Home » » အခန်း(၁ဝ) သောင်းကျန်းသူအဖွဲ့အစည်းအချင်းချင်း ဆက်သွယ်မှုများနှင့်ပဋိပက္ခများ

အခန်း(၁ဝ) သောင်းကျန်းသူအဖွဲ့အစည်းအချင်းချင်း ဆက်သွယ်မှုများနှင့်ပဋိပက္ခများ


အခန်း(၁ဝ)
သောင်းကျန်းသူအဖွဲ့အစည်းအချင်းချင်း ဆက်သွယ်မှုများနှင့်ပဋိပက္ခများ
ဗကပနှင့်ကေအိုင်အေသောင်းကျန်းသူများ
ဗမာပြည်ကွန်မြူနစ်ပါတီမှအင်အားစုအချို့သည် ၁၉၅ဝ ပြည့်နှစ်ကတည်းက ပြည်ပနိုင်ငံ သို့ရောက်ရှိခဲ့ ပြီးနောက် ၁၉၆၃ ခုနှစ်မှစ၍ ပြည်ပကွန်မြူနစ်ပါတီ ၏ နိုင်ငံရေး၊ စစ်ရေးအကူအညီများ တစ်စတစ်စ တိုးတက်များပြားစွာ ရရှိလာခဲ့သည်။ ကေအိုင်အေများ သည်လည်း အိမ်နီးချင်းနိုင်ငံများမှ အကူအညီရရှိရန် အကြိမ်ကြိမ်ကြိုးစားခဲ့ရာ  ၁၉၆၇  ခုနှစ်၊  ပြည်ပ ကျောင်းသားများ အရေးအခင်းကို အကြောင်းပြု၍ ပြည်ပနိုင်ငံက နိုင်ငံရေး၊ စစ်ရေးသင်တန်းများပေးရန်၊ လက်နက်ခဲယမ်းများထောက်ပံ့ရန် ကတိပေးခဲ့သည်။ ၁၉၆၇ ခုနှစ်၊ ဇူလိုင်လတွင် မရန်ဘရန်ဆိုင်းဦးစီးသော ရှေ့ပြေးအဖွဲ့ ၃၄ ယောက်သည် ပြည်ပနိုင်ငံသို့ရောက် ရှိသွားသည်။ ထို့နောက် မြို့တစ်မြို့တွင် ပြည်ပအာဏာ ပိုင်များနှင့်ဆွေးနွေးပြီး ကေအိုင်အေက ကွန်မြူနစ်ဝါဒ ခံယူရန် သဘောတူ၍ပြည်ပက နိုင်ငံရေး၊ စစ်ရေး အကူ အညီများပေးရန် သဘောတူညီခဲ့ကြသည်။ ထို့နောက် ဇော်တူး၊ ဇော်ဒန်၊ လမုန်တူးဂျိုင်၊ မရန်ဘရန်ဆိုင်း၊ ပုံရွှေ ဇော်ဆိုင်းတို့ခေါင်းဆောင်သော ကေအိုင်အေ ၄၂၅ ယောက်အဖွဲ့သည် ၁၉၆၇ ခုနှစ်၊ နိုဝင်ဘာလ ၄ ရက် မှ ၁၉၆၈ ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက်အထိ ပြည်ပနိုင်ငံ သို့သွားရောက်ခဲ့ပြီး မြို့တစ်မြို့တွင် ဗသိန်းတင်၊ နော် ဆိုင်းတို့နှင့် ဆွေးနွေးခဲ့သည်။ ထိုနောက်ပိုင်းမှစ၍ ကေအိုင်အေသည် ပြည်ပနိုင်ငံမှ နိုင်ငံရေး၊ စစ်ရေး အကူအညီများရရှိခဲ့ပြီး စစ်ရေးလှုပ်ရှားမှုများကို တိုးတက်လုပ်ဆောင်နိုင်ခဲ့လေသည်။  (၁။ ကက(ကြည်း) စီမံရေးဌာနစု၏ ကချင်သောင်းကျန်းသူနောက်ခံသမိုင်းနှင့် လက်ရှိအခြေအနေ (၁၉၈ဝ ပြည့်နှစ်၊ သြဂုတ်လ ၃ဝ ရက်) စာမျက်နှာ      ၆၊ ၇။)




 

ကေအိုင်အေများသည် ၁၉၇၆ ခုနှစ် နှစ်ကုန်မှ စ၍ တပ်ရင်း ကိုးရင်းအထိဖွဲ့စည်းခဲ့ပြီး ကချင်ပြည်နယ် တွင်အင်အား ၁၇၅ဝ၊  ရှမ်းပြည်နယ်မြောက်ပိုင်းတွင်  အင်အား ၅ဝဝ အထိ  တိုးတက်လာခဲ့သည်။ တစ်ချိန် တည်းမှာပင် ထိုင်းနိုင်ငံ ထန်ပိုးစခန်းတွင် အခြေစိုက် နေသော ဇော်ဆိုင်းထံမှလည်း လက်နက်ခဲယမ်းများ ရရှိခဲ့ကြသည်။ ၁၉၆၈ ခုနှစ်တွင် လက်ရွေးစင်အထူး တိုက်ခိုက်ရေးတပ်များဖွဲ့စည်း၍တိုက်ခိုက်လာ ကြရာ မြစ်ကြီးနားနယ်မြေမှ ကဝပန်(အင်န်ဝိုင်-၂ဝ၄၄)၊ ဒူရစ်ဂါး (အင်န်ဝိုင်-ဝ၄၆၆)၊တင်ဂရူးကောင်း(အင်န်ဝိုင်-၈၅ဝ၄)တပ်စခန်းများကျဆုံးခဲ့ရသည်။ ၁၉၆၈ ခုနှစ် အတွင်းမှာပင် ဇတ်ဒိုင်ခေါင်းဆောင်သောတပ်ရင်း (၁ဝ)ကို စတင်ဖွင့်လှစ်ခဲ့သည်။
ဇော်တူးသည် ကွန်မြူနစ်ဝါဒနှင့် ပြည်ပအတွေး အခေါ်ကို လက်ခံခဲ့သော်လည်း အောက်ခြေ ငယ်သား များနှင့် နယ်မြေလူထုက ကွန်မြူနစ်ဝါဒကို မနှစ်မြို့ကြ ပေ။ ကေ အိုင် အေ ၏ မူ လ စည်း ရုံး မှု မှာလည်း ကျဉ်းမြောင်းသောလူမျိုးရေးနှင့်ဘာသာရေးကို အဓိက အခြေခံခဲ့သောကြောင့် ကွန်မြူနစ်ဝါဒနှင့် ဆန့်ကျင်ဘက် သဖွယ်ဖြစ်နေသည်။ ကေအိုင်အေရော ဗကပပါ ပြည်ပ ပုံစံကွန်မြူနစ်ဝါဒနှင့်ပြည်ပသြဝါဒကို လက်ခံခဲ့ကြသော် လည်း ၁၉၆၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်တွင် နော်ဆိုင်း ခေါင်းဆောင်သော ဗကပများ မုံးကိုး(အက်စ်-၂၄၉၉) ကို ဝင်ရောက်ရာမှစ၍ အကျိုးစီးပွားလုဘက်များဖြစ် လာကြသည်။ ၁၉၆၈ ခုနှစ်၊ မတ်လတွင် ကေအိုင်အေ တပ်ရင်း (၄)အဖွဲ့(၁)မှူး မရူလူမျိုးဇေလွမ်း၊ အဖွဲ့(၅) မှူး ဇခုံတိမ်ယိမ်းနှင့် နောက်လိုက် ၁၂ဝ တို့ ကေအိုင်အေ မှ ခွဲထွက်ပြီး ပြည်ပနိုင်ငံသို့သွားရောက်ခိုလှုံခဲ့ကြသည်။ ဇေလွမ်းနှင့် ဇခုံတိမ်ယိမ်းအင်အားစုများသည် ဗကပနှင့် ပူးပေါင်းမိပြီး ဗကပတပ်ရင်း(၁ဝ၁)အဖြစ် ပြန်ဝင်လာကြရာ ကေအိုင်အေများအနေနှင့် ဗကပအပေါ် ပိုမို၍ မကျေနပ်စရာဖြစ်လာခဲ့ရသည်။(၁။ ကက(ကြည်း) စီမံရေးဌာနစု၏ ကချင်သောင်းကျန်းသူနောက်ခံသမိုင်းနှင့် လက်ရှိအခြေအနေ၊ စာမျက်နှာ ၇၊ ၉။)
ဗကပများသည် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အရှေ့မြောက်စစ်ဒေသများကိုဖွင့်လှစ်ရာ၌နယ်ခံ ကေအိုင်အေများနှင့် ဒေသခံကချင်တိုင်းရင်းသားတို့ အား လွယ်ကူစွာစည်းရုံးနိုင်စေရန် ကချင်တောခို စစ်ဗိုလ် နော်ဆိုင်းကို ခေါင်းဆောင်စေခဲ့ခြင်းဖြစ်သည်။ သို့သော် ဗကပနှင့်ကေအိုင်အေတို့၏ပဋိပက္ခမှာ ကြီးမားသည် ထက်ကြီးမားလာသည်။ ၁၉၆၈ ခုနှစ်၊ ဧပြီလ ၂၁ ရက်တွင် ကေအိုင်အေတပ်မဟာ(၂) ဌာနချုပ်၌ပြုလုပ် သောအစည်းအဝေးက နော်ဆိုင်းခေါင်းဆောင်သော ဗကပများကိုနံပါတ်(၁) ဦးစားပေးရန်သူ အဖြစ်သတ်မှတ် လိုက်ပြီး ဇွန်လမှစ၍ ဗကပများအားစစ်ရေးရင်ဆိုင်မှု ပြုလုပ်လာသည်။ ဇော်တူးကလည်း ကွန်မြူနစ်ဝါဒကို စွန့်လွှတ်ကြောင်း အတိအလင်းကြေညာသည်။ ကေအိုင် အေသည် ဗကပနှင့်တိုက်ပွဲများဖြစ်ပွားနေသော်လည်း လက်နက်ခဲယမ်းများရရှိရေးအတွက်မူ ပြည်ပနိုင်ငံနှင့် တစ်ဖက်လှည့်ဆက်သွယ်နေရသည်။ အခြားနိုင်ငံများ မှ အကူအညီရရှိရေးကိုလည်း ကြိုးပမ်းမြဲ ကြိုးပမ်းခဲ့ သည်။ ၁၉၆၉ ခုနှစ်တွင် အိန္ဒိယနိုင်ငံမှ ဖီဇိုနာဂ သောင်းကျန်းသူများအား ပြည်ပနိုင်ငံသို့ သင်တန်း တက်ရန်ပို့ပေးခဲ့ပြီးအပြန်တွင် ပြည်ပနိုင်ငံမှ တပ်ဆင် ပေးလိုက်သောလက်နက်ခဲယမ်းအချို့ကို ဖီဇိုနာဂများ ထံမှခွဲဝေရယူခဲ့သည်။ လူအင်အားအနေနှင့်ကား အသက်  ၁၃  နှစ်အထက်  ယောက်ျားကလေး၊  မိန်းကလေးများကိုပါ အတင်းအဓမ္မဖမ်းဆီး၍ စစ်သား သစ်အဖြစ် သိမ်းသွင်းလေ့ကျင့်အသုံးပြုလာသည်။
ကေအိုင်အေတပ်မဟာ(၁)လက်အောက်တွင် တပ်ရင်း(၁)၊ (၂)၊ (၅)၊ (၈)နှင့် (၉)တို့ဖြင့် ဖွဲ့စည်းထားပြီး တပ်မဟာ(၂)လက်အောက်တွင် တပ်ရင်း(၃)၊ (၄)၊ (၆)၊ (၇)၊ (၁ဝ)နှင့်(၁၁)တို့ဖြင့် ဖွဲ့စည်းထားသည်။ ဗကပအား ဦးစားပေးရန်သူအဖြစ် သတ်မှတ်ထားသောကြောင့် ကေအိုင်အေ တပ်မဟာ(၁)သည် တပ်မတော်အား တတ်နိုင်သမျှရှောင်ရှားပြီး ဗကပကိုသာရှာဖွေ တိုက်ခိုက်ခဲ့သည်။ တပ်မတော်စစ်ကြောင်းများကိုလည်း နားလည်မှုယူနိုင်ရန် ဆက်သွယ်ကမ်းလှမ်းခဲ့သည်။
ကေအိုင်အေမှခွဲထွက်သွားခဲ့သော ဇေလွမ်းနှင့် ဇခုံတိမ်ယိမ်းတို့သည် ပြည်ပတွင်သင်တန်းဆင်းပြီး နောက် ဗကပတပ်ရင်း(၁ဝ၁)အဖြစ် ပြန်လည်ဝင် ရောက်လာသည်။ ဇေလွမ်းနှင့်အင်အား ၂ဝဝ ခန့်သည် ခန်တန်တောင်ကြားလမ်း (အက်စ်ဒီ-၉၅၁ဝ)သို့ ၁၉၆၉ ခုနှစ်၊ မေလ ၁၉ ရက်တွင်လည်းကောင်း၊ မေလ ၂ဝ ရက်တွင် ကန်ပိုက်တီး(အက်စ်ဒီ-၉၁၅၇)သို့လည်း ကောင်း ဝင်ရောက်ခဲ့ပြီး ဇခုံတိမ်ယိမ်းနှင့်အင်အား ၂ဝဝ ခန့်သည် ၁၉၆၉ ခုနှစ်၊ မေလ ၂၇ ရက်တွင် တန်လုံ (အင်န်ဇက်-၃၉၆၉)ပြည်သူ့ရဲစခန်းကို တိုက်ခိုက်၍ ပြည်တွင်းသို့ဝင်ရောက်လာရာ မေခမြစ်အရှေ့ခြမ်း ချီဖွေ၊ လောခေါင်၊ ဆောလောဒေသများတွင် ကေအိုင် အေနှင့်ထိပ်တိုက်တိုးလာရသည်။၃ ဇော်ဒန်ခေါင်းဆောင် သောတပ်မဟာ(၁)သည်  ကွတ်ခိုင်နယ်မြေတွင် တပ်မတော်နှင့်နားလည်မှုယူ၍ လှုပ်ရှားနေရာမှ ၁၉၆၉ ခုနှစ်၊ ဖေဖော်ဝါရီပထမအပတ်တွင် လားရှိုးမြောက် ဘက်၌ ကချင်(၄)ယာဉ်အုပ်စုအား ချုံခိုတိုက်ခိုက်ခဲ့ သည်။ တစ်ဆက်တည်းမှာပင် ဗကပတပ်ရင်း(၂ဝ၂)၊ (၃ဝ၃)တို့နှင့်နားလည်မှုရယူပြီး အပစ်အခတ်ရပ်စဲကြ ပြန်သည်။(၁။        ကက(ကြည်း)စီမံရေးဌာနစု၏ ပြည်တွင်း သောင်းကျန်းသူ(၁၉၇၂ ခုနှစ်၊ မတ်လ) စာမျက်နှာ ၁၂။)
၁၉၆၉ ခုနှစ်၊ ဇူလိုင်လအတွင်းတွင် ကေအိုင်အေ ဗဟိုကော်မတီအစည်းအဝေးတစ်ရပ်ကျင်းပရာ 'ဝန် ပေါင်တိုင်းပြည် လွတ်မြောက်ရေးအဖွဲ့၏မဟာနိုင်ငံရေး လမ်းစဉ်'ကို အတည်ပြုဆုံးဖြတ်ခဲ့သည်။ ကေအိုင်အေတို့၏ လမ်းစဉ်တွင် ဝန်ပေါင်တိုင်းပြည်လွတ်မြောက်ရေး အဖွဲ့ နိုင်ငံရေးယုံကြည်ချက်နှင့် ရည်မှန်းချက်ပန်းတိုင်၊ ဝန်ပေါင်တိုင်းပြည်လွတ်မြောက်ရေးအဖွဲ့၏အဓိကအခြေ ခံသောတရားကိုယ်များ၊ တိုက်ဖျက်ရမည့်ရန်သူ၊ မျက် မှောက်အချိန်ဦးတည်တိုက်ဖျက်ရမည့်ရန်သူ၊ မည်သူက  ပြည်သူလူထု၊ မည်သူက ရန်သူ၊ ဝန်ပေါင်တိုင်းပြည် တက်ကြွရေး၏အခြေခံလူတန်းစား၊ ရည်မှန်းချက်ပန်း တိုင် ရောက်အောင် တိုက်ခိုက်သွားရမည့် နည်းဗျူဟာ၊ ပြည်သူလူထု၏တော်လှန်ရေး၊ ပြည်သူလူထု၏ စုစည်း ညီညွတ်ရေး၊ လက်နက်ကိုင်တပ်ဖွဲ့စည်းထားရေး၊ နိုင်ငံ တော်စီမံခန့်ခွဲရေး၊ ဝန်ပေါင် တိုင်းပြည် လွတ်မြောက်ရေး ၏သဘောထားနှင့် နိုင်ငံခြားရေးဝါဒစသည်တို့ကို ခွဲခြား ရှင်းလင်းထားသည်။ (၂။ ကက(ကြည်း) စီမံရေးဌာနစု၏ ကချင်သောင်းကျန်းသူနောက်ခံသမိုင်းနှင့် လက်ရှိအခြေအနေစာမျက်နှာ ၉။)
ဇော်တူးခေါင်းဆောင်သော ကေအိုင်အေများ သည် အခြေခံနယ်မြေများမှ လူသစ်များကို အတင်း အဓမ္မစုစည်းပြီးနောက်  ဗွီဒီအက်ဖ် (ခေါ်)  ကျေးရွာ ကာကွယ်ရေးအဖွဲ့များနှင့် အယ်လ်ဂျီအက်ဖ်(ခေါ်) ဌာနေပြောက်ကျားတပ်များကိုပါ တစ်ပါတည်းဖွဲ့စည်း လေ့ကျင့်ခဲ့သည်။  ကျေးရွာလူကြီးများကိုခေါ်ယူ သင်တန်းပေးပြီး စည်းရုံးရေးလုပ်ငန်းများ လုပ်ကိုင်စေ သည်။ မရန်ဘရန်ဆိုင်းသည် ပြည်ပနိုင်ငံသို့သွားရောက် ပြီးဗကပတို့၏အခြေအနေကိုတင်ပြခဲ့သော်လည်းပြည်ပ အာဏာပိုင်များက ဗကပ၏ခေါင်းဆောင်မှု အောက်သို့ ဝင်ရောက်ရန်သာ တိုက်တွန်းခဲ့သည်။ ၁၉၇ဝ ပြည့်နှစ် နှစ်ဆန်းတွင် ကေအိုင်အေ ၂၂ဝ ခန့်အား ပြည်ပနိုင်ငံသို့ သင်တန်းစေလွှတ်ရေးနှင့် ကေအိုင်အေကလည်း ကသာ ခရိုင်အတွင်းရှိ ဗကပ ၁၅ဝ ခန့်ကို ပြည်ပနိုင်ငံသို့ ပို့ဆောင်ပေးရေးကို သဘောတူညီမှုရလာကြသည်။
၁၉၇ဝ ပြည့်နှစ်၊ မေလတွင် ထွန်းရွှေမောင် ခေါင်းဆောင်သောရခိုင်လူငယ်တစ်စုအား ကေအိုင်အေ က လက်နက်တပ်ဆင်ဖွဲ့စည်းလေ့ကျင့်ခဲ့ပြီး ကချင်၊ နာဂ မီဇိုရခိုင်သောင်းကျန်းသူများပူးပေါင်းလှုပ်ရှားနိုင် ရေးကို ကြိုးပမ်းခဲ့သည်။ ထိုစဉ်က အရှေ့ပါကစ္စတန် နိုင်ငံ(နောင်သော်ဘင်္ဂလားဒေ့ရှ်နိုင်ငံ)ကိုလည်း ကမ်း လှမ်းခဲ့သည်။
ဗကပနှင့်ကေအိုင်အေတို့သည် နားလည်မှုရယူပြီး အပစ်အခတ်ရပ်စဲထားကြရာမှ ဗကပများက မုံးပေါ်၊ နမ့်ချက်ဒေသမှတောင်ပိုင်းကေအိုင်အေနယ်မြေများသို့ မသိမသာချင်းနင်းဝင်ရောက်လာကြသဖြင့် ကေအိုင် အေနှင့်ဗကပတို့အပြန်အလှန်ဖမ်းဆီးသတ်ဖြတ်မှုများ ပေါ်ပေါက်လာပြန်သည်။ ကေအိုင်အေများ သည်ပြည်ပကွန်မြူနစ်ပါတီ၏လက်နက်ခဲယမ်းထောက်ပံ့မှုကို မှီခိုနေရသောကြောင့် ဗကပအား ပြတ်ပြတ်သားသားဆန့် ကျင်၍မရဘဲ ဖြစ်နေသည်။ ဗကပနှင့် ပြေလည်မှုရရန် ကြိုးပမ်းသော်လည်း အောင်မြင်မှုမရခဲ့ပေ။ ထို့ကြောင့် တပ်မတော်ထံဆက်သွယ်ချဉ်းကပ်မှုများပြုလုပ်လာကြ ပြန်သည်။ အစိုးရနှင့် စေ့စပ်ဆွေးနွေးရန်ပြင်ဆင်လာ ကြသည်။ ထိုအချိန်မှာပင် ၁၉၇၁ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်မှ ၁ဝ ရက်အထိ လမုန်တူးဂျိုင်နှင့် ဗကပခေါင်းဆောင်များ မုံးပေါ်တွင်ဆွေးနွေးကြရာ သဘော တူညီချက် အချို့ရရှိသဖြင့် အစိုးရအား ဘုံရန်သူအဖြစ် သတ်မှတ်ကြပြန်သည်။ ကေအိုင်အေတို့သည် ပြည်ပ နိုင်ငံ၏ ထောက်ပံ့ပေးကမ်းမှုကိုလည်း လက်မလွှတ်နိုင်၊ ဗကပကိုလည်း လက်မခံနိုင်သောကြောင့် တပ်မတော်နှင့် ဗကပအကြားတွင် စစ်ရေးအခြေအနေပေါ်မူတည်၍ မကြာခဏ ပြောင်းလဲ ဆက်ဆံ နေရလေသည်။
၁၉၇၁ ခုနှစ်၊ ဒီဇင်ဘာလတွင် ကေအိုင်အေတို့ သည် စစ်ရေးတိုးမြှင့်ဆန့်ကျင်ရန် ရည်ရွယ်ချက်ဖြင့် တပ်ရင်း(၁၁)ရင်းကို စစ်ကြောင်းလေးကြောင်းဖွဲ့စည်း ၍ တပ်မတော်အားတိုက်ခိုက်ရန်ကြိုးပမ်းလာသည်။ စစ် ကြောင်းများမှာ ဧရာဝတီမြစ်အနောက်ခြမ်းတွင် တပ် ရင်း(၅)၊ (၆) နှင့် (၁၂)တို့ကို ဇော်တူးကိုယ်တိုင်ဦးစီး သော ကျားသစ်စစ်ကြောင်း၊ ကွတ်ခိုင်နယ်မြေတွင် တပ် ရင်း(၁)၊ (၂)၊ (၈)နှင့် (၉)တို့ကို ဇော်ဒန်ကိုယ်တိုင် ခေါင်းဆောင်၍ ဆင်စစ်ကြောင်း၊ ဧရာဝတီမြစ်အရှေ့ ဘက်ခြမ်းဒေသတွင် တပ်ရင်း(၃)နှင့် (၁ဝ)ကို ကမ်ထွဲ ခေါင်းဆောင်၍ ခြင်္သေ့စစ်ကြောင်း၊ ပူတာအိုနယ်မြေ တွင် တပ်ရင်း(၄)နှင့် (၇)ကို ဇော်အိမ်ခေါင်းဆောင်၍ ကြံ့စစ်ကြောင်းဟူ၍ ဖြစ်သည်။ ဗကပနှင့်ကေအိုင်အေ တို့မှာ နားလည်မှုယူထားကြသော်လည်း ခိုင်မြဲသော မဟာမိတ်များမဟုတ်သည့် အလျောက် ၁၉၇၂ ခုနှစ် ဦးတွင် ဗကပတို့က ကေအိုင်အေနယ်မြေများကို ထိုး ဖောက်စည်းရုံးလာသဖြင့် တိုက်ပွဲများဖြစ်ပွားလာပြန် သည်။ ကေအိုင်အေများကလည်း တပ်မတော်ထံသို့ ကိုယ်စားလှယ်စေလွှတ်ခြင်း၊ စာရေးသားဆက်သွယ်ခြင်း များပြုလုပ်လာပြန်သည်။ တစ်ချိန်တည်းမှာပင် ရှမ်း ပြည်နယ်မြောက်ပိုင်းတွင် ဗကပများအား တိုက်ခိုက်ရင်း မကြာခဏအပစ်အခတ်ရပ်စဲ၍ မကြာခဏပင် ဆွေး နွေးခဲ့သည်။ ထိုင်းနိုင်ငံမှတစ်ဆင့် လက်ယာအုပ်စုနှင့် ဆက်သွယ်ပြီးအကူအညီရရန်လည်း ကြိုးစားမြဲကြိုးစား နေသည်။ တပ်မတော်အား နားလည်မှုယူခဲ့ခြင်းမှာမူ စစ်ရေးအရ နှစ်ဖက်ညှပ်နေခြင်းမှ ယာယီထွက်ပေါက် ရရန်သာဖြစ်ခဲ့လေသည်။
ကေအိုင်အေများသည် ဗကပအား ဘုံရန်သူအဖြစ် သတ်မှတ်၍ တပ်မတော်နှင့် ပူးပေါင်း တိုက်ခိုက်ရန် လက်နက်ခဲယမ်းနှင့်ဆေးဝါးပစ္စည်းများ အကူအညီ တောင်းခံခဲ့သည်။ တပ်မတော်မှ ၁၉၇၂ ခုနှစ်၊ ဇွန်လ ၁ဝ ရက်တွင် အပစ်အခတ်ရပ်စဲ၍ အကန့်အသတ်ဖြင့် ဆွေးနွေးပွဲများပြုလုပ်ခဲ့သည်။ ကေအိုင်အေ တို့သည် အပစ်အခတ်ရပ်စဲထားသည်ကို အခွင့်ကောင်းယူပြီး မြို့များပေါ်သို့တက်၍ လူငယ်လူရွယ်များအား စည်းရုံးသိမ်းသွင်းခြင်း၊ ဆက်ကြေးမကောက်ရသေးသောနေရာ ဒေသများတွင် မပေးခဲ့ရသောနှစ်များ အတွက်ပါ အကြွေးသတ်မှတ်၍ ဆက်ကြေးကောက်ယူခြင်းများ ပြုလုပ်ခဲ့သည်။ ထို့အပြင် တပ်များလှုပ်ရှားခြင်း မပြုရန် စည်းကမ်းသတ်မှတ်ချက်ကို ဖောက်ဖျက်၍ ဗကပအား တားဆီးပိတ်ဆို့ရန်အကြောင်းပြချက်ဖြင့် စစ်ရေး လှုပ်ရှားမှုများပြုလုပ်လာသည်။ ၁၉၇၁ ခုနှစ်အတွင်း ကတည်းက ပလောင်တပ်ရင်း(၂)အား စတင်စည်းရုံး သိမ်းသွင်းခဲ့ရာ  ၁၉၇၂  ခုနှစ်တွင်  ဇော်ဒန်၏ တပ်မဟာ(၁)လက်အောက်သို့ရောက်ရှိလာသည်။၁
ကေအိုင်အေဗဟိုကော်မတီအစည်းအဝေး တစ်ရပ်ကို ဆမားဘွမ်(အက်စ်ဒီ-၆ဝ၇၆)တွင် ကျင်းပခဲ့သည်။ အပစ်အခတ်ရပ်စဲထားစဉ်အတွင်း ဆက်ကြေးများ ကောက်ယူခြင်းကိုလည်း တိုးမြှင့်ပြုလုပ် နေသည်။ ၁၉၇၂ ခုနှစ်၊ သြဂုတ်လ ၂၉ ရက်တွင် ဟူးကောင်း တောင်ကြားဒေသ၌ တပ်ရင်း(၆)နယ်မြေတွင် ဗဟို ကော်မတီအစည်းအဝေးပွဲတစ်ရပ်ကို စတင်ကျင်းပကြ ပြန်သည်။ ကေအိုင်အေတို့၏ ဗဟိုကော်မတီအစည်း အဝေးမပြီးဆုံးခင်မှာပင် တပ်မတော်သည် ယင်းတို့၏ မရိုးသားမှုများကြောင့် ဆက်လက်ဆွေးနွေးရန် အကျိုးမထူးတော့သဖြင့် ၁၉၇၂ ခုနှစ်၊ အောက်တိုဘာလ ၃ ရက်တွင် ဆွေးနွေးပွဲကိုပယ်ဖျက်လိုက်တော့သည်။ကေအိုင်အေဗဟိုကော်မတီအစည်းအဝေးပွဲသည် အောက်တိုဘာ လ ၂၇ ရက်တွင် ပြီးခဲ့ရာ တပ်မဟာနှစ်ခုအစား တပ်မဟာလေးခုကို အောက်ပါအတိုင်း ဆုံးဖြတ်၍ တိုးချဲ့ဖွဲ့စည်းခဲ့လေသည်။
(က)    တပ်မဟာ(၁)အား တူးဂျိုင်ဦးစီး၍ ကချင် ပြည်နယ်မြောက်ပိုင်း။
(ခ)     တပ်မဟာ(၂)အား ဇော်တူးဦးစီး၍ ကချင် ပြည်နယ်အနောက်ပိုင်း။
(ဂ)     တပ်မဟာ(၃)အား ဇော်မိုင်ဦးစီး၍ ကချင် ပြည်နယ်အရှေ့ပိုင်း။
(ဃ)    တပ်မဟာ(၄)အား ဇော်ဒန်ဦးစီး၍ ကချင် ပြည်နယ်အတောင်ပိုင်း။
စစ်ဦးစီးချုပ်မှာ ဇော်ဆိုင်းဖြစ်ပြီး ဒုတိယစစ်ဦးစီး ချုပ်မှာ ဇော်တူးဖြစ်သည်။ ကချင်လွတ်မြောက်ရေး ကောင်စီ  (ကေအိုင်စီ)  ကိုလည်း  ဖွဲ့စည်းခဲ့သည်။ ကေအိုင်စီသည် ဗဟိုကော်မတီ၏အမြဲတမ်းကော်မတီ တာဝန်ကို ပူးတွဲထမ်းဆောင်ရန်ဖြစ်ပြီး အောက်ပါ အတိုင်းပါဝင်ခဲ့ကြသည်။၁
(က)    ဗိုလ်မှူးချုပ်      ဇော်တူး                                       ဥက္ကဋ္ဌ
(ခ)     ဆလန်ကဘာ   ပုံရွှေဇော်ဆိုင်း                                အတွင်းရေးမှူး
(ဂ)     ဗိုလ်မှူးကြီး      တူးဂျိုင်                                       တွဲဖက်
                                                                             အတွင်းရေးမှူး
(ဃ)    ဗိုလ်မှူးကြီး      ဇော်ဒန်                                       အဖွဲ့ဝင်
(င)     ဆလန်ကဘာ   မရန်ဘရန်ဆိုင်း
                                                                             အဖွဲ့ဝင်
(စ)     ဒုတိယဗိုလ်မှူးကြီး လမာလရိန်း                               အဖွဲ့ဝင်
(ဆ)    ဆလန်ကဘာ   ဇော်အောင်                                   အဖွဲ့ဝင်
(ဇ)     ဒုတိယဗိုလ်မှူးကြီး ဇော်မိုင်                                     အဖွဲ့ဝင်
(ဈ)     ဗိုလ်မှူးမရန်ဘရန်တောင်                                      အဖွဲ့ဝင်
(ည)    ဗိုလ်မှူးခွန်ချို                                                    အဖွဲ့ဝင်
(ဋ)     ဗိုလ်မှူးဇော်ဘွန်                                                စီးပွားရေး
                                                                             တာဝန်ခံ
(ဌ)     ဗိုလ်မှူးဇော်ဖန်                                                   အဖွဲ့ဝင်
ကချင်ပြည်နယ်လွတ်မြောက်ရေးကောင်စီ(ကေအိုင်စီ) အောက်တွင်အောက်ပါ အဖွဲ့အစည်းသုံးရပ် တည်ရှိ သည်။
(က)    က ချင်လွတ် မြောက် ရေး တပ် မ တော်(ကာကွယ်ရေး)    ကေအိုင်အေ။
(ခ)     အုပ်ချုပ်ရေးအဖွဲ့
(ဂ)     ကချင်ပြည်လွတ်မြောက်ရေး စည်းရုံးရေး အဖွဲ့               (ကေအိုင်အို)
ကချင်လွတ်မြောက်ရေးတပ်မတော်(ကေအိုင်အေ)တွင်အောက်ပါစစ်ဦးစီးအဖွဲ့ကိုဖွဲ့စည်းထားသည်။
(က)    ဗိုလ်ချုပ်ဇော်ဆိုင်း                                               ဥက္ကဋ္ဌ
(ခ)     ဗိုလ်မှူးချုပ်ဇော်တူး                                             ဒုတိယဥက္ကဋ္ဌ
          (တပ်မဟာ-၂)
(ဂ)     ဗိုလ်မှူးကြီးတူးဂျိုင်(တပ်မဟာ-၁)                             အတွင်းရေးမှူး
(ဃ)    ဗိုလ်မှူးကြီးဇော်ဒန်                                             အဖွဲ့ဝင်
          တပ်မဟာ (၄)
(င)     ဒုတိယဗိုလ်မှူးကြီး လမာလရိန်း                               တွဲဖက်
                                                                            အတွင်းရေးမှူး
(စ)     ဒုတိယဗိုလ်မှူးကြီးဇော်မိုင်                                      အဖွဲ့ဝင်
                                      တပ်မဟာ(၃)
(ဆ)    ဗိုလ်မှူးဘရန်တောင်                                           အဖွဲ့ဝင်
ကေအိုင်အေတွင် တပ်စိတ်မှတပ်စု၊ တပ်ခွဲ၊ တပ်ရင်း တပ်မဟာအဆင့်အထိ စနစ်တကျဖွဲ့ စည်းထားပြီး တပ်မဟာ(၁)တွင် တပ်ရင်း(၄)၊ (၇)နှင့် (၁ဝ)၊ တပ်မဟာ (၂)တွင် တပ်ရင်း(၅)၊ (၆)နှင့် (၁၁)၊ တပ်မဟာ(၃)တွင် တပ်ရင်း (၁)နှင့် (၃)၊ တပ်မဟာ (၄)တွင် တပ်ရင်း(၂)၊ (၈)နှင့်(၉)တို့ ပါဝင်ကြသည်။ တပ်မဟာမှူးသည် တိုင်းအုပ်ချုပ်ရေးကိုလည်းကောင်း၊ တပ်ရင်းမှူးသည် ခရိုင်အုပ်ချုပ်ရေး ကို လည်းကောင်း၊ အဖွဲ့မှူးသည် မြို့နယ်အုပ်ချုပ်ရေးကိုလည်းကောင်း၊ အဖွဲ့ငယ်မှူးသည် တိုက်နယ် အုပ်ချုပ်ရေး ကိုလည်း ကောင်း တာဝန်ယူကြရသည်။
အုပ်ချုပ်ရေးအနေနှင့် တိုင်းများကို အောက်ပါ အတိုင်း ခွဲခြား၍ တာဝန်ယူကြရသည်။
(က) ကချင်ပြည်နယ်မြောက်ပိုင်းတိုင်းအုပ်ချုပ်ရေး                (တပ်မဟာ-၁)
          (၁) ဗိုလ်မှူးကြီးတိုင်းလမုန်တူးဂျိုင်                   အုပ်ချုပ်ရေးမှူး
          (၂) ဗိုလ်မှူးဒွဲရှောင်                                   ဒုတိယတိုင်းအုပ်ချုပ်ရေးမှူး
          (၃) ဗိုလ်မှူးမရန်ဘရန်ရှောင်                         ဘဏ္ဍာရေး
                                                                    အရာရှိ
(ခ)     ကချင်ပြည်နယ်အနောက်ပိုင်းတိုင်း
          အုပ်ချုပ်ရေး(တပ်မဟာ-၂)
          (၁) ဗိုလ်မှူးချုပ်ဇော်တူး                               တိုင်းအုပ်ချုပ်
                                                                   ရေးမှူး
          (၂) ဒုတိယဗိုလ်မှူးကြီးလမာလရိန်း                 ဒုတိယတိုင်းအုပ်ချုပ်ရေးမှူး
(ဂ)     ကချင် ပြည် နယ် အ ရှေ့ ပိုင်း တိုင်း အုပ်ချုပ်ရေးအဖွဲ့(တပ်မဟာ-၃)
          (၁) ဒုတိယဗိုလ်မှူးကြီးဇော်မိုင်                       တိုင်းအုပ်ချုပ်
                                                                   ရေးမှူး
          (၂) ဗိုလ်မှူးခွန်ချို                                      ဒုတိယတိုင်း
                                                                   အုပ်ချုပ်ရေးမှူး
(ဃ)    ကချင်ပြည်နယ်တောင်ပိုင်းအုပ်ချုပ်ရေး အဖွဲ့(တပ်မဟာ-၄)
          (၁) ဗိုလ်မှူးကြီးဇော်ဒန်                               တိုင်းအုပ်ချုပ်ရေးမှူး
          (၂) ဗိုလ်မှူးဇော်ဖန် ဒုတိယတိုင်းအုပ်ချုပ် ရေးမှူး(ကွတ်ခိုင် ခရိုင်အုပ်ချုပ်ရေး မှူး)
          (၃) ဗိုလ်တူးဂေါင်                                      (လားရှိုးခရိုင်
                                                                   အုပ်ချုပ်ရေးမှူး)
ကေအိုင်အိုမှာမူ စည်းရုံးရေးဆိုင်ရာသီးခြားအဖွဲ့ အစည်းတစ်ရပ်ဖြစ်ပြီး ကာကွယ်ရေး (ကေအိုင်အေ) အုပ်ချုပ်ရေးအဖွဲ့များနှင့် ညှိနှိုင်းဆောင်ရွက်ရသည်။ ကေအိုင်အိုကို အောက်ပါအတိုင်း ခေါင်းဆောင်ကြသည်။
(က)    ဗိုလ်မှူးချုပ်ဇော်တူး                                    ဥက္ကဋ္ဌ
                                                                   တပ်မဟာ(၂)
(ခ)     ဗိုလ်မှူးကြီးတူးဂျိုင်                                     ဒုတိယဥက္ကဋ္ဌ
                                                                   တပ်မဟာ(၁)
(ဂ)     ဆလန်ကဘာ ပုံရွှေဇော်ဆိုင်း
                                                                   အတွင်းရေးမှူး
(ဃ)    ဗိုလ်မှူးကြီးဇော်ဒန်                                    တွဲဖက်အတွင်းရေးမှူး
(င)     ဒုတိယဗိုလ်မှူးကြီးလမာလရိန်း                       အဖွဲ့ဝင်
(စ)     ဒုတိယဗိုလ်မှူးကြီးဇော်မိုင်                            အဖွဲ့ဝင်
(ဆ)    ဗိုလ်မှူးကြီးမရန်ဘရန်တောင်                        အဖွဲ့ဝင်
(ဇ)     ဆလန်ကဘာမရန်ဘရန်ဆိုင်း                        အဖွဲ့ဝင်
စင်စစ် ကချင်သောင်းကျန်းသူများသည်လက်နက်ကိုင် တပ်၊ အုပ်ချုပ်ရေးအဖွဲ့နှင့် စည်းရုံးရေး အဖွဲ့တို့ကို ကျေးရွာအဆင့်အထိခွဲခြား၍ စနစ်တကျဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။  သို့သော်  ခေါင်းဆောင်မှု အားလုံးမှာမူ ဇော်ဆိုင်း၊ ဇော်တူး၊ ဇော်ဒန်ဟူသော ဇော်ညီအစ်ကို သုံးဦးလက်ထဲတွင် သာရှိနေသည်။ ဇော်ဆိုင်းသည် ကချင်သောင်းကျန်းသူများ၏နံပါတ်(၁)ခေါင်းဆောင် နေရာတွင်ရှိပြီး ထိုင်းနိုင်ငံတွင် သာနေထိုင်သည်။ ပြည်တွင်းရှိ ကေအိုင်အေများအားနံပါတ်(၂)ခေါင်းဆောင် ဖြစ်သူ ဇော်တူးကသာကွပ်ကဲ အုပ်ချုပ်နေသည်။ရှေ့တန်းစစ်ဦးစီးဌာနချုပ်(အက်ဖ်ဂျီအိပ်ခ်ျကြူ)*(အက်ဖ်ဂျီ အိပ်ခ်ျ ကြူ FGHQ = Front General Headquarters)ကို ဗိုလ်ဇော်ဂန်ဦးစီး အင်အား ၅ဝ ခန့်ဖြင့် မဂျီဘွမ်ဒေသ ကော့လွန်ရွာပုန်း (အင်န်အိပ်ခ်စ် ၆၂၁၂)တွင်ဖွင့်လှစ်ထားပြီးစစ်ဦးစီးဌာနချုပ် (ဂျီအိပ်ခ်ျကြူ) မှာမူ ခန့်မှန်း (အင်န်ဝိုင် ၆၁၇၃)တွင်ရှိသည်။
ကချင်သောင်းကျန်းသူများတွင် ကေအိုင်အေ (ခေါ်) လက်နက်ကိုင်တပ်၊ အုပ်ချုပ်ရေးအဖွဲ့နှင့် ကေအိုင်အိုဟူ၍ အဖွဲ့အစည်းသုံးရပ်ရှိပြီး ကေအိုင်စီ (ခေါ်)ကချင်လွတ်မြောက်ရေးကောင်စီက ကွပ်ကဲဦးစီး နေသော်လည်း ကေအိုင်အေလက်နက်ကိုင်အဖွဲ့သာ ထင်ရှားသည်။ ထို့ကြောင့် ကချင်သောင်းကျန်းသူများ အားလုံးကို ကေအိုင်အေဟူ၍သာ ယေဘုယျအားဖြင့် ခေါ်ဆိုခဲ့ကြသည်။ ကေအိုင်အေတို့သည် တပ်မတော် နှင့်ဗကပအကြားတွင် စစ်ရေးအခြေအနေအရ အခွင့် သာသည့်အလျောက် ချဉ်းကပ်၍တစ်ဖက်နိုင်ငံ၏အကူ အညီဖြင့် အင်အားကြီးထွားလာစဉ်ဗကပများမှာလည်း ကေအိုင်အေနှင့်ပတ်သက်၍ သဘောထား ကွဲလွဲမှုများ ကို ရင်ဆိုင်လာရသည်။
ဗကပများ၏ကေအိုင်အေအပေါ် သဘောထားမှာ တန်းတူရည်တူမဟာမိတ်အဖြစ် သဘောထားရန် မဟုတ်ဘဲ လက်အောက်ခံအဖွဲ့အစည်းအဖြစ် အမြတ်ထုတ်ပြီး မှ မိမိ၏ပါတီအတွင်းသို့ သိမ်းသွင်းလိုက်ရန် သာရည် ရွယ်ခဲ့သည်။ ဗကပများသည် ကေအိုင်အေများအား လူမျိုးရေးအရ ခေါင်းဆောင်မှု လွယ်ကူစေရန် နော်ဆိုင်းအား စစ်ရေးတာဝန်ခံအဖြစ်ခန့်အပ်ခဲ့ခြင်းဖြစ်သည်။ နော်ဆိုင်းသည် ကေအိုင်အေအား မတိုက်ခိုက်ရန်ပြင်းထန်စွာငြင်းခုံဆွေးနွေးခဲ့သောကြောင့် ဗကပများက နော်ဆိုင်းအပေါ် မကျေနပ်တော့ပေ။ ထို့ကြောင့် ဗကပ ခေါင်းဆောင်ခင်မောင်ကြီးသည် နော်ဆိုင်းနှင့် ဝလူမျိုး ခေါင်းဆောင်တစ်ဦးအား ၁၉၇၂ ခုနှစ်၊ မတ်လ ၈ ရက် တွင်ဖမ်းဆီး၍   ရိုက်သတ်စေခဲ့ သည်။(၁။ ကက(ကြည်း) စီမံရေးဌာနစု၏ ကချင်သောင်းကျန်းသူနောက်ခံသမိုင်းနှင့် လက်ရှိအခြေအနေ (၃ဝ-၈-၈ဝ) စာမျက်နှာ ၈။)  ထို့နောက် နော်ဆိုင်းသည် တောလည်သွားရင်း ချောက်ထဲလိမ့်ကျ ၍ သေဆုံးခဲ့ရကြောင်း လိမ်ညာကြေ ညာခဲ့ သည်။ ကေအိုင်အေများကလည်း နော်ဆိုင်းမှာအသတ် ခံရခြင်းဖြစ်ကြောင်း  ရိပ်မိ သိရှိကြလေရာ ဗကပ ဆန့်ကျင်ရေးဝါဒဖြင့် စာရွက်စာတမ်းများဖြန့်ချိကြပြီး အခြေအနေတင်းမာ လာကြပြန်သည်။ တိုက်ခိုက်မှုများ လည်းဖြစ်ပွားလာသည်။ သို့နှင့်ဗကပနှင့်ကေအိုင်အို တို့သည် ဆက်ဆံရေးပြေလည်လိုက်၊ တင်းမာလိုက်နှင့် တောက်လျှောက်ပဋိပက္ခဖြစ်ပွားခဲ့လေရာ မဟာမိတ် ဖွဲ့စည်းမှုများမှာလည်း  ယာယီသာ လျှင်ဖြစ်ခဲ့ရလေ သည်။
ကေအိုင်အေနှင့်နာဂသောင်းကျန်းသူများ
ကေအိုင်အေသည် မိမိအကျိုးကျေးဇူးအတွက် အိမ် နီးချင်းနိုင်ငံအားလုံးနှင့် ဆက်သွယ်ကြိုးပမ်းခဲ့ သည့် နည်းတူသောင်းကျန်းသူအဖွဲ့အစည်းအားလုံးနှင့်လည်း ဆက်သွယ်ခဲ့သည်။ ဗကပကဲ့သို့ အင်အားကြီးမားသော အဖွဲ့အစည်းမျိုးကို စစ်ရေးအရ ထိန်းသိမ်းရင်ဆိုင်နိုင်လျှင် ရင်ဆိုင် ထိန်းသိမ်းပြီး အခြေအနေအရ ရင်မဆိုင်နိုင်ပါက ယာယီမဟာမိတ်ဖွဲ့ခဲ့သည်။ သောင်းကျန်းသူ အဖွဲ့အစည်းငယ်များ ကိုမူ သိမ်းသွင်းဝါးမျိုရန်ကြိုးစားခဲ့သည်။ အိန္ဒိယနိုင်ငံမှ ဖီဇိုနာဂ၊ မီဇိုသောင်းကျန်းသူ များသည်   ပြည်ပနိုင်ငံ၏အကူအညီဖြင့်   ဆူပူသောင်းကျန်းသူလျက်ရှိကြလေရာ ကေအိုင်အေတို့သည် ပြည်ပနိုင်ငံနှင့် ဆက်သွယ်ရေးတွင် ကြားခံဆောင်ရွက် ပေးပြီး အမြတ်ထုတ်ကြသည်။ ဖီဇိုနာဂသောင်းကျန်း သူများကို မိမိနိုင်ငံအတွင်းသို့ ဖြတ်သန်းကျူးကျော်စေပြီး ပြည်ပနိုင်ငံသို့ သင်တန်းတက်ရန်ပို့ပေးခဲ့သည်။    ပြည်ပနိုင်ငံတွင် သင်တန်းတက်၍ လက်နက်တပ်ဆင် ကာပြန်လာသော ဖီဇိုနာဂသောင်းကျန်းသူများထံမှ လက်နက်ခဲယမ်းအချို့ကို ခွဲဝေရယူသည်။ အဖွဲ့ငယ် လေးများကွဲထွက်လာလျှင်မူကားလက်စတုံး ဖျောက်ဖျက် သုတ်သင်၍ လက်နက်ခဲယမ်းများကို သိမ်းယူလေ့ရှိကြသည်။
၁၉၇၃ ခုနှစ်၊ မတ်လတွင် မီဇိုသောင်းကျန်းသူ တစ်ဖွဲ့ကို ပြည်ပနိုင်ငံသို့ပို့ပေးခဲ့သည်။ ၁၉၇၃ ခုနှစ်၊ ဇွန်လ ၂ ရက်တွင်မူ ပြည်တွင်းနာဂသောင်းကျန်းသူများ နှင့် စာချုပ် ချုပ်ဆိုခဲ့ပြီး ယင်းစာချုပ်တွင် ကေအိုင်အေ က စစ်သင်တန်းနှင့်လက်နက်များ ကူညီထောက်ပံ့မည် ဖြစ်ကြောင်း၊ လွတ်လပ်ရေးရရှိပါက ကချင်ပြည်နယ် အတွင်းရှိ   နာဂနယ်မြေအား   သမိုင်းအစဉ်အလာ သတ်မှတ်ချက်အတိုင်း ခွဲဝေပေးမည်ဖြစ်ကြောင်း သဘောတူခဲ့သည်။ နောက်ပိုင်းတွင် ကေအိုင်အေနှင့် ပြည်တွင်း၊ ပြည်ပနာဂလှုပ်ရှားမှုများ ပိုမိုများပြားလာပြီး ၁၉၇၄ ခုနှစ်တွင် အိန္ဒိယ-မြန်မာနယ်စပ် နန့်ယွန်းမြို့ နယ်၌ ကေအိုင်အေနှင့်ခပ်ပလန်နာဂသောင်းကျန်းသူ များ ပူးပေါင်းလှုပ်ရှားလာပြီး ခါးရှည်(အင်န်အက်စ် ၄၂၅၇)၏ အနောက်တောင်ဘက် အိန္ဒိယ-မြန်မာ နယ်စပ်တွင် နာဂသောင်းကျန်းသူအင်အား ၁ဝဝ အား ကေအိုင်အေက သင်တန်းပေးခဲ့သည်။၂ စင်စစ် ကေအိုင် အေတို့သည် မိမိအသက်ရှူချောင်ရေး၊ အမြတ်ရရေး အတွက် ဖီဇိုနာဂနှင့်မီဇို(လူရိုင်း)များအား အကူအညီ ပေးခြင်း၊ ပြည်တွင်းနာဂများအား မြှောက်ပင့်သွေးထိုး၍ အကူအညီပေးခြင်း၊ ထွန်းရွှေမောင်၏အေအိုင်အေ (ခေါ်) ရခိုင်သောင်းကျန်းသူအဖွဲ့ပေါ်ပေါက်လာရန် ကူညီပေးခြင်းတို့ကို ပြုလုပ်နေခြင်းသာဖြစ်လေသည်။
ကေအိုင်အေနှင့် ရှမ်းသောင်းကျန်းသူများ
ဇော်ဆိုင်းဦးစီးသော ကေအိုင်အေစစ်ဌာနချုပ်မှာ ထိုင်းနိုင်ငံ ထန်ပိုးတွင်တည်ရှိနေသည်။ ထို့ကြောင့် ကေအိုင်အေများသည် ထိုင်းနိုင်ငံသို့ ဆက်သွယ်သွား ရောက်ရာတွင် ရှမ်းပြည်နယ်ကိုမလွဲမသွေဖြတ်သန်း သွားရမြဲဖြစ်သည်။ ကချင်ပြည်နယ်နှင့်ရှမ်းပြည်နယ်မှာ ဆက်စပ်နေသည့်အပြင် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ကချင်လူမျိုးများနေထိုင်လျက်ရှိရာ ကေအိုင်အေ(ခေါ်) ကချင်သောင်းကျန်းသူများသည် ဗကပနှင့်ပတ်သက် နေရသကဲ့သို့ ရှမ်းသောင်းကျန်းသူအဖွဲ့အစည်းများနှင့် လည်း ပတ်သက်လာရလေသည်။
ရှမ်းပြည်နယ်ထဲတွင် ပလောင်နှင့်ပအိုဝ့်အပါ အဝင် ရှမ်းလူမျိုးစုသောင်းကျန်းသူအဖွဲ့အစည်းများမှာ အမျိုးမျိုးကွဲပြားလျက်ရှိခဲ့သည်။
အက်စ်ယူအာရ်အေ(* SURA- Shan United Revolution Army ခေါ်) မိုးဟိန်းအဖွဲ့သည် ပြည်ပနိုင်ငံပိန်းလုံတွင် ဌာနချုပ်ဖွင့်လှစ်၍ အခြေစိုက် လျက်ရှိသည်။ မိုးဟိန်းအဖွဲ့သည် မိုင်းကိုင်နှင့် မိုင်းနောင် ဒေသတွင် အခြားရှမ်း သောင်းကျန်းသူအဖွဲ့တစ်ဖွဲ့ဖြစ်သော အက်စ်အက်စ်အေ** (SSA- Shan State Army) များနှင့် နယ်မြေလုရာမှ မကြာခဏတိုက်ခိုက်ကြရလေ့ရှိသည်။ ထို့ကြောင့်မိုးဟိန်းသည် အက်စ်အက်စ်အေအားတိုက်ခိုက်ရန်တရုတ်ဖြူ တပ်မ(၃)နှင့် (၅) အပြင်ကေအိုင်အေများ ကိုပါနားလည်မှု ယူထားခဲ့သည်။ကေအိုင်အေများ၏ ရည်ရွယ်ချက်မှာ အက်စ်ယူအာရ်အေနယ်မြေ အတွင်းတွင် အက်စ်ယူအာရ်အေအဖွဲ့နှင့် ပူးပေါင်း ထားခြင်းဖြင့် ပြည်ပနိုင်ငံသို့ အသွားအပြန် ခရီးလုံခြုံမှုရှိသည့်အပြင် တပ်မတော်ကိုလည်း စစ်ရေးအရ ပူးပေါင်း၍ (သို့မဟုတ်)ညှိနှိုင်း၍ တိုက်ခိုက်နိုင်ရန်ဖြစ်လေသည်။(၁။ ကချင်သောင်းကျန်းသူများ သမိုင်းအကျဉ်းချုပ် (၁၉၈၄၊ ဒီဇင်ဘာလ) စာမျက်နှာ၁၅။)
ပီအင်န်အက်ဖ်*** (PNF- Palaung National Front) (ခေါ်) ပလောင်အမျိုးသား တပ်ဦးအဖွဲ့သည်ခမ်းတောင်ခေါင်းဆောင်၍ အင်အား ၂ဝဝ ခန့်ဖြင့် မုံးဝီးနယ်မြေ၊ နမ့်စန်နယ်မြေနှင့်မိုင်းငေါ့ နယ်မြေတို့တွင် ရွှေပလောင်၊ ငွေပလောင် တိုင်းရင်းသားများအားစည်းရုံးသိမ်းသွင်းလှုပ်ရှားလျက်ရှိသည်။ ကေအိုင်အေများသည် ပလောင် သောင်းကျန်းသူများအား ကျောထောက်နောက်ခံပြု၍ ထောက်ပံ့ကူညီကာ သိမ်းသွင်းခဲ့ရာ  ပလောင် သောင်းကျန်းသူများသည် ၁၉၇၂ ခုနှစ် နှစ်ဦးတွင် ဇော်ဒန်၏ တပ်မဟာ (၃) လက်အောက်သို့ ကျရောက်ခဲ့သည်။ ကေအိုင်အေသည် ဗကပ၊ အက်စ်အက်စ်အေတို့နှင့်ရင်ဆိုင်ရေးတွင် အသုံးချနိုင်ရန် အတွက် ပလောင်သောင်းကျန်းသူများ အား လက်သပ်၍မွေးမြူခဲ့ခြင်းပင်ဖြစ်သည်။
အက်စ်အက်စ်အေ(ခေါ်)ရှမ်းပြည်တပ်မတော် သည်လည်း ထိုင်းနိုင်ငံတွင် အခြေစိုက်ပြီး ရှမ်းပြည်နယ် မြောက်ပိုင်း လွယ်ခေးဒေသတွင် ဝင်ရောက်လှုပ်ရှားနေ သော အဖွဲ့အစည်းဖြစ်သည်။ အက်စ်အက်စ်အေဌာနချုပ်တွင် ဥက္ကဋ္ဌခွန်ကြာနုနှင့် အတွင်းရေးမှူးစဝ်ဆေးဝိုင် မှခေါင်းဆောင်ပြီး လွယ်ခေးဒေသတွင် ဒုတိယဥက္ကဋ္ဌ အုံးပေါင်ပွန်တိုင်းနှင့် စစ်ဦးစီးချုပ်စိုင်းလှအောင်တို့က ခေါင်းဆောင်ခဲ့ ကြသည်။ ၁၉၇၃ ခုနှစ်၊ မတ်လ၌ ကော်မတီအစည်းအဝေးကျင်းပကာ   မဟာဒေဝီ နန်းဟိန်ခမ်းကို နာယကအဖြစ်မှဖြုတ်ချခဲ့ကြသည်။ ၁၉၇၃ ခုနှစ်၊ မေလ ၂၄ ရက်တွင် အက်စ်အက်စ်အေ တို့သည် တောခိုကာကွယ်ရေးအဖွဲ့များဖြစ်သောကိုးကန့် ကာကွယ်ရေးအဖွဲ့မှ လော်စစ်ဟန်၊ ဗိန်းငင်းအဖွဲ့မှ မဟာစန်း၊ မန်မန်ဆိုင်အဖွဲ့မှ လိုင်းအူတို့နှင့် ပူးပေါင်း ကြောင်း မန်ပလောင်လွယ်ခေးဒေသတွင် လက်မှတ် ရေးထိုးခဲ့ကြသည်။
၁၉၇၃ ခုနှစ်၊ ဇူလိုင်လတွင် အက်စ်အက်စ်အေ၏ နိုင်ငံရေးအဖွဲ့အစည်း ဖြစ် သော အက်စ်အက်စ် ပီပီ**** SSPP- Shan State Progressive Party  (ခေါ်) ရှမ်းပြည်တိုးတက်ရေးပါတီ ဗဟိုဌာန ချုပ်တည်ရှိရာ မန်ရှီး၊ မန်နောင်ဒေသသို့ ကေအင်န်ယူ ပါတီမှ စကောလယ်တောခေါင်းဆောင်သော သုံးဦး ကိုယ်စားလှယ်အဖွဲ့ရောက်ရှိလာပြီး ဗကပအရှေ့ မြောက်စစ်ဒေသဌာနချုပ်တည်ရှိရာ ပန်ဆန်း (အယ်လ်ကေ-ဝ၇ဝ၅)သို့ သွားရောက်နိုင်ရေးအတွက် အကူအညီတောင်းခံခဲ့သည်။ ထိုစဉ်က အက်စ်အက်စ် ပီပီကလည်း ဗကပနှင့်ပူးပေါင်းရန်အစီအစဉ်ရှိသဖြင့် စကောလယ်တောသို့ သုံးဦးကိုယ်စားလှယ်အဖွဲ့နှင့် အတူ စေလွှတ်မည့်ကိုယ်စားလှယ်ကို ရွေးချယ်ခဲ့သည်။ ထို့နောက် တွဲဖက်အတွင်းရေးမှူး ဆေးထင်ခေါင်းဆောင် သောအင်အား ၂ဝဝ ခန့်သည် ကေအင်န်ယူပါတီ ကိုယ်စားလှယ်သုံးဦးနှင့်အတူ လွယ်ခေးဒေသမှထွက်ခွာ သွားရာ ပန်ဆန်းသို့ ၁၉၇၃ ခုနှစ်၊ အောက်တိုဘာ လတွင် ရောက်ရှိသွားသည်။ ၁၉၇၃ ခုနှစ်၊ နိုဝင်ဘာလ ၁၈ ရက်တွင် ဗကပခေါင်းဆောင်များနှင့်ဆွေးနွေး၍ ဗကပနှင့် အက်စ်အက်စ်အေတို့ စစ်ရေးအရပူးပေါင်းရန် သဘောတူညီခဲ့ကြသည်။ နိုင်ဝင်ဘာလ ၂၇ ရက်တွင် ဆေးထင်တို့လူစုသည်ဗကပများပေးလိုက်သည့် လက်နက်များကိုယူဆောင်၍ ပန်ဆန်းမှပြန်ထွက် လာကြရာ ၁၉၇၄ ခုနှစ်၊ ဧပြီလ ၁၇ ရက်တွင် မိုင်းဘုံ နယ်မြေသို့ရောက်ရှိလာကြသည်။(၁။ ရှမ်းသောင်းကျန်းသူများ သမိုင်းအကျဉ်းချုပ် (၁၉၈၄ ခုနှစ်၊ ဒီဇင်ဘာလ) စာမျက်နှာ     ၁၅၊၁၆။)
ဗကပနှင့်အက်စ်အက်စ်အေပူးပေါင်းသွားခြင်းမှာ ဗကပနှင့်တိုက်ခိုက်နေသော ကေအိုင်အေများအဖို့ အက်စ်အက်စ်အေနှင့်ပါ ဆက်လက်တိုက်ခိုက်စရာဖြစ် လာရသည်။ ကေအိုင်အေနှင့် အက်စ်အက်စ်အေ တို့သည် နယ်မြေလုရင်းမှ  ၁၉၇၄  ခုနှစ်  နှစ်ဦးပိုင်းတွင် ကျောက်မဲ၊  နမ္မတူဒေသများ တွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ကြသည်။ သို့သော် ၁၉၇၄ ခုနှစ်၊ ဧပြီလနောက်ပိုင်း တွင် တွေ့ဆုံစေ့စပ်၍ နယ်မြေကန့်သတ်ရန် သဘော တူညီခဲ့ကြလေသည်။
တောခိုကိုးကန့်အဖွဲ့ခေါင်းဆောင်လော်စစ်ဟန် အား ၁၉၇၄ ခုနှစ်၊ ဇူလိုင်လ ၁၇ ရက်တွင် ထိုင်းအစိုးရ ကဖမ်းဆီးမိပြီးနောက် ကိုးကန့်ကာကွယ်ရေးအဖွဲ့မှာ ပြိုကွဲ၍  ကစဥ့်ကလျားဖြစ်သွားရာ  လက်ကျန်အဖွဲ့ အနက်မှ အင်အား ၂ဝ ခန့်သည် ထိုင်းနယ်စပ်တွင် ခိုအောင်း၍ ကျန်ရစ်ခဲ့သည်။ ကေအိုင်အေတို့သည် လက်ကျန်ကိုးကန့်ကာကွယ်ရေးများအား ထိုင်းနိုင်ငံ အဝင်အထွက်လုံခြုံရေးအတွက် စည်းရုံးသိမ်းသွင်းခဲ့ သည်။
တောခိုလွယ်မော်အဖွဲ့(ခွန်ဆာအဖွဲ့)မှကျန်ဆူးရှင် ခေါင်းဆောင်သောအင်အား ၃ဝဝ ခန့်သည်လည်း နောင်လိုင်၊ လွယ်ချိုဒေသတို့တွင် ကေအိုင်အေတပ်ရင်း (၈)နှင့်ဆက်စပ်၍ လှုပ်ရှားခဲ့သည်။ ကေအိုင်အေနှင့် လွယ်မော်အဖွဲ့သည် စစ်ရေးအရ နားလည်မှုရယူထားပြီး လိုအပ်ပါက တစ်ဦးနှင့်တစ်ဦးအကူအညီပေးရေးကို လည်း သဘောတူထားကြသည်။
ထိုင်းနိုင်ငံမြောက်ပိုင်းတွင် အခြေပြုထားသော တရုတ်ဖြူတပ်မ(၃)နှင့် တပ်မ(၅)မှ အင်အားစုအချို့ သည်လည်း မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်လှုပ်ရှား လေ့ရှိရာ ရံဖန်ရံခါစုစုပေါင်းအင်အား ၅ဝဝ ခန့်အထိ လှုပ်ရှားလေ့ရှိသည်။ တရုတ်ဖြူတို့သည် တပ်မတော်၏ တိုက်ခိုက်မှုနှင့်ဗကပတို့၏တိုက်ခိုက်မှုတို့ကြောင့် လွယ် ဆေး၊ မန်ပလောင်၊ မန်ကျောင်း၊ ဆွတ်ရပ်၊ ဝမ်ဆင်း စသော နယ်မြေများတွင်သာ ခိုအောင်းလှုပ်ရှားနိုင်လေရာ ကေအိုင်အေများသည် ယင်းနယ်မြေများကို ဖြတ်သန်း၍ ထိုင်းနိုင်ငံနှင့် ဆက်သွယ်နိုင်ရေးအတွက် တရုတ် ဖြူများနှင့် နားလည်မှုရယူထားရလေသည်။(၂။ ကချင်သောင်းကျန်း သူများသမိုင်းအကျဉ်းချုပ် (၁၉၈၄ ခုနှစ်၊ ဒီဇင်ဘာလ) စာမျက်နှာ ၁၆။)
ကေအိုင်အေတို့သည် နော်ဆိုင်းအား ဗကပတို့က ဖြုတ်ထုတ်သတ်လမ်းစဉ်အရ သတ်ဖြတ်ပြီးသည့်နောက်ဗကပတို့နှင့်တိုက်ခိုက်လျက်ရှိရာ ထိုင်းနိုင်ငံဆက်သွယ် ရေးလမ်းကြောင်းအတွက် လက်ယာအင်အားစုသောင်း ကျန်းသူများဖြစ်သော အက်စ်ယူအာရ်အေ (မိုးဟိန်း)၊ ကိုးကန့်ကာကွယ်ရေး (လော်စစ်ဟန်)၊ တောခိုလွယ်မော် (ခွန်ဆာ)၊ ပလောင်အမျိုးသားတပ်ဦး တရုတ်ဖြူတို့နှင့် ပူးပေါင်း ဆက်သွယ်ခဲ့ပြီး ဗကပဘက်တော်သားဖြစ်သွားသည့် အက်စ်အက်စ်အေနှင့်မူ ဆက်ဆံရေး မပြေပြစ်ဘဲ တိုက်ခိုက်မှုများပင်ဖြစ်ပွားခဲ့သည်။ အနောက်ဘက် မျက်နှာစာတွင်ကား ကေအိုင်အေတို့သည် ပြည်တွင်း ပြည်ပနာဂသောင်းကျန်းသူများ၊ ရခိုင်သောင်းကျန်းသူ များအား ထောက်ပံ့ကူညီ၍ လက်သပ်မွေးထားခဲ့ လေသည်။
ကေအိုင်အေနှင့်ဖီဇိုနာဂသောင်းကျန်းသူများ
ဖီဇိုနာဂတို့သည် ၁၉၄၇ ခုနှစ်မှ ၁၉၅၅ ခုနှစ်အထိ အိန္ဒိယနိုင်ငံတွင် လွတ်လပ်ရေးရရှိရန် ဆွေးနွေးပွဲများ ပြုလုပ်ခဲ့သည်။ ဆွေးနွေးပွဲများ ပျက်ပြားသွားသောအခါ ဆန္ဒပြပွဲများ၊ အဓိကရုဏ်းများ ပေါ်ပေါက်ခဲ့သည်။ ၁၉၅၆ ခုနှစ်မှစ၍ ကျောင်းဆရာ(ဒေါက်တာ ဖီဇို) ခေါင်းဆောင်သော နာဂ ၁၅ဝဝ ခန့်သည် လက်နက် ကိုင်ပုန်ကန်မှုကိုစတင်ခဲ့ကြသည်။ အိန္ဒိယတပ်မတော်က လိုက်လံတိုက်ခိုက်သောအခါ ဖီဇိုနာဂသည် ၁၉၆၃ ခုနှစ်မှစ၍ ခန္တီးခရိုင်နာဂတောင်တန်းဒေသနှင့်ဖလမ်းခရိုင်တွင် ဝင်ရောက် ခိုအောင်းခဲ့ကြသည်။ အိန္ဒိယ နိုင်ငံနှင့်ပြည်ပနိုင်ငံတို့ ဆက်ဆံရေးမပြေပြစ်ဖြစ်သည် ကိုအကြောင်းပြု၍ ပြည်ပနိုင်ငံသည် အိန္ဒိယနိုင်ငံမှ ဖီဇိုသောင်းကျန်းသူများကို စစ်ရေးအကူအညီများ ထောက်ပံ့ ပေးကမ်းခဲ့သည်။ ကေအိုင်အေများသည် ဖီဇိုနာဂများပြည်ပနိုင်ငံသို့  သင်တန်းသွားရောက် တက်နိုင်ရေးနှင့် အသွားအပြန်ခရီးအတွက် လမ်းပြ အဖြစ်တာဝန်ယူ၍ မြန်မာနိုင်ငံအတွင်းတွင် ဖီဇိုများ ကိုဖြတ်သန်းသွားလာစေခဲ့လေသည်။
ဗကပနှင့်ရှမ်းသောင်းကျန်းသူများ
ဗကပတို့၏အခြားသောင်းကျန်းသူအဖွဲ့အစည်းများ အပေါ် သဘောထားမှာ မိမိကအင်အား သာလွန်ပါက  ဝါးမျိုသိမ်းသွင်းရန်နှင့်အခြေအနေမပေးပါက ယာယီ မဟာမိတ်ဖွဲ့စည်းထားရန်ဖြစ်သည်။ ထို့ကြောင့် ကေအိုင် အေများအား ယာယီမဟာမိတ်ဖွဲ့စည်းထားပြီး အခွင့် သာတိုင်း အောက်ခြေမှ အထက်အဆင့်အထိ ထိုးဖောက် စည်းရုံးရေးလုပ်ငန်းများပြုလုပ်ခဲ့ကြသည်။ လက်နက် ခဲယမ်းအခက် အခဲတွေ့နေရသောသောင်းကျန်းသူအဖွဲ့အစည်းများကိုလက်နက်ခဲယမ်း ထောက်ပံ့ပေးကမ်း၍အကျပ် ကိုင်ခြင်းဖြင့် လည်း သိမ်းသွင်းလေ့ရှိသည်။
ရှမ်းသောင်းကျန်းသူအက်စ်အက်စ်အေအဖွဲ့သည် ၁၉၇၃ ခုနှစ်တွင် ဗကပတို့နှင့်စတင်ဆက်သွယ်၍ အကူအညီတောင်းခံရာမှ ၁၉၇၄ ခုနှစ် နှစ်ဦးမှစ၍ ဗကပနှင့်ပူးပေါင်းပြီး လက်နက်ခဲယမ်းအကူအညီရရှိခဲ့ သည်။ အက်စ်အက်စ်အေအဖွဲ့တွင်းရှိ လူမျိုးရေးဝါဒီ များ၊ လက်ယာဝါဒီများသည် ဗကပနှင့် ဆက်ဆံသည်ကို မနှစ်မြို့ကြပေ။ ထို့ကြောင့် အက်စ်အက်စ်အေအဖွဲ့နှင့် အက်စ်အက်စ်ပီပီ (ရှမ်းပြည်တိုးတက်ရေးပါတီ)တွင်းတွင် ဗကပနှင့်ပူးပေါင်းခြင်းကြောင့်   လက်ဝဲ၊   လက်ယာ ပဋိပက္ခများမှာ ၁၉၇၄ ခုနှစ်ကစ၍ ပေါ်ပေါက်ခဲ့သည်။
ဗကပတို့သည် ကာကွယ်ရေးအဖွဲ့များကိုလည်းဖွဲ့၍ စည်းရုံးသိမ်းသွင်းခဲ့ရာ ဖုန်ကြားရှင်နှင့် ဖုန်ကြားဖူးတို့၏ ကာကွယ်ရေးအင်အားစုများမှာ ဗကပတို့၏ လက်အောက်သို့ရောက်သွားခဲ့ရသည်။ ရှမ်းပြည်နယ်မှ ကာကွယ်ရေးအဖွဲ့များ၏မူလရည်ရွယ်ချက်များတွင် ကွန်မြူနစ်ဆန့်ကျင်ရေးသည်  အဓိက ဖြစ်လေရာတောခိုကာကွယ်ရေးအဖွဲ့များအတွင်းတွင်လည်း လက်ဝဲ၊လက်ယာပဋိပက္ခများ ပေါ်ပေါက် လာရလေသည်။ ထို့အတူပင် ရှမ်းပြည်လူမျိုးပေါင်းစုံလွတ်မြောက် ရေးအဖွဲ့(ရလလဖ)ဟုခေါ်သော ပအိုဝ့်သောင်းကျန်း သူများမှာလည်း ဗကပ၏ထိုးဖောက်စည်းရုံးရေးကို ခံကြရလေရာ ဗကပကိုလိုလားသူ (ပအိုဝ့်နီ)နှင့်ဗကပကို ဆန့်ကျင်သူ (ပအိုဝ့်ဖြူ)တို့ပေါ်ပေါက်လာပြီး ပဋိပက္ခ ပြင်းထန်ခဲ့ကြရသည်။
ဗကပနှင့်ဆက်ဆံခြင်းကြောင့် အက်စ်အက်စ်အေ အဖွဲ့သည်၁၉၇၅  ခုနှစ်တွင်  နှစ်ဖွဲ့ကွဲသွားခဲ့ရပြီး ရလလဖ (ပအိုဝ့်သောင်းကျန်းသူ) များသည်လည်း ရလလဖအဖြူနှင့် ရလလဖအနီ နှစ်ဖွဲ့ကွဲခဲ့ရသည်။ ပလောင်သောင်းကျန်းသူများသည်လည်း နှစ်ဖွဲ့ကွဲခဲ့ရ သည်။ အရှေ့မြောက်ဒေသ ဗကပပေါ်ပေါက်လာပြီး သည့်နောက်ပိုင်းတွင် မူလကပင်အဖွဲ့အစည်းပေါင်း မြောက်မြားစွာဖြင့် အစိတ်စိတ်အမြွှာမြွှာကွဲပြိုလျက်ရှိ သောသောင်းကျန်းသူများမှာထပ်မံ၍အဖွဲ့များကွဲကြ ရပြန်သည်။ အခြေအနေမှာလည်းပိုမိုရှုပ်ထွေး ၍လာသည်။ သို့သော် ရှမ်းပြည်နယ်ရှိပြည်တွင်းသောင်းကျန်းသူများသည် ပုံသဏ္ဌာန်အားဖြင့် အဖွဲ့ငယ်ပေါင်း များစွာကွဲပြားလျက်ရှိသော်လည်း အနှစ်သာရအားဖြင့် ပြည်ပနိုင်ငံနှင့် ပတ်သက်နေသော လက်ဝဲစွန်းရောက် အင်အားစုများနှင့် ထိုင်းနိုင်ငံမှ တစ်ဆင့်အနောက်အုပ်စု နှင့်ပတ်သက်နေသော လက်ယာစွန်းရောက်အင်အား စုများဟူ၍ အဓိကအင်အားစု နှစ်မျိုးကိုသာတွေ့ရသည်။ သို့သော် လက်ဝဲစွန်း၊ လက်ယာစွန်းရောက်အင်အား စုများမှာမူ  တစုတည်းတစည်းတည်း စည်းလုံးညီညွတ် နေကြခြင်းမဟုတ်ဘဲအဖွဲ့ပေါင်းများစွာကွဲပြား၍ သူတစ်လူငါတစ်မင်း ဆူပူသောင်း ကျန်းနေကြခြင်းသာ ဖြစ်လေသည်။
ဗကပများသည်ကား ရှမ်းပြည်နယ်ကို ဗျူဟာ မြောက်အခြေခံနယ်မြေတည်ဆောက်ရန် ထိုင်းနိုင်ငံ၊ လောနိုင်ငံကွန်မြူနစ်လှုပ်ရှားမှုများနှင့် ဆက်စပ်ရန် ပဲခူးရိုးမဗဟိုနှင့်ဆက်သွယ်ရန်ရည်မှန်းချက်များဖြင့် အရှေ့မြောက်ဒေသမှစတင်၍ ထိုးဖောက်လျက်ရှိရာ ရှမ်းသောင်းကျန်းသူမျိုးစုံအား အနုနည်း၊ အကြမ်းနည်း၊ နည်းမျိုးစုံဖြင့် သိမ်းသွင်းဝါးမျိုလျက်ရှိလေသည်။
ဗကပ(နစ်ဖြူဗဟို)နှင့် ကေအင်န်ယူပါတီ
ကေအင်(န်)ယူပါတီသည်   ဗကပတို့ဦးဆောင် ဖွဲ့စည်းခဲ့သော အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု (မဒညတ)တွင်အဖွဲ့ဝင်အဖြစ်ပါဝင်သော သောင်းကျန်းသူအဖွဲ့အစည်းဖြစ်သည်။ ဗကပတို့သည် ကေအင်န် ယူပါတီအားလက်အောက်ခံအဖွဲ့အစည်းအဖြစ် သိမ်းသွင်းဝါးမျိုခဲ့ရာ မြစ်ဝကျွန်းပေါ် တွင်အခြေစိုက် ခြင်းမပြုနိုင်တော့သော ကေအင်န်ယူပါတီဗဟိုသည် ပဲခူးရိုးမသို့ပြောင်းရွှေ့၍  ဗကပကို အားထားမှီခိုခဲ့ရ သည်။ ကေအင်န်ယူပါတီသည် သီးခြားလှုပ်ရှားသည် ထက် ဗကပခေါင်းဆောင်သော မဒညတလှုပ်ရှားမှု များကိုသာ ပိုမိုပြုလုပ်ခဲ့ရသည်။ အောင်နိုင်တပ်လှုပ်ရှားမှုသည် မဒညတအမည်ခံ ဗကပတို့၏ အစီအစဉ်သက် သက်သာဖြစ်သည်။ အောင်နိုင်တပ်တွင်းတွင် ဗကပတို့ က ဖဲ့ထုတ်သွေးခွဲ၍ စည်းရုံးခြင်း၊ အနိုင်ကျင့်ခြင်း၊ အကျပ်ကိုင်ခြင်းတို့ကြောင့် ကေအင်န်ယူပါတီတွင်းမှာလည်း ပြဿနာပေါ်ပေါက်ခဲ့ရသည်။
ကေအင်န်ယူပါတီခေါင်းဆောင်အချို့သည် ဗကပတို့အား ပါတီကြီးဝါဒ၊ လူမျိုးကြီးဝါဒ ကျင့်သုံးသူများ၊သဘောထားမမှန်သူများဟူ၍ စွပ်စွဲဝေဖန်ခဲ့ကြသည်။ ကေအင်န်ယူပါတီသည် အောက်ခြေမှ ဖိအားပေးလာသောကြောင့် ဗကပတို့ကိုမှီခိုနေရခြင်းထက် ပြည်ပနိုင်ငံမှအကူအညီကို တိုက်ရိုက်ရရှိရေး အတွက်စကော လယ်တောခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့ကို အရှေ့မြောက် ဒေသသို့ စေလွှတ်ခဲ့သည်။ စကောလယ် တောတို့လူစုသည် အက်စ်အက်စ်အေများနှင့် တွေ့ဆုံပြီး အရှေ့မြောက် ဗကပများရှိရာနေရာ ပန်ဆန်းသို့ရောက် သွားခဲ့ကြသည်။ ဗကပဗဟို ကိုယ်စားလှယ် ဗိုလ်မျိုးမြင့် (အသားမဲ)သည် ဆရာစကောလယ်တော တို့လူစုအားနည်းမျိုးစုံဖြင့်ချဉ်းကပ်ကာ ကေအင်န်ယူပါတီ အတွင်းရေးများ၊ လျှို့ဝှက်ချက်များကိုရယူ၍ ပီကင်းမှ တစ်ဆင့် ပဲခူးရိုးမဗဟိုသို့ ကြိုးမဲ့ကြေးနန်းဖြင့် ပို့ပေ ခဲ့ကြသည်။ (၁။ မြရာပင်စာပေ၏ဇင် - ချစ်နောက်ဆုံး(၂)။ စာမျက်နှာ ၂၁၄ မှ ၂၂၁။)
၁၉၆၇ ခုနှစ် နောက်ပိုင်းမှစ၍ ပဲခူးရိုးမကေအင်န် ယူပါတီတိုင်းကော်မတီဝင်  ဗိုလ်ညောင်ရေသည် ဗကပခေါင်းဆောင်များ၊ ငယ်သားများ၊ အမျိုးသမီးများ ကို နည်းမျိုးစုံဖြင့် လုပ်ကြံသတ်ဖြတ်ခဲ့သည်။ ဗကပတို့၏  သင်းကွဲအုပ်ကွဲများ  လမ်းမှားနေသူများ၊  အဆက် အသွယ်ပြတ်နေသူများမှာ ဗိုလ်ညောင်ရေ၏ လုပ်ကြံ သတ်ဖြတ်၍ လက်နက်သိမ်းခြင်းကိုခံကြရသည်။
ကေအင်န်ယူပါတီမှသောင်းကျန်းသူများ၏ လုပ်ကြံသတ်ဖြတ်မှုကြောင့် အစပျောက်သွားကြရသော ဗကပများမှာ အထူးပင်များပြားလှသည်။ အချို့မှာ အောက်ပါအတိုင်းဖြစ်သည်။
(က)    ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂ ခေါင်းဆောင်ကိုသာဒိုး(ခေါ်)ကိုလှတင်(ရခိုင်)
(ခ)     ရိုးမစည်းရုံးရေးအဖွဲ့မှ ဒေါ်ရွှေခင်နှင့်အဖွဲ့ ဝင်ခုနစ်ဦး
(ဂ)     ဗဟိုဆေးကျောင်းမှ ရဲဘော်မသန်းတင်နှင့် သမီးငယ်ဌေးဌေးစိန်
(ဃ)    မဒညတပူးတွဲဗဟိုကျောင်း နိုင်ငံရေးမှူး ရဲဘော်မွှေး(ခေါ်)ထွန်းရီ
(င)     တိုက်တိုင်းအောင်(၁)တပ်စုနိုင်ငံရေးမှူး မောင်နု
(စ)     မကျင်သန်း(အောင်နိုင်တပ်)
(ဆ)    မတင်ညွန့်(ဒိုက်ဦးမြို့နယ်ကော်မတီ)
(ဇ)     ဗကပ သာယာဝတီခရိုင်တပ်မှတပ်စိတ်မှူး တင်မြင့်၊ ရဲဘော်မြင့်စိန်နှင့်စံမောင်(ဆင်သေ ရွာ)
(ဈ)     မိုးဘုံးရွာ  ဟန်ရွှေနှင့်ဇနီး၊  သားငယ်သုံးဦး
ကေအင်န်ယူပါတီဗဟိုသည် မြစ်ဝကျွန်းပေါ်တွင် ချုပ်ငြိမ်းလုနီးပါးအသက်ငင်နေခြင်း၊ မိမိတစ်ပါတီ တည်း သီးခြားရပ်တည်ရန်မဖြစ်နိုင်တော့ခြင်းတို့ကြောင့် ဗကပအားမှီခို၍ ဗကပနှင့်မဟာမိတ်အဖြစ် ပူးပေါင်း နေရသော်လည်း ခေါင်းဆောင်အချို့နှင့်ငယ်သားထုက ဗကပကို  မနှစ်မြို့ကြပေ။  ဗကပအနေနှင့်လည်း ကေအင်န်ယူပါတီကို လက်ကိုင်တုတ်အဖြစ်အသုံးပြုရေး၊ လက်အောက်ခံအဖွဲ့အစည်းအဖြစ်   လိုအပ်သလို ဖိအားပေးစေခိုင်းရေး၊ ကေအင်န်ယူပါတီဝင်များ၏ အင်အားကို မိမိလက်နက်ကိုင်တပ်တွင် တစ်ဖက်လှည့် ဖြင့် အသုံးချရေးနှင့် နောက်ဆုံးတွင် လုံးဝဖျက်သိမ်း၍ ဝါးမျိုပစ်ရေးတို့ကိုသာ ရည်ရွယ်ခဲ့လေသည်။ ထို့ကြောင့် ဗကပနှင့်ကေအင်န်ယူပါတီတို့၏ဆက်ဆံရေးမှာ မဟာ မိတ်ဖွဲ့ထားသည်ဟုဆိုသော်လည်း ဗကပသာလုံးဝခေါင်းဆောင်လျက်ရှိပြီး မကျေနပ်မှုများ၊ ပဋိပက္ခများ၊ ဦးရာလူကလျှို့ဝှက်လုပ်ကြံ သတ်ဖြတ်မှုများဖြင့်သာ ပြည့်နှက်ရှုပ်ထွေး၍နေလေသည်။
ဗကပ၊ ကေအင်န်ယူပါတီ၊
ကေအင်န်ယူတပ်ဦးနှင့်ပြည်ပြေးများ
ဗကပနှင့်ကေအင်န်ယူပါတီသည်အမျိုးသား ဒီမိုကရေစီညီညွတ်ရေး တပ်ပေါင်းစု (မဒညတ) အသွင်ဖြင့် မ ဟာ မိတ် များ အ ဖြစ် တည် ရှိ နေ သည် သာ မက ကေအင်န်ယူပါတီဗဟို သည်ပင်လျှင် ဗကပဗဟိုကို အမှီပြု၍ ပဲခူးရိုးမတွင်ခိုကပ်နေခဲ့ရသည်။ ကေအင်န် ယူပါတီ၏လက်ဝဲ အလွန်အကျွံဝါဒ ကျင့်သုံးမှု၊ဗကပနှင့် ပူးပေါင်းမှုတို့ကြောင့် ကရင်သောင်းကျန်းသူများအတွင်း သွေးကွဲပြီး အဖွဲ့အစည်းအမျိုးမျိုး ကွဲထွက်ခဲ့ပြီးဖြစ်သည်။ ကေအာရ်စီ(ခေါ်) ကရင်တော်လှန်ရေးကောင်စီသည် ၁၉၆၃ ခုနှစ်ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် ပြေလည်မှုရရှိခဲ့သောကြောင့် ဥပဒေဘောင်အတွင်းသို့ လက်နက်စွန့် အလင်းဝင်ခဲ့ပြီးဖြစ်သည်။ ဗိုလ်မြသည် ၁၉၆၆ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်မှစ၍ ကေအင်န် ယူပါတီ၏ဦးဆောင်မှုအောက်မှ ခွဲထွက်ခဲ့သည်။ ၁၉၆၇ ခုနှစ်၊ အောက်တိုဘာလ ၂ဝ ရက်တွင် ကေအင်န် ယူပါတီ၏ဥက္ကဋ္ဌမန်းဘဇံကိုယ်တိုင်ပင် ကေအင်န်ယူ မှခွဲထွက်ပြီး ဗိုလ်မြ၏ကေအင်န်အယ်လ်စီသို့ သွား ရောက်ပူးပေါင်းခဲ့သည်။ ထို့နောက် ဗိုလ်မြ၊ မန်းဘဇံ အုပ်စုသည် ကေအင်န်ယူအက်ဖ်(ကေအင်န်ယူတပ်ဦး) အမည်ဖြင့် အင်အားတိုးပွားလာကြသည်။
၁၉၆၇ ခုနှစ်၊ ဒီဇင်ဘာလ ၂ဝ ရက်တွင် ကေအင်န် ယူပါတီနှင့်ကေအာရ်စီအကြွင်း အကျန်များသည် တော်ပလောမု၌ ကရင်အမျိုးသားညီလာခံတစ်ရပ်ခေါ် ယူရေးကို တစ်ဖက်လျှင် ကိုယ်စားလှယ်ငါးဦးစီဖြင့် ဆွေးနွေးခဲ့ကြသေးသော်လည်း ကေအင်န်ယူပါတီ၏ ပျက်ကွက်မှုကြောင့် မအောင်မြင်ခဲ့ပေ။ ၁၉၆၈ ခုနှစ်၊ ဇွန်လ ၂၁ ရက်တွင် ဗိုလ်မြတို့လူစုသည် ကေအင်န်ယူ အက်ဖ်ဖွဲ့စည်းရန် စတင်ဆုံးဖြတ်ခဲ့ကြသည်။ ကေအင် န်ယူပီနှင့် ကေအင်န်ယူအက်ဖ်တို့မှာ စေ့စပ်၍ မရ တော့ဘဲ ပဋိပက္ခများသာလျှင် ဆက်တိုက်ဖြစ်ပေါ်ခဲ့ သည်။ ၁၉၆၉ ခုနှစ်ကုန်ပိုင်းတွင် ဗိုလ်မြတို့အုပ်စု၏ ကေအင်န်ယူ ကြားဖြတ်ဗဟိုသည် ကေအင်န်ယူ အက်ဖ်ကို အတိအလင်းဖွဲ့စည်းလိုက်ကြသည်။
၁၉၇ဝ ပြည့်နှစ်၊ ဇန်နဝါရီလ ၂၁ ရက်မှစ၍ စတင်ကျင်းပသော ကေအင်န်ယူညီလာခံ (ဗိုလ်မြ အုပ်စု)၏ ဆုံးဖြတ်ချက်အရ ကေအင်န်ယူတပ်ဦးသည် ၁၉၇ဝ ပြည့်နှစ် ဇွန်လ(၂)ရက်တွင် ပါလီမန်ဒီမိုကရေစီ ပါတီ၊ မွန်ပြည်သစ်ပါတီတို့နှင့် ပူးပေါင်း၍ တိုင်းရင်း သားလူမျိုးပေါင်းစုံညီညွတ်ရေးနှင့် လွတ်မြောက်ရေး တပ်ပေါင်းစု(တညလ)တွင် ပါဝင်ခဲ့သည်။
ပြည်ပြေးများနှင့်   ကေအင်န်ယူတပ်ဦးတို့ ပူးပေါင်းလှုပ်ရှားလာကြချိန်မှာပင် ပဲခူးရိုးမတွင်လည်း ဗကပနှင့်ကေအင်န်ယူပါတီတို့ပူးပေါင်းလှုပ်ရှားနေကြ ပြီဖြစ်သည်။ ကေအင်န်ယူပါတီနှင့်ကေအင်န်ယူတပ် ဦးတို့သည် ကျောက်ကြီးနယ်မြေတွင် နယ်မြေလုတိုက်ပွဲ များ မကြာခဏဖြစ်ပွားခဲ့သည်။ ၁၉၇ဝ ပြည့်နှစ်၊ ဇန်နဝါရီလတွင် ကေအင်န်ယူပါတီမှ ဗိုလ်ကျင်ဖေနှင့် နစ်ဖြူဗဟိုအဖွဲ့တို့  ကြို့ပင်ကောက်မြို့နယ်၊  ဝိုင်းရွာ (ကြူအေ ၁၉၁၇)ချောင်းစောက်(ကြူအင်န် ၂ဝ၁၈) ဒေသတို့၌ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ ကေအင်န်ယူ ပါတီဥက္ကဋ္ဌသစ် ကျော်မြသန်းနှင့် ကေအင်န်ယူအက်ဖ် ဥက္ကဋ္ဌမန်းဘဇံတို့ကလည်း တစ်ဖက်နှင့်တစ်ဖက် မကျူးကျော်ရေး၊ နိုင်ငံရေးနည်းအရ ဖြေရှင်းရေးတို့ကို သဘောတူညီခဲ့ကြသည်။ ကေအင်န်ယူ ပါတီဗဟိုအဖွဲ့ သည် မြစ်ဝကျွန်းပေါ်တွင်အခြေစိုက်ရန်မဖြစ်တော့ သည့်အပြင် ကျောက်ကြီးနယ်တွင်လည်း အခြေမလှ သဖြင့် ၁၉၇ဝ ပြည့်နှစ်၊ ဇူလိုင်လ၌ ပဲခူးရိုးမသို့ပြောင်း ရွှေ့ရန် စီစဉ်ခဲ့သည်။
ကျောက်ကြီးနယ်နှင့်ပတ်သက်၍ ၁၉၇ဝ ပြည့်နှစ်၊ သြဂုတ်လတွင် နော်ပဲဒိုး(ကြူ ၃၈၂၂)၌ ကေအင်န်ယူ ပါတီမှ ဗိုလ်ချုပ်မြမောင်နှင့်ကေအင်န်ယူတပ်ဦးမှ ဘိုမြ၊ ဒေဝတို့ခေါင်းဆောင်၍ မဲဆန္ဒပေးပွဲ များပြုလုပ်ကြ ရာ ကေအင်န်ယူပါတီက အနိုင်ရရှိခဲ့သည်။ သို့သော် ဗိုလ်မြအုပ်စုက အင်အားအသာစီးဖြင့် ခြိမ်းခြောက်လာ သောကြောင့် ကေအင်န်ယူပါတီဗဟိုသည် ပဲခူးရိုးမသို့ လုံးဝပြောင်းရွှေ့ပြီး ဗကပများကို မှီခိုရတော့သည်။
၁၉၇၁ခုနှစ်၊ ဇူလိုင်လတွင် ကေအင်န်ယူပါတီ ဗဟိုသည် နစ်ဖြူနှင့်ပူးတွဲလှုပ်ရှားခဲ့ရာမှ ပူးတွဲအစည်း အဝေးကျင်းပပြီး ကေအင်န်ယူပီဗဟိုသည် ဗမာလိုက် (ကြူအက်ဖ် ဝ၅၈၇)တစ်ဝိုက်တွင် ခိုအောင်းနေခဲ့သည်။ အစည်းအဝေးမှစ၍ မဒညတအသွင်လှုပ်ရှားမှုများ ပိုများလာပြီး ဗကပတို့၏ချုပ်ကိုင်မှု၊ စည်းရုံးသိမ်းသွင်း မှုမှာလည်း ပိုမိုများပြားလာခဲ့သည်။ ကေအင်န်ယူပါတီ က ဗကပဗဟို၏သြဇာကို နာခံခြင်းအတွက် ကေအင်န် ယူပါတီ စစ်ဦးစီးချုပ်စောမြမောင်သည် အထူးပင် မကျေမနပ်ဖြစ်လာခဲ့သည်။ (၁။ ရတခ၏သောင်းကျန်းသူသမိုင်း၊  စာမျက်နှာ ၃၆။)
ကေအင်န်ယူပီ အမှတ်(၃)ခရိုင်ဥက္ကဋ္ဌဖူးဘောမဲ (ခေါ်) သာမိုးကလည်း ကေအင်န်ယူတပ်ဦးနှင့် ဆက် သွယ်ခဲ့သဖြင့် အချင်းချင်းတိုက်ခိုက်မှုများဖြစ်ပွားခဲ့ကြ သည်။ ၁၉၇၁ ခုနှစ်တွင် ဗကပနှင့်ကေအင်န်ယူပီတို့ ပူးတွဲ၍ မဒညတအသွင်ဖြင့် အောင်နိုင်တပ်ကိုဖွဲ့စည်း လှုပ်ရှားခဲ့သည်။ ၁၉၇၂ ခုနှစ်တွင် ကေအင်န်ယူပါတီ ဥက္ကဋ္ဌကျော်မြသန်းသည် နှလုံးရောဂါဖြင့် သေဆုံးသွား သောကြောင့် ဗိုလ်ချုပ်စောမြမောင်သည် ပါတီဥက္ကဋ္ဌ  ဖြစ်လာသည်။ ဗိုလ်ချုပ်စောမြမောင်သည် ဗကပများ အား မကျေမနပ်ဖြစ်ခဲ့ဖူးသော်လည်း ဗကပတို့အား အောင်နိုင်တပ်လှုပ်ရှားမှုဖြင့် ကေအင်န်ယူပါတီအား လုံးဝချုပ်ကိုင်ထားပြီးဖြစ်သည်။(၂။ ရတခ၏သောင်းကျန်းသူသမိုင်း၊ စာမျက်နှာ ၃၆။)
၁၉၇၂  ခုနှစ်တွင်  ကေအင်န်ယူတပ်ဦးနှင့် ပြည်ပြေးများပူးပေါင်း၍ စစ်ရေးအရထိုးဖောက်မှုများ ပိုမိုများပြားလာပြီဖြစ်ရာ   ကေအင်န်ယူတပ်ဦးမှ သာစိန်နှင့်အင်အား ၈ဝ ခန့်သည် စစ်တောင်းမြစ်ကို ဖြတ်ကူးလာကြသည်။  သြဂုတ်လတွင်  ပြည်ပြေး တက်ထွန်းနှင့် ၁၅ဝ ခန့် ထပ်မံကူးလာပြန်သည်။ သာစိန်၏အင်အားစုများမှာ တပ်မတော်နှင့်နှစ်ကြိမ် တိုက်ပွဲဖြစ်ပွားပြီး တပ်မတော်က သာစိန်တို့လူစုအား အတွင်းပိုင်းအထိကျုံးသွင်း၍တိုက်ခိုက်သည်။ ကေအင်န် ယူပါတီနှင့် ဗကပတို့သည် ပြည်ပြေးနှင့် ကေအင်န်ယူ တပ်ဦးတို့အားရန်သူအဖြစ်သာ သဘောထားကြသည်။ ကေအင်န်ယူတပ်ဦးသည် ကေအင်န်ယူမှ ခွဲထွက်သော ဖောက်ပြန်သည့် အုပ်စု၊ အမေရိကန်နယ်ချဲ့အကူအညီ ယူပြီး ထိုင်းမှဖောက်ပြန်ရေး အုပ်စိုးသူများနှင့် ပူးပေါင်း ကာ ကွန်မြူနစ်ဆန့်ကျင်ရေး၊ မဒညတ ဆန့်ကျင်ရေး လုပ်နေသောအုပ်စုအဖြစ်   သတ်မှတ်ထားသည်။ ထို့ကြောင့်လည်း အခြေခံရန်သူဟုသာ သဘောထား ခြင်းဖြစ်သည်။
သို့သော် နည်းပရိယာယ်အရ အောက်ပါအတိုင်း ချမှတ်ခဲ့သည်။ (၃။       မြရာပင်စာပေ၏ ဇင် - ချစ်နောက်ဆုံး(၂)။ စာမျက်နှာ ၂၂။)
''နု၊ ဇံတို့နဲ့ နေဝင်း၊ စန်းယုတို့အကြား ပဋိပက္ခဟာ  အခုအခါ  လက်နက်ကိုင်တိုက်လာတဲ့အထိ ပြင်းထန်''နည်းပရိယာယ်အရ ''ရန်သူပဋိပက္ခကို အသုံးချ၊  အများစုအောက်ခြေသိမ်းသွင်း၊  အနည်းစု ခေါင်းဆောင်ပိုင်းကိုဆန့်ကျင်၊ ရန်သူကိုတစ်ဦးစီတိုက် ဖျက်''မူကို ကျင့်သုံးရမယ်။
ထို့ကြောင့်ပြည်ပြေးနှင့်ကေအင်န်ယူတပ်ဦး (နု၊ ဇံအုပ်စု၊တညလ)၏ ဖောက်ပြန်သောလုပ်ရပ်များကို နိုင်ငံရေးအရ ဖွင့်ချတိုက်ခိုက်ရန်၊ စစ်ရေးအရကြားနေ အဖြစ် တိုက်ပွဲမဖြစ်ရေး လုံးပန်းရန်၊ တပ်မတော်က ပြည်ပြေးနှင့်ကေအင်န်ယူတပ်ဦးအား  စစ်ရေးအရ တိုက်ခိုက်နိုင်ရေးအတွက်  ဦးတည်ပေးရန်စသဖြင့် ဗကပနှင့်ကေအင်န်ယူပါတီတို့က ဆုံးဖြတ်ခဲ့ကြသည်။
၁၉၇၃ ခုနှစ်၊ စက်တင်ဘာလ မဒညတ ဗဟို အစည်းအဝေးပွဲတွင်လည်း ဗိုလ်ချုပ်မြမောင်က (၇)ကြိမ် မြောက် ကေအင်န်ယူဗဟိုကော်မတီဆုံးဖြတ်ချက်ကို တင်ပြခဲ့ရာ ပြည်ပြေးနှင့် ကေအင်န်ယူ တပ်ဦးအားစစ်ရေးအရကြားထားရေး၊ နိုင်ငံရေးအရ ဖွင့်ချတိုက်ခိုက်ရေး၊ လက်နက်ကိုင် တိုက်ပွဲမဖြစ်အောင် လုပ်ရေးတို့ ပါဝင်ခဲ့သည်။ သခင်ဇင်နှင့်သခင်ချစ်တို့ကလည်း မလွှဲ သာမှသာ တိုက်ခိုက်ရန် သဘောတူခဲ့သည်။ အကယ်၍ တိုက်ခိုက်ရလျှင်လည်း ပူးတွဲတပ်ဖြစ်သည့် အောင်နိုင် တပ်ဖြင့် တိုက်ခိုက်ရန် စီစဉ်ထားကြသည်။
ထိုအချိန်တွင် ကေအင်န်ယူတပ်ဦးမှ သာစိန်တို့ လူစုသည် ပဲခူးရိုးမကွင်းချောင်းနှင့် ဖြူးချောင်းရှိ ကရင် ကျေးရွာများကို အခြေခံဒေသအဖြစ် တည်ဆောက်ရန် ကြိုးပမ်းခြင်း၊ လိပ်ပုတ်ရွာတွင်အခြေပြု၍ ဝါဒဖြန့်စည်း ရုံးခြင်းများပြုလုပ်လာသည်။ ပဲခူးရိုးမသည် ကရင်တို့၏ နယ်မြေဖြစ်ကြောင်း၊ မြန်မာရွာ ခုနစ်ရွာသည်လည်း ကရင်ပြည်နယ် နယ်မြေပင်ဖြစ်ကြောင်း ဟောပြောလာသည်။ ဖြူးလေးရွာသို့ ရွှေ့ပြောင်း၍လည်း လှုံ့ဆော် စည်းရုံးခဲ့သည်။ ဖြူးလေးတွင်ရှိသော ဗကပသတင်းပေး မောင်ချစ်ကို ကျောရိုးအဖြစ် သိမ်းသွင်းသည်ဟုလည်း ဆိုသည်။ ထို့နောက် ရဲဘော်ညိုလေးနှင့်အဖွဲ့အား ကမ်း ပါးနီရွာသို့အလာတွင် ဆီးကြိုတိုက်ခိုက်ကြသည်။ ဗကပတို့က ကန့်ကွက်ရာ ရန်သူထင်သဖြင့် လူမှား၍တိုက် ခိုက်ခြင်းဖြစ်သည်ဟုဖြေရှင်းသည်။ ထို့နောက် သာစိန် တို့လူစုသည် မဒညတ တပ်များနှင့် တိုက်ပွဲများဖြစ်ပွား လာကြသည်။ ကေအင်န်ယူပီ အမာခံဖားလပေါကို ဖမ်းပြီး အောင်ဇေယျတပ်နှင့်လည်း တိုက်ပွဲဖြစ်ပွားပြန်သည်။ဗကပပါတီဗဟိုနောက်ချန်အဖွဲ့ကိုပင်တိုက်ခိုက်လာပြီး အောင်နိုင်တပ်ဖွဲ့နှင့် လည်း တိုက်ပွဲဖြစ်ပွားလာရာ  ဗကပနှင့်  ကေအင်န်ယူပါတီတို့သည်  ကေအင်န်ယူတပ်ဦးနှင့်ပြည်ပြေးတို့ အား စစ်ရေးအရ ရေရှည်ကြားထား၍ မဖြစ်နိုင်တော့ပေ။
ဗကပတို့သည် သာစိန်တို့လူစုအား ပဲခူးရိုးမမှ ထွက်သွားရန် စာဖြင့် အကြောင်းကြား၍ နှင်ထုတ်ခဲ့ကြ သည်။ ကေအင်(န်)ယူပါတီကလည်း သာစိန်ကိုတိုက် ခိုက်ရန် မဒညတတွင် တောင်းဆိုခဲ့သည်။ သာစိန်၏  ပဲခူးရိုးမနှင့်မြစ်ဝကျွန်းပေါ်ဒေသလှည့်လည်တိုက်ခိုက်ရေး တပ်ရင်းသည် ကား ပဲခူးရိုးမတွင် တစ်စတစ်စနယ်မြေ တိုးချဲ့လာသည်။ ဗကပဗဟိုနှင့် ရိုးမစည်းရုံးရေးအဖွဲ့ ကိုပင် တိုက်ရိုက်ဝင်ရောက်တိုက်ခိုက်လာသည်။ သာစိန် တို့၏တိုက်ခိုက်မှုကြောင့် ခရာချောင်းရွာတိုက်ပွဲတွင် ဗကပကျော်မွှေးသေပြီး ဂျီ-၃ ရိုင်ဖယ်တစ်လက်ဆုံးရှုံး ခဲ့ရသည်။  ရိုးမစခန်းကို  အတိုက်ခံရသဖြင့်လည်း အောင်ဇေယျတပ်မှ ညိုရင်၊ စန်းရီ၊ တင်ထွန်း၊ ချစ်မောင်၊ တင်ဝေနှင့် ရိုးမစည်းရုံးရေးမှ ဒေါ်ဝိုင်း၊ မောင်လွင်၊ ခင်ထား၊ ခင်လှနှင့် ကလေးနှစ်ယောက်သေဆုံးခဲ့ရ သည်။ လက်နက်လည်း ငါးလက်ပါသွားခဲ့သည်။ ဗဟို နောက်ချန်အဖွဲ့ အတိုက်ခံရစဉ်ကလည်း တင်လှိုင်၊ ဖြိုးဝင်း၊ စောထွန်းနှင့် Óဏ်တင်တို့သေပြီး  ကာဘိုင် သုံးလက်ပါသွားခဲ့ရသည်။ အောင်နိုင်တပ်ဖွဲ့မှလည်း အ တိုက်ခံရသဖြင့် ကျော်အောင်သေပြီး ဂျီ-၃ ရိုင်ဖယ် တစ်လက်ဆုံးရှုံးခဲ့ရသည်။ တိုက်ပွဲမျိုးစုံတွင် ဗကပ ၁၈ ယောက်သေပြီး လက်နက်စုစုပေါင်း ၁၉ လက်ဆုံးရှုံး ခဲ့ရာ ကျဆုံးသူများတွင် သခင်သန်းထွန်း၏နှမငယ် မမြဝင်း(ခေါ်) မစိမ်းချိုလည်း ပါဝင်ခဲ့ရသည်။
အရှေ့ရိုးမတွင်လည်း    ကျောက်ကြီးမြို့နယ် ကေအင်န်ယူတပ်ဦးသည် ဗကပထန်းတပင်မြို့နယ် တာဝန်ခံရဲအောင်(ခေါ်)မောင်ငွေ(ကိုကိုးကျွန်းမှ ထွက် ပြေးခဲ့သူ)၊ ထားဝယ်ခရိုင်ကော်မတီ ဦးဗချစ်လှနှင့် အခြား ဗကပ ၄ ဦးကို လုပ်ကြံသတ်ဖြတ်ခဲ့သည်။ ကေအင်န်ယူတပ်ဦးသည် ဗကပနှင့်ကေအင်န်ယူ ပါတီတို့၏ နယ်မြေများကိုတိုးချဲ့ပြီး ယင်းတို့၏မဟာမိတ် ဖြစ်သည့် ပြည်ပြေးများအခြေချနိုင်ရန် အစွမ်းကုန်အကူ အညီပေးခဲ့ကြသည်။ သို့နှင့် ဗကပနှင့်ကေအင်န်ယူ ပါတီတို့ပါဝင်သော မဒညတနှင့်ပြည်ပြေး၊ ကေအင်န်ယူ တပ်ဦးတို့ပါဝင်သော တညလတို့သည် တိုက်ပွဲများဖြစ် ပွားပြီး ရန်သူဖြစ်လာသည်။
သို့သော် ဗကပ(နစ်ဖြူဗဟို)တွင် ဖြုတ်ထုတ်သတ် လမ်းစဉ်ကြောင့် ဗဟိုနှင့်ဗဟိုဆန့်ကျင်သူများ ဂိုဏ်းကွဲ နေသကဲ့သို့   ကေအင်န်ယူပါတီအတွင်းတွင်လည်း ဗကပလိုလားသူနှင့် မလိုလားသူများ ဂိုဏ်းကွဲနေကြ သည်။ ပြည်ပြေးအဖွဲ့တွင်လည်း ဦးနု၊ ဦးသွင်ဂိုဏ်းနှင့် ဗိုလ်ရန်နိုင်တို့ ဂိုဏ်းကွဲနေကြသည်။ ကေအင်န်ယူ တပ်ဦးတွင်လည်း မန်းဘဇံနှင့်မောင်မောင်က တစ်စု၊ ဗိုလ်မြနှင့်သန်းအောင်က တစ်စု၊ ဗိုလ်ရွှေလေးနှင့်တင်ဦး တို့က တစ်စုဟူ၍ အုပ်စုသုံးခုဂိုဏ်းကွဲနေကြရလေသည်။
ဗိုလ်မြအုပ်စုက ကေအင်န်ယူပါတီကို ဆွေးနွေးရန်  လေသံပစ်လာသောအခါ  ကေအင်န်ယူပါတီ အတွင်းမှ ဗကပဆန့်ကျင်သူများက စိတ်ဝင်စားလာကြသည်။ဗကပနှင့်ပူးပေါင်းခြင်းအားဖြင့်   ကေအင်န်ယူ ပါတီတစ်ရပ်လုံးပျောက်ကွယ်ပျက်သုဉ်းတော့မည့်အခြေအနေကြောင့်လည်း ကေအင်န်ယူ ပါတီဝင် များသည်ကေအင်န်ယူအက်ဖ်သို့သွားရောက်ပူးပေါင်းလိုလာကြသည်။ထိုအချိန်တွင် မန်းသာစိန်၏ တပ်က လည်း ဗကပကိုသာ အဓိကဦးတည်၍တိုက်ခဲ့ခြင်းဖြစ်သည်။ မန်းဘဇံသည်  ဦးနုတို့ထံမှရရှိခဲ့သည့်  ငွေကိုးသိန်း အနက်အချို့ကို ကိုယ်ကျိုးအတွက် ဇင်းမယ်ဘဏ်တွင် အပ်နှံခဲ့သောကြောင့်လည်း ဗိုလ်မြတို့ကမကျေနပ်ပေ။ကရင်နီတိုးတက်ရေးပါတီဌာနချုပ်တွင်ပြုလုပ်သည့် ခြောက်ပါတီ ဆွေးနွေးပွဲတွင် လည်းစောမောရယ်က မန်းဘဇံကိုဖိတ်ကြားရေးကိုတင်ပြခဲ့ပြီး အက်စ်အက်စ် ပီပီက မိုးဟိန်းအဖွဲ့ ဖိတ်ကြားရေးကိုတင်ပြခဲ့သဖြင့် ရလလဖနှင့် ကေအင်န်ယူပါတီကိုယ်စားလှယ်များက ကန့်ကွက်ခဲ့ကြသည်။ ကရင်နီတိုးတက်ရေးပါတီသည် မဒညတတွင် ပါဝင်နေသော်လည်း လုံးဝလွတ်လပ်ရေး မူကိုသာ ကိုင်စွဲထားသဖြင့် ဗကပနှင့်ဆက်ဆံရေး မပြေ မပြစ်ဖြစ်လာကြပြန်သည်။
ထိုအချိန်တွင် အက်စ်အက်စ်ပီပီနှင့် မိုးဟိန်းအဖွဲ့ တို့၏ပဋိပက္ခကို တရုတ်ဖြူက စေ့စပ်ကြိုးပမ်း လျက်ရှိသည်။ လွယ်မော်နှင့်တရုတ်ဖြူပေါင်းရေးကိုလည်း အက်စ်အက်စ်ပီပီကကြိုးစားပေးနေသည်။ အက်စ် အက်စ်ပီပီနှင့်ရလလဖအဖွဲ့လည်း သဘောတူညီချက် အချို့ရရှိထားသည်။
သောင်းကျန်းသူအဖွဲ့အစည်းမျိုးစုံမှာ အဓိကအားဖြင့် မိမိအဖွဲ့အစည်း၏ ကိုယ်ကျိုးစီးပွားကို သာကြည့်နေသဖြင့်တစ်ဖွဲ့နှင့်တစ်ဖွဲ့ပူးပေါင်းကြရန်မှာ မလွယ်ကူကြပေ။ ဗကပသည် အင်အားနည်းပါး သောအဖွဲ့များအား တစ်စတစ်စဝါးမျိုသိမ်းသွင်းလျက်ရှိရာ ကေအင်န် ယူပါတီသည် လုံးဝဝါးမျိုခံ လိုက်ရပြီး အက်စ်အက်စ်ပီပီမှာလည်း ဗကပသြဇာခံဖြစ်၍လာသည်။ ကေအိုင် အေသည် ဗကပနှင့် တိုက်ခိုက်နေသော် လည်း ပြည်ပ နိုင်ငံ၏ဖိအားပေးမှုကြောင့် အကျပ်အတည်းတွေ့နေရ သည်။  ပြည်ပြေး၊  ကေအင်န်ယူ တပ်ဦး၊  မိုးဟိန်း၊ တရုတ်ဖြူ၊ တောခိုလွယ်မော် စသော လက်ယာအစွန်း ရောက်အဖွဲ့များမှာမူ စီအိုင်အေနှင့် အနောက်အုပ်စုမှ အကူအညီများကိုမျှော်လင့်နေကြပြီး တစ်ဖွဲ့နှင့်တစ်ဖွဲ့ မယုံသင်္ကာဖြစ်နေကြသည်။ သို့နှင့် သောင်းကျန်းသူအဖွဲ့အစည်းများအတွင်း ပြဿနာများ၊ ပဋိပက္ခများသည် ရှုပ်ထွေး၍ ရောပြွမ်း နေလေတော့သည်။
Share this article :

0 comments:

Post a Comment

 
ဆက်သွယ်ရန် mmpolitical2013@gmail.com :
Template Modify by Creating Website Myanmar Political Research Organization