အခန်း(၉)
ပြည်ပြေးတို့၏ထိုးဖောက်ဝင်ရောက်မှုများ
စစ်ရေးပြင်ဆင်မှုနှင့်
အခြေစိုက်စစ်စခန်းများ
တည်ဆောက်ခြင်း
ဝန်ကြီးချုပ်ဟောင်းဦးနုသည် ပြည်ပသို့ထွက်ခွာ
သွားရာမှ ဦးလောရုံက ထိုင်းနိုင်ငံသို့ခေါ်ယူသွား ကြောင်း၊ မြန်မာနိုင်ငံမှထွက်ပြေးသွားကြသော
နိုင်ငံ ရေးသမားဟောင်းကြီးများစုစည်း၍ ၁၉၆၉ ခုနှစ်၊ သြဂုတ်လ ၂၂ ရက်တွင် ပါလီမန်ဒီမိုကရေစီပါတီ
ထူထောင်ခဲ့ကြောင်း၊ တော်လှန်ရေးအစိုးရအား စစ်ရေး အရတိုက်ခိုက်ကြရန် ပြည်ပအကူအညီများတောင်းခံနေ
ကြကြောင်း၊ စီအိုင်အေသူလျှိုဦးလောရုံသည် ပြည်ပြေး လှုပ်ရှားမှုတစ်ခုလုံးအား ကြိုးကိုင်နေသူဖြစ်ကြောင်း
တင်ပြခဲ့ပြီးလေပြီ။ ၁၉၇ဝ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက်တွင် ဦးနုခေါင်းဆောင်သည့်အဖွဲ့ဝင် ၃၆ ဦးပါဝင်သော ပါလီမန်
ဒီမိုကရေစီပါတီဌာနချုပ်ကို ဖွဲ့စည်း၍ ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့ ဆွိုင်(၁၈)* (ဆွိုင်
၁၈၊ ၁၈ လမ်း) တွင် အခြေစိုက်ခဲ့ကြသည်။ ပြည်ချစ်လွတ်မြောက်ရေး တပ်မတော်ကိုဖွဲ့စည်းပြီးလက်နက်တပ်ဆင်ခြင်း၊
လေ့ကျင့်ခြင်းများ ပြုလုပ်လာကြသည်။ နိုင်ငံတကာစာနယ်ဇင်းများမှတစ်ဆင့် ဝါဒဖြန့်လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ပြည်ပနိုင်ငံ
များမှ အကူအညီတောင်းခံခြင်းတို့ကိုလည်း ဆောင်ရွက်ခဲ့သည်။ ၁၉၇ဝ ပြည့်နှစ်၊ မေလ ၂၅ ရက်တွင် ကေအင်န်ယူတပ်ဦး၊ မွန်ပြည်သစ် ပါတီတို့နှင့် ပူးပေါင်း၍
'တိုင်းရင်းသားလူမျိုး ပေါင်းစုံ ညီညွတ်ရေးနှင့်
လွတ်မြောက်ရေးတပ်ပေါင်းစု'ကို ဖွဲ့စည်းခဲ့သည်။ အခြားသောင်းကျန်းသူများနှင့်လည်း
အဆက်အသွယ်ရယူရန် သိမ်းသွင်းရန်ကြိုးစားခဲ့သည်။
၁၉၇ဝ ပြည့်နှစ်၊ သြဂုတ်လ ၂၄ ရက်က ပြည်
ထောင်စုသမ္မတဂျာမနီနိုင်ငံ ဟမ်းဘတ်မြို့ထုတ် ဒီဝဲ
နေ့စဉ်သတင်းစာ(DIEWELT) တွင် ဘိန်းကုန်ကူးပြီး ရန်ကုန်ကို ဆန့်ကျင်နေတဲ့လက်နက်များ**
WAIFEN GEGIN RANGUN MIT GEWINNEN AUS DEM OPIUM GESCHAFT. ခေါင်းစဉ် ဖြင့် ဆောင်းပါးတစ်စောင်ပါလာသည်။
ဆောင်းပါးရှင်မှာ ဗန်ကောက်မြို့တွင်စခန်းချနေသော ဖရိုင်တဲမ်ကဲင်း မနားဆိုသူဖြစ်ပြီး
'ပျက်စီးနေတဲ့ နိုင်ငံသို့ ဦးနုပြန်နိုင် ရေးအခွင့်အလမ်းများကား အဘယ်နည်းဟူသော ခေါင်းစဉ်ငယ်ဖြင့် အောက်ပါအတိုင်း
ရေးသားထားသည် ကို တွေ့ရလေသည်။၁ (၁။
မြရာပင်စာပေ၏နောက်ဆုံးပေါ်သုံးပါတီ၊ စာမျက်နှာ ၉၃ မှ ၉၆။)
''စစ်သား ၅ဝဝဝဝသည် ရန်ကုန်မြို့တော်သို့
ချီတက်ရန် မြန်မာနိုင်ငံ ဝန်ကြီးချုပ် ဟောင်းဦးနု၏ အချက်ပြမှုကို အသင့်စောင့်နေကြသည်ဟုဆိုသည်။ ယိုးဒယားပြည် ဗန်ကောက်မြို့တွင် ပြည်တော်ပြန် ရန်ကြံစည်ပြင်ဆင်နေသည့်
ဦးနုသည် ဝါဒဖြန့်ချိရေးနှင့် သူ၏ဘက်တော် သားများရပ်တည်ရေးကို ဘိန်းကုန်ကူး၍ရသောငွေဖြင့်
ထောက်ပံ့နေသည်။''
တစ်ချိန်က မော်စကိုနှင့်
ပီကင်းတို့က အလေးပေးခြင်းကိုခံယူခဲ့ရသော အာရှတိုက်၏ အလေးစား ဆုံးသော အစိုးရခေါင်းဆောင်တစ်ဦး
ဖြစ်ခဲ့သော၊ လိုက်လျောပေါင်းသင်းတတ်သော အသက်
၆၃နှစ် အရွယ်လူကြီးလူကောင်းသည် ဗန်ကောက်မြို့၏
အမေရိကန်ရပ်ကွက်တွင် ဖလော်ရီဒါပုံစံ ဆောက် လုပ်ထားသည့် အိမ်၌ဇိမ်ကျ ကျနေထိုင်လျက်ရှိသည်။''
''ဦးနုလိုလားသည့် ပါလီမန် ဒီမိုကရေစီ ပြန်လည်အသက်သွင်းရေးနှင့် လွတ်လပ်ရေးအတွက် တိုက်ပွဲဆိုသည်မှာ
သူပုန်အားလုံး၏ ရှေ့တန်းအကျဆုံး ရည်မှန်းချက်မဟုတ်ပါချေ။''
''မြန်မာနိုင်ငံ ရှမ်းပြည်၌ ကမ္ဘာတွင်အကောင်း
ဆုံးသောဘိန်းကိုထုတ်လုပ်သည်။''
''ရှမ်းပြည်မှနှစ်စဉ် တန် ၂ဝဝ နှင့်
၂၅ဝ ခန့်သောဘိန်းစိမ်းများသည် ဒုတိယကမ္ဘာစစ်က
လမ်းဟောင်းအတိုင်း အင်ဒိုချိုင်းနား၊ ထိုင်းနှင့် အနောက်ကမ္ဘာသို့ ပို့ခဲ့ကြသည်။ ယင်းဘိန်းများကို
စနစ်တကျဖွဲ့စည်းထားသော မာဖီးယား*(မာဖီးယား-ဟိတ်ကြီးဟန်ကြီးဟု
အဓိပ္ပာယ်ရသော အီတလီနိုင်ငံ စစ္စလီကျွန်းစကားဖြစ်သည်။ စစ္စလီ ကျွန်းသားများသည် အမေရိကန်နိုင်ငံတွင်
အခြေစိုက်၍ မာဖီးယားဂိုဏ်းကြီးကိုထူထောင်ထားရာ ကမ္ဘာတွင် အကြီးဆုံးဒုစရိုက်ဂိုဏ်းကြီးဖြစ်သည်။)
(ဘိန်း ကိုကင်း) တပ်ဖွဲ့ကြီးများက အလုံအလောက်
စောင့်ရှောက်သောကားကြီးများဖြင့် ပို့ဆောင်ခဲ့ သည်။ ပြောက်ကျားဂိုဏ်းများသည် ဤမူးယစ်စေ
တတ်သောဆေး(ဘိန်း)မှ သန်းနှင့်ချီ၍ရသော အမြတ်ငွေများရရှိရန်အတွက် ဘိန်းစစ်ပွဲကလေး များဆင်နွှဲ၍
တစ်ဂိုဏ်းနှင့်တစ်ဂိုဏ်းသတ်ဖြတ်မှု ကိုပင်ပြုကြသည်။ ယင်းတို့သည် လာအိုနှင့်ထိုင်း အစိုးရများ၊ စစ်တပ်ရုံးများ၊ ဌာနချုပ်များကို တည့် တည့်မတ်မတ်သွားရောက်ဆက်သွယ်ကြသောကြား ပွဲစားများ၊
လက်ပါးစေများကိုယ်စား တိုက်ခိုက် သတ်ဖြတ်ကြသည်။''
''အာရှတိုက် ဘိန်းလုပ်ငန်းမြို့တော်များသည် လာအိုနိုင်ငံတွင်
'ဘောဟောင်'၊ ထိုင်းနိုင်ငံတွင် 'ချင်ရိုင်း' တို့ဖြစ်သည်။ ဦးနု၏ကိုယ်စားလှယ်များ သည်
ထိုမြို့များတွင် အလုပ်လုပ်ကိုင်လျက်ရှိကြ သည်။ အဘယ့်ကြောင့်ဆိုသော်ဘိန်းသည် အမြတ်
အစွန်းကောင်းကောင်းရသောလုပ်ငန်းဖြစ်ပြီး ဘိန်းနှင့်ကာဘိုင်၊ မော်တာ၊ ခဲယမ်း တို့ကို
သတ်မှတ် ထားသောနှုန်းထားအရ လဲလှယ်နိုင်ခြင်းကြောင့် ဖြစ်သည်။''
''သူပုန်များနှင့်ဦးနု၏နောက်လိုက်များအဖို့
ရွေးစရာအလုပ်မရှိကြချေ။ မည်သို့ပင်ဖြစ်စေ သူတို့ သည် ဘိန်းကုန်ပို့သည့်လုပ်ငန်းကို
လက်ဝါးကြီး အုပ် ထားသော တရုတ်စစ်ဘုရင်ကြီးများကို ပစ်ပယ် ထား၍မရကြချေ။သူတို့မှာကူမင်တန်(တရုတ်ဖြူ)
ဗိုလ်ချုပ်ဟောင်းလီဝင်တွမ်နှင့်တွန်ရှိဝမ်း** (လီဝင်တွမ် (လီဝင်ဝှမ်း)သည် တရုတ်ဖြူတပ်မ(၃) တပ်မမှူးဖြစ်ပြီး တွန်ရှိဝမ်းသည်
တရုတ်ဖြူတပ်မ (၅) တပ်မမှူးဖြစ်သည်။ တရုတ်ဖြူတပ်မနှစ်ခုသည် ထိုင်းနိုင်ငံမြောက်ပိုင်းတွင်
အခြေစိုက်နေသည်။ )တို့ နှစ်ဦးဖြစ်သည်။''
''ယနေ့သူတို့သည် အင်ဒိုချိုင်းနား၏
မဟာ ဗျူဟာနိုင်ငံသုံးနိုင်ငံနယ်စပ်ဒေသ***(မြန်မာ၊
လော၊ ထိုင်းနယ်စပ် ရွှေတြိဂံဒေသ။)တွင်လက်နက် ကိုင်ကာ ဘိန်းပို့ဆောင်ရေး နှင့်ရောင်းချရေးကို
စိုးမိုးလုပ်ကိုင်နေကြသည်။
ယင်းပြည်ချစ်ဝါဒဘိန်းကုန်ကူးခြင်း၊
သေနတ် ရောင်းခြင်း၊ ဗြောင်ဓားပြတိုက်ခြင်းနှင့် အတိလွှမ်း သောတောကြီးမျက်မည်းအတွင်းမှ
ဦးနု၏ကိုယ်စား လှယ်များသည် လက်နက်မည်မျှရခဲ့သည်ကိုသော် လည်းကောင်း၊ တပ်ရင်းမည်မျှစုစည်းနိုင်ပြီကိုသော်
လည်းကောင်း မှန်းဆရန်ပင်ခက်ခဲလှပေသည်။''
x x
x x
ဆောင်းပါးတွင် ပြည်ပြေးများ ဘိန်းကုန်ကူးရန်
ကြိုးစားနေကြောင်း၊ တရုတ်ဖြူများနှင့် ဆက်သွယ်နေ ကြောင်းဖော်ထုတ်ထားခြင်းဖြစ်လေသည်။
အမေရိကန် ဗဟိုထောက်လှမ်းရေး အဖွဲ့****
(စီအိုင်အေ)နှင့် တရုတ်ဖြူအကြွင်း အကျန်တပ်မနှစ်ခုသည် မြန်မာ၊
ထိုင်း၊ လော သုံးပွင့်ဆိုင် နယ်စပ်
ဒေသတွင် ကွန်မြူနစ်ဆန့်ကျင်ရေး အတွက် လှုပ်ရှားနေကြသည်။ ရှမ်းသောင်းကျန်းသူများ၊ ဘိန်းဂိုဏ်းများက
လည်း ကွန်မြူနစ်ဆန့်ကျင်ရေးကို ဗန်း ပြ၍ အကူအညီရယူကာ ဘိန်းဈေးကွက်ဖွင့်လှစ်၍ ဘိန်းကုန်ကူးနေကြသည်။
ဦးနုသည် တရုတ်ဖြူများထံမှ အကူအညီရရေးကိုကြိုးပမ်းခဲ့သည်။
ပြည်ချစ်လွတ်မြောက်ရေးတပ်မတော်ကို ဖွဲ့စည်းသောအခါ
ပြည်ပြေးများသည် မိမိတို့၏ တပ်အင်အား ကြီးမားများပြားဟန်ဖြင့် လှည့်စားနိုင်ရန် စစ်ရာထူးကြီးများကို
အချင်းချင်း ခန့်အပ် ပေးခဲ့ကြသည်။ စောကြာဒိုးသည် မေဂျာဂျင်နရယ်အဆင့်ဖြင့် စစ်ဦးစီးချုပ်ဖြစ်လာ
သည်။ ဗိုလ်ရန်နိုင် သည်လည်း မေဂျာဂျင်နရယ်အဆင့်၊ ဇာလီမော်မှာ ကာနယ်အဆင့်၊ ဦးသွင်မှာ
ဘရစ်ဂေးဒီး ယားအဆင့်၊ ဗိုလ်ကျော်ဒင်မှာ ကာနယ်အဆင့် အသီးသီးရယူခဲ့ကြသည်။ ထို့နောက် တိုင်းကြီးနှစ်တိုင်းကို
အောက်ပါအတိုင်း ဖွဲ့စည်းခဲ့သည်။၁
(၁။ မြရာပင်စာပေ၏
နောက်ဆုံးပေါ်သုံးပါတီ၊ စာမျက်နှာ ၁ဝ၆၊ ၁ဝ၇။)
(က) အမှတ်(၁)တိုင်း။
မော်လမြိုင်ခရိုင်၊ ရေးမြို့ နယ်၊ ဘုရားသုံးဆူတောင်ကြားနယ်စပ်မှ တိုက်ရိုက်အတိုင်းအတာအထွာ* (*Corw Flight မြေပုံပေါ်တွင်
မျဉ်းဖြောင့်ဆွဲ၍ စကေးဖြင့် တိုင်းတာခြင်းကိုဆိုလိုသည်။) ၁၂ မိုင်ကွာ ဝေးသော ထိုင်းနိုင်ငံ ဆန်ခရာဘူရီ(ှဗြ-ုဗျွဗြျွှု့)
(ခေါ်) ဝမ်ကနယ်မြေဖြစ်ပြီး တိုင်းမှူးမှာ မေဂျာဂျင်နရယ်ရန်နိုင်ဖြစ် သည်။ ဒုတိယတိုင်းမှူးမှာ
ကာနယ်ဇာလီ မော်ဖြစ်သည်။ အမှတ်(၁) တိုင်းသည် နောင်တွင် တောင်ပိုင်းတိုင်းဖြစ်လာသည်။
(ခ) အမှတ်(၂)တိုင်း။ ကော့ကရိတ်မြို့နယ်၊
မြဝတီမြို့တစ်ဖက်ကမ်းရှိ မဲဆောက်နယ်မြေ ဖြစ်သည်။ တိုင်းမှူးမှာ ဘရစ်ဂေးဒီးယား မောင်သွင်ဖြစ်ပြီး ဒုတိယတိုင်းမှူးမှာ ကာနယ်ကျော်ဒင်ဖြစ်သည်။ အမှတ်(၂)
တိုင်းသည် နောင်သောအခါတွင် အလယ် ပိုင်းတိုင်းဟူ၍ ပြောင်းလဲသွားသည်။
ပြည်ပြေးတို့သည် အထက်ပါအတိုင်း တိုင်းနှစ်တိုင်း
ဖွဲ့စည်းပြီးနောက် ဂျင်မီယန်းကို စည်းရုံး၍ နောက်ထပ် တိုင်းအသစ်ဖွဲ့စည်းရန်လည်း ရည်ရွယ်ထားကြသည်။
ထိုင်းနိုင်ငံအတွင်း၌လည်း အောက်ပါအခြေစိုက်စခန်း များကို တည်ဆောက်ခဲ့ကြသည်။၂
(က) ဝမ်ကစခန်း(ခေါ်)ကွယ်နွဲ့စခန်း။
ထိုင်းနိုင်ငံ ဆန်ခရာဘူရီ(ခေါ်)ဝမ်ကမြို့၏
တောင် ဘက်ကမ်း၊ မွန်ရပ်ကွက်နှင့်ဝမ်ကမြို့ ဆရာ တော် ဦးဥတ္တမဘုန်းကြီးကျောင်းအကြား
ကွေးမြစ်၏တောင်ဘက်ကမ်းတွင် ရှိသည်။ ကွယ်နွဲ့(ကွေးမြစ်)စခန်းကို စန်ခလစခန်းဟု လည်း ခေါ်
သည်။ ထို စ ခန်း တွင် စစ် တန်းလျားနှစ်ခု၊ ဗိုလ်ရန်နိုင်၏အိမ်၊ စခန်းမှူး ဦးလှိုင်၏အိမ်များရှိသည်။
ဝမ်ကစခန်းတွင် ဗိုလ်လက်ျာ၊ ဦးလှိုင်၊ ဒုတိယစခန်းမှူး မင်းလွင်၊ မောင်ငြိမ်း၊ ဦးရွှေကြေး (ထိုင်း စကားပြန်)၊ မစ္စတာချမ်း (တရုတ်ဖြူဗိုလ်မှူး
ဟောင်း)၊ ကျော်သူရ (ကြိုးမဲ့ကြေးနန်း ဆက်သွယ်ရေးသင်တန်းဆရာ)တို့ နေထိုင်
ကြသည်။
(ခ) အောင်မြေစခန်း။ ဝမ်ကမှ အနောက်ဘက် ၁ဝ မိုင်ကွာရှိ ဝမ်က ချောင်းဖျားကြာကိုး
ရွာအနီးတွင်ရှိပြီး ၁၉၇ဝ ပြည့်နှစ်ဦးတွင် ဆောက်လုပ်ခဲ့သည်။ အောင်မြေစခန်းတွင် ဗိုလ်ရန်နိုင်နေပြီး
စခန်းမှူးမှာ တင်ငွေဖြစ် သည်။ နောင်သောအခါ မိုင်းလုပ်သားကြီး များကို စည်းရုံးရန် တင်ငွေသည်
နတ် အိမ်ထောင်စခန်းသို့ ထွက်ခွာသွားသည်။ အောင်မြေစခန်းတွင် စစ်သင်တန်း၊ ဆေးသင်တန်းနှင့်
ကြိုးမဲ့ကြေးနန်းဆက်သွယ်ရေး သင်တန်းများဖွင့်လှစ်ခဲ့သည်။
(ဂ) ဥသြစခန်း။ ဝမ်ကမြောက်ဘက် သုံးမိုင်ခန့် အကွာ တောင်ကုန်းပေါ်တွင် တည်ဆောက်
ထားသည်။ ၁၉၇ဝ ပြည့်နှစ်၊ ဖေဖော်ဝါရီလ တွင်
စတင်တည်ဆောက်သည်။ စခန်းမှူး မှာ ဦးအေးမောင်(ရန်ကုန်)ဖြစ်ပြီး ဒုတိယ စခန်းမှူးမှာ
ဂျင်မီဖြစ်သည်။
(ဃ) နတ်အိမ်ထောင်စခန်း။ ထိုင်း
- မြန်မာ နယ် စပ် တွင် ရှိ ပြီး ထိုင်း ပု လိပ် များ ၏ တိုက်ရိုက်အကူအညီဖြင့် တည်ဆောက်
အခြေချခဲ့သည်။ နတ်အိမ်ထောင်မှာ အိမ်ခြေ ၅ဝဝ
ခန့်ရှိသော မြို့ငယ်ဖြစ်သည်။ စခန်းမှူးမှာ မေဂျာတင်ငွေ၏ညီ တင်ညွန့် ဖြစ်သည်။
(င) ဟိုဖိုင်စခန်း(ခေါ်)ပေါက်ကျိုင်းစခန်း။
မဲဆောက်မြို့နယ်ရှိ
ဦးသွင်၏လေ့ကျင့်ရေး စခန်းဖြစ်သည်။
ပြည်ပြေးတို့သည် ထိုင်းနိုင်ငံအတွင်းတွင်
အခြေ စိုက်စခန်းများတည်ဆောက်ခြင်း၊ လက်နက်တပ်ဆင် လေ့ကျင့်ခြင်းတို့ကိုပြုလုပ်၍ ပြည်တွင်းသို့ဝင်ရောက်
တိုက်ခိုက်နိုင်ရန် ပြင်ဆင်လျက်ရှိလေသည်။
ပြည်ပြေးအဖွဲ့အတွင်း၌
ဖြုတ်ထုတ်သတ်လမ်းစဉ် ထွန်းကားလာခြင်း
ပြည်ပြေးတို့သည် နိုင်ငံရေးအရ ဝါဒဖြန့်ခြင်း၊
ကြော်ငြာခြင်း၊ အကူအညီတောင်းခံခြင်း၊ စစ်ရေး ပြင်ဆင်ခြင်းတို့ကို ဆောင်ရွက်နေစဉ်မှာပင်
အခက်အခဲ အကျပ်အတည်းများနှင့်လည်း ရင်ဆိုင်
လာကြရသည်။ ဝမ်ကစခန်းတွင်ရှိနေသော သိန်းလွင်သည် ငှက်ဖျားရောဂါကြောင့် အခြေအနေ ဆိုးရွားနေသော်လည်း ဆေးဝါးကုသခြင်းကို မခံခဲ့ရပေ။ ဗိုလ်ရန်နိုင်နှင့်
တင်ငွေ တို့ကလည်း ဝမ်က စခန်းတွင် မတရားမှုများ၊ ဗိုလ်ကျမှု များဖြင့် အနိုင်ကျင့်လျက်ရှိရာ
သိန်းလွင်သည် မကျေ နပ်ချက်များကို ဖျားနေစဉ် ကယောင်ကတမ်းရေရွတ် မိခဲ့သည်။ တင်ငွေက
ဗိုလ်ရန်နိုင်အားတင်ပြပြီး သိန်းလွင်ကို တောစပ်သို့ တရွတ်တိုက်ဆွဲခေါ်သွားသည်။
ထို့နောက် နားထင်ကို သေနတ်ဖြင့်တေ့ပစ်၍ သတ်ဖြတ် လိုက်လေသည်။၁ ဤကား ဝမ်ကစခန်းတွင် စတင်ပေါ် ပေါက်လာသော ဖြုတ်ထုတ် သတ်လမ်းစဉ်အစပင်ဖြစ်
သည်။
၁၉၇ဝ ပြည့်နှစ်၊ ဇွန်လတွင်လည်း ရန်ကုန်မှ
တောခိုလာသောထွန်းရှိန်ကို ပြည်ချစ်သူငယ် တပ် ပေါင်းစုအပေါ် ဝေဖန်ရကောင်းလားဟုဆိုကာ တင်ငွေ
၏အမိန့်ဖြင့် တင်ငွေ၏ညီ တင်ညွန့်နှင့်မောင်စိုးက အောင်မြေစခန်း၌ ရက်စက်စွာသတ်ဖြတ်လိုက်ကြလေ
သည်။ ဤသို့ဖြင့် တင်ညွန့်နှင့်မောင်စိုးသည် လူသတ် ဝါဒကိုကိုင်စွဲကာ သြဇာကြီးလာကြသည်။
ဗိုလ်ရန်နိုင် ကလည်း တင်ငွေတို့လူစုကိုသာ အရေးပေးမြှောက်စား လာသည်။ ဗိုလ်ရန်နိုင်အား
အန်တုလာသူများ၊ ဝေဖန်မိ သူများ၊ မသင်္ကာခြင်းခံရသူများကို တင်ငွေတို့ညီအစ်ကို တစ်စုက
ရန်ကုန်သူလျှိုဟုစွပ်စွဲကာ သတ်ဖြတ်လေ့ ရှိကြသည်။ ၁၉၇ဝ ပြည့်နှစ် တစ်နှစ်တည်းမှာပင်
တင်ငွေ၏တိုက်ရိုက်အမိန့်အရ ၁ဝ ဦးထက်မနည်း အသတ်ခံခဲ့ကြရသည်။
ပြည်ပြေးများအတွင်းတွင် လူမှုရေးဖောက်ပြန်မှုများလည်းရှိနေခဲ့သည်။
ဗိုလ်ရန်နိုင်သည် မိုင်းအလုပ် သမားတစ်ဦး၏ဇနီးနှင့် ကလေးနှစ်ယောက်မိခင် မနုကျင်ဆိုသူကို ယောက်ျားမရှိခိုက် စခန်းတွင်းသို့ ခေါ်ယူပေါင်းသင်းခဲ့သည်။
မနုကျင်၏ခင်ပွန်းမှာ ကလေး ၂ ယောက်နှင့် အတူ ထွက်ပြေးရာမှ လုံးဝ အစပျောက်သွားခဲ့ရသည်။၂(၂။မြရာပင်စာပေ၏ နောက်ဆုံးပေါ် သုံးပါတီ စာမျက်နှာ ၁၁၅ မှ ၁၁၇။) ဗိုလ်ရန်နိုင်သည် ၁၉၄၄ ခုနှစ်၊
ဇွန်လ ၂၃ ရက်ကတည်းက ဒေါက်တာဘမော်၏ သမီးသဉ္ဇာမော်နှင့် လက်ထပ်ခဲ့သူဖြစ်သည်။
ဗိုလ်ရန်နိုင် ၏ ကိစ္စကို ဦးနုက ဗိုလ်လက်ျာအား စုံစမ်းစေခဲ့သည်။ ဗိုလ်ရန်နိုင်သည် ၁၉၇ဝ
ပြည့်နှစ်၊ ဇွန်လတွင် ဝမ်က သာသနာပြုဆေးရုံသို့တက်ရောက်ကုသခဲ့ရသည်။ စက်တင်ဘာလတွင်မူ
မနုကျင်အားခေါ်ယူပေါင်းသင်း ပြန်သည်။ ဦးနုတို့လူစုသည် ဗိုလ်ရန်နိုင်အား အရေး မယူနိုင်ခဲ့ကြပေ။
ဗိုလ်ရန်နိုင်၏ယောက်ဖဖြစ်သူ တောင်ပိုင်းတိုင်း
ဒုတိယတိုင်းမှူးကာနယ်ဇာလီမော်သည်လည်း မြန်မာ နိုင်ငံတွင် အရေးပိုင်လုပ်ခဲ့ဖူးသော မစ္စတာစတီးဝပ်
၏မယားငယ် ထိုင်းအမျိုးသမီးတစ်ဦးနှင့် ဖောက်ပြား လျက်ရှိလေသည်။ ဗိုလ်ရန်နိုင်သည် ဦးနုတို့ပေးကမ်း
သောငွေများကို ကိုယ်ကျိုးအဖြစ်သာ သုံးစွဲနေသည်။
ထို့ကြောင့် ဦးနုက ၁၉၇ဝ ပြည့်နှစ်၊ ဧပြီလတွင် ငွေ စာရင်းစစ်ဆေးရန် လူလွှတ်သည်။ ဗိုလ်ရန်နိုင်မှာ
စာရင်းမရှင်းနိုင်ပေ။ သိန်းလွင်သတ်မှုကိုလည်း စုံစမ်း လာရာ ဗိုလ်လက်ျာနှင့်ဗိုလ်ရန်နိုင်သည်
တင်ငွေအား ပြည်သိမ်းတပ်မှူးအဖြစ်ခန့်အပ်၍ မြိတ် - ထားဝယ် နယ်စပ် နတ်အိမ်ထောင်သို့ စေလွှတ်လိုက်ရတော့သည်။
ဗိုလ်ရန်နိုင်က ဦးနုသည် ဦးသွင်ကိုမြှောက်စားပြီး မိမိ အား ပထုတ်လိမ့်မည်ဟု ယူဆထား၏။
ထို့ကြောင့် နတ်အိမ်ထောင်တွင် လူသူလက်နက် စုဆောင်းထားရန် အတွက် တင်ငွေကို ညွှန်ကြားထားသည်။
ဇာလီမော် ကလည်း လက်နက်ရရှိရေးအတွက် ဦးလောရုံထံ ချဉ်းကပ်ထားသည်။ ဦးနုတို့ကလည်း ဗိုလ်ရန်နိုင်ကို
မယုံကြည်ပေ။ သို့နှင့် ပြည်ပြေးအဖွဲ့သည် တိုက်ပွဲ တစ်ပွဲမျှ မတိုက်ရသေးမီမှာပင် ဦးလောရုံ၊
ဗိုလ်ရန်နိုင်၊ ဇာလီမော်၊ တင်ငွေ၊ ဗိုလ်လက်ျာတို့က တစ်ဖက်၊ ဦးနု၊ တီကလစ်၊ ဦးသွင်တို့က
တစ်ဖက် ဂိုဏ်းကွဲလာလေသည်။
ဗိုလ်ရန်နိုင်သည်
ဟတ်ဒလက်* Hardless (ခေါ်) ခင်မောင် မြင့်(ခေါ်)ဂန်ဒူး**
(ဗန်းစကား၊ မိန်းမလျာဟု အဓိပ္ပာယ်ရသည်။ )ဆိုသူကိုလည်း
၁၉၇ဝ ပြည့်နှစ်၊ အောက်တိုဘာလတွင်ခေါ်ယူပြီး
တောင်ပိုင်းတိုင်း လေ့ကျင့်ရေးမှူးအဖြစ် ခန့်အပ်ထားသည်။ ဟတ်ဒလက် သည် ကလောမြို့အကြပ်သင်ကျောင်းတွင်
ကျောင်းအုပ် (ဒုတိယဗိုလ်မှူးကြီး)အဖြစ် ဆောင်ရွက်နေစဉ် ၁၉၄၉ ခုနှစ်၊ ဖေဖော်ဝါရီလ၌
သောင်းကျန်းသူများထံ လက်နက်ချခဲ့သဖြင့် စစ်ခုံရုံးမှ ထောင်ဒဏ်သုံးနှစ် အပြစ်ပေးခံရဖူးသူဖြစ်သည်။
ဟတ်ဒလက်သည် မြန်မာ နိုင်ငံမှ အပြီးအပိုင်ထွက်ခွာသွားပြီး သြစတြေးလျ နိုင်ငံသားအဖြစ် ခံယူခဲ့သည်။ လိင်ဖောက်ပြန်နေသူ
လည်းဖြစ်သည်။ ထို့နောက် နိုင်ငံခြားသူလျှိုအဖွဲ့ အစည်း တစ်ခု၏ ကိုယ်စားလှယ်အဖြစ် ပြည်ပြေးလောကထဲ ရောက်ရှိလာသည်။၁(၁။ မြရာပင်စာပေ၏ နောက်ဆုံးပေါ် သုံးပါတီ စာမျက်နှာ ၁၂၆ မှ ၁၂၈။)
ပြည်ပြေးအဖွဲ့အတွင်း
ပဋိပက္ခနှင့်ပြဿနာများ
ဗိုလ်ရန်နိုင်အုပ်စု၏ ကိုယ်ကျိုးရှာမှုများနှင့်
ပတ်သက်၍ မယုံသင်္ကာဖြစ်လာကြသောကြောင့် ပြည်ပြေး အဖွဲ့အတွင်း ပဋိပက္ခများ ပိုမိုများပြားလာသည်။
ဦးနု သည် ဦးသွင်၏အလယ်ပိုင်းတိုင်းအား ခါးပိုက်ဆောင် တပ်အဖြစ်ရောက်ရှိအောင် သိမ်းသွင်းလျက်ရှိသည်။
ဦးသွင်သည် ၁၉၇ဝ ပြည့်နှစ်၊ စက်တင်ဘာလ ၁၅ရက်တွင် မဲဆောက် နယ်ရှိ ဟိုဖိုင် စခန်း (ခေါ်)
ပေါက်ကျိုင်းစခန်းတွင် စစ်သင်တန်းဆင်းမိန့်ခွန်းပြော ကြားခဲ့သည်။ ဦးသွင်အား တိုင်းပုလိပ်အရာရှိများက
ဟိုဖိုင်စခန်းသို့ ပို့ပေးခဲ့ခြင်းဖြစ်သည်။၂ ပေါက်ကျိုင်း စခန်း၏စစ်သင်တန်းမှူးမှာ
ဗိုလ်ကြီးဟောင်းလှမောင် ဖြစ်သည်။ ဦးနုနှင့်ဦးသွင်သည် ဗိုလ်ရန်နိုင်အား စိတ် မချသဖြင့်
အလျင်အမြန်စစ်အင်အား တည်ဆောက်နေ ကြသည်။ ပြည်ချစ်လွတ်မြောက်ရေးတပ်မတော်၊ အလယ်ပိုင်းတိုင်း၏တပ်ရင်း(၁)ကိုလည်း
အောက်ပါ အတိုင်းဖွဲ့စည်းခဲ့ကြသည်။၃
(က) ဗိုလ်တက်ထွန်း တပ်ရင်းမှူး
(ဦးသွင်၏ယောက်ဖ)
(ခ) ငွေသောင်း တပ်ရင်း အရာခံဗိုလ်
(မုတ္တမမှ
မီးသတ်ဗိုလ်)
(ဂ) မစ္စတာ မန်နီ တပ်ထောက်
(လမ်းဗိုလ်ဟောင်း)
(ဃ) ဟာရှင် တပ်စုမှူး
(င) ကာရှင် တပ်စိတ်မှူး
(စ) စိုးခိုင် ဒုတိယတပ်ရင်းမှူး
(မန္တလေးဆေးတက္ကသိုလ်မှတောခိုလာသူ)
(ဆ) မွန်စံသူ(ခေါ်)သာဒင် တပ်ခွဲ(၁)
တပ်ခွဲမှူး
(ဇ) အောင်ကြီး(ခေါ်) ဆာလေ တပ်ခွဲ(၂)
တပ်ခွဲမှူး
ပေါက်ကျိုင်းစခန်း၏ရှေ့ပြေးစခန်းထောက်အဖြစ်
ရဲသီဟစခန်းကိုလည်း တည်ထောင်ခဲ့ကြသည်။ အလယ် ပိုင်းတိုင်းတွင် လူအင်အား၈ဝ သာရှိသည်။ ဗိုလ်ရန်နိုင်
၏တောင်ပိုင်းတိုင်းတွင် အင်အား ၁၃ဝ ရှိသည်။ ပြည် ပြေးများသည် ဝရမ်းပြေးများ၊ ဒုစရိုက်သမားများကိုပါ
စုစည်းလျက်ရှိရာ ပုလဲနှင့်ငါးလုပ်ငန်းမှ ငွေ ၄၆၃ဝဝဝ ကျပ်အလွဲသုံးစားလုပ်လာသူ လှဘူး(ခေါ်)
လေးမြိုင် သည် မဲဆောက်မြို့ ပါလီမန်ဒီမိုကရေစီပါတီ ဥက္ကဋ္ဌဖြစ် လာပြီး စပါးဒိုင်မှ
ငွေ ၅ဝဝဝ ကျပ် အလွဲသုံးစား လုပ်ပြီး
ပြေးလာသူ စိုးအောင်သည်လည်း ဦးနု၊ ဦးသွင် တို့၏လူယုံတော်ဖြစ်လာသည်။ ဗိုလ်ကြီးဟောင်း လှမောင်သည်လည်း ခလရ(၉၇)မှ တပ်ပိုင်ငွေ
၂ဝဝဝဝ ကျပ်ကို အလွဲသုံးစားလုပ်ခဲ့သည့်အပြင် ခင်ဝင်းလှိုင် ဆိုသူကို မယားငယ်ထားသဖြင့်
စစ်စည်းကမ်းအရ အရေးယူမည့်ဆဲဆဲ ထိုင်းနိုင်ငံသို့ထွက်ပြေးသွားသူဖြစ် သည်။
ပြည်ပြေးအဖွဲ့အတွင်းမှ ခေါင်းဆောင်များသည်
ယခင်က ပဋိပက္ခအကြိမ်ကြိမ်ဖြစ်ခဲ့ဖူးသော နိုင်ငံရေးသမား ဟောင်းများဖြစ်သည့်အပြင် စုဆောင်းရရှိသည့်
လက်အောက်ငယ်သားများမှာလည်း ဝရမ်းပြေးများ၊ မှောင်ခိုများ၊ ဒုစရိုက်သမားများသာ အများစုဖြစ်လေရာ
ပဋိပက္ခများ၊ လူမှုရေး ဖောက်ပြန်မှုများဖြင့် ပြဿနာပေါင်းစုံဖြစ်ပေါ်လျက်ရှိနေလေသည်။ မင်းညိုသည်
ပြည်ပြေး ခေါင်းဆောင်များ၏ ကိုယ်ကျိုးရှာမှု၊ လူမှုရေး ဖောက်ပြန်မှုများကို အတွင်းသိ သိရှိထားသူဖြစ်သည်။
ထို့ကြောင့် ဦးသွင်နှင့်ကျော်ဒင်က မင်းညိုအား အရေးယူရန် ညွှန်ကြားပြီး အောက်ပါခုံအဖွဲ့ကို
ဖွဲ့စည်းလိုက် သည်။၁
(က) ဥက္ကဋ္ဌ ဒူဝါဇော်နိုင်အောင်
(လူလိမ်သန်းမြင့်)
(ခ) အဖွဲ့ဝင် ဗိုလ်ကြီးဟောင်းလှမောင်
(စစ်သင်တန်းမှူး)
(ဂ) အဖွဲ့ဝင် ဗိုလ်တက်ထွန်း
(ဦးသွင်ယောက်ဖ)
(ဃ) အဖွဲ့ဝင် ဗိုလ်သက်ထွန်း
(င) အဖွဲ့ဝင် ဗိုလ်စိုးအောင်
မင်းညိုအား တပ်တွင်း သွေးခွဲမှု၊ သစ္စာဖောက်ရေး
အတွက် ကြံရွယ်မှု၊ ပြည်ပြေးဦးမြအောင်၏ဇနီး မညိုနှင့်လူမှုရေးဖောက်ပြားမှုဟူသောစွဲချက်များဖြင့်
ဦးသွင်၏ ယောက်ဖတက်ထွန်းကိုယ်တိုင် သေနတ်ဖြင့် ပစ်သတ် လိုက်သည်။ လူသတ်မှုကို ထိုင်းပုလိပ်များက
ဖုံးဖိပေး ခဲ့ကြသည်။ ၂
ပြည်ပြေးတစ်ဖွဲ့လုံးသည်ကွပ်ကဲမှုမရှိ၊
ခေါင်းဆောင်မှုပျက်ပြားကာထင်ရာစိုင်းနေကြသဖြင့် အခက်အခဲ အကျပ်အတည်းပြဿနာပေါင်းစုံနှင့်ရင်ဆိုင်လာကြရသည်။
အထူးသဖြင့် ငွေရေးကြေးရေး လည်း ခက်ခဲလာသည်။ ၁၉၇ဝ ပြည့်နှစ်၊ ဇူလိုင်လ၁၇ ရက် ပြည်ပြေးတို့၏အသံလွှင့်ချက်တွင်
တော်လှန်ရေးအစိုးရက ရွှေတိဂုံစေတီတော်၏ထီးတော်ကိုချလိုက်ကြောင်း သတင်းမှားကို ကြေညာဝါဒဖြန့်မိ
သဖြင့်လည်း ပြည်သူ လူထုအတွင်း အကြီးအကျယ်အရှက်ကွဲလာသည်။ ထိုင်း နိုင်ငံကမူ ဦးနု ပျောက်ဆုံးသွားပြီဟု
ကြေညာခဲ့သည်။ ထိုသို့ ပြဿနာပေါင်းစုံဖြင့် ပြွမ်းတီးနေချိန်တွင် ဦးလောရုံသည် စစ်ရေးအရ တစ်ခုခုအကောင်အထည်
ဖော်နိုင်ရန် အပြင်းအထန်ကြိုးစားရလေတော့၏။
ပြည်တွင်းသို့ စတင်ဝင်ရောက်ခြင်း
၁၉၇ဝ ပြည့်နှစ်၊
သြဂုတ်လ ၂၁ ရက်တွင် ဦးလောရုံသည် မိမိ၏ဇနီးနှင့်သားသမီးများကို
အမေ ရိကန်ပြည်ထောင်စုတွင် ထားခဲ့ပြီး စီပီအေလေကြောင်း ခရီးစဉ်အမှတ်(၃ဝ၁)ဖြင့် ဗန်ကောက်မြို့
သို့ပြန်ရောက်လာသည်။ ထို့နောက် ဆီးတိုးစစ်အုပ်စု၏တိုက်ရိုက် ညွှန်ကြားချက်နှင့် အမိန့်အရ
စစ်ဆင်ရေး အစီအစဉ်သစ် များကို ချမှတ်ပေးသည်။ ၁၉၇ဝ ပြည့်နှစ်၊ စက်တင်ဘာလတွင် ဦးလောရုံ၊
ဗိုလ်လက်ျာ၊ နိုင်ရွှေကျင်၊ စောကြာဒိုး နှင့် ဇာလီမော်တို့သည် သောင်ရင်းမြစ်ကမ်းရှိ
မန်းဘဇံ ၏ ဌာနချုပ်သို့ လျှို့ဝှက်စွာရောက်ရှိလာခဲ့ကြသည်။ သို့သော် ရောက်လျှင်ရောက်ချင်းပင်
အရှေ့တောင် တိုင်းစစ်ဌာနချုပ်၏ ပတ္တမြားစစ်ဆင်ရေးနှင့် ရင်ဆိုင် တိုးနေသောကြောင့် တစ်ဖက်ကမ်းသို့ဆုတ်ခွာထွက်ပြေး
ကြရသည်။၃
၁၉၇ဝ ပြည့်နှစ်၊ အောက်တိုဘာလ ၁ဝ ရက်တွင်
ပြည်ပြေးနှင့် ကေအင်န်ယူတပ်ဦးအင်အား ၁ဝဝ ခန့်သည် ပိုင်ကျုံရှိတပ်မတော်စခန်းကိုလာရောက်တိုက်ခိုက်ကြသည်။
ကေအင်န်ယူတပ်ရင်း (၁၉) တပ်ရင်းမှူး ဖောထူးနှင့် ဒုတိယတပ်ရင်းမှူး အပါအဝင် ၁၁ ယောက်
ကျဆုံးပြီး ဆုတ်ခွာရပြန်သည်။ ဖောထူးသည် တိုက်ရည် ခိုက်ရည်အကောင်းဆုံးဟုနာမည်ကြီးသူဖြစ်သည်။
သုံးပါတီခေါင်းဆောင်များမှာ တစ်ဖက်နိုင်ငံသို့
ရှောင်တိမ်းထွက်ပြေးခဲ့ကြရသည်။ အသံလွှင့်အဖွဲ့လည်း အသံတိတ်သွားရသည်။၁(၁။ မြရာပင်စာပေ၏ နောက်ဆုံးပေါ်သုံးပါတီ စာမျက်နှာ ၂၁၆။)
ဦးလောရုံ၏ကြိုးပမ်းချက်အရ အကြံပေးသူနှင့်
ညွှန်ကြားသူ ဆမ်ချင်ဖရီဆိုသူသည် ပြည်ပြေးအဖွဲ့ အတွက် လက်နက်မျိုးစုံ ၁၄ဝ ကို ပေးပို့ခဲ့ရာ
ဦးနု၏ ဌာနချုပ်တည်ရာ ဗန်ကောက်မြို့၊ ဆွိုင်(၁၈)၊ အိမ် အမှတ်(၃၂)တွင် သိုဝှက်ထားခဲ့ကြသည်။
ဦးလောရုံ သည် ဦးနု၊ ဦးသွင်နှင့်နိုင်ရွှေကျင်တို့အား ယုံကြည် ကိုးစားခြင်းမရှိတော့ပေ။ ထို့ကြောင့် ၁၉၇ဝ
ပြည့်နှစ်၊ အောက်တိုဘာလ ၁၆ ရက်တွင် ဦးနုအုပ်စုအား ခြေရာ ဖျောက်၍ ဆီးတိုး၏ညွှန်ကြားချက်အရ
မြေလျှိုးလိုက် ရသည်။*(ဦးနုတို့၏လူစုအား ဦးလောရုံက
အဆက်အသွယ်မလုပ်ဘဲ အဆက်အသွယ်ဖြတ်ထားခြင်းဖြစ်သည်။)ဦးနုသည် ဗိုလ်ရန်နိုင်အား လက်နက်
၎ဝ ထုတ်ပေးလိုက်သည်။ တီကလစ်ကလည်း တောင် ဗီယက်နမ် ဆေးဂုံမြို့မှရရှိသော စစ်ဝတ်စုံ
၂ဝဝ ကို ဗိုလ် ရန် နိုင် ထံ ပို့ ပေး ခဲ့ သည်။ ထို အ ချိန် တွင် ဗန်ကောက်ဝါးလ်သတင်းစာကလည်း
၁၉၇ဝ ပြည့်နှစ်၊ အောက်တိုဘာလ(၂၉)ရက်တွင် '' ဗိုလ်ချုပ်ကြီးနေဝင်း သည် စိုးရိမ်မကင်းအခြေအနေရောက်နေပြီ'' ဟု ရေးသားဝါဒဖြန့်ခဲ့သည်။၂ (၂။ မြရာပင်စာပေ၏နောက်ဆုံးပေါ်သုံးပါတီ စာမျက်နှာ၂၁၇
မှ ၂၁၉။)
ဗန်ကောက်ဝါးလ်သတင်းစာသည် ''ဗိုလ်ချုပ်ကြီး
သည် စိုးရိမ်မကင်းအခြေအနေနှင့် မေ့မြောရာမှ
ကွယ်လွန်သွားပြီ''ဟု ၁၉၇ဝ ပြည့်နှစ်၊ အောက်တိုဘာ လ ၃ဝ ရက်တွင် ရေးသားခဲ့ပြန်သည်။ စင်စစ်ဦးလောရုံ
သည် အခြေအနေပျက်ယွင်းနေသော ပြည်ပြေးအဖွဲ့ကို
ကယ်တင်ရန်နည်းမျိုးစုံဖြင့် ကြိုးပမ်းနေခြင်းဖြစ်သည်။ အောက်တိုဘာလ ၃ဝ ရက်တွင် ဗန်ကောက်မြို့မရဲအဖွဲ့ သည်
ထိုင်းစီအိုင်ဒီကို အသိမပေးဘဲ ဦးနု၏ဌာနချုပ်ရှိ ရာ ဆွိုင်(၁၈)၊ အမှတ်(၃၂)နေအိမ်ကိုဝင်ရောက်ရှာဖွေ
ရာ လက်နက်ငယ်မျိုးစုံ ၁ဝဝ သိမ်းဆည်းနိုင်ခဲ့သည်။ သို့နှင့် ဦးနုသည် ဦးသွင်၏အလယ်ပိုင်းတိုင်းအား
တပ် ဆင်မည့် လက်နက်များကို ဆုံးရှုံးသွားခဲ့ရသည်။၃
၁၉၇ဝ ပြည့်နှစ်၊ အောက်တိုဘာလ ၂၂ ရက်
ယူပီအိုင် သတင်းကလည်း အရှေ့တောင် အာရှစစ်စာချုပ် အဖွဲ့(ဆီးတိုး)အတွင်းရေးမှူးချုပ်
ဂျိုးဇက်ဖားဂါးစ်က မြန်မာနိုင်ငံအား တရုတ်နီတပ်များ
ကပြောင်ပြောင် တင်းတင်းကျူးကျော်နေပြီဟုပြောကြောင်း သတင်းထုတ် ပြန်ခဲ့သည်။ ဆီးတိုးအဖွဲ့သည် အရှေ့မြောက်ဒေသ ဗကပများအား လက်ညှိုးထိုးပြ၍ ဦးနုတို့လူစုအား နိုင်ငံ ရေးထောက်ခံမှုရနိုင်ရန် ဦးနုတို့ပြည်ပြေးတစ်စုကို
အကြောင်းပြပြီး ဝင်ရောက်စွက်ဖက်နိုင်ရန်ပြင်ဆင်နေ ခြင်းပင်ဖြစ်သည်။၎ သို့သော် အိန္ဒိယနိုင်ငံထုတ်
လင့် မဂ္ဂဇင်းကမူ ၁၉၇ဝ ပြည့်နှစ်၊ အောက်တိုဘာလ ၂၅ ရက်တွင် ဦးနုတို့လူစုအား မြန်မာပြည်သူများက ဆန့်ကျင်ကြကြောင်း ဖော်ပြရေးသားခဲ့သည်။
ဦးလောရုံသည်
ဆီးတိုးအဖွဲ့နှင့်စီအိုင်အေတို့၏ ညွှန်ကြားချက်အရ ပြည်ပြေးများအား မည်သို့ပင် ကူညီ ပံ့ပိုးပေးသော်လည်း
အချင်းချင်းဂိုဏ်းကွဲကာ ပြဿနာ များရှုပ်ထွေးနေခြင်း၊ ပွဲဦးထွက်မှာပင် အရှုံးနှင့်ရင်ဆိုင်
နေရခြင်းတို့ကြောင့် ပြည်ပြေးများအပေါ် စိတ်ကုန်၍ လာတော့သည်။ ဦးနုတို့လူစုနှင့်လည်း
မပြေမလည်ဖြစ် လာသည်။ ထို့ကြောင့် ဦးလောရုံသည် ၁၉၇၁ ခုနှစ်၊ ဇူလိုင်လတွင် ပြည်ပြေးအဖွဲ့မှနုတ်ထွက်ကာ အမေရိကန်ပြည်ထောင်စုသို့
အပြီးအပိုင်ထွက်ခွာသွား တော့သည်။ ဦးလောရုံ၏တာဝန်ကိုအလယ်ပိုင်းတိုင်းမှူး ဦးသွင်က
တာဝန်ယူပူးတွဲလက်ခံဆောင်ရွက်ခဲ့သည်။၁(၁။
ကက(ကြည်း)သုတေသနဌာနစု၏တိုင်းရင်းသားလူမျိုးပေါင်းစုညီညွတ်ရေးနှင့်လွတ်မြောက်ရေး တပ်ပေါင်းစု
၏အလားအလာ၊ စာမျက်နှာ ၂၉။)
တိုင်းသစ်များဖွဲ့စည်းခြင်း)
ဂျင်မီယန်းသည် တရုတ်ဖြူနှင့် ဘိန်းကုန်သည်
သောင်းကျန်းသူလက်နက်ကိုင်အင်အား ၂ဝဝ ခန့်ကို စုစည်း၍ တာချီလိတ်မြို့တောင်ဘက် ၁၂ မိုင်ကွာ
ထိုင်း နိုင်ငံတွင်းရှိ ဟွေနမ့်ခွန်တွင် ဌာနချုပ်ဖွင့်လှစ်ခဲ့သည်။ ဦးနုတို့က ဂျင်မီယန်းအဖွဲ့အား
မြောက်ပိုင်းတိုင်းအဖြစ် ဖွဲ့စည်းပေးခဲ့သည်။ တိုင်းမှူးမှာ ဂျင်မီယန်းပင်ဖြစ်သည်။ ဂျင်မီယန်းသည်
၁၉၇၁ ခုနှစ်၊ အောက်တိုဘာလတွင် လွိုင်လင်ခရိုင်၊ ဝမ်ဆင်းဒေသရှိ ရှမ်းသောင်းကျန်းသူ များထံသို့
ကိုယ်စားလှယ်စေလွှတ်၍ ပြည်ပြေးများနှင့် ပူးပေါင်းရန် အစည်းအဝေးကျင်းပခဲ့ကြသည်။ သို့သော်
ဂျင်မီယန်းသည် လွတ်လပ်သောရှမ်းပြည်နယ်သီးခြား ရရှိရေးကို ပြည်ပြေးများအနေနှင့် မဆောင်ရွက်နိုင်ဟု
ယုံကြည်သောကြောင့် အောက်တိုဘာလအတွင်းမှာပင် ပြည်ပြေးအဖွဲ့မှခွဲထွက်ပြီး မဟာမိတ်အဖွဲ့အဖြစ်သာ
ပြောင်းလဲဆက်ဆံတော့သည်။ သို့နှင့် ပြည်ပြေး မြောက်ပိုင်းတိုင်းမှာ မည်သို့မျှမဆောင်ရွက်နိုင်ဘဲ ပျောက်ကွယ်သွားရသည်။၂
(၂။ ကက(ကြည်း) သုတေသနဌာနစု၏ကညလ၏အလားအလာ၊ စာမျက်နှာ ၃ဝ။)
ပြည်ပြေးအနောက်မြောက်တိုင်းစစ်ဌာနချုပ်ကို ထိုင်းနိုင်ငံ ခုံရုံးကျေးရွာတွင် စတင်ဖွင့်လှစ်ခဲ့ပြီး
တိုင်း မှူးမှာ ဗိုလ်ချုပ်အဆင့်ရှိသူ ဗိုလ်မှူးအောင်ဖြစ်သည်။ လှုပ်ရှားတပ်ရင်းကို တပ်ရင်းမှူးထိန်လင်းက
ဦးစီးပြီး အင်အား ၂ဝဝ ခန့်ရှိသည်။ ကရင်နီတိုးတက်ရေးပါတီ နှင့် ပူးပေါင်းပြီး မော်ချီမိုင်း
နယ်မြေတွင်းသို့ဝင်ရောက်လှုပ်ရှားခဲ့သည်။ ဦးသွင်၏အလယ်ပိုင်းတိုင်းသည်လည်း တပ်ရင်းငါးရင်း
အင်အား ၆၃၃ ယောက်အထိ တိုးတက်လာရာ ကေအင်န်ယူတပ်မဟာ (၆)၊ တပ်ရင်း(၁၆) တို့နှင့် ပူးတွဲ၍
ကရင်ပြည်နယ်၊ မွန်ပြည်နယ်များကိုထိုးဖောက်ပြီး ပဲခူးရိုးမတွင် အခြေချနိုင်ရန် လှုပ်ရှား
ကြိုးပမ်းလျက်ရှိသည်။ ၁၉၇၂ ခုနှစ်၊ အောက်တိုဘာလ မှစ၍ ပဲခူးရိုးမထိုးဖောက်ရေးကို ဆောင်ရွက်
လာသည့် ဗိုလ်ရန်နိုင်၏တောင်ပိုင်းတိုင်းသည်လည်း ၁၉၇၂ ခုနှစ်၊ သြဂုတ်လမှစ၍ တင်ငွေ ခေါင်းဆောင်လျက်
တပ်မ(၂၇) အမည်ခံတပ်ခွဲနှစ်ခွဲဖြင့်ထိုးဖောက်ဝင်ရောက်လာ သည်။ သီးခြားတိုင်း(၁) ကိုလည်း တင်မောင်ဝင်း ခေါင်းဆောင်ပြီး
ထိုင်းနိုင်ငံ ရနောင်းမြို့အနီးတွင် ဖွင့်လှစ်၍ ထိန်လင်း စခန်းဟုခေါ်သည်။ စီးပွားရေးလုပ်
ငန်းသာလုပ်သည်။၃
ရနောင်းမြို့ရှိ သီးခြားတိုင်း(၁)သည်
၁၉၇၂ ခုနှစ် တွင် မြိတ်ခရိုင်အတွင်း၌ လှုပ်ရှားရန် တိုးချဲ့ဖွဲ့စည်းခဲ့ သည်။ ၁၉၇၂ ခုနှစ်၊
စက်တင်ဘာလ ၂၆ ရက်တွင် တိုင်း(၁)မှ ညိုမှိုင်းခေါင်းဆောင်သော ပြည်ပြေး ၃၄ ယောက်သည် ပင်လယ်ခရီးဖြင့်
မြစ်ဝကျွန်းပေါ်သို့ ထိုးဖောက်ဝင်ရောက်လာခဲ့သည်။ ၁၉၇၂ ခုနှစ်၊ အောက်တိုဘာလ ၁၆ ရက်တွင်
တပ်မတော်စစ်ကြောင်း များက ထော်ပိုင်ချောင်းဖျားတွင် ချေမှုန်းတိုက်ခိုက်ရာ ညိုမှိုင်းအဖွဲ့သည်
လုံးဝချုပ်ငြိမ်းသွားရလေသည်။၎
၁၉၇၂
ခုနှစ်၊ မေလ ၅ ရက်တွင် တောခိုဇော် ထွန်း၏ပြည်တွင်းညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးအဖွဲ့*(*သီးခြားတင်ပြထားပါသည်။) (ပညင)ကို အထူးတိုင်းအဖြစ်
သတ်မှတ်ခဲ့ပြန်သည်။ သို့သော်ဇော်ထွန်းသည် ပြည်ပြေးအဖွဲ့မှ လုံးဝနုတ်ထွက် သွားခဲ့သည်။
ပြည်ပြေးအဖွဲ့၏'ရှေ့တန်း
စစ်ဆင်ရေးဌာနချုပ်'၅ ကို တောခိုစာရေးဆရာ ရန်ကုန်ဘဆွေ** (မြန်မာနိုင်ငံသို့
၂/၈ဝ ကြေညာချက်အရ ပြန်ရောက်လာပြီး ယခုကွယ်လွန်ပြီဖြစ်သည်။)က ဦးစီး သည်။ ရန်ကုန်ဘဆွေသည်
ထားဝယ်၊ မြိတ်ဒေသများ အား နောင်ရိုးစစ်ဆင်ရေးဖြင့် ၁၉၇၃ ခုနှစ်လယ်တွင် တိုက်ခိုက်ရန်စီစဉ်ခဲ့သည်။
ရှေ့တန်းစစ်ဆင်ရေးဌာန ချုပ်လက်အောက်တွင် အသံလွှင့်ရ သတင်းစာအဖွဲ့နှင့် ဆေးအဖွဲ့များဖွဲ့စည်းပြီး
တင်မောင်ဝင်းနှင့်အောင် လက်ျာတို့ ခေါင်းဆောင်သည်။ သီးခြားတိုင်း(၁)ကို အမာခံထားတိုက်ရန်
စီစဉ်ခဲ့သည်။ သို့သော် ဦးသွင်နှင့် ဗိုလ်ရန်နိုင်တို့က တပ်များမပို့သည့် အပြင် တင်မောင်ဝင်းသည်
ရနောင်းမြို့မှ ၁၉၇၃ ခုနှစ်၊ စက်တင်ဘာလ ၂၉ ရက်တွင် ကြယ်ဝါ(ယူအီး ၆၂၄၉)သို့ ဌာနချုပ်
ပြောင်းရွှေ့ကာ ခွဲထွက်သွားသောကြောင့် နောင်ရိုး စစ်ဆင်ရေးလည်း ပျက်သွားခဲ့ရသည်။ နောင်ရိုးစစ်ဆင်
ရေးစီမံကိန်း လျှို့ဝှက်ကော်မတီတွင် ရန်ကုန် ဘဆွေ၊ စောကြာဒိုးနှင့် ထိုင်းအာဏာပိုင်များပါဝင်သည်။ ပရာဖတ်ချရုသီယမ်၊
ထနွန်ကစ်တီကာချွန်၊ ဗိုလ်မှူးကြီးပရာဆောင် တို့ပါဝင်ခဲ့ကြသည်။ နောင်ရိုးစစ်ဆင်ရေး ပျက်ရခြင်းအတွက်
ထိုင်းအာဏာပိုင်များက ရန်ကုန် ဘဆွေကို သေဒဏ်ပေးရန်တောင်းဆိုခဲ့ကြသော်လည်း ရက်ပိုင်း
အတွင်းမှာပင် ထိုင်းအစိုးရမှာ ပြုတ်ကျသွားခဲ့ရသည်။ရှေ့တန်းစစ်ဆင်ရေးဌာနချုပ်သည် ထိုင်းနိုင်ငံ
တောင်ပိုင်းပရာကျတ်ဂီရိဂန်တွင်အခြေပြုရာမှ ဗိုလ်ရန်နိုင်၏ မွေးစခန်းသို့ ပြောင်းရွှေ့ခဲ့သည်။
ရန်ကုန်ဘဆွေမှာကား ဗိုလ်ရန်နိုင်နှင့် မပြေမလည်ဖြစ်သဖြင့် ဗန်ကောက်သို့ပြောင်းရွှေ့ပြီးဌာနချုပ်
လည်းပျက်သွား ခဲ့ရလေသည်။
0 comments:
Post a Comment