတပ်များက သိမ်းပိုက်ထားသည့် မိုင်းဆတ်၊ မိုင်းတုံ၊ မိုင်းယန်း၊ မိုင်းယောင်းတို့ကို သဘောတူလွှဲပြောင်းပေးရန် ဗန်ကောက်ဆွေးနွေးပွဲက  ဆုံးဖြတ်သော်လည်း လက်တွေ့တွင် တရုတ်ဖြူများ ဘက်က မလိုက်နာခဲ့ပေ။ ထို့ကြောင့် တပ်မတော်သည် တရုတ်ဖြူကျူးကျော်သူများအား စစ်ဆင်ရေးများ ဆင်နွှဲ၍ မောင်းထုတ်ရတော့သည်။

၁၉၅၃  ခုနှစ်အတွင်း   တရုတ်ဖြူနှိမ်နင်းသည့် စစ်ဆင်ရေးများ
          တပ်မတော်သည် ၁၉၅၃ ခုနှစ်၊ မတ်လတွင် မဟာစစ်ဆင်ရေးဖြင့် တရုတ်ဖြူများအား တိုက်ခိုက်ခဲ့ရာ  မိုင်းရှူးမြို့ကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့သည်။ တရုတ်ဖြူ တပ်များ သံလွင်မြစ်အရှေ့ဘက် ဝ နယ်သို့ ဆုတ်ခွာ သွားကြသည်။ မတ်လနှင့် ဧပြီလများတွင် မိုင်းတုံနှင့်  မိုင်းဆတ်အား တိုက်ခိုက်သိမ်းပိုက်ရန် ရည်ရွယ်ချက် ဖြင့် နဂါးနိုင်စစ်ဆင်ရေးကို ဆင်နွှဲခဲ့သည်။ ၁၉၅၃  ခုနှစ်၊ မတ်လတွင်ပင် ကျော်ထွန်းစစ်ဆင်ရေးဖြင့် လည်းကောင်း၊ ဇွန်လတွင် မော်ချီးဒေသ၌ ကလူ စစ်ဆင်ရေးဖြင့်လည်းကောင်း၊ ဇူလိုင်လတွင် ကွတ်ခိုင် ဒေသ၌ ကန်တော်ကြီးစစ်ဆင်ရေး၊ မုန်းကြက်စစ်ဆင် ရေးများဖြင့်လည်းကောင်း၊ သြဂုတ်လတွင် သမိန် စစ်ဆင်ရေးဖြင့်လည်းကောင်း  တပ်မတော်သည် ကျူးကျော်သူများအား  ရွပ်ရွပ်ချွံချွံ  ခုခံတိုက်ခိုက် ခဲ့သည်။
          ၁၉၅၃ ခုနှစ်၊ နိုဝင်ဘာလတွင်မူ မော်ချီးကို သိမ်းပိုက်ထားသည့် တရုတ်ဖြူနှင့် ကေအင်န်ဒီအို တို့အား ချယ်ရီစစ်ဆင်ရေးဖြင့် တိုက်ခိုက်ခဲ့သည်။ ထိုလတွင်ပင်  ကျိုင်းတုံပတ်ဝန်းကျင်၌  လှိုင်းကာ စစ်ဆင်ရေးကို ဆင်နွှဲခဲ့သည်။ ဒီဇင်ဘာလတွင် မိုင်းပန် မှ စွတ်ပုန်(အယ်လ်တီ ၆၇၂) ရွာပျက်အထိ အခြေခံ စခန်း ပြုလုပ်နိုင်ရေးနှင့် လမ်းဖောက်နိုင်ရေးအတွက် ရွှေတံတားစစ်ဆင်ရေးကို ဆင်နွှဲပြီးနောက် ဝ နယ် အတွင်းတွင် သိင်္ဂီစစ်ဆင်ရေးကို ဆင်နွှဲခဲ့သည်။

ကေအမ်တီနှင့် ကေအင်န်ယူ ( Kuomintang Aggression Against Burma (1955)
          ကေအမ်တီကျူးကျော်မှုကြောင့် တပ်မတော်သည် ရှမ်းပြည်နယ်နှင့်ကချင်ပြည်နယ်များတွင် အပြင်း အထန်ခုခံတိုက်ခိုက်နေကြစဉ်တွင် ကေအင်န်ယူများ သည် အမျိုးသားရေးကို အကာအကွယ်ပြု၍ ကေအမ် တီများနှင့် ပူးပေါင်းခဲ့ကြသည်။ ၁၉၅၂ ခုနှစ်၊ ဇန်နဝါရီ လတွင် ဗိုလ်ချုပ်လီယူကူအိုချွမ်(ူငကုကသ  ဃ့တညေ) ၏လက်အောက်မှ ကေအမ်တီ ၁ဝဝ ခန့်သည် မော်ချီး ဒေသတွင်ရှိနေသော ကေအင်န်ဒီအိုများထံ ရောက်လာ ခဲ့ကြသည်။
          ကေအင်န်ဒီအို ဘရစ်ဂေဒီယားစောရွှေ ခေါင်း ဆောင်သည့် အဖွဲ့တစ်ဖွဲ့သည် ၁၉၅၂ ခုနှစ်၊ ဖေဖော် ဝါရီလတွင် ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့သို့ ရောက်သွား ကြပြီး ကေအမ်တီ ဗိုလ်ချုပ်လီမီနှင့် သွားရောက် တွေ့ဆုံကြသည်။ ထို့နောက် စောရွှေသည် ထိုင်းနိုင်ငံ မြောက်ပိုင်းတွင်  ကျင်းပသော  ကေအမ်တီစစ် ခေါင်းဆောင်များညီလာခံသို့ တက်ရောက်ခဲ့သည်။  အပြန်တွင် ဇင်းမယ်၊ မိုင်းဆတ်လမ်းကြောင်းအတိုင်း ပြန်လာရာ  ကေအမ်တီလက်နက်ကိုင်  ၂ဝဝ ကို မော်ချီးတွင် အင်အားဖြည့်ရန် ခေါ်လာခဲ့သည်။ ၁၉၅၂ ခုနှစ်၊ သြဂုတ်လတွင် ကေအမ်တီ ၃ဝဝ ခန့် လှိုင်းဘွဲ့ နယ်ထဲ ရောက်လာကြသည်။ ကေအမ်တီအင်အား  ၄ဝဝ ခန့်မှာ ကရွတ်ပိ၊ ပငနယ်မြေအထိ ရောက်လာ ကြပြီး ကေအင်န်ဒီအိုတို့၏ မဟာမိတ်ဖြစ်သည့် အမ် အင်န်ဒီအိုများနှင့်ပါ ပူးပေါင်းခဲ့ကြသည်။ ၁၉၅၂ ခုနှစ်၊ အောက်တိုဘာလတွင် ကေအင်န်ဒီအိုများနှင့် ပူးပေါင်း နေသည့် ကေအမ်တီ အင်အား ၁ဝဝဝကျော်ခန့်ရှိ လာသည်။
          ကေအမ်တီများသည် ရိက္ခာနှင့် ထောက်ပံ့ရေး အကူအညီရရှိစေရန် ကေအင်န်ဒီအိုများနှင့် ပေါင်းခြင်း ဖြစ်ပြီး ကေအင်န်ဒီအိုများကမူ ကေအမ်တီများထံမှ  စစ်ရေးအကူအညီကို မျှော်လင့်ခဲ့သည်။ ကေအမ်တီ   နှင့် ကေအင်န်ယူသည် ဘိန်းမှောင်ခိုလုပ်ငန်းနှင့် သတ္တုများအား  ထိုင်းနိုင်ငံသို့  ရောင်းချရန်လည်း ရည်ရွယ်ခဲ့ကြသည်။ ကေအင်န်ဒီအိုများက ဖိတ်ခေါ် လာသောကြောင့် ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ် အတွင်း၌သာ ဝင်ရောက်ကျူးကျော်နေသော ကေအမ်တီ များသည် ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်း တစ်စိတ်တစ်ဒေသ (ယခု မွန်ပြည်နယ်) နယ်မြေများသို့ ကျူးကျော်ခြေချနိုင်ခဲ့ကြသည်။
          ၁၉၅၂ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ဖော်မိုဆာမှ မိုင်းဆတ်သို့ ရောက်လာကြသော တရုတ်ဖြူအကြံပေး ပုဂ္ဂိုလ် ၇ဝဝ သည် အောက်တိုဘာလအတွင်း ကေအင်န် ဒီအိုများနှင့်အတူ  မော်ချီး၊  ဖာပွန်၊  လှိုင်းဘွဲ့၊ ကော့ကရိတ်နှင့် ပငအထိ ပျံ့နှံ့ရောက်ရှိသွားကြသည်။ ကေအမ်တီနှင့်ကေအင်န်ဒီအို ပူးတွဲတပ်များသည် ရှမ်းပြည်တောင်ပိုင်းနှင့် ကယားပြည်နယ်ရှိ တပ်မတော် စခန်းငယ်များကို  ပူးတွဲ၍  တိုက်ခိုက်လာကြသည်။ သို့နှင့် ကေအင်န်ဒီအိုများနှင့် အတူတကွ ပူးတွဲလှုပ်ရှား သည့် ကေအမ်တီအင်အားမှာ အများဆုံးအချိန်တွင် ၃၂ဝဝ ခန့်အထိ တိုးတက်များပြားလာတော့သည်။
          ကေအမ်တီကျူးကျော်မှုနှင့် ပတ်သက်၍ ဗမာပြည် ကွန်မြူနစ်ပါတီက ဆန့်ကျင်ကြောင်း ကြေညာခဲ့သည်။ စင်စစ် ကေအမ်တီမှာ တရုတ်ကွန်မြူနစ်ကို တိုက်ခိုက် နေသော ရန်သူဖြစ်သဖြင့် ကွန်မြူနစ်များဘက်မှ ထောက်ခံခြင်းသာ ဖြစ်သည်။ ဗမာပြည်ကွန်မြူနစ် ပါတီသည် ကေအမ်တီကိုဆန့်ကျင်သည်ဆိုသော်လည်း  စစ်ရေးအရ ထူးထူးခြားခြားလုပ်ပြခဲ့ခြင်း မရှိခဲ့ပေ။  ကေအင်န်ဒီအိုမှာမူ ကေအမ်တီများနှင့် ပြောင်ပြောင် တင်းတင်းပင် ပူးပေါင်းခဲ့ကြောင်း အထောက်အထား များစွာ တွေ့ခဲ့ရသည်။  (Kuomintang Aggression Against Burma (1953) )
          ၁၉၅၃ ခုနှစ်၊ ဇန်နဝါရီလတွင် တပ်မတော်သည် ကရွတ်ပိ၊ ပငနယ်မြေရှိ ကေအမ်တီ၊ ကေအင်န်ဒီအို နှင့် မွန်သောင်းကျန်းသူများအား ထိုးစစ်ဆင်တိုက်ခိုက် ရာ ကေအမ်တီများကို အသေဖမ်းဆီးရမိခဲ့သည်။ ကရွတ်ပိ၊ ပငမှ ကေအမ်တီများသည် ဒေါနတောင်တန်း ကိုကျော်၍ ထိုင်းနိုင်ငံဘက်သို့ ဆုတ်ခွာသွားကြသည်။  ယင်းတပ်ဖွဲ့မှာ ဂျင်နရယ်လီမီ၏ တိုက်ရိုက်ကွပ်ကဲမှု အောက်တွင်ရှိသော အမှတ် ၁၉၃ တပ်မ၊ အမှတ် ၅၇၇ တပ်ရင်းမှ ကေအမ်တီများပင်ဖြစ်သည်။ တပ်မတော် က ကရွတ်ပိ ပငနယ်မြေကို တိုက်ခိုက်နေစဉ် ကေအမ် တီနှင့် ကေအင်န်ဒီအိုများပူးပေါင်း၍ ကော့ကရိတ်ကို တိုက်ခိုက်ကြသည်။
          ၁၉၅၃ ခုနှစ်၊ ဇန်နဝါရီလတွင်ပင် တပ်မတော်က မော်ချီးနှင့် သံတောင်ဒေသကို ထိုးစစ်ဆင်တိုက်ခိုက် ရာ ကေအင်န်ဒီအိုများက ကေအမ်တီများထံ မော်ချီး မြို့ကို ကာကွယ်ပေးရန် အကူအညီတောင်းခဲ့သည်။ ထိုနှစ် ဖေဖော်ဝါရီလ ၈ ရက်တွင် ကေအမ်တီ ၃ဝဝ ခန့်နှင့် ကေအင်န်ဒီအိုများပူးပေါင်း၍လွိုင်ကော်မြို့ကို တိုက်ခိုက်ကြသည်။ တပ်မတော်က ရွပ်ရွပ်ချွံချွံ ခုခံ တိုက်ခိုက်ရာ အကျအဆုံးများစွာဖြင့် ဆုတ်ခွာသွားကြ ရသည်။ ၁၉၅၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၇ ရက်တွင် ကေအမ်တီနှင့် ကေအင်န်ဒီအိုတို့သည် လွိုင်ပွတ်၊ ဘော်လခဲနှင့် နမ့်ဖဲတို့ကို တိုက်ခိုက်ကြသေးသော်   လည်း အကျအဆုံးများစွာဖြင့် ဆုတ်ခွာသွားရပြန်  သည်။  ကေအင်န်ဒီအိုများသည် ကေအမ်တီများထံမှ စစ်လက်နက်ပစ္စည်းများ အပါအဝင် စစ်ရေးအကူအညီ များစွာ ရရှိခဲ့သော်လည်း တပ်မတော်၏ထိုးစစ်များကို  ခံနိုင်ရည်မရှိဘဲ လွိုင်ကော်၊ သံတောင်၊ မော်ချီး၊ ဖာပွန်၊ မော်လမြိုင်၊ ကော့ကရိတ်နယ်များတွင် အရေးနိမ့်လာ ကြရလေသည်။

အစိုးရ၏အခက်အခဲများ
          လွတ်လပ်ရေးရပြီးသည်နှင့် ပေါ်ပေါက်လာသော ပြည်တွင်းသောင်းကျန်းမှု၊  မြေပေါ်ရှိ  နိုင်ငံရေး အင်အားစုများသဘောထားကွဲလွဲမှု၊ ပြည်ပကျူးကျော်မှု တို့သည် ဖဆပလ အစိုးရအဖွဲ့ကို များစွာ အခက်အခဲ ဖြစ်စေခဲ့သည်။ ဆိုရှယ်လစ်များ အစိုးရအဖွဲ့မှ နုတ် ထွက်သွားသောအခါ ဗိုလ်ချုပ်ကြီးနေဝင်းသည် အစိုးရ အဖွဲ့တွင်ပါဝင်ပြီး ဒုတိယဝန်ကြီးချုပ်တာဝန်ကို ထမ်းဆောင်ခဲ့သည်။ (၁။ အစိုးရအဖွဲ့တွင် ခြောက်လခန့်သာ ပါဝင်ထိန်းသိမ်းပေးခဲ့ခြင်း ဖြစ်သည်။) ကာကွယ်ရေးဝန်ကြီးဌာနနှင့် ပြည်ထဲရေးဝန်ကြီးဌာနဝန်ကြီး တာဝန်ကိုလည်း ပူးတွဲ ထမ်းဆောင်ရသည်။ ဦးအေးမောင်က နိုင်ငံခြားရေး ဝန်ကြီးဌာန တရားရေးနှင့် အခြားဝန်ကြီးဌာနများကို တွဲကိုင်ရသည်။ မြန်မာ့အလင်းဦးတင်မှာ ဘဏ္ဍာရေး ဝန်ကြီးဖြစ်သည်။ အစိုးရအဖွဲ့မှာ များစွာ သေးငယ် သော်လည်း တာဝန်ကြီးမားခဲ့သည်။
          နိုင်ငံတော်မှာ ငွေရေးကြေးရေးများစွာ ကျပ်တည်း လာသည်။ နိုင်ငံခြားငွေလည်း မရှိခဲ့ပေ။ ချေးငှားမည့် သူလည်း ရှားပါးခဲ့သည်။ လက်နက်ခဲယမ်းများ ဝယ်ယူ နိုင်ရေးအတွက် ဝန်ထမ်းများ၏လစာ ၂၅ ရာခိုင်နှုန်း ဖြတ်တောက်ခဲ့ရာ ကွန်မြူနစ်တို့ကြိုးကိုင်သောသပိတ် ကြီး ပေါ်ပေါက်လာသည်။ အစိုးရဝန်ထမ်းများ သပိတ် မှောက်နေကြသောကြောင့် လစာပေးရန် မလိုအပ် တော့ရာ အစိုးရမှာ အသက်ရှူချောင်သွားရသည်။  သပိတ်ကြောင့် လုပ်ငန်းအချို့ ရပ်ဆိုင်းခဲ့သော်လည်း ဘဏ္ဍာရေးအခက်အခဲမှာမူ သက်သာသွားရသည်။ (၂။ ဒေါက်တာမောင်မောင်၏ မြန်မာ့နိုင်ငံရေးခရီးနှင့် ဗိုလ်ချုပ်ကြီးနေဝင်း၊ စာမျက်နှာ ၃၂၈ ။)
          ၁၉၄၉ ခုနှစ်၊ ဇူလိုင်လတွင် ဗိုလ်ချုပ်ကြီးနေဝင်း သည် ဗိုလ်မှူးကြီးအက်စ်ခင်၊ သံအမတ် ဦးလှမောင်၊ ဦးအုံးတို့ကိုဦးဆောင်၍ လန်ဒန်သို့သွားခဲ့သည်။ ဗြိတိသျှ စစ်ဦးစီးချုပ် ဖီးမာရှယ်ဆာဝီလျံစလင်း၊ နိုင်ငံခြားရေး ဝန်ကြီး  အားနက်ဗဲဗင်၊  ကာကွယ်ရေးဝန်ကြီး အလက်ဇန္ဒြား၊ စစ်ဝန်ကြီးရှင်ဝဲ၊ လေကြောင်းဝန်ကြီး အာသာဟင်ဒါဆင်တို့နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ အင်္ဂလိပ်အစိုးရသည် ဗိုလ်ချုပ်ကြီးနေဝင်းနှင့် မစ်ရှင် အဖွဲ့အား မြန်မာအစိုးရကို ငွေချေးရန် ကတိပြုခဲ့သည်။ ဗိုလ်ချုပ်ကြီးနေဝင်း၏  အင်္ဂလန်ခရီးစဉ်နောက်ပိုင်းတွင် အင်္ဂလိပ်တို့က မြန်မာပြည်သို့ အမြောက်ဆန်များ လုံလုံလောက်လောက် ပို့ပေးခဲ့သည်။ (၃။        ဒေါက်တာမောင်မောင်၏ မြန်မာ့နိုင်ငံရေးခရီးနှင့် ဗိုလ်ချုပ်ကြီးနေဝင်း၊ စာမျက်နှာ ၃၂၉ ။)
          ဝန်ကြီးချုပ် ဦးနုသည် ပါကစ္စတန်နှင့် အိန္ဒိယနိုင်ငံ များသို့ ချစ်ကြည်ရေးခရီးသွားခဲ့သည်။ အိန္ဒိယနိုင်ငံ သည်  မြန်မာနိုင်ငံသို့   ရိုင်ဖယ်သေနတ်များနှင့် ကျည်ဆန်များ ရောင်းချခဲ့သည်။ တပ်မတော်သည် အခက်အခဲများစွာကို ရင်ဆိုင်၍ တည်ဆောက်ခဲ့ရ သည်။ အစိုးရသည် အခက်အခဲ အကျပ်အတည်းများ နှင့် ပြည့်နှက်နေသည့်အလျောက် တပ်မတော်သည် လည်း အခက်အခဲ အကျပ်အတည်းများနှင့် ရင်ဆိုင်၍ ရုန်းကန်ခဲ့ရသည်။ သို့သော် ရောင်စုံသောင်းကျန်းသူ များ၏ ပြည်သူ့ဆန့်ကျင်ရေးလုပ်ငန်းများကို အော့နှလုံး နာလာသော ပြည်သူလူထုသည် တပ်မတော်ဘက်မှ ရပ်တည်၍ ကူညီလာကြသည်။ ကူမင်တန်ကျူးကျော်မှု ပြဿနာသည် တစ်ပြည်လုံးရှိ ပြည်သူအပေါင်းကို အမျိုးသားစိတ်များနိုးကြားစေခဲ့ရာ တပ်မတော်သည် ပြည်သူ့အချစ်တော်ဖြစ်၍လာသည်။ သတင်းစာများကလည်း တပ်မတော်ကို ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင် တပ်မတော်ကြီးဟူ၍ အမွှမ်းတင် ရေးသားလာသည်။

Share this article :

0 comments:

Post a Comment

 
ဆက်သွယ်ရန် mmpolitical2013@gmail.com :
Template Modify by Creating Website Myanmar Political Research Organization